ဂရိတ်လိတ်

ဝီကီပီးဒီးယား မှ
ဂရိတ်လိတ်ဒေသကြီးတစ်ခုလုံးကို တိမ်ကင်းစင်နေချိန်တွင် ဂြိုဟ်တုမှ တွေ့ရစဉ်။ ၂၀၀၀ ဧပြီလ ၂၄
ဂရိတ်လိတ် အိုင်ကြီးများ ပြသော မြေပုံ
ဂရိတ်လိတ်နှင့် ရေဝေကြော ဒေသကို နိုင်ငံ၊ ဒေသနှင့် နိုင်ငံတကာ နယ်နိမိတ်များဖြင့် ပြထားပုံ
၂၀၁၁ အောက်တိုဘာလ မုန်တိုင်း တိုက်ခတ် အပြီးတွင် ဂရိတ်လိတ် ရေကန်ကြီးများ ကို တွေ့ရစဉ်။ မုန်တိုင်းမှ အနည်များနှင့် အယ်လ်ဂျေးများကို အိုင်ကြီးများ၏ မျက်နှာပြင်ပေါ်သို့ ထွက်ပေါ်လာစေသည်။

ဂရိတ်လိတ် (The Great Lakes)ဆိုသည်မှာ မြောက်အမေရိက အရှေ့မြောက်ပိုင်းနှင့် ကနေဒါ-အမေရိကန်ပြည်ထောင်စု နယ်စပ်ရှိ အိုင်ကြီးများ အစုအဝေးကို ခေါ်ဆိုခြင်း ဖြစ်ပြီး ဆူပီးရီးယား ၊ မီချီဂန်၊ ဟူရွန်၊ အီးရီး၊ အွန်တေရီအို စသော အိုင်ကြီးများ ပါဝင်သည်။ ထိုအိုင်များသည် ကမ္ဘာပေါ်တွင် ရေမျက်နှာပြင်အားဖြင့် အများဆုံးသော အိုင် အစုအဝေး ဖြစ်ပြီး ထုထည်အားဖြင့် ကြည့်ပါက ရုရှားနိုင်ငံမှ ဘိုင်ကယ်အိုင် ပြီးလျှင် ဒုတိယနေရာတွင် ရှိသည်။ စုစုပေါင် မျက်နှာပြင် ဧရိယာမှဦ ၉၄,၂၅၀ စတုရန်းမိုင် ဖြစ်ပြီး စုစုပေါင်း ထုထည်မှာ ၅,၄၃၉ ကုဗမိုင် (၂၂,၆၇၁ ကုဗကီလိုမီတာ) မျှ ဖြစ်သည်။ ထိုအိုင်ကြီးများကို အမေရိကန် နိုင်ငံသားများက မြောက်ဘက် ကမ်းရိုးတန်း သို့မဟုတ် တတိယ ကမ်းရိုးတန်း အနေနှင့် တခါတရံ ညွှန်းဆိုခေါ်ဝေါ်လေ့ ရှိကြသည်။ ထိုအိုင်ကြီးများတွင် ကမ္ဘာ့မြေမျက်နှာပြင်ရှိ ရေချို၏ ၂၁ ရာခိုင်နှုန်းမျှ ရှိသည်။