ချင်းဒေသကာကွယ်ရေးတပ်မတော်

ဝီကီပီးဒီးယား မှ
ချင်းဒေသကာကွယ်ရေးတပ်မတော်
Chinland Defense Force
တည်ထောင်ခြင်း၄ ဧပြီ ၂၀၂၁ (၂၀၂၁-၀၄-၀၄)
စတင်လှုပ်ရှားခြင်း၄ ဧပြီ ၂၀၂၁ (၂၀၂၁-၀၄-၀၄) – လက်ရှိ
နိုင်ငံမြန်မာနိုင်ငံ
သစ္စာခံ မြန်မာ
အုပ်စု(များ)
  • CDF ကန်ပက်လက်
  • CDF မင်းတပ်
  • CDF ဟားခါး
  • CDF မတူပီ
  • CDF မရာ
  • CDF ပလက်ဝ
  • CDF ထန်တလန်
  • CDF ဇိုထန်
  • CDF လောက်တူ
Ideologyဖက်ဒရယ်ပြည်ထောင်စုစနစ်ဒီမိုကရေစီ၊ လူနည်းစု အခွင့်အရေး
မဟာမိတ်
ပြိုင်ဘက်များ မြန်မာ (SAC)
စစ်ပွဲနှင့် တိုက်ပွဲများမြန်မာ့ပြည်တွင်းပဋိပက္ခများ

ချင်းဒေသကာကွယ်ရေးတပ်မတော် (အတိုကောက်: CDF) သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်ရှိ တော်လှန်ရေးအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ၂၀၂၁ ခုနှစ် မြန်မာအာဏာသိမ်းမှု အား တုံ့ပြန်သည့်အနေဖြင့် ချင်းပြည်နယ် အား စစ်အာဏာရှင် လက်မှ ကာကွယ်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ CDF က ၎င်းတို့သည် စစ်တပ်အား အကြောင်းမဲ့တိုက်ခိုက်ခြင်း မပြုကြောင်းနှင့် အကျဉ်းသားများကို လွှတ်ပေးရန်နှင့် အရပ်သားများကို အကြမ်းဖက်ခြင်းမှ ရှောင်ကြဉ်ရန်ကဲ့သို့သော သတိပေးချက်များကို အမြဲတစေထုတ်ပြန်ထားကြောင်း ဆိုသည်။ အကယ်၍ စစ်တပ်က မတုံ့ပြန်ပါက ပြောက်ကျား သို့မဟုတ် အခြားလုပ်ဆောင်မှုများကို ဆက်လက်လုပ်ဆောင်မည် ဖြစ်ဟု ဆိုသည်။ တော်လှန်ရေး အောင်မြင်ပါက လက်နက်များ ပြန်အပ်က အဖွဲ့အစည်းအား ဖျက်သိမ်းမည်ဖြစ်ကြောင်း CDF က ကတိပေးထားသည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း ပုန်ကန်မှုများ အများအပြား ဖြစ်ပွားခဲ့သည်။ အာဏာသိမ်းဆန့်ကျင်သူများသည် ညဘက်တွင် အိုးများနှင့် ဒယ်အိုးများကို တီးခြင်းအပါအဝင် အခြားအွန်လိုင်းနှင့် အော့ဖ်လိုင်း သပိတ်များဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။[၂] စစ်ကောင်စီသည် ဆန္ဒပြပွဲများကို ချေမှုန်းရန်အတွက် နိုင်ငံသားများကို ဖမ်းဆီးခြင်း၊ မိသားစုများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းစသော အကြမ်းဖက်မှုများကို ပြုလုပ်ခဲ့သည်။[၃] နိုင်ငံအဝှမ်းရှိ ပြည်သူများသည် မိမိတို့နယ်မြေလုံခြုံရေးအတွက် မိမိတို့ကိုယ်ကို ကာကွယ်စောင့်ရှောက်ခဲ့သည်။ ချင်းပြည်နယ်တွင် လှုပ်ရှားဆောင်ရွက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း နှစ်ခုရှိပြီး ချင်းအမျိုးသားတပ်ဦးချင်းအမျိုးသား တပ်မတော် နှင့် ဇိုမီးတော်လှန်ရေး တပ်မတော် တို့ ဖြစ်သည်။ သို့သော်လည်း အဆိုပါအဖွဲ့များသည် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များသို့ ထိရောက်စွာ အကာအကွယ်မပေးနိုင်သဖြင့် ချင်းဒေသကာကွယ်ရေးတပ်မတော်ကို ၂၀၂၁ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။[၁]

ပန်းတိုင်[ပြင်ဆင်ရန်]

ချင်းဒေသကာကွယ်ရေးတပ်မတော်၏ ရည်မှန်းချက်များမှာ အရပ်သားများအား စစ်ကောင်စီလက်မှ ကာကွယ်ရန်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းရေး၊ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရန်တို့ ဖြစ်သည်။[၁]

လက်နက်များ[ပြင်ဆင်ရန်]

ချင်းဒေသကာကွယ်ရေးတပ်မတော်သည် M-16၊ AK (Kalashnikov) နှင့် တူမီးကဲ့သို့သော အပေါ့စားလက်နက်များကို ဝယ်ယူပြီး အဖွဲ့ထဲဝင်ရန် စိတ်ပါဝင်စားသူတိုင်းကို လေ့ကျင့်သင်ကြားပေးသည်။ နိုင်ငံတကာမှ လက်နက်တင်သွင်းသူများသည် M-16 နှင့် AK-47 ရိုင်ဖယ်များကို မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းလာကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ Who are the Chinland Defense Force (CDF), Chin Myanmar။ 12 May 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 April 2022 တွင် ပြန်စစ်ပြီး။
  2. Offline and Online, Protests Are Sweeping Across Asia
  3. Myanmar Junta Holds Women and Children Hostage in Sagaing