ခေါင်က မိုးမလုံလျှင် တံစက်မြိတ်လည်း မလုံနိုင်

ဝီကီပီးဒီးယား မှ

ခေါင်က မိုးမလုံလျှင် တံစက်မြိတ်လည်း မလုံနိုင် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

အိမ်ခေါင်ကြောင်းက မိုးမလုံလျှင် တံစက်မြိတ်က လုံမည်မဟုတ်သကဲ့သို့ လူကြီးမိဘအုပ်ထိန်းသူများ စည်ကမ်းပျက်လျှင် လက်အောက်ငယ်သား၊ သားသမီးများ စည်းကမ်းမကောင်းနိုင်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "တိုင်းပြည်တွင် ခေါင်က မိုးမလုံသောအခါ တစ်ပြည်ထောင်လုံး စည်းပျက်ကမ်းပျက် အကျင့်ပျက်တွေ ဖြစ်လာ၏။" [၁၃၃၂] နိုင်ငံဝေ။ ၂၁၉။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၃၆