ခုတရကန်
ခုတရကန် 倶多楽湖 | |
---|---|
View from the crater rim (August 2017). | |
ကိုဩဒိနိတ် | 42°30′N 141°10′E / 42.500°N 141.167°Eကိုဩဒိနိတ်: 42°30′N 141°10′E / 42.500°N 141.167°E [၁] |
အမျိုးအစား | oligotrophic crater lake |
ပင်မ ရေဝင်စီးကြောင်း | none [၁] |
ပင်မ ရေထွက်စီးကြောင်း | evaporation [၁] |
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများ | Japan |
မျက်နှာပြင် ဧရိယာ | ၄.၆၈ km2 (၁.၈၁ sq mi) |
အနက်ဆုံး အနက်အရှိုင်း | ၁၄၈ m (၄၈၆ ft)[၁] |
ကမ်းခြေအလျား၁ | ၈ km (၅.၀ mi)[၂] |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၂၅၈ m (၈၄၆ ft) [၁] |
ကျွန်းများ | none [၁] |
အနီးရှိမြို့များ | Shiraoi [၁] |
ရည်ညွှန်းကိုးကား | [၁] |
၁ ကမ်းခြေအလျားသည် တိတိကျကျ တိုင်းတာထားခြင်း မဟုတ်ပေ။ |
ခုတရကန် (倶多楽湖, Kuttara-ko) သည် ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးစီရင်စု၊ ရှိရအိုအိမြို့တွင် တည်ရှိသည့် အဝိုင်းနီးပါးဖြစ်နေသည့် အခေါင်းပုံစံရေကန်တစ်ခု ဖြစ်သည်။[၁] ဤရေကန်သည် ရှိခိုဆု-တိုးယအမျိုးသားဥယျာဉ်တွင် ပါဝင်သည်။ ဤရေကန်ရှိရေသည် ဂျပန်နိုင်ငံရှိ ရေကန်များအားလုံးတွင် အရည်အသွေးအကောင်းဆုံးဟု သတ်မှတ်ကြသည်။[၂] ရေကို ဖောက်ထွင်း၍ မြင်နိုင်မှုသည် ၁၉ မီတာ (၆၂ ပေ) ရှိသည်။ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ အဆင့်သတ်မှတ်ချက်အရ ဤရေကန်သည် မရှူးကန် ပြီးနောက်တွင် ဒုတိယအဆင့်တွင် ရှိနေသည်။
ရေကန်တွင် salamander မျိုးစိတ်များ၊ Ezo salamander (エゾサンショウウオ, Ezo Sanshōuo) စသည့် ဇီဝမျိုးစိတ်များသည် ရှင်သန်နေထိုင်ကြသည်။ ၁၉၀၉ ခုနှစ်ကတည်းက Sockeye salmon ကကို ဤကန်တွင် စတင်မွေးမြူခဲ့သည်။
ပြင်ပလင့်များ[ပြင်ဆင်ရန်]
ဝီကီမီဒီယာ ကွန်မွန်းစ်တွင် ခုတရကန်
နှင့် ပတ်သက်သော မီဒီယာ ရှိသည်။
- Kuttara - Japan Meteorological Agency (in ဂျပန်)
- Kuttara: National catalogue of the active volcanoes in Japan။ - Japan Meteorological Agency
- Kuttara-Noboribetsu Volcano Group - Geological Survey of Japan
- Kuttara: Global Volcanism Program - Smithsonian Institution