ကွန်ရက် ကြားနေရေးဝါဒ

ဝီကီပီးဒီးယား မှ

ကွန်ရက် ကြားနေရေးဝါဒ (နက် ကြားနေရေးဝါဒ (net neutrality) ၊ အင်တာနက် ကြားနေရေးဝါဒ(Internet Neutrality) လည်း ဖြစ် သည်) သည် အင်တာနက် တွင် ပါဝင်သော အသုံးပြုသူ ဆက်သွယ်သည့် ကွန်ရက်များ အ တွက် လျာထားသော ဥပဒေသ ဖြစ်ပြီး ပါဝင်သည့် အကြောင်းအရာ၊ ဆိုဒ်များ၊ ပလက်ဖောင်း များ၊ တွဲဆက်ကောင်း တွဲဆက်နိုင်သည့် ပစ္စည်းကိရိယာ အမျိုးအစားများပေါ်တွင် အင်တာနက် ဝန်ဆောင်မှုပေးသည့်သူများ နှင့် အစိုးရများမှနေ၍ ကန့်သတ်ခြင်းများ မရှိရေးနှင့် ခွင့်ပြု ထားသော ဆက်သွယ်ရေး နည်းလမ်းများ ပေါ်တွင် ကန့်သတ် ခြင်းများမရှိစေရန် ထောက်ခံ အားပေးသည်။

ထိုဥပဒေသမှ ဖော်ပြသည်မှာ အကယ်၍ အသုံးပြုခွင့်ပေးခြင်းခံထားရသော အသုံးပြုသူသည် အင်တာနက် ဆက်သွယ်ခွင့် အဆင့်တစ်ခုအတွက် အခကြေးငွေပေးပြီး အခြားအသုံးပြုသူ သည် ထိုအသုံးပြုခွင့် အဆင့်အတွက်ပင် အခကြေးငွေပေးလျှင်၊ ထိုအသုံးပြုသူနှစ်ဦးသည် ဝယ်ယူ သုံးစွဲသော သုံးစွဲသည့်အဆင့်တွင် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်နိုင်သင့်သည် ဟူ၍ ဖြစ်သည်။ နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ထိုအသုံးအနှုန်းသည် လူသုံးမများခဲ့သော်လည်း ၂၀၀၀ ခုနှစ် အစောပိုင်းနှစ်များကတည်းက ကွန်ရက် ကြားနေရေးဝါဒ နှင့် တွဲဆက်နေသော ဥပဒေ များကို ထောက်ခံပြောဆိုသူများသည် အင်တာနက် အသုံးပြုခြင်းများနှင့် ပါဝင်သော အရာများ (ဥပမာ- ဝက်(ဘ်)ဆိုဒ်များ၊ ဝန်ဆောင်မှုများ၊ ပရိုတိုကောများ) ၊ အထူးသဖြင့် ပြိုင်ဘက်များ၏ အရာများကို ပိတ်ဆို့တားဆီးရန် လှိုင်းကျယ်များကို ဖြည့်ဆည်းပေးသူများ၏ စွမ်းဆောင်ရည် ဖြစ်သော ၎င်းတို့၏ နောက်ဆုံးမိုင် အခြေခံအဆောက်အအုံ သုံးခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်ပူ ပန်မှုများကို ဖော်ထုတ်ခဲ့ကြသည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဖြစ်သော် လည်း အခြားနေရာများတွင်လည်း အင်တာနက် ကြားနေရေးကို ပြဋ္ဌာန်းရန် ပုံစံချထားသော စည်းမျဉ်းများ၏ ဖြစ်နိုင်ခြေနှင့် ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ငြင်းခုံစရာ ဖြစ်လာခဲ့သည်။

အဝေးဆက်သွယ်ရေး ကုမ္ပဏီများသည် ပိုက်လိုင်းကို ထိန်းချုပ်ခြင်းဖြင့် ယှဉ်ပြိုင်ခြင်းကို ဖယ် ရှားပြီး ရှားပါးခြင်း အတုကို ဖန်တီးကာ အပြိုင်အဆိုင်မရှိသော သူတို့၏ ဝန်ဆောင်မှုများကိုသာ ငှားရမ်း အသုံးပြုသူများမှ ဝယ်ယူချင်လာစေရန် ထပ်ဆင့်ထားသော ဝန်ဆောင်မှု ပုံစံကို သတ် မှတ်ရန် ရှာဖွေလာသည်ဟု ကြားနေရေးကို အားပေး ထောက်ခံသူများမှ အခိုင်အမာ ပြောဆို ကြသည်။ ကွန်ရက် ကြားနေရေးသည် လက်ရှိ လွတ်လပ်ခွင့်ကို ထိန်းသိမ်းခြင်းကဲ့သို့ အဓိက အရေးကြီးသောအရာဟု အများမှ ယုံကြည်ကြသည်။ " အင်တာနက် ဖခင် " နှင့် အင်တာ နက် protocol ကို ပူးတွဲ တီထွင်ခဲ့သူဟု ယူဆကြသောVinton Cerf ၊ web ကို ဖန်တီးသူ Tim Berners-Lee နှင့် အခြားသော လူအများမှ ကွန်ရက် ကြားနေရေးဝါဒကို ထောက်ခံကြောင်း ပြောဆိုခဲ့ကြသည်။

ကွန်ရက် ကြားနေရေးဝါဒကို ကန့်ကွက်သူများမှ ၎င်း၏ စည်းမျဉ်းစည်းကမ်းများအား " ပြဿ နာတစ်ရပ်၏ အဖြေတစ်ရပ် ကို ရှာဖွေခြင်း " ဟု ခွဲခြမ်းစိတ်ဖြာပြီး လှိုင်းအကျယ် ဝန်ဆောင်မှု ပေးသူများတွင် ပါဝင်သော အကြောင်းအရာကို ပိတ်ဆို့တားမြစ်ရန် သို့မဟုတ် ကွန်ရက် ဆောင်ရွက်ချက်ကို အရည်အသွေး နိမ့်ကျစေရန် အစီအစဉ်များ မရှိပါဟု ငြင်းဆိုကြသည်။ ထိုသို့ အခိုင်အမာ ပြောဆိုခြင်း ရှိသော်လည်း အင်တာနက် ဝန်ဆောင်မှု ပေးသူအချို့သည် အဆင့်တူသူ အချင်းချင်း (P2P) ဆက်သွယ်ရေးများကို တမင်တကာ နှေးစေခဲ့သည်။ အခြား ကုမ္ပဏီများသည် ထိုလက်ရှောင်သော အပြုအမူ၏ အခိုင်အမာ ပြုမူပြောဆိုခြင်း နှင့် ဆန့်ကျင် စွာ လုပ်ဆောင်နေဆဲဖြစ်ပြီး P2P ၊ FTP နှင့် online game များကို ခွဲခြားသတ်မှတ်ရန် နက်ရှိုင်း သော packet စစ်ဆေးခြင်း ကို စတင်အသုံးပြုခဲ့ကြကာ cell-phone ပုံစံ အသက်ကျော်လွန် သော ငွေကြေးကောက်ခံခြင်းစနစ်၊ အခမဲ့ အဝေးဆက်သွယ်ခြင်း "တန်ဖိုး ပေါင်းထဲ့ ခြင်း" ဝန် ဆောင်မှုများနှင့် ပေါင်းစည်းခြင်း တို့ကို စတင် ဖွဲ့စည်းသည်။

ကွန်ရက် ကြားနေရေးဝါဒ ၏ ဝေဖန်ရေးသမားများမှ အချို့အမျိုးအစားများ၏ အချက်အလက် ခွဲခြားသတ်မှတ်ခြင်း ကိုလည်း ငြင်းဆန်ကြပြီး၊ အထူးသဖြင့် ဝန်ဆောင်မှုအရည်အသွေး ကို အာမခံရန်မှာ ပြဿနာ မဟုတ် သော်လည်း အမှန်တကယ်လိုလားအပ်သော အရာဖြစ်သည် ဟု ဆိုကြသည်။ Bob Kahn မှ ကွန်ရက် ကြားနေရေးဝါဒ ကို "ကြွေးကြော်သံ"ဟု ခေါ်ခဲ့ပြီး ၎င်းကို ပြဋ္ဌာန်း ခြင်း အားဆန့်ကျင်ကြောင်း သူကြေညာခဲ့သည်။ မည်သို့ပင်ဖြစ်စေ ကွန်ရက် တစ်ပိုင်းတစ်စစီဖြစ်ခြင်း သည် အခြားပါဝင်သူများကို ဖယ်ထုတ်ခြင်း ပြုသည့်အခါ တိုင်း သူသည် ၎င်းအရာကို ဆန့် ကျင် ကြောင်း ဝန်ခံသည်။

အဓိပ္ပာယ် သတ်မှတ်ချက်များ[ပြင်ဆင်ရန်]

အရိုးရှင်းဆုံးအားဖြင့် ဆိုရလျှင် ကွန်ရက် ကြားနေရေးဝါဒ(Net Neutrality)သည် အင်တာနက် အသွား အလာလမ်းကြောင်း အားလုံးကို တူညီစွာ သဘောထားသင့်သည်ဟူသော အခြေခံ သဘောတရား ပင်ဖြစ်သည်။ ကွန်ရက် ကြားနေရေးဝါဒကို အားပေးထောက်ခံသူများ အနေဖြင့် ကွန်ရက် ကြားနေရေးဝါဒ ကို မတူညီသော အဓိပ္ပာယ် ဖွင့်ဆိုချက်များဖြင့် သတ်မှတ်ခဲ့ကြသည်-

လုံးဝ ခွဲခြားသတ်မှတ်မှု မရှိခြင်း[ပြင်ဆင်ရန်]

ကိုလံဘီယာ ဥပဒေကျောင်း ပါမောက္ခ Tim Wu (တင်ဝူ) - "ကွန်ရက်ကြားနေရေးဝါဒ အား အကောင်းဆုံး ကွန်ရက် ဒီဇိုင်း နိယာမ အဖြစ် အဓိပ္ပာယ် သတ်မှတ်သည်။ အယူ အဆမှာ ပါဝင်သော အကြောင်းအရာ၊ ဆိုဒ်များ နှင့် စင်မြင့်များအား ညီတူညီမျှ သ ဘောထားရန် အများဆုံး ရနိုင်သော အသုံးဝင်သည့် အများ ပြည်သူဆိုင်ရာ သတင်း အချက်အလက် ကွန်ရက်သည် ရည်ရွယ်ချက် ကြီးမားစွာ ထားရှိခြင်း ဖြစ်သည်။"

QoS ထပ်ဆင့် ထားခြင်းမရှိသော အကန့်အသတ်ရှိသည့် ခွဲခြား သတ်မှတ်ခြင်း[ပြင်ဆင်ရန်]

အမေရိကန်ပြည်ထောင်စု ဥပဒေပြဋ္ဌာန်းသူများသည် ပို၍ ကောင်းသော အရည်အ သွေးရှိသည့် ဝန်ဆောင်မှုအတွက် အထူး အခကြေးငွေကို မကောက်ခံသေးသရွေ့ ဝန်ဆောင်မှု အရည်အသွေး ခွဲခြားသတ်မှတ်ခြင်းကို ခွင့်ပြုသည့် ဥပဒေမူကြမ်း ကို စတင် တင်သွင်းခဲ့သည်။

အကန့်အသတ်ရှိသည့် ခွဲခြားသတ်မှတ်ခြင်းနှင့် ထပ်ဆင့်ထားခြင်း[ပြင်ဆင်ရန်]

ထိုလုပ်နည်းကိုင်နည်းသည် ဝန်ဆောင်မှု ကန်ထရိုက်များတွင် အထူးသီးသန့် ဖြစ်ခြင်း မရှိသရွေ့ QoS အတွက် ပို၍ မြင့်မားသော အခကြေးငွေများကို ခွင့်ပြုသည်။ Tim Ber ners-Lee ၏ သဘောအရ " အကယ်၍ ကျွန်ုပ်သည် ပေးထား သော ဝန်ဆောင်မှု အရည်အသွေးရှိသည့် ကွန်ရက်သို့ ဆက်သွယ်ရန် အခကြေးငွေ ပေးရပြီး သင်သည် တူညီသော သို့မဟုတ် ပို၍ ကောင်းသော အရည်အသွေးရှိသည့် ဝန်ဆောင်မှုပေးသော ကွန်ရက်ကို ဆက်သွယ်ရန် သင် အခကြေးငွေပေးရသောအခါ ထိုဝန်ဆောင်မှု အရည်အသွေးဖြင့် သင်နှင့် ကျွန်ုပ် သည် ကွန်ရက် တစ်လျှောက်လုံး တွင် ဆက်သွယ်မှု ပြုနိုင်သည်။ ကွန်ရက် ကို ဆက်သွယ်ရန် တစ်ဦးချင်းစီ အခကြေးငွေ ပေးကြသော်လည်း ကျွန်ုပ်ထံသို့ အထူးသီးသန့် ဆက်သွယ် မှုအတွက် မည်သူမျှ အခကြေးငွေ မပေးနိုင်ပါ။ "

ဦးရာလူ စနစ်[ပြင်ဆင်ရန်]

Imprint (အင်ပရင့်) မဂ္ဂဇင်းတွင် မီချီဂန် တက္က သိုလ် ဥပဒေကျောင်း ပါမောက္ခ Susan P. Crawford (ဆူဇန် ပီ ခရောဖို့(ဒ်)) သည် " အင်တာနက် ကြားနေရေးသည် ဝန် ဆောင်မှု အရည်အသွေး ထည့်သွင်းစဉ်းစားမှုများ ကို ဂရုမထားဘဲ packet များ ကို ဦးရာလူစနစ်ပေါ်တွင် အခြေခံ၍ ပေးပို့ရမည် ဟု ယုံကြည်ကြောင်း" ဖော်ပြသည်။

FCC လှိုင်းကျယ် မူဝါဒ ကြေညာချက်[ပြင်ဆင်ရန်]

၂၀၀၅ ခုနှစ် တွင် ဖယ်ဒရယ် ဆက်သွယ်ရေး ကော်မရှင် (FCC) မှ ၎င်း၏ လှိုင်းကျယ် မူဝါဒ ကြေညာချက် (အင်တာနက် မူဝါဒ ကြေညာချက် ဟုလည်း သိထားသည်) ကို ထုတ်ပြန်ခဲ့ပြီး ၊ ၎င်းတွင် ပွင့်လင်:သော အင်တာနက်၏ အခြေခံ သဘောတရား လေးခုကို စာရင်း ပြုစုထား သည်၊ အသုံးပြုသူများမှ ရပိုင်ခွင့် ရှိသော လှိုင်းကျယ် ထိရောက်စွာ အသုံးချမှုကို အားပေး ရန် နှင့်အများပြည်သူသုံး အင်တာနက်၏ လွတ်လပ်ပြီး ဆက်သွယ်မှုရှိသော သဘာဝကို ထိန်း သိမ်းရန်နှင့် မြှင့်တင်ပေးရန် တို့ဖြစ်သည် -"

  • ၎င်းတို့ ရွေးချယ်ခြင်း၏ တရားဝင်ဖြစ်သော အင်တာနက်တွင် ပါဝင်သည့် အကြောင်း အရာကို ဆက်သွယ်ခြင်း။
  • လုပ်ငန်းသုံး ပရိုဂရမ်များကို မောင်းနှင်ပြီး ၎င်းတို့ရွေးချယ်မှု၏ ဝန်ဆောင်မှုများကို အသုံးပြုခြင်းသည် ဥပဒေပြဋ္ဌာန်းချက်၏ လိုအပ်ချက်များကြောင့်ဖြစ်နိုင်သည်။
  • ကွန်ရက်ကို အန္တရာယ်မပြုသော ၎င်းတို့ရွေးချယ်ထားသည့် ဥပဒေဆိုင်ရာ စက်ပစ္စည်း များကို ဆက်သွယ်ခြင်း။
  • ကွန်ရက် ဖြည့်ဆည်းပေးသူများ၊ လုပ်ငန်းသုံး ပရိုဂရမ်များ နှင့် ဝန်ဆောင်မှု ဖြည့်ဆည်း ပေးသူများနှင့် ပါဝင်သည့် အကြောင်းအရာ ဖြည့်ဆည်းပေးသူတို့အကြား ပြိုင်ဆိုင် မှုများ။

ဤအချက်များကို " တရားဝင်ဖြစ်သော မည်သည့်ပါဝင်သည့် အကြောင်းအရာမဆို၊ တရားဝင် ဖြစ်သော မည်သည့်အသုံးချ ဆော့(ဖ်)ဝဲ မဆို၊ တရားဝင်ဖြစ်သော မည်သည့် စက်ပစ္စည်း မဆို၊ မည်သည့် ဖြည့်ဆည်းပေးသူမဆို" ဟူ၍ အတိုချုံး လေ့ရှိသည် ။ သမ္မတ Barack Oba ma ဘာရက်အိုဘားမား ၏ အမေရိကန် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်ရင်းနှီးမြှုပ်နှံမှု ဥပဒေ ၂၀၀၉ သည် လှိုင်းကျယ် အခြေခံ အဆောက်အအုံ နှင့် လွတ်လပ်မှုရှိသော ပြဋ္ဌာန်း ချက်များ အပါအဝင် တို့တွင် ဒေါ်လာ ၇.၂ ဘီလီယန် ရင်းနှီးမြှုပ်နှံမှုအတွက် တောင်းဆိုသည်။ FCC ၏ ကြားနာခြင်း အတောအတွင်းတွင် အမျိုးသား ကေဘယ်(လ်) နှင့် အဝေး ဆက်သွယ် ရေး အသင်းကြီး မှ FCC အား ၎င်း၏ ၂၀၀၅ အင်တာနက် မူဝါဒ ကြေညာချက်တွင် ဖော်ပြထား သော စံလေးချက်အား လိုအပ်သော ပွင့်လင်းလွတ်လပ်မှု အဖြစ် လက်ခံကျင့်သုံးရန် တိုက် တွန်းခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် FCC သည် DTV အကူးအပြောင်းကို မျှော်လင့်ခြင်းဖြင့် 700 MHz ရှိသော ကြိုးမဲ့ spectrum တားမြစ်ခြင်း ကို လေလံတင် ရောင်းချခဲ့သော အခါ၊ အကယ်၍ FCC သည် spectrum operator အား အောက်ပါ အခြေအနေလေးရပ်ကို လိုက်နာရန် သတ်မှတ် ပြဋ္ဌာန်ပေးခဲ့ပါက Google အနေဖြင့် ဒေါ်လာ 4.6 billion ဈေးနှုန်း အဆိုပြုမည် ဟု ကတိပေးခဲ့သည်။

  • ပွင့်လင်း သော လုပ်ငန်းသုံး ပရိုဂရမ်များ- အသုံးပြုသူများသည် ၎င်းတို့ ဆန္ဒရှိသော မည်သည့် ဆော့ဖ်ဝဲလ် လုပ်ငန်းသုံး ပရိုဂရမ်များ၊ ပါဝင်သော အကြောင်းအရာ သို့မဟုတ် ဝန်ဆောင်မှုများကိုမဆို ဒေါင်းလုပ်(ခ်) လုပ်ခြင်း နှင့် အသုံးပြုခြင်းတို့ လုပ် နိုင်ခွင့် ရှိသင့်သည်။
  • ပွင့်လင်း သော စက်ပစ္စည်းများ- အသုံးပြုသူများသည် ၎င်းတို့ပို၍ နှစ်သက်သော မည် သည့် ကြိုးမဲ့ ကွန်ရက်ကိုမဆို လက်ကိုင်ဆက်သွယ်ရေး စက်ပစ္စည်းများဖြင့် အသုံးပြု ဆက်သွယ်နိုင်ခွင့် ရှိသင့်သည်။
  • ပွင့်လင်း သော ဝန်ဆောင်မှုများ- ကြားလူများ (ပြန်လည်ရောင်းချသူများ) သည် ကျိုး ကြောင်းခိုင်လုံပြီး ခွဲခြားသတ်မှတ်ခြင်း မရှိသည့် စီးပွားရေးဆိုင်ရာ သတ်မှတ်ချက်များ ပေါ်တွင် အခြေခံ၍ ၇၀၀ မဂ္ဂါဟတ်(ဇ်) (700 MHz) လိုင်စင်ရသူ ထံမှ ကြိုးမဲ့ ဝန်ဆောင်မှုများကို လက်ကား အခြေခံစနစ်ဖြင့် ရယူနိုင်ခွင့် ရှိသင့်သည်။
  • ပွင့်လင်း သော ကွန်ရက်များ- ကြားလူများဖြစ်သည့် အင်တာနက် ဝန်ဆောင်မှုပေးသူ များသည် ၇၀၀ မဂ္ဂါဟတ်(ဇ်) 700 MHz လိုင်စင်ရသူ၏ ကြိုးမဲ့ ကွန်ရက်အတွင်း နည်းပညာအရ ဖြစ်နိုင်ခြေရှိသော မည်သည့် နေရာတွင်မဆို ဆက်သွယ်နိုင်ခွင့် ရှိသင့်သည်။

ထိုအခြေအနေများသည် ယေဘုယျအားဖြင့် FCC ၏ အင်တာနက် မူဝါဒ ကြေညာချက်နှင့် အ လားတူဖြစ်သည် (FCC ၏ အသုံးချပရိုဂရမ်များနှင့် ပါဝင်သော အကြောင်းအရာတို့ကို အမှတ် တစ်ခုအတွင်းသို့ ပေါင်းထည့်ထားစဉ် ဖြည့်ဆည်းပေးသော ကြားလူများ၏ လက်ကား ဆက် သွယ်ယူခွင့် အတွက် လိုအပ်ချက်တစ်ခုကို ပေါင်းထည့်သည့် အပိုအမှတ် တစ်ခုလည်း ပါဝင် သည်)။ FCC သည် လေလံတင်ခြင်း အတွက် စံလေးခုအနက်မှ ၂ ခု ကိုသာ ခံယူခဲ့သည်၊ အ မည်အားဖြင့်၊ ပွင့်လင်း သော စက်ပစ္စည်းများနှင့် ပွင့်လင်း သော အသုံးချ ပရိုဂရမ်များ တို့ ဖြစ်သည်။

စက်တင်ဘာလ ၂၀၀၉ ခုနှစ် တွင် FCC သဘာပတိ Julius Genachowski မှ ၎င်းကော်မရှင်၏ ၂၀၀၅ မူဝါဒ ကြေညာချက် အပေါ်တွင် နောက်ထပ် စည်းမျဉ်း နှစ်ချက်ပေါင်းထည့်ရန် အဆိုပြုခဲ့သည်၊ အမည်အားဖြင့် ISP များ သည် မည်သည့် ပါဝင်သော အကြောင်းအရာ သို့မဟုတ် အသုံးချ ပရိုဂရမ်များကိုမဆို ခွဲခြားသတ်မှတ်ခြင်း မပြုရသည့် ခွဲ ခြား သတ်မှတ်ခြင်းမရှိသော ဥပဒေသနှင့် ISP များ အားလုံးသည် ၎င်းတို့၏ မူဝါဒများ အားလုံး အသုံးပြုသူများသို့ ထုတ်ဖော်ဖွင့်ဟရန် သတ်မှတ်ထားသည့် ပွင့်လင်းသော ဥပဒေသတို့ ဖြစ်သည်။ ကြိုးမဲ့များသည်လည်း ကြိုးဖြင့် ဖြည့်ဆည်းပေးသူများကဲ့သို့ တူညီ သော ကွန်ရက် ကြား နေရေးအောက်တွင် ရှိသင့်သည်ဟု သူသည် ငြင်းခုံဆွေးနွေးခဲ့သည်။

၂၀၀၉ အောက်တိုဘာလတွင်၊ ကွန်ရက် ကြားနေရေးဝါဒ အကြောင်းအရာအပေါ်တွင် စည်း မျဉ်း သတ်မှတ်ရေးဆိုင်ရာ တင်သွင်းထားသော သတိပေး အကြောင်းကြားစာတစ်စောင်ကိုအတည်ပြုခြင်းဖြင့် FCCသည်နောက်ထပ်ခြေလှမ်းကိုလှမ်းခဲ့သည်။၂၀၁၀ခုနှစ်မေလတွင်FCCသည် ကွန်ရက်ကြားနေရေးမူဝါဒကို ပြဋ္ဌာန်းရန်သူတို့၏ ကြိုးပမ်းအားထုတ်မှုကို လျော့ချလိမ့်မည်ဟု ယုံကြည်ခြင်းခံရပြီး နောက်တွင် ၎င်းတို့သည် သူတို့၏ တိုက်ခိုက်မှုအား ဆက်လက်ပြုလုပ်သွားမည်ဟု ကြေညာခဲ့သည်။ Comcast (ကွန်းကပ်(စ်)) အ ပေါ် အေဂျင်စီ၏ အမိန့်အား ဖက်ဒရယ် တရားရုံး၏ ဖြုတ်ချခြင်း ပြီးနောက်တွင် သူတို့သည် ကွန်ရက် ကြားနေရေးဝါဒကို ပြဋ္ဌာန်းရန် မစွမ်းဆောင်နိုင်ခဲ့ကြတော့ပါဟု ယုံကြည်ခြင်း ခံခဲ့ရ သည်။ မည်သို့ပင်ဖြစ်စေ ကော်မရှင် သဘာပတိ Julius Genachowski လက်အောက်တွင် FCC သည် လှိုင်းကျယ် အင်တာနက် အဆက်အသွယ် ပေး သူ များ အား တယ်လီဖုန်း ကွန်ရက်များကဲ့သို့ တူညီသော စည်းမျဉ်းများကို လိုက်နာရန် ဖြည့် ဆည်း ပေးသူများအား တွန်းအားပေးသည့် ကြိုးပမ်းအားထုတ်မှု ဖြစ်သော ဆက်သွယ်ရေး ဥပဒေ ခေါင်းစဉ် ၂ ပြဋ္ဌာန်း ချက်များအရ မကြာသေးမီကမှ ပြန်လည် အမျိုးအစားခွဲခြား ခဲ့ သည်။ ထို ပြင်ဆင်ချက်သည် "တရားမျှတခြင်းမရှိသော သို့မဟုတ် ကြောင်းကျိုးဆီလျော်မှု မရှိသော ခွဲခြားသတ်မှတ်ခြင်းကို ငွေကြေးကောက်ခံခြင်း ၊ အလေ့အထများ၊ အမျိုးအစား ခွဲခြားခြင်းများ၊ စည်းမျဉ်းစည်ကမ်းများ၊ ပံ့ပိုးမှု အင်္ဂါရပ်များ သို့မဟုတ် ဝန်ဆောင်မှုများ တို့တွင် အသုံးပြုခြင်း အား ကာကွယ်တားဆီးရန်" အတွက် ရည်ရွယ်ခြင်းဖြစ်သည်။

အယူအဆ တိုးတက်ဖွံ့ဖြိုးလာခြင်း[ပြင်ဆင်ရန်]

၂၀၀၃ ခုနှစ်တွင် ကိုလံဘီယာ ဥပဒေကျောင်းမှ ပါမောက္ခဖြစ်သူ Tim Wu သည် ကွန် ရက် ကြားနေရေး စည်းမျဉ်းစည်းကမ်း အဆိုပြုချက် တစ်ခု ကို သူ၏ စာတမ်းဖြစ်သော ကွန်ရက် ကြားနေရေးဝါဒ၊ လှိုင်းကျယ် ခွဲခြားသတ်မှတ်ခြင်း တွင် ပုံနှိပ်ထုတ်ဝေခဲ့ပြီး လူသိများ စေခဲ့သည်။ ထိုစာတမ်း သည် ကွန်ရက်ကြားနေရေးအား အသုံးချ program များအတွင်း ကြားနေ ရေးနှင့် အချက်အလက် နှင့် QoS- ခံစားလွယ်သော အသွားအလာအကြား ကြားနေရေး အဖြစ် ဖြင့် ထင်မြင်ယူဆခဲ့ပြီး ထိုအကြောင်းအရာများနှင့် ပတ်သက် ဆက်နွယ်ရန် အလား အလာ ရှိသော ဥပဒေ ပြုခြင်း အချို့ကို အဆိုပြု တင်ပြခဲ့သည်။၂၀၀၅ နှင့် ၂၀၀၆ ခုနှစ်များ တစ်လျှောက်လုံးတွင် ကွန်ရက် ကြားနေရေး နှင့် အင်တာနက် အနာဂတ်တို့နှင့် ပတ်သက်ပြီး Cable ကုမ္ပဏီများ အသုံးပြုသူ များ နှင့် အင်တာနက် ဝန်ဆောင်မှုပေးသူများ (ISPs) မှ အငြင်းအခုံ ပြုခဲ့ကြသော်လည်း ထို ကိစ္စအား ၂၀၀၆ ခုနှစ်တိုင်အောင် media များမှနေ၍ လုံးဝ နီးပါး လျစ်လျူရှုခြင်း ခံခဲ့ရသည်။ ကွန်ရက် ကြားနေရေးဆိုင်ရာ အယူအဆသည် ယခုလက်ရှိ အင်တာနက်ကို အာရုံစိုက်သည့် ငြင်းခုံမှုထက် အလျင်စောပြီး telegraph ခေတ်ကတည်းက တည်ရှိခြင်းဖြစ်သည်။၁၈၆၀ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု federal ဥပဒေ (ပစိဖိတ် telegraph အက်ဥပဒေ ၁၈၆၀) ကို telegraph လိုင်းတစ်ခုအား ထောက်ပံ့ကြေးပေးရန် အတည် ပြုလိုက်ပြီး ဖော်ပြသည်မှာ- မည်သည့် တစ်ခုချင်း၊ ကုမ္ပဏီ သို့မဟုတ် corporation သို့မဟုတ် မည်သည့် telegraph လိုင်းမဆို ဤလိုင်းနှင့် ၎င်း၏ လမ်းဆုံးဂိတ်များ တစ်ခုမဟုတ် တစ်ခုမှ ဆက်သွယ် ရာမှ ရ ရှိသော သတင်းအချက်အလက်များသည် သမာသမတ်ကျစွာဖြင့် ၎င်းတို့ ဖမ်းယူရရှိ သည့် အစီအစဉ်ဖြင့် တစ်ဆင့်ပေးပို့ခြင်း ခံရသည်။ ခြွင်းချက်အားဖြင့် အစိုးရ၏ အလျင်အမြန် ပေးပို့သော ရုံးစာများတွင် ဦးစားပေးခြင်းရှိလိမ့်မည်...

—အက်လန္တိတ် နှင့် ပစိဖိတ် နိုင်ငံများအကြား ဆက်သွယ်ရေးကို လျှပ်စစ် telegraph ဖြင့် အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်မည့် အက်ဥပဒေတစ်ရပ်၊ ဇွန်လ ၁၆ ရက်၊ ၁၈၆၀ ခုနှစ်။ ၁၈၈၈ ခုနှစ်တွင် Almon Brown Strowger သည် အမြတ် အစွန်း အတွက် ခေါ်ဆိုမှုများကို ဦးတည်ရာ ပြောင်းလဲပေးခဲ့သည့် ကြားနေရေး မဟုတ်သော တယ်လီဖုန်း operator များကို ရှောင်ကွင်းရန် Auto တယ်လီဖုန်း exchange တစ်ခုကို တည်ထွင်ခဲ့သည်။

၂၀၁၀ ခုနှစ် ဩဂုတ်လတွင် Google နှင့် Verizon တို့သည် သဘောတူညီချက်တစ်ခုရှိခဲ့ပြီးထိုအရာတွင်၎င်းတို့နှစ်ဦးစလုံးသည် ကွန်ရက်လုံးဝကြားနေရေးဝါဒကိုဆန့်ကျင်ခဲ့ကြသည်။ ထိုသဘောတူညီချက် အသေးစိတ်ဖော်ပြသည်မှာ ISPs များကို " ၎င်း၏ လှိုင်းကျယ် အင်တာ နက် ဆက်သွယ်မှု ဝန်ဆောင်ခြင်း အသုံးပြုသူများကို --

  1. ၎င်းတို့ ရွေးချယ်မှု၏ ဥပဒေ နှင့် အညီဖြစ်သော ပါဝင်သော အကြောင်းအရာကို ပေးပို့ခြင်းနှင့် လက်ခံရယူခြင်း၊
  2. ၎င်းတို့ရွေး ချယ်မှု၏ ဥပဒေနှင့် အညီဖြစ်သော လုပ်ငန်းသုံး program များကို လည်ပတ်စေခြင်း နှင့် ဥပဒေ နှင့် အညီဖြစ်သော ဝန်ဆောင်မှုများကို အသုံးပြုခြင်း၊ နှင့်
  3. ၎င်းတို့ ရွေးချယ်ထားသော ဥပဒေနှင့် အညီဖြစ်သည့် ကွန်ရက် သို့မဟုတ် ဝန်ဆောင်မှုကို အန္တရာယ်မပြုသော၊ ဝန်ဆောင် မှု ခိုးယူခြင်းကို အဆင်ပြေချောမွေ့မှုမရှိစေရန် ဆောင်ရွက်သော သို့မဟုတ် ဝန်ဆောင်မှု၏ အ ခြား အသုံးပြုသူများကို အန္တရာယ် မပြုသော စက်ပစ္စည်းများကို ဆက်သွယ်ခြင်းတို့မှ တားဆီး ခြင်းကို တားမြစ်ထားခြင်း " ပြုသင့်သည် ဟူ၍ ဖြစ်သည်။

ထောက်ခံအားပေးသူများ[ပြင်ဆင်ရန်]

Net ကြားနေရေးဝါဒကို ထောက်ခံအားပေးမည့်သူများတွင် စားသုံးသူများဘက် မှ ရပ်တည် ပေးသူများ၊ online ကုမ္ပဏီများနှင့် အချို့သော နည်းပညာ ကုမ္ပဏီများ ပါဝင် ပါသည်။ အင်တာနက် ကုမ္ပဏီအများစု ဥပမာ- Yahoo ၊Vonage ၊ Ebay ၊ Amazon ၊ IAC/Inter ActiveCorp တို့သည် ကြားနေရေးဝါဒ ဘက်မှ ရပ်တည်ကြသူများ ဖြစ်သည်။ Microsoft သည်လည်း အခြား ကုမ္ပဏီများနှင့်အတူ ကြားနေရေးဝါဒ အကောင် အထည်ဖော်ရေးဘက်မှ ရပ်တည်ထောက်ခံ ပေးခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အင်တာနက် ဝန်ဆောင်မှုပေးသူ Cogent Communications သည်လည်း ထိုနက် ကြားနေရေးဝါဒ ဖြစ်ရေးနည်းလမ်း ဥပဒေများအတွက် ကြေညာချက်များ ထုတ်ပြန်ပေးခဲ့သည်။

Google ၏အဆိုအရ- ကွန်ရက် ကြားနေရေးဝါဒ ဆိုသည်မှာ အင်တာနက်အတွင်း အသုံးပြုသူများ အနေ နှင့် မိမိတို့ ဘာကိုကြည့်ရှုသည်၊ မည်သည့် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်သည် ဆိုသည်ကို ကိုယ်တိုင် ထိန်းချုပ်လုပ်ဆောင်ခွင့် ရရှိခြင်းပင်ဖြစ်သည်။ အစောဦးသော နေ့များတွင်.... အင်တာနက် အသုံးပြုသူသည် ထိုနည်းလမ်းအတိုင်း အသုံးပြုခွင့်များ ရရှိခဲ့ကြသည်။ အခြေခံ အားဖြင့် နက် ကြားနေရေးဝါဒ ဆိုသည်မှာ အင်တာနက်ကို ညီမျှစွာ အသုံးပြုခွင့် ရရှိခြင်း ပင် ဖြစ်သည်။ ကျွန်ုပ်တို့အမြင်တွင် လှိုင်းကျယ် ဝန်ဆောင်သူများသည် ဈေးကွက်အတွင်း တစ် ဖက်တစ်လမ်း မှလည်း အသုံးပြုခြင်းများနှင့် ဝန်ဆောင်မှုသစ်များ အတွက် ဝင်ရောက်ယှဉ်ပြိုင် နေခြင်းကို ခွင့် မပြုသင့်ပေ။ တယ်လီဖုန်း ကုမ္ပဏီများအနေနှင့် စားသုံးသူများကို သူတို့ ဘယ် ကိုခေါ်ဆိုနိုင် သည်နှင့် ဘာတွေပြောဆိုနိုင်သည်ကို ပြောပြခွင့်မရှိသကဲ့သို့ပင် လှိုင်းကျယ် ဝန် ဆောင်သူများ ကိုလည်း ဈေးကွက်ချဲ့ထွင်ခြင်းဖြင့် အွန်လိုင်း ဆောင်ရွက်မှုများကို ထိန်းချုပ် ခွင့် မပြုသင့်ပေ။ __ အသုံးပြုသူများ အတွက် နက် ကြားနေရေးဝါဒ သို့ လမ်းညွှန် သည်နက် ကြားနေရေးဝါဒ ဖြစ်ရေးကို တစ်ဦးချင်းအနေနှင့်ထောက်ခံအားပေးသူများတွင် Tim Ber ners-Lee ၊ Vinton Cerf ၊ Lawrence Lessig ၊ Robert W. McChesney ၊[4] Moby ၊Steve Wozniak ၊, Susan P. Crawford ၊ နှင့် David Reed နှင့် President Barack Obama တို့လည်း အပါအဝင်ဖြစ်သည်။

SaveTheInternet.com ကဲ့သို့သော နက် ကြားနေရေးဝါဒကို စိတ်ဝင်စားသော အသင်းအဖွဲ့ များလည်း တစ်ခုပြီးတစ်ခုပေါ်ပေါက် လာကြသည်။ ၎င်းက Net ကြားနေရေးဝါဒ ဆိုသည်ကို- Net ကြားနေရေးဝါဒ ဆိုသည်မှာ ခွဲခြားဆက်ဆံခြင်း မဟုတ်တော့ဘဲ အင်တာနက် ဝန်ဆောင် မှု ပေးသူများမှ ၎င်းတို့၏ ထောက်ပံ့ပေးထားသော အရင်းအမြစ်အတွင်း၊ ပိုင်ဆိုင်မှု အတွင်း တွင် အခြေပြုသော web တွင် ပါဝင်သောအကြောင်းအရာများကို လိုက်လံပိတ်ဆို့ခြင်း၊ အရှိန်တိုးမြှင့်ခြင်း သို့မဟုတ် အရှိန်လျှော့ချပစ်ခြင်း တို့မှ ကာကွယ်နိုင်ပေသည်။ လွတ်လပ် ပွင့်လင်း စွာ ကြည့်ရှုသုံးစွဲနိုင်သော အင်တာနက်သည် မည်သည့် အင်တာနက် site များ မဆို ရုပ်မြင်သံကြား၊ ရေဒီယို ထုတ်လွှင့် မှု အလုပ်ရုံတစ်ခု ကဲ့သို့ဖြစ်ပေါ်လာစေမည်ဆိုသည့် တစ်ပတ်ပြန်လည် လည်ပတ်မှုများ ရှိလာနိုင်ပေသည်။ Net ကြားနေရေးဝါဒ ကို မထိန်းသိမ်း နိုင်ခြင်းသည် လွတ်လပ်မှုကို ဖော်ပြပေး သည့် ထိုမညီမျှသော အခွင့်အရေးများကို အဆုံး သတ် ပေးပေလိမ့်မည်။

ကွန်ရက်ကြားနေရေး ဝါဒ ကိုထောက်ခံသည့် အတွက် အငြင်းပွားမှုများ[ပြင်ဆင်ရန်]

အချက်အလက် ထိန်းချုပ်ခြင်းနက် ကြားနေရေးဝါဒကို ထောက်ခံအားပေးသူများသည် Cable ကုမ္ပဏီများ မှ အင်တာ နက် ဝန်ဆောင်မှု ထောက်ပံ့ပေးသူများ (ISPs) မှ သူတို့၏ wireline များ နှင့် ဖုန်းခေါ်ဆိုမှု ဖြင့် သုံးစွဲရသော အင်တာနက် တို့ကို အခမဲ့ အသုံးပြုခွင့် ပေးပါသည် ဆိုသည့် သာမန် သယ်ယူရေး သဘောတူညီချက် တို့ကို တရားဝင်အဖြစ် အာမခံချက်ပေးစေလိုသည်။ ယင်း ကုမ္ပဏီများသည် တရားရုံး၏ အမိန့်တစ်စုံတစ်ရာ မရှိပဲ အင်တာနက်သုံးစွဲမှုများအတွင်း ဝင်ရောက် စစ်ဆေးခြင်း၊ အနှောင့်အယှက်ပြုခြင်း သို့မဟုတ် ပါဝင်သည့်အကြောင်း အရာ ကို စစ်ထုတ် ခြင်းတို့ မပြုလုပ်နိုင်စေရန်လည်း အာမခံချက် ရယူလိုသည်။

SaveTheInternet.com မှ Cable ကြိုး နှင့် အဝေးဆက်သွယ်ရေး ကုမ္ပဏီများသည် " မည် သည့် website သည် လျင်မြန်စွာအသုံးပြုနိုင်စေ၊ မည်သည်က နှေးစေနှင့် မည်သည်က လုံးဝကို တက်မလာစေ ဟူ၍ အင်တာနက်၏ တံခါးစောင့်များအဖြစ် လုပ်ဆောင်နေကြသည်" ဟုလည်း စွပ်စွဲပြောဆိုလိုက်ပါသည်။ SaveTheInternet.com ၏ အဆိုအရ ဆိုလျင် " အင်တာ နက် ဝန်ဆောင်သူများ အနေနှင့် သူတို့၏ ကိုယ်ပိုင် ရှာဖွေသည့် engin၊ အင်တာနက် ဖုန်း ဝန်ဆောင်မှုများ၊ ဗီဒီယို ကူးနေသည် —ကို သိသိသာသာ ကောင်းမွန်စွာ ဝန်ဆောင်မှု ပေးရန် အတွက် ပြိုင်ဘက်များကို နှေးကွေးစေပြီး၊ ယင်းကုမ္ပဏီများမှ ပါဝင်သည့်အကြောင်းအရာ ဝန်ဆောင်မှု ပေးသူ များအား ၎င်းတို့၏ အချက်အလက်များကို မြန်နှုန်းမြင့်ပေး ရန် အာမခံ ပေးရန် အတွက် အခွန်အခပေး စေလိုကြသည်" ဟုဆိုသည်။

အင်တာနက် protocol (IP) ကို ပူးတွဲတီထွင်သူ နှင့် လက်ရှိ Google ၏ ဒုတိယ ဥက္ကဋ္ဌ နှင့် အင်တာနက် အကြီး အမှူး တာဝန်ကိုယူထားသူ Vinton Cerf က အမေရိကန် ပြည်ထောင်စု တွင် ကွန်ရက် ကြားနေရေးဝါဒ ဥပဒေပြုခြင်း ကို မိတ်ဆက်ရန် ကြိုးပမ်းအားထုတ် ထောက်ခံ ပေးခဲ့သည်။ သူကပြောဆိုသည် မှာ" အင်တာနက်သည် အသစ်ထပ်မံ ရောက်ရှိလာမည့် ပါဝင် သည့် အကြောင်းအရာသို့မဟုတ် ဝန်ဆောင်မှုများအတွက် မည်သူမျှ တံခါးစောင့် စရာ မလို အောင် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း" ဆိုသည်။Cerf မှ နိဂုံးချုပ် အနေ နှင့်-လှိုင်းကျယ်ဝန်ဆောင်သူများကို အင်တာနက်တွင် လူအများ ဘာကိုကြည့်သည်၊ ဘာကို လုပ် ကိုင်သည်တို့ကို ထိန်းချုပ်ခွင့် ပေးလိုက်ခြင်းသည် အင်တာနက်၏ အောင်မြင်မှုလမ်းစဉ်တို့ကို သေချာ အားနည်းစေလိမ့်မည် ဟုလည်းဆိုသည်။ ရည်ညွှန်း __ Vinton Cerf ၏ ဖေဖော်ဝါရီလ ၂၀၀၆ ညီလာခံ မတိုင်ခင် ပြောကြားချက်များ

ဒစ်ဂျစ်တယ် အခွင့်အရေးများနှင့် လွတ်လပ်မှုများ[ပြင်ဆင်ရန်]

Lawrence Lessig (လောရန့်(စ်) လက်ဆင်း) နှင့် Robert W. McChesney (ရောဘတ် မက် ချီး(စ်)စနီ)၊ တို့ကပြောဆိုသည်မှာ နက် ကြားနေရေးဝါဒသည် အင်တာနက်အား လွတ်လပ်၍ လမ်းဖွင့်ထားသော နည်းပညာ၊ လွတ်လပ်မှုရှိသော ဆက်သွယ်ရေးတို့ ရရှိရေးအတွက် အာမ ခံချက် ပေးထားသည်ဟု ဆိုသည်။

ပြိုင်ဆိုင်မှုနှင့် ဆန်းသစ်တီထွင်မှုများ[ပြင်ဆင်ရန်]

Net ကြားနေရေးဝါဒကို ထောက်ခံသူများမှ Cable ကုမ္ပဏီများ သို့မဟုတ် "ပါဝင် သည့် အကြောင်းအရာ ဂိတ် တံခါး စောင့်များ" အား အရည်အသွေး ကောင်းမွန်သော သို့မဟုတ် အကောင်းဆုံး ဝန်ဆောင်မှုများ ရရှိရန် အာမခံချက် အတွက် အပိုဆောင်း အခကြေးငွေများ ပေးဆောင်နေရမှုသည် Tim Wu ခေါ်ဆိုသည့် မမျှတသော စီးပွားရေးလုပ်ဆောင်မှုပုံစံ ဖြစ်ပေါ်လာစေရန် ခွင့်ပြုနေခြင်း ဖြစ်သည်ဟု ဆိုသည်။ ထောက်ခံသူများမှ ကွန်ရက် ပိုင်ရှင်များကို အငယ်ဆုံး Blogger မှ Google အထိ website တိုင်းကို အခကြေးငွေ ကောက်ခံခြင်း မပြုလုပ်ရန်၊ ကွန်ရက် ပိုင်ရှင်များသည် အပြိုင်အဆိုင် website နှင့် ဝန်ဆောင်မှုများကို ပိတ်ဆို့နိုင် သကဲ့သို့ ငွေကြေးပေးရန် မတတ်နိုင်သောသူများ ဆီသို့ ချိတ်ဆက်ခွင့် ကိုလည်း ငြင်းဆိုခြင်း တို့မပြုလုပ်ရန် တို့ကို တားမြစ်သတိပေးထားသည်။Tim Wu ၏ အဆိုအရ Cable ကုမ္ပဏီများ သည် သူတို့ပိုင် ရုပ်မြင်သံကြား ဝန်ဆောင်မှုများ အတွက် "လှိုင်းအကျယ် များကို ဖြတ် တောက်ပစ်ရန်" နှင့် " ဦးစားပေး" ဝန်ဆောင်မှုများအတွက် ကုမ္ပဏီများကို အခွန်အခများ ကောက်ခံရန် ကြံစည်နေကြသည်ဟု သိရသည်။

ကွန်ရက် ကြားနေရေးဝါဒ ကို ထောက်ခံသူများမှ အင်တာနက် အသွားအလာလမ်းကြောင်း အား အဆင့်အတန်း ခွဲခြား၍ ခွင့်ပြုခြင်း သို့မဟုတ် ထပ်ဆင့်ထားသော ဝန်ဆောင်မှု တို့သည် online ကုမ္ပဏီ အသစ်များ၏ အကျိုးအမြတ်များကို ဆုတ်ယုတ်စေနိုင်ပြီး online ဝန်ဆောင်မှုတို့၏ ဆင့်ကဲ တိုးတက်ခြင်းကို လည်း နှေးကွေးနှောင့်နှေး စေသည်ဟု ဆိုပါ သည်။[24] Tim Wu မှ ပြောဆိုသည်မှာ ကွန်ရက် ကြားနေရေးဝါဒသာ မရှိလျင် ဈေးကွက်အတွင်း အင်တာနက်သုံးစွဲမှုသည် ဆင့်ကဲတိုးတက်ခြင်းဆီသို့ ဦးတည်နေရာမှ ဈေးကွက်စီးပွားရေးဆီသို့ ပြောင်းလဲဦးတည် သွားမည်ဟု ဖြစ်သည်။[39] SaveTheInternet.com ကတော့ ကွန်ရက် ကြားနေရေးဝါဒသည် "သာတူညီမျှသော နယ်ပယ်" တစ်ခုကိုဖန်တီးပေးမည်၊ "အင်တာနက်ဆိုသည်မှာ အစဉ်အမြဲ ဆင့် ကဲ တိုးတက်ခြင်း ဆီသို့ ဦးတည်လျက်ရှိသည်၊ website များနှင့် ဝန်ဆောင်မှုများသည် သူတို့ နှင့် သင့်လျော်သော အောင်မြင်မှု၊ ကျရှုံးမှုများကို ရင်ဆိုင်ရမည်ဖြစ်သည်" ဟုဆိုပါ သည်။ [36] Lawrence Lessig နှင့် Robert W. McChesney တို့အဆိုအရ -

Net ကြားနေရေးဝါဒမရှိလျင် အင်တာနက်ဟူသည် ဝါယာဆက်သွယ်ထားသော ရုပ်မြင်သံ ကြား နှင့် တူလာပါလိမ့်မည်၊ ကုမ္ပဏီကြီးများမှ ပါဝင်သော အစီအစဉ်များကို ထိန်းချုပ်ခြင်း၊ သင် မည်သည်ကို ကြည့်ရှုမည်၊ ဘယ်မျှကျသင့်မည် စသည်တို့ကိုပါ ဝင်ရောက်ဆုံးဖြတ်ခြင်း တို့ ရှိလာပေမည်။ ကျန်းမာရေးစောင့်ရှောက်မှု၊ စီးပွားရေး၊ ရောင်းဝယ်ဖောက်ကားရေး နှင့် လောင်းကစားပြုခြင်း စသည်တို့သည် မြန်ဆန်စိတ်ချရသော အင်တာနက်အသုံးပြုမှု တို့ ကြောင့် အခကြေးငွေ ကြီးစွာပေးဆောင်ရခြင်းတို့ကို ရင်ဆိုင်လာရလိမ့်မည်။.... အင်တာနက် ၏ သမိုင်းတွင် စွန့်ဦးတည်ထွင်ခဲ့သူအများစုသည် သူတို့၏အိမ်မှ ဂိုဒေါင်ကလေးထဲတွင် စိတ် ကူးစိတ်သန်း ကောင်းများစွာနှင့် ရင်းနှီးမြှုပ်နှံမှု အနည်းငယ်နှင့် စတင်ခဲ့ကြသူများ ဖြစ်သည်။ မည်သည့် ထိခိုက် ပျက်စီးမှုမျိုးမှလည်း မရှိခဲ့။ Net ကြားနေရေးဝါဒသည် ကွန်ရက် ပိုင်ဆိုင် သူများ၏ ထိန်းချုပ်လုပ်ကိုင်မှုများကို လျော့ချပေးနိုင်ပြီး ပြင်ပမှသူများကိုလည်း ဆင့်ကဲ တိုး တက် ပြောင်းလဲမှုတို့အတွက် ဖိတ်ခေါ်ယှဉ်ပြိုင်မှုများကို မြင့်မားလာစေသည်။ အင်တာနက် တွင် ပါဝင်လာ သမျှ ဝန်ဆောင်မှုများအတွက် နက် ကြားနေရေးဝါဒက လွတ်လပ်၍ ယှဉ်ပြိုင် မှုကောင်းသော ဈေးကွက်တစ်ခုကို ဖန်တီးပေးမည်ဟု အာမခံနိုင်သည်။ —Lawrence Lessig နှင့် Robert W. McChesney

အင်တာနက် စံနှုန်းများကို ထိန်းသိမ်းထားခြင်း[ပြင်ဆင်ရန်]

ကွန်ရက် ကြားနေရေးဝါဒကို ရပ်တည်သူများသည် တာဝန်ရှိ ကွန်ရက်ကို ဝန်ဆောင်မှုပေးသူမှ အင်တာနက်အတွင်း သယ်ယူပို့ဆောင်ရေး နှင့် အသုံးပြု ခြင်းအလွှာ ခွဲခြားခြင်းပေါ်တွင် ပြောင်းလဲ ပြင်ဆင် ဖြည့်စွက်သဖြင့် အခြေခံ အင်တာနက် စံသတ်မှတ် ချက်များ နှင့် အပြည် ပြည် ဆိုင်ရာသဘောတူညီမှု လုပ်ပိုင်ခွင့် တို့ကျဆင်းလာမည့် သင်္ကေတများ ပေါ်ပေါက်လာ ပါက ဥပဒေများ တင်သွင်း ထောက်ပြခြင်းတို့ ပြုလုပ်ခွင့်ပေးအပ်ထားသည်။ ထို့အပြင် ဥပဒေ မှ ဖော်ပြထားသည်မှာ သတင်းအချက်အလက်များ ပို့ဆောင်ရာတွင် ဘစ်ရှိတ်ပင်း လုပ် ခြင်း သည် ပို့ဆောင်မည့် အလွှာ ၏ သဟဇာတဖြစ်အောင် ဖန်တီး တည်ဆောက်ထားမှုကိုလည်း အားနည်းစေသည် ဟုဆိုသည်။

အတုအယောင် ဝန်ဆောင်မှုများကို တားဆီးခြင်း[ပြင်ဆင်ရန်]

Alok Bhardwaj (အလို့(ခ်) ဘဟာဒဝက်(ခ်ျ)) မှ ပြောဆိုသည်မှာ ကွန်ရက် ကြားနေရေးဝါဒကို နှောင့်ယှက်သူတို့သည် အမှန်စင်စစ်အားဖြင့် ရင်းနှီးမြှုပ်နှံမှုများ မရှိဘဲ မလိုအပ်သည့် သံသယ ရှိ သော ဝန်ဆောင်မှုတို့ကိုသာ ပေးစွမ်းနေသူများဖြစ်သည်၊ သူ့အနေနှင့်ယုံကြည်သည်မှာ ဝက်(ဘ်)ဆိုဒ် တစ်ခုအနေနှင့် ဝန်ဆောင်မှု မြန်မြန်ဆန်ဆန် ပေးရရုံမျှလောက် နှင့် ကွန်ရက် တစ်ခု ထံသို့ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်စရာ အကြောင်းမရှိဟု ဆိုသည်။ ထို့အပြင် ကွန်ရက် ကြားနေရေးဝါဒသည် နှေးကွေးမှုကို မလိုလားသော ဝက်(ဘ်)ဆိုဒ် များထံမှ အကျိုးအမြတ် ထုတ်ယူ ရန်အတွက် ဝန်ဆောင်မှုများအရည်အသွေးကိုတိုးမြှင့်ခြင်းတို့ ဖြစ်လာလိမ့်မည်ဟု ဆိုသည်။

အဆုံးမှ အဆုံးသို့ နိယာမ[ပြင်ဆင်ရန်]

အချို့သော အားပေးထောက်ခံသူများက ကွန်ရက် ကြားနေရေးဝါဒ သည် အဆုံးမှ အဆုံးသို့ နိယာမ ကိုဆက်လက် ထိန်းသိမ်းထားနိုင်ရန်အတွက် လိုအပ်သည်ဟုဆိုသည်။ Lawrence Lessig နှင့် Robert W. McChesney တို့အဆိုအရ -

ကွန်ရက်ချိတ်ဆက်သုံးစွဲမှု သာတူညီမျှခြင်းဟူသည် အင်တာနက်ဆိုင်ရာဝန်ဆောင်မှု အားလုံး သည် သာတူညီမျှစွာ အခွင့်အရေး ရရှိပြီး တူညီသော မြန်နှုန်းများနှင့် ကွန်ရက်ပေါ်တွင် ချိတ် ဆက်နိုင်စွမ်းရှိခြင်းကို ဆိုလိုသည်။ မည်သည့် ပိုင်ရှင်ကမျှ ဝင်ရောက် နှောင့်ယှက်နိုင်ခြင်း လည်း မရှိစေရ။ ၎င်းသည် ရိုးရှင်းသော်လည်း အလွန်ကောင်းမွန် လှသော စီးပွားရေးနှင့် လူမှု ရေးကောင်းကျိုးတို့အတွက် ရှေးရှုသော အင်တာနက်၏ အဆုံးမှ အဆုံးသို့ တည်ဆောက်မှု တစ်ခု ဖြစ်သည်။ — Lawrence Lessig နှင့် Robert W. McChesney -

ဤဥပဒေသအောက်တွင် ကြားနေသော ကွန်ရက်ဆိုသည်မှာ လုပ်ငန်းသုံး program ပေါင်းများ စွာတို့အတွက် သတင်းအချက်အလက်များကို ပေးပို့ဖြတ်သန်းရုံသက်သက်ဖြစ်နေသော အသုံး ချခံ ကွန်ရက်တစ်ခု သာဖြစ်နေသည်ဟု David S. Isenberg က သူ၏ ထင်ရှားသော စာတမ်းဖြစ်သည့် အသုံးမကျသော ကွန်ရက် ပေါ်ထွက်လာ ခြင်း တွင်ဖော်ပြခဲ့သည်။ ကွန်ရက် "အတွေးအခေါ် နှင့် တည်ဆောက်မှု" အသစ် သည် ဖွံ့ဖြိုးတိုးတက်လာသော ကွန် ရက်တွင် နေရာယူလာပြီဖြစ်သည်။ ရည်ရွယ်ချက်မှာ အများပြည်သူဆက်သွယ်ရေး ကွန်ရက် သည် "အမြဲအဆင်သင့်" ဖြစ်နေရန် နှင့် ရှားပါးခြင်း ပြတ်တောင်းခြင်းများ မရှိစေရန် တည် ဆောက်ထားခြင်း ဖြစ်ပြီး၊ ကွန်ရက် မှမဟုတ်ဘဲ အသုံးပြုသူများ၏ ထိန်းချုပ်အသုံးပြုခြင်း အ တွက် တည်ဆောက်ထားခြင်း ဖြစ်သည်။ ကွန်ရက် ကိုလွယ်ကူရှင်းလင်းစွာ တည်ဆောက် ထားပြီး ၊ သတင်းအချက်အလက်များကို ပြန်လည်ပို့လွှတ်ရာတွင် အရေအတွက်များ တွက် ချက် နေစရာမလိုအပ်ဘဲ၊ "Bit များမှ သူ့ဟာသူ သယ်ယူသွားမည်ဖြစ်သည်၊" စိတ်ကူးယဉ် ကွန်ရက်လမ်းကြောင်းပြုခြင်း တွင် “ smart ” နံပါတ်ဘာသာပြန်ခြင်း မဟုတ်ပါ။

ညံ့ဖျင်းသော ကွန်ရက် တွင်သတင်းအချက်အလက်များမှာ မည်သည်ကို သွားရမည်ကို ကွန်ရက် အား ပြော ရန် လိုအပ်သည်။ (ရှင်းအောင်ဆိုရသော် ချိတ်ဆက်ထားသော ကွန်ရက် တွင် အချက် အလက်များ ဘယ်ကို သွားရမည်ကို ကွန်ရက် မှ ပြောခြင်းဖြစ်သည်) ညံ့ဖျင်းသော ကွန်ရက် တွင် သတင်းအချက်အလက်များက ဦးဆောင်သူ ဖြစ်သည်။ သုံးစွဲသူများအနေ နှင့် အဆင် ပြေသလို လွတ်လပ်စွာ သုံးစွဲနိုင်သည်၊ အဘယ့်ကြောင့်ဆိုသော် သတင်းအချက်အလက်များ မှာ ညံ့ဖျင်းသော ကွန်ရက် ထဲတွင် ဦးဆောင်သူများဖြစ်ပြီး၊ Bit များမှာ စိတ်ကြိုက်ရရှိနေ၍ သတင်းအချက်အလက်များမှာ တစ်ခုတည်းလား၊ တစ်မျိုးတည်းလား ဆိုသည်ကို မှန်းဆနေ စရာ အကြောင်းလဲမရှိချေ။ —David S. Isenberg အသုံးမကျသော ကွန်ရက် ပေါ်ထွက်လာခြင်း

၎င်းယူဆချက်၏ ဆန့်ကျင်ဘက်အနေနှင့် Saltzer ၊ Reed ၊ နှင့် Clark တို့တင်သွင်းသည့် စနစ်ပုံစံတွင်ရှိအဆုံးမှ အဆုံးသို့ ကွဲလွဲအဆိုပြုချက်များ စာတမ်းအရ ကွန်ရက်၏ အသိဉာဏ်သည် အချက်အလက်များအတွင်း ဖြစ်ပွားနေသော အမှားများကို စစ်ဆေးရန် လိုအပ်ချက်များ နှင့် ပို့လွှတ်သူများကို နှုန်းထား သတ်မှတ်ထိန်းချုပ် ရန်၊ တို့ကို မဆောင်ရွက်နိုင်သလို ကွန်ရက်၏ ဗဟိုမှလည်း ထို "အသိဉာဏ်" သတင်းများ အားလုံး ကို ဖယ်ထုတ်ပစ်၍ မရပေ။

မထောက်ခံသူများ[ပြင်ဆင်ရန်]

Net ကြားနေရေးဝါဒကို ဆန့်ကျင်သူများတွင် ကွန်ပျူတာ စက်ပစ္စည်းထုတ်လုပ်သူ ကုမ္ပဏီကြီးများနှင့် Cable နှင့်အဝေးဆက်သွယ်ရေးလုပ်ငန်းများပါဝင်သည်။ ဆန့်ကျင်ဆောင်ရွက်မှုများသည် Cato Institute နှင့် Competitive Enter prise Institute (အများနှင့် ယှဉ်ပြိုင်ရသော စီးပွားရေးလုပ်ငန်း အဖွဲ့အစည်း) တို့ ကဲ့သို့သော စီးပွားရေးရာတည်တံ့ခိုင်မြဲသော အဖွဲ့အစည်းကြီးများမှလည်း ပါဝင်ပတ်သက်လာသည်။ ယင်း နည်းဥပဒေသည် ပထမ ပြင်ဆင်ချက် ကိုချိုးဖောက်ရာရောက်ပေလိမ့်မည်ဟု Goldwater Institute နှင့် Americans for Tax Reform ( အခွန်ကောက်ခံခြင်း ပြုပြင်ပြောင်းလဲရေးအတွက် အမေရိကန်လူမျိုးများ) တို့မှ ထောက်ပြ ပြောဆိုကြသည်။ နိုင်ငံအတွင်း အကြီးဆုံး တယ်လီဖုန်းဆက်သွယ်ရေး အဖွဲ့အစည်းကြီး ငါးခုဖြစ်သော – Verizon (ဗီရီဇွန်)၊ Time Warner ၊ AT&T ၊ Comcast ၊ နှင့် Qwest တို့မှ စုစည်း၍ ဒေါ်လာ စုစုပေါင်း 218 million ကို သက်ဆိုင်ရာ အရာရှိများသို့ ဩဇာညောင်းရန် ပေးခဲ့ပြီး ၂၀၀၆-၂၀၀၈ တွင် ပြုလုပ်သော အစိုးရ ဆိုင်ရာ ဆောင်ရွက်ချက်များသို့ ဒေါ်လာ 23.7 million ကို လှူဒါန်းခဲ့သည်။

ထို net ကြားနေရေးဝါဒကို ဆန့်ကျင်သူများက အင်တာနက်မှ လက်ရှောင်ခြင်းဟု အမည် ရသည့် website တစ်ခုကို လွှင့်တင်ခဲ့ပြီး သူတို့ မည်သည့်အကြောင်းကြောင့် net ကြား နေရေးဝါဒ နှင့်ပတ်သက်၍ ငြင်းဆိုကြသည်များကို ရှင်းလင်းတင်ပြခဲ့သည်။ website အ တွက် အဓိက ငွေကြေးထောက်ပံ့သူမှာ AT&T နှင့် နည်းပညာ အဖွဲ့အစည်း အသင်းဝင်များ နှင့် ဈေးကွက်အတွင်းမှ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသူများအစု အစိုးရ စွန့်ပစ်ပစ္စည်းများကို ဆန့်ကျင်သော နိုင်ငံသားများ တို့ပါဝင်သည်။ ကွန်ရက် ကြားနေရေးဝါဒ စည်းမျဉ်းစည်းကမ်းများသည် အချို့ထင်ရှားသော ကွန်ရက်တည် ဆောက်သူ အင်ဂျင်နီယာများဖြစ်သည့် ပါမောက္ခ David Farber နှင့် TCP တီထွင်သူ Bob Kahn တို့၏ ဆန့်ကျင်ခြင်းကိုလည်း ခံရသည်။

Robert Pepper ည် Cisco စနစ်၏ ဦးဆောင်ညွှန်ကြားရေးမှူး တစ်ဦးဖြစ်သည့်အပြင် ရှေးဦး FCC ၏ လုပ်ငန်းစဉ် ဖွံ့ဖြိုးတိုးတက်မှုပိုင်း အကြီးအကဲ လည်းဖြစ်သည်။ သူကပြောကြားသည်မှာ " net ကြားနေရေးဝါဒ ကို ကူညီထောက်ပံ့သူများ အနေနှင့် နည်းဥပဒေသများ ပို၍ လိုအပ်သည် ဟု ယုံကြည်ယူဆနေကြသည်။ သူတို့၏ အမြင်တွင် ပိုမို များပြားသော စည်းမျဉ်းစည်းကမ်းများ မထည့်သွင်းပဲ ဝန်ဆောင်မှုပေးသူများက ဝန်ဆောင်မှု များ၊ မြန်နှုန်းမြင့်မြင့် များကို ပေးစွမ်းကြပြီး ချမ်းသာသူများက ပထမတန်းစား အင်တာနက်ကို အသုံးပြုခွင့်ရရှိနေချိန် တွင် ကျန်ရှိသူများက နှေးကွေးသော အင်တာနက်ချိတ် ဆက်မှုများ၊ ဝန်ဆောင်မှုအညံ့စားများကိုသာ သုံးစွဲနေရသည့် အလွှာနှစ်ခု ကွဲပြားသော ကမ္ဘာကြီးကို ဖြစ်လာစေမည်။ ဤ ကိစ္စရပ်သည် အမှန်တကယ်တမ်း အတွေးမှားတစ်ခုသာ ဖြစ်သည်။ ထိုကဲ့သို့ ရှိသူကရှိ၊ မရှိသူကမရှိဟူသော ကမ္ဘာမှာ လက်တွေ့တွင် မတည်ရှိနိုင်သလို၊ အနာ ဂတ်တွင်လည်း ဖြစ်လာမည် မဟုတ်ပါ။ စည်းမျဉ်း စည်းကမ်းများ ထပ်မံပေါင်းထည့်ခြင်း မရှိလျင်လည်း ဝန်ဆောင်မှုများသည် သူတို့ပေးနေသော ဝန်ဆောင်မှုများကို ဆက်လက်ပေး နေမြဲပေးနေမည် ဖြစ်သည်။ အမျိုးအစား များပြားလှသော မြန်နှုန်းနှင့် ချိတ်ဆက်မှုများကို ဆက်လက် ဝန်ဆောင်နေမည် ဖြစ်ပြီး သုံးစွဲသူ အမျိုးအစားနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် ဈေးနှုန်း အဆင့်အမျိုးမျိုးကိုလည်း သတ်မှတ်ပေးကြပေမည်။ အင်တာနက်၏ ဖခင်ကြီးတစ်ဦးဖြစ်သူ Bob Kahn က ပြောကြားသည်မှာ နက် ကြားနေရေး ဝါဒဆိုသည်မှာ အင်တာနက်ကြီး အတွင်း ဆင့်ကဲတိုးတက်မှု ဖြစ်စဉ်တို့ကို နှေး ကွေးစေမည့် ဆောင်ပုဒ်တစ်ခု ဖြစ်သည် ဟူ၏။

Farber ကမူ အင်တာနက် protocol များ တိုးတက်ရေးအတွက် လေ့လာ ပြုစုခြင်း များကို ဆက်လက်ဆောင်ရွက်ရန် အခိုင်အမာ ပြောဆိုရေးသား လျက်ရှိသည်။ သူက Washington Post ၏ ကွန်ရက် ကြားနေရေး ဝါဒ ၏အရေးပါ အရာရောက်ပုံတွင် လုပ်ဖော်ကိုင်ဖက် များ ဖြစ်သော Michael Katz ၊ Christopher Yoo နှင့် Gerald Faulhaber တို့နှင့် ဝင်ရောက် လက်တွဲခဲ့သည်။ သူက ပြောပြ သည်မှာ "အင်တာနက်သည် ပြုပြင်ပြောင်းလဲမှု တစ်ခုတော့လိုအပ်နေပြီ ဖြစ်ကြောင်း၊ ကံဆိုး စွာနှင့် ဥပဒေပြဋ္ဌာန်းသူများက အင်တာနက်ပုံစံဟောင်း၏ အကောင်းဆုံးများကို ထိန်းသိမ်း ထားရန်သာ ရည်ရွယ်ခြင်းဖြင့်၊ အသစ်သောထွက်ပေါ်လာမှုများကို နောက်တွန့် စေရန် ခြိမ်း ခြောက်နေသည်"ဟုဆိုသည်။

ကွန်ရက် ကြားနေရေးဝါဒကို ဆန့်ကျင်သည့် အငြင်းပွားမှုများ[ပြင်ဆင်ရန်]

ဆင့်ပွား တိုးတက်မှု နှင့် ရင်းနှီးမြှုပ်နှံမှုများ

အချို့သော နက် ကြားနေရေး ဝါဒ ၏ ယှဉ်ပြိုင်ဘက်များက အနာဂတ်အင်တာနက်၏ ဆင့်ပွား တိုးတက်မှုများ အတွက် လိုအပ်ချက်မှာ အခြေအနေအရ ဦးစားပေး လှိုင်းများ အဓိက ကောင်းမွန် လာခြင်းဖြစ်သည် ဟုလည်းငြင်းဆိုကြသည်။ အဝေးဆက်သွယ်ရေး ဝန်ဆောင် မှုပေးသူများ ဥပမာ - တယ်လီဖုန်း နှင့် ကေဘယ်ကြိုး ကုမ္ပဏီ များနှင့် အချို့သော ကွန်ရက် ချိတ်ဆက်ခြင်းကိုပါ ဝန်ဆောင်မှုပေးသော နည်းပညာပိုင်းဆိုင်ရာ ကုမ္ပဏီများမှ အငြင်းပွား ကြသည်မှာ ဆက်သွယ်ရေးဝန်ဆောင်မှု ပေးသူများအနေနှင့် ဝန်ဆောင်မှုအားလုံး ကို ပူးတွဲ ဆောင်ရွက်နေခြင်းထက် အဓိကကျ သော ဝန်ဆောင်မှုကိုသာ ဆောင်ရွက်သင့် သည် ဟု ဆိုသည်။ ဥပမာအနေနှင့် အင်တာနက်တွင် ဆက်သွယ်မှုများ ရှုပ်ရှက်ခတ် နေစေ မည့် အစား အွန်လိုင်း ကုမ္ပဏီများသို့ သူတို့၏ သတင်းအချက်အလက်များကို လျင်မြန်စွာ ပေးပို့ ဆောင်ရွက်နိုင်စွမ်း ရှိလာစေရန် ပြုလုပ်ပေးသင့်သည်။ ဤဝန်ဆောင်မှု အသစ်များမှ ထပ်ပေါင်းရရှိလာသော အကျိုးအမြတ်များကို သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော လှိုင်းကျယ် ယူနစ်များ တိုးချဲ့တည်ဆောက်ပေးရေးတို့တွင် အသုံးပြုနိုင်သည်။

နက်ကြား နေရေး ဝါဒ ၏ ပြိုင်ဘက်များမှ ထပ်မံအငြင်းပွားကြသည်မှာ နက် ကြားနေရေး ဝါဒ ၏ လည် ပတ်ခြင်း သည် လှိုင်းကျယ် ရယူ သုံးစွဲမှု ဈေးကွက်တွင် အင်တာနက်ဝန်ဆောင်မှု ပေးသူများ (ISPs) နှင့် အခြား ကွန်ရက် ချိတ်ဆက် ဆက်သွယ်မှု ပေးသူများ၏ လှိုင်းကျယ်ကွန်ရက် တွင်း ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည် ရရှိ စေရန် ပို၍ခက်ခဲစေခြင်းကြောင့် ဆင့်ပွားတိုးတက်မှု နှင့် ယှဉ်ပြိုင်မှုများကို ကမောက်ကမ ဖြစ်ပွား စေသည်ဟု ဆိုသည်။ Verizon (ဗာရီဇွန်) လှိုင်းကျယ် နှင့် အဝေးဆက်သွယ်ရေး ကုမ္ပဏီမှ ဒု ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တွဲဖက် အကြံပေး အရာရှိ John Thorne (ဂျွန် သွန်နီ) မှ သုံးစွဲသူများထံမှ ပိုမိုကောင်းမွန်သော ဝန် ဆောင်မှု၊ မြင့်မားသော မြန်နှုန်းမြင့်အင်တာနက်အသုံးပြုလိုမှု တို့အတွက် အခကြေးငွေများ တိုး၍ ကောက်ခံခြင်းကို တားမြစ်ခံရမည်ဆိုပါက ၎င်းတို့အနေနှင့် ပိုမို ကောင်းမွန်သော ဖိုင်ဘာ-ဖန်ကြိုးမျှင် ကွန်ရက်အတွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ အများအပြား ထည့်သွင်းရန် မက်မောမှု ရှိတော့မည် မဟုတ်ကြောင်း အကြောင်းပြ ပြောဆိုသည်။ Thorne (သွန်နီ) နှင့် အခြား အင်တာနက်ဝန်ဆောင်မှု ပေးသူများမှ မိမိတို့ တယ်လီဖုန်းဝန်ဆောင်မှု ကုမ္ပဏီ များမှ ဒေါ်လာစုစုပေါင်း ဘီလီယံ များစွာ ကုန်ကျခံ၍ ရင်းနှီးမြှုပ်နှံမှုများ အပေါ် ဂူးဂဲ(လ်) နှင့် စကိုက် တို့မှ အခမဲ့သုံးစွဲ၍ တယ်လီဖုန်း ဝန်ဆောင်မှုများပြုလုပ်နေခြင်းမှာ မသင့်တင့် ကြောင်း စွပ်စွဲ ပြောဆိုလျက်ရှိသည်။

ဆာဗာ ဘက် ကြားနေခြင်း မဟုတ်သည်အတွက် တန်ပြန်ဩဇာသက်ရောက်မှု[ပြင်ဆင်ရန်]

"ကြားနေခြင်း မဟုတ်သည့်" ဘက်သို့ အားသန်အလိုရှိသော သူများကမူ အင်တာနက် ဆို သည် မှာ တစ်ဦးနှင့်တစ်ဦး သာသည်၊ နိမ့်သည် ယှဉ်ပြိုင်နေစရာ အရာတစ်ခု မဟုတ်ကြောင်း၊ ကုမ္ပဏီကြီးများမှ လှိုင်းအကျယ်မြင့်သော ဝန်ဆောင်မှုများဝယ်ယူခြင်း၊ server များ အများ အပြား တည်ဆောက်ပေးနိုင်ခြင်း တို့ကြောင့် ကုမ္ပဏီငယ်များထက် အကျိုးအမြတ်ပိုများ၊ စွမ်း ဆောင်ရည်ပိုများ၍ ခြေတစ်လှမ်းသာနေလေ့ ရှိသည်။ ခပ်နိမ့်နိမ့် ဝန်ဆောင်မှုကို သုံးစွဲရလေ ဈေးနှုန်းသည်လည်း လျော့ချပေးလေ ဖြစ်သင့်သည်။ သို့မဟုတ် သတ်မှတ်ထားသော protocol များသို့သာ ရရှိသုံးစွဲစေခြင်းတို့ ပြုလုပ်သင့်သည်။ ထိုကဲ့သို့ ပြောင်းလဲသတ်မှတ်ခြင်း သည် အင်တာနက် သုံးစွဲမှုကို ပို၍ ယေဘုယျ ဆန်သွားစေပေမည်။ ၎င်းမှာ သုံးစွဲသူတစ်ဦး ခြင်းတို့၏ လိုအပ်ချက်များနှင့် အဖွဲ့အစည်းကြီးများ၏ အထူးသီးသန့်ဆန်သော မြင့်မားသည့် ဝန်ဆောင်မှုများကိုသာ လိုအပ်ခြင်းတို့ကို ဖြေရှင်းပေးပြီးရာလည်း ရောက်သည်။ ကွန်ရက် ချိတ်ဆက်မှု အထူးပြုကျွမ်းကျင်သူ Richard Bennett က "သတင်းအ ချက် အလက်များကို ပြိုင်ဘက်များထက် ပိုမိုလျင်မြန်အောင် ပို့ဆောင် သယ်ယူပေးနိုင်အောင် ဝန်ဆောင်သော ငွေကြေးရင်းနှီးမြှုပ်နှံမှု များသည့် website သည် သာတူညီမျှ စနစ်ဖြင့် သာ သတင်းအချက်အလက်များကို ဆက်လက်ပို့ဆောင် ဝန်ဆောင်မှု ပေးလိုကြသည်ဟု ဆို သည်။ Google မှ ဤကဲ့သို့ သာတူညီမျှ လှိုင်းကျယ်ကြားနေရေး ကို တောင်းဆိုလိုက်ချိန်တွင် လက်တွေ့၌ ပိုမို၍ အခြေခံသာတူညီမျှ မရှိခြင်းကို ထိန်းသိမ်းထားခြင်းဖြစ်သည်" ဟုဆိုပါ သည်။

Tim Wu ကမူ ထိုကဲ့သို့ ကွန်ရက် ကြားနေရေးကို တောင်းဆိုသည်ဆိုခြင်းမှာ ယခု သုံးစွဲနေသော ကွန်ရက်၏ သာတူညီမျှ မရှိခြင်းကို ဖော်ပြခြင်းဖြစ်သည်ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် သုံးစွဲနေကြသော "လုပ်ငန်းသုံး program အားလုံးတို့တွင်" ၎င်းတို့ အဓိက အကောင်းဆုံး ကြိုးပမ်းအားထုတ်မှု သည် file များသယ်ယူပို့ဆောင်ခြင်း နှင့် အချိန်နှင့် တပြေးညီ ဆက်သွယ်ရေး ပေးခြင်းထက် လိုင်းကြပ်တည်းမှုဖြစ်စေသော ဝန်ဆောင်မှုများ တွင် သာ အလေးပေးကြခြင်းကြောင့် ဖြစ်သည်ဟုလည်း ဆိုသည်။

ရရှိနိုင်သော လှိုင်းအကျယ်[ပြင်ဆင်ရန်]

၁၉၉၀ နှစ်ဦးပိုင်းမှစ၍ အင်တာနက်အသုံးပြုမှု ကြပ်တည်းခြင်းမှာ တဖြည်းဖြည်း တိုးတက် လာခဲ့သည်။ ၁၉၉၀ နှစ်လည်လောက်တွင် ကတည်းက ရုပ်ပုံများစွာ ပါဝင်သော website များ၊ MP3s များစွာသုံးစွဲသော website များကြောင့် လိုင်းကြပ်တည်း ခြင်းများ သိသာစွာ တိုးလာခဲ့ပြီး၊ ၎င်းနောက် ၂၀၀၃ သို့အရောက်တွင် ဗီဒီယိုဖိုင်များကို တိုက် ရိုက်ကြည့်ရှုခြင်း နှင့် တစ်ဦးနှင့်တစ်ဦး ဖိုင်များမျှဝေကြခြင်းတို့ များပြားလာသည် နှင့်အမျှ အ သွားအလာ သည်လည်း သိသိသာသာ တိုးလာခဲ့သည်။ YouTube ကဲ့သို့ သော ဗီဒီယိုဖိုင်များ ဝေမျှ ကြည့်ရှုသည့် ကုမ္ပဏီများ၏ သက်ရောက်မှုအနေဖြင့် ကုမ္ပဏီ ငယ် များမှလည်း အခကြေးငွေမဲ့ ဗီဒီယိုများထည့်သွင်း ဝန်ဆောင်မှု ပေးလာသဖြင့် အလွန်များပြား သော လှိုင်းအကျယ်များထုတ်ယူသုံးစွဲမှုများ ပေါ်ပေါက်လာသည်။

အင်တာနက်ဝန်ဆောင်မှု ပေးသူ (ISP) တစ်ဦးဖြစ်သော SBC ဆက်သွယ်ရေး (ယခုအခါ AT&T အမည်ဖြင့် စီးပွားရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်လျက်ရှိ) မှ အကြံပြု တင်သွင်းသည်မှာ မိမိတို့ပေးသော ကွန်ရက်ကို အသုံးပြု၍ ထို ကုမ္ပဏီ တို့မှ ထိုသို့ ဗီဒီယိုများ ထည့်သွင်း ဝန်ဆောင်လာသဖြင့် မိမိတို့ အနေနှင့် ဝန်ဆောင်ခများ ကောက်ခံခွင့် ရှိသင့် ကြောင်း ဆိုသည်။ Wall Street Journal မှ Bret Swanson အဆိုအရ YouTube ၊ MySpace နှင့် Blog များသည် net ကြားနေရေး ဝါဒ သို့ တွန်းပို့ နေသကဲ့သို့ ဖြစ်သည်။ သူကဆက်၍ ပြောပြသည်မှာ YouTube ၏ ဝန်ဆောင်မှုသည် တစ်ကမ္ဘာလုံးရှိ ရေဒီယို ၊ ရုပ်မြင်သံကြား လိုင်းများ၏ တစ်နှစ်စာ ထုတ် လွှင့်မှုနှင့် ညီမျှသော 75 petabytes နီးပါးများပြားသည့် သတင်းနှင့် အချက်အလက်များ ကို ၃လ အတွင်း ဝန်ဆောင်ခဲ့ပြီဖြစ်သည် ဟုဆိုသည်။ ထိုကဲ့သို့ မြောက်မြားလှစွာသော bytes များ " အလွန်အကျွံ သုံးစွဲမှု " exabytes ကို ကိုင်တွယ် ဖြေ ရှင်းရန် ယနေ့ ကွန်ရက် များမှာ အဆင်သင့် ပြင်ဆင်ထားခြင်း မရှိသေးကြောင်းလည်း သူက ပြော ထားသည်။ ဆက်လက်၍ ကွန်ရက် ကြားနေရေး ဝါဒဆိုသည်မှာ မြန်နှုန်းမြင့် လှိုင်း ကျယ် တည်ဆောက်မှုများကို ရပ်ဆိုင်းစေနိုင်ရာ ၎င်းမှလည်း လှိုင်းအကျယ် များရယူ သုံးစွဲ နိုင်မှု ကို ကန့်သတ်ခံရနိုင်ခြေ ရှိသဖြင့် ဆင့်ကဲဖွံ့ဖြိုးခြင်း ဖြစ်စဉ်ကို အန္တရာယ် ပေးနိုင်သည်။

ဥပဒေ ပြဋ္ဌာန်းမှုကို ဆန့်ကျင်ခြင်း[ပြင်ဆင်ရန်]

နည်းပညာများနှင့် ဈေးကွက် အခြေအနေများ တဟုန်ထိုး ပြောင်းလဲ တိုးတက်လာသည်တွင် အများပြည်သူဆိုင်ရာ မူဝါဒ အသိုင်းအဝိုင်းဘက်မှလည်း အုပ်ချုပ်သူ အစိုးရအနေ နှင့် အကောင်းထက် အဆိုးများ ထပ်မဖြစ်လာစေရန် အခြေအနေကို ဆက်လက် ထိန်းသိမ်းနိုင်စွမ်း ရှိပါမည် လောဟု မေးခွန်း ထုတ်စရာ များရှိလာသည်။ ဥပဒေပြဋ္ဌာန်းခြင်းများ အားနည်း နေမှုကလည်း အင်တာနက် ဝန်ဆောင်မှုပေးသူ များမှ လိုအပ်သော ထို့ပြင် အသုံးဝင်သော လုပ်ဆောင်ခွင့် များဖြစ်သည့် ဝန်ဆောင်မှုမှ ငြင်းဆိုထားသည် တို့ကို တိုက်ခိုက်ခြင်းများကို စစ်ဆေးခြင်း၊ အီးမေး (လ်) စပန်များ ကို စစ်ထုတ်ခြင်း၊ ကွန်ပျူတာ ဗိုင်းရပ်(စ်)များ ပြန့်ပွား ကူးစက်စေခြင်း တို့ကို ကာကွယ်ပေးခြင်းတို့ကို တရားဝင် ဆောင်ရွက်ခွင့် မရရှိစေပေ။ BitTorrent ( ဘစ် တိုးရင့်) ၏ တီထွင်သူ Bram Cohen (ဘရမ် ကိုဟမ်) ၏ အဆိုအရ "ကျွန်တော်ကတော့ အင်တာနက် ကို ရုပ်မြင်သံကြားလိုမျိုး ဆင်ဆာတွေ....တစ်ပုံတစ်ပင် ဖြတ်တောက်မှုတွေနဲ့ မဖြစ်စေချင်ပါ။

ကွန်ရက် ကြားနေရေးဝါဒ ဥပဒေ ဆိုတာတွေလည်း ဖြစ်လာဖို့ ခက်ခဲလိမ့်မယ်၊ သူတို့ရှိလာရင် စိတ်ညစ်စရာတော့ဖြစ်လာမှာမဟုတ်ဘူး၊ ဒါပေမယ့် ISP( အိုင်အက်(စ်)ပီ) တွေအနေနဲ့ စပန် တွေကို ဖြုတ်ချပေးနိုင်မှာ ဒါမှမဟုတ် တိုက်ခိုက်မှု တွေ ကို .... ရပ်တန့်ပေးနိုင်မှာ မဟုတ်တော့ဘူး၊" ပြဋ္ဌာန်းထားသော ဥပဒေအတိုင်း အချက်အလက်များ ပေးပို့ ခွင့်ပြုလိုက်ဖို့ထက် ယင်း အချက်အလက်များမှာ စံညွန်းများနှင့် ကိုက်ညီရန်လည်း လိုအပ်သဖြင့် ထုတ်ပြန်ထားသော ဥပဒေရပ်များသည် တန်းအရှည်ကြီးစီ ခိုင်းသကဲ့သို့ ဖြစ်လာရသည်။ အင်တာနက် လွတ်လပ်ခွင့် ထိန်းသိမ်းရေးဆောင်ရွက်မှု ၂၀၀၉ တို့ကဲ့သို့ လတ်တလော ပြု လိုက်သော ဥပဒေများမှ နည်းလမ်းဥပဒေများမှ အကျိုးအကြောင်း သင့်လျော်သော ကွန်ရက် စီမံခန့်ခွဲမှုများကို ဖယ်ထုတ်ပေးခြင်းဖြင့် ပျော့ပျောင်းစွာ ကိုင်တွယ်ရန် ကြိုးပမ်းလာကြသည်။ ဝေါ စထရိ ဂျာနယ် မှရေးသားထားသည်မှာ - "သည်နေရာတွင် အစိုးရအနေနှင့် ရှင်းရှင်း လင်းလင်း သိရှိလုပ်ဆောင်သင့်သည်မှာ Comcast (ကွန်ကက်(စ်)) ကို ကွန်ရက် တွင်မည်သို့ စီမံခန့်ခွဲရန်ပြောဆိုနေမည့်အစား သုံးစွဲသူများအနေနှင့် Comcast (ကွန်ကက်(စ်)) ၏ ဝန်ဆောင် မှုများကို မနှစ်သက်လျင် အခြားတစ်ခုခုကို ပြောင်းလဲရွေးချယ်မှုပြုစေနိုင်ခြင်း ဖြစ်သည်။"

နက်ကြားနေရေးဝါဒ အပေါ် ရောထွေးခြင်းနှင့် အခြားအမြင်များ[ပြင်ဆင်ရန်]

“ Net ကြားနေရေးဝါဒ ဆိုတာဘာလဲဆိုတာကို ကျွန်တော် ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်။ ကျွန်တော်တို့ ဆိုလိုချင်တာကတော့ ခင်ဗျားတို့ဆီမှာဗီဒီယိုလိုမျိုး သတင်းအချက်အလက် တစ်ခုရှိကြမယ်၊ ခင်ဗျားဟာ တစ်ယောက်တည်း ဗီဒီယို ရှိနေရုံနဲ့တော့ တစ်ခြားတစ်ယောက်ယောက်နဲ့ သိပ်ထူးခြားနေမှာ မဟုတ်ဘူး၊ ဒါပေမယ့် ကွဲပြားခြားနားသော အမျိုးအစားတွေ အပေါ်မှာတော့ ထူးခြားနေမှာပဲ၊ ဒါကြောင့် ခင်ဗျားအနေနဲ့ ဗီဒိုယို ထက် အသံ ကို ပိုမိုဦးစားပေးပြန်တယ်၊ နောက်ပြီးတော့ အဲဒီလို ကိစ္စမျိုးအတွက် Verizon နှင့် Google တို့ကြားမှာအထွေထွေသဘောတူညီမှုတွေ ပြုလုပ်ပြီးဖြစ်ပါတယ် ” — Google CEO Eric E. Schmidt (ဩဂုတ်လ ၄ ရက်၊ ၂၀၁၀)

Washington Post ၏သတင်းစာဆရာ Jeffrey Birnbaum မှလည်း- နှစ်ဘက်စလုံး၏ ဖြေရှင်းပြောဆိုချက်များမှာ "မှုန်ဝါးဝါးနှင့် ဦးတည်ရာမဲ့နေသည်" ဟူ၍ စကားအစဆွဲထုတ်ပြန်ပါသည်။

စာနယ်ဇင်းဆရာ Andy Kessler မှ ကွန်ရက် ကြားနေရေး ဝါဒ သည် လိုအပ်လှသည်ဖြစ်သော်လည်း ဥပဒေအသစ်များ ထပ်မံမထုတ်ပြန်ဘဲ ဆက်သွယ်ရေး ကုမ္ပဏီ များနှင့် ထင်ရှားသောအဖွဲ့အစည်းများ များမှ ခြိမ်းခြောက်မှုများပြုသကဲ့သို့ ဖြစ်နေစေပြီး ၎င်း သည် လည်း အကောင်းဆုံး ချဉ်းကပ်မှု တစ်ခု ဖြစ်သည်ဟု ဆိုသည်။ ကိုလံဘီယာ တက္ကသိုလ် ဥပဒေကျောင်း ပါမောက္ခ Tim Wu မှလည်း အင်တာနက် သည် သူ့အပေါ် ဖြတ်သန်းအသုံးပြုနေသော လုပ်ငန်းဆောင်တာများမှ ကွဲပြားခြားနားသော လိုအပ်ချက်များ ရှိနေသရွေ့ သာတူညီမျှမှု ဆိုသည်မှာ မဖြစ်နိုင်ပေ။ နိမ့်သော latency နှင့် jitter ကို လိုအပ်သော အသံ နှင့် ဗီဒီယို ကြည့်ရှုမှု တို့ထက် စာလျင် သတင်း အချက် အလက် များဖြတ်သန်းမှုသည် ပိုမို၍ အကျိုးကျေးဇူး ရရှိစေသည်- "လုပ်ငန်းဆောင်တာပေါင်း အသိန်းအသောင်းရှိသည် တွင် latency ကို သတ်မှတ်တတ်ခြင်း နှင့် မသတ်မှတ်တတ် ခြင်း နှစ်မျိုးစလုံးပါဝင် နေသဖြင့် IP စု များသည် သာတူညီမျှ အမှန်တကယ်ဖြစ်သည် ဆို သည် ကို သတ်မှတ် ရန် ခက်ခဲပါသည်။"

သူက ကွန်ရက် ကြားနေရေးဝါဒကို ဖွင့်ဆိုရာတွင် လုပ်ငန်းသုံး program များကို ဂရုမပြုဘဲ ကြားနေရေးကို ထုတ်ပြန်ပေးနေခြင်း ဆိုသည်ထက် တူညီသော လုပ်ငန်းသုံး program များအတွက် ညီညွတ်မျှတစွာ ဆောင်ရွက်ပေးခြင်းဟု အင်တာနက် ဆက်သွယ် အသုံးပြုခြင်း ကွန်ရက်တွင် ဖော်ပြပေးခဲ့သည်။ ဒေသတွင်း ကွန်ရက် ချိတ်ဆက်မှုအတွင်း ကွန်ရက်ဝန်ဆောင်သူတို့၏ လုပ်ဆောင်ချက်များကို စည်းကမ်း စည်းမျဉ်းများနှင့် စစ်ဆေး စောင့်ကြည့်နေစဉ် တွင် လှိုင်းကျယ်ဝန်ဆောင်မှုပေးသူများကို လုပ်ငန်းသုံး program အမျိုးအစားစုံတို့၏ လိုအပ်ချက်များအတွက် သင့်တင့်လျောက်ပတ်သော ဈေးကွက်များ ပြုလုပ် ခွင့်ပေးစေရန် တောင်းဆိုခဲ့သည်။

ဥပဒေ ဆိုင်ရာ အခြေအနေ[ပြင်ဆင်ရန်]

အမေရိကန်ပြည်ထောင်စုရှိ ဥပဒေ[ပြင်ဆင်ရန်]

အမေရိကန်ပြည်ထောင်စုတွင် ကွန်ရက် ကြားနေရေးဝါဒနှင့် ပတ်သက်၍ ဥပဒေနှင့် နိုင်ငံရေး အရ ငြင်းခုံမှုများ ဆက်လက်ဖြစ်ပွားနေသည်။ တစ်ချိန်တည်းမှာပင် အစိုးရဆက်သွယ်ရေး ကော်မရှင် FCC မှ၎င်းကိစ္စပေါ်တွင် သူတို့၏ တရားဝင်အခွင့်အာဏာကို အသုံးပြု၍ အဝေး ဆက်သွယ်ရေး ကုမ္ပဏီများ လိုက်နာဆောင်ရွက်ရန် လမ်းညွှန်ချက်များ ချမှတ်ခဲ့သည်။ ၁၁ ရက် ဖေဖော်ဝါရီ ၂၀၀၈ တွင် လွှတ်တော်အမတ် Ed Markey နှင့် Chip Pickering တို့က HR 5353 ကိုစတင်မိတ်ဆက်၍ "လှိုင်းကျယ် များ လိုက်နာကျင့်သုံးရန် လမ်းစဉ်တို့ စတင်ရန် နှင့် FCC အားယှဉ်ပြိုင်မှုများ ပေါ် ပေါက်စေ ခြင်း၊ သုံးစွဲသူများကို ကာကွယ်ပေးခြင်းနှင့် လှိုင်းကျယ် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ သုံးစွဲ သူများ ရွေးချယ်မှုများ နှင့် အခြားသော ရည်ရွယ်ချက်များစွာတို့အတွက် အများ ပြည်သူသုံး လှိုင်းကျယ် ကိုဆက်လက် လည်ပတ်ဆောင်ရွက်ရန် လမ်းညွှန်ခဲ့သည်။"၁ရက် ဩဂုတ်လ ၂၀၀၈ တွင် အမေရိကန်ပြည်ထောင်စုရှိအကြီးဆုံး Cable ဝန်ဆောင်မှု Comcast က ဖိုင်များ မျှဝေသည့် software များကို အသုံးပြု၍ Comcast ၏ မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှုများကို သုံးစွဲနေသူများအား တိတ်တ ဆိတ် ပိတ်ဆို့ပြီး စိုးမိုးနေသည် နှင့် ပတ်သက်သည့် မကျေနပ်ချက်များပေါ် FCC မှ လူသိရှင် ကြား ၃မဲ ၂မဲ မဲပေးထောက်ခံခဲ့သည်။

FCC ၏ ဥက္ကဋ္ဌ Kevin J.Martin ကပြောဆိုသည်မှာ ထိုအမိန့်သည် အင်တာနက် ဝန်ဆောင်သူများ တို့အပြင် အားလုံးသော ဆက်သွယ်ရေး ကုမ္ပဏီများ အနေနှင့် လုံလောက်သော အကြောင်းပြချက် မပေးနိုင်ဘဲ သုံးစွဲသူများမှ ဝန်ဆောင်မှုများကို နှစ်သက်သလို အသုံးပြုနေကြခြင်းကို တားမြစ်ပိတ်ပင်ခြင်း မရှိစေရန် ရည်ရွယ်သည်ဟု ဆိုသည်။ အင်တာဗျူး တစ်ခုတွင် Martin က ပြောပြ သည်မှာ “ကျွန်တော် တို့ဟာ အင်တာနက် ရဲ့ ပွင့်လင်းရိုးရှင်းမှု ပုံစံကို ထိန်းသိမ်းထားတာ ဖြစ် ပါတယ်” ဟူ၏။ Comcast အပေါ်တွင် ဖြစ်ပေါ်လာသော မကျေနပ်ချက် များ မှာ Bit Torrent နှင့်လည်း သက်ဆိုင်မှုရှိသည်။ အဘယ်ကြောင့်ဆိုသော် Bit Torrent ဆိုသည်မှာ file side ကြီးမားသော ဗီဒီယို၊ ဂီတနှင့် software များ ကို အင်တာနက် ပေါ်တွင် ဖြန့်ဖြူးပေးရန် အဓိကတည်ဆောက်ရေးဆွဲထားသော ဖိုင် ပို့ဆောင် သည့် protocol ဖြစ်နေခြင်းကြောင့်ဖြစ်သည်။၂၀၀၉ တွင် လွှတ်တော် ကိုယ်စားလှယ် Markey က ၎င်း ကိုပြန်လည် မိတ်ဆက်ဖော်ပြခဲ့သည်။ ၂၀၀၉ ဒီဇင်ဘာလ တွင် Comcast က မည်သည့် အမှားအယွင်းပြုလုပ်ခြင်းမျှ မရှိစေရကြောင်း ခံဝန်၍ ကျေအေးရန်အတွက် ရှယ်ယာတစ်ခုစီကို အမေရိကန် ဒေါ်လာ ၁၆ ဒေါ်လာ တောင်းခံခဲ့ သည်။

ဥရောပ သမဂ္ဂရှိ ဥပဒေ[ပြင်ဆင်ရန်]

ဥရောပ သမဂ္ဂ မှလည်း ကြားနေ မဟုတ်သော လှိုင်းကျယ်ဆောင်ရွက်ခွင့်သို့ ထိခို်က်မှု အလား အလာ ရှိလာနိုင်သည်ကို ရင်ဆိုင်သိရှိ ၍ ကွန်ရက် ကြားနေရေး ဝါဒ အတွက် ဥပဒေ ပြဋ္ဌာန်း မှုများ ပြုလုပ်ရန် စီစဉ်လာသည်။ ဥရောပ ကော်မရှင် မှ ၁၃ ရက် နိုဝင်ဘာလ ၂၀၀၇ တွင် ထုတ်ဝေခဲ့သော ဥရောပ ၏ အီလက်ထရွန်နစ် ဆက်သွယ်ရေး ကွန်ရက်နှင့် ဝန်ဆောင်မှုများ စည်းမျဉ်းစည်းကမ်း ဥပဒေ ကို ပြန်လည် ပြင်ဆင်ရန် တောင်းဆိုခဲ့သည်။ “ဦးစားပေးခြင်း သို့မဟုတ် တစ်နည်းဆိုရလျင် ထုတ်ကုန်များ အမျိုးအစား အဆင့်ခွဲခြားခြင်း” သည်ယေဘုယျ အားဖြင့် ဈေးကွက်အတွက်ရော အသုံးပြုသူများ အနေနှင့် မိမိ စိတ်ကြိုက် ထုတ်လွှင့်မှု စွမ်း ဆောင်ရည်များ၊ ဝန်ဆောင်မှုများ ရရှိ သုံးစွဲ နိုင်သဖြင့် အကျိုးရှိသည်ဟု ယူဆရသည်။

"အကျိုးဆက် အနေ နှင့် လက်ရှိ ဥရောပ သမဂ္ဂ ၏ စည်းမျဉ်း ဥပဒေ များကလည်း ဝန်ဆောင် သူများ အနေနှင့် စားသုံးသူ အမျိုးမျိုးကို လိုက်၍ ဝန်ဆောင်မှု အမျိုးမျိုး ပေးဆောင်ခွင့် ပြုထားသည်။ သို့သော်လည်း စားသုံးသူများ အကြား အပြိုင်အဆိုင် သဘောမျိုး မဟုတ်ဘဲ ဦးစားပေး ခွဲခြား၍ နေရာယူ လွှမ်းမိုးသော ဝန်ဆောင်သူများကို ခွင့်မပြုပေ။"ထို့အပြင် ကော်မရှင်မှ လက်ရှိ အသုံးပြုနေသော ဥရောပ ဥပဒေ ပုံစံသည် ကွန်ရက် ပေးဆောင်သူများ အနေနှင့် သုံးစွဲသူများ အပေါ် အဆင့်အတန်းလျော့ချခြင်း ကို ထိရောက်စွာ ကာကွယ်နိုင်မည် မဟုတ် ဟု ယူဆသည်။ ထို့ ကြောင့် ကော်မရှင် အနေနှင့် ဤအခြေအနေ မျိုးတွင် ထိုသို့ ပြုလုပ် နေခြင်းတို့ကို ရပ်ဆိုင်း စေရန် အတွက် ထပ်လောင်းတောင်းဆိုခဲ့သည်။ ဥပဒေ ဆိုင်ရာ ပါဝင်ပတ်သက်မှုများ နှင့် လုပ်ငန်းသုံး ပရိုဂရမ်များ ရွေးချယ်မှုများ အပေါ်ကွန်ရက် ဝန်ဆောင်သူများ၏ ကန့်သတ်နိုင်မှု စွမ်းရည်တို့ကို ထိန်းသိမ်းရန် လျှို ့ဝှက်မှုမရှိ ရှင်းလင်းစွာ အသိအမြင်ခံ နိုင်စေခြင်း ကိုလည်း တောင်းဆိုသည်။

ကော်မရှင်၏ တောင်းဆိုမှုများကို ပထမအကြိမ်တွင်ပင် ဥရောပ လွှတ်တော် မှ ပြန်လည် ကြည့်ရှု စစ်ဆေးပေးခဲ့သည်။ ၂၀၀၈ ၏ နွေရာသီတွင် ဥရောပ လွှတ်တော် ၏ ဦးစီးဦးဆောင် ကော်မတီ များမှ ပြန်ကြားလွှာ မူကြမ်း ကို အပြီးသတ်ရရှိလာသည်။ ၂၀၀၈ ခုနှစ် စက်တင်ဘာ လ ၂၄ ရက် တွင် ဥရောပ လွှတ်တော် မှ ထိုပြန်ကြားလွှာ မူကြမ်းပေါ်တွင် အားလုံးပါဝင် တက် ရောက် မဲပေးရွေးချယ် မှုကို ကျင်းပဆောင်ရွက်ခဲ့သည်။ နောက်တစ်ဆင့် အနေနှင့် ၂၇ ရက် နိုဝင်ဘာလ ၂၀၀၈ ခုနှစ်တွင် ကော်မရှင်၏ ဥပဒေပြုရေး တောင်းဆိုချက်ကို ဥရောပ ကောင်စီ မှ မဲပေးထောက်ခံ အတည်ပြုပေးခဲ့သည်။ ထို့နောက် ဥရောပ လွှတ်တော် နှင့် ဥရောပ ကောင် စီ တို့အကြား ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းစဉ် များအတွက် ညှိနှိုင်း ဆွေးနွေးခြင်း များပြု လုပ်ခဲ့သည်။၂၀၀၉ နှစ်မကုန်ခင်တွင် ထိုတောင်းဆိုမှုတို့ကို အတည်ပြု လက်ခံဖြစ်ခဲ့သည်။

ယူနိုက်တက် ကင်းဒမ်း တွင် နက် ကြားနေရေး ဝါဒ နှင့် ပတ်သက်၍ ပြန်လှန်ငြင်းခုံ ဆွေး နွေးမှုများကို AT&T (အေတီ နှင့် တီ) ၏ ပံ့ပိုးကူညီမှုနှင့် Wetminster (ဝက်မင်စတာ) တွင် ၂၀ ရက် မတ်လ ၂၀၀၆ ခုနှစ်တွင် ကျင်းပနိုင်ခဲ့သည်။ ၎င်းသို့ အစိုးရအာဏာပိုင်များ နှင့် ဆန့်ကျင်ဘက် အသိုင်းအဝိုင်းများ၊ အဝေးဆက်သွယ်ရေး ဥပဒေပြုသူများ၊ နှင့် အခြား သော ထိုနယ်ပယ်အတွင်းမှ ကျွမ်းကျင်သူတို့ တက်ရောက်ခဲ့ကြသည်။ နက် ကြားနေရေး ဝါဒ ကို ထောက်ခံမှု ပြုသူများတွင် ထင်ရှားသည့် ဂူးဂဲ(လ်) မှာ ထိုဆွေးနွေးပွဲသို့ ဖိတ်ကြားမှု ကို ငြင်းဆန်ခဲ့ပြီး ၎င်း ဆွေးနွေးပွဲ ကို "ဘက်လိုက်မှုရှိသည်"ဟု ခေါ်ဆိုခဲ့သည်။ နိဂုံးချုပ် ဆိုရ လျင် ယူနိုက်တက် ကင်းဒမ်း တွင် နက် ကြားနေရေး ဝါဒ ၏ ဥပဒေများမှာ "တစ်ဘက် စွန်းကျ ၍ … စွဲဆောင်နိုင်မှုနည်းပါးသော လက်တွေ့မဆန်မှုများ ဟု ဆိုရပေမည်။" "၎င်းမှာ အမှန်တ ကယ် မရှိသော ပြဿနာတစ်ရပ် အတွက် ဝေမျှသိရှိခြင်းမရှိသည့် အယူအဆများနှင့် အဖြေ ထုတ်ခြင်း ပင်ဖြစ်သည်။"

တော်ဝင် လူမှုအဖွဲ့အစည်း နှင့် အများပြည်သူ ပေါ်လစီ သုတေ သန တက္ကသိုလ် တို့မှ ၂၀၀၆ တွင် ဆက်လက်ပြုလုပ်သော ဆွေးနွေးပွဲမှ ကွဲပြားသော နိဂုံး တစ်ခုအဖြစ် "Marsden C. (မား(စ်) ဒန် စီ.) နက် ကြားနေရေးဝါဒ - အခန်း ၁ ပေါင်းစည်း ဥပဒေ ဖြင့် ထိန်းချုပ်ထားသော အဖြေတစ်ရပ်ဆီသို့" သို့ရောက်ရှိလာသည်။ ၂၀၁၀ http://www.bloomsburyacademic.com/pdf%20files/NetNeutrality.pdf.၂၀၀၉[လင့်ခ်သေ] ခုနှစ် ဒီဇင်ဘာလ ၁၉ ရက် တွင် “တယ်လီဖုန်း ဆက်သွယ်ရေး ပက်ကတ်” ကို ဥရောပ သမဂ္ဂ ၏ နိုင်ငံပိုင် သတင်းစာမှ ရိုက်နှိပ်ထုတ်ဝေခဲ့ပြီး ၂၀၁၁ မေလအထိ ထိုဥပဒေသများ ကို မဖြစ်မနေ သုံးစွဲစေခဲ့သည်။ ဥပဒေသစ်တွင် ဥရောပ တယ်လီဖုန်းဆက်သွယ်ရေး နှင့် အင်တာ နက်ဝန်ဆောင်မှုများ အနေနှင့် သူတို့၏ သုံးစွဲသူများအား ပုဂ္ဂိုလ်ရေး ဆိုင်ရာ အချက်အလက် များ ပေါက်ကြားနိုင်ကြောင်းကို အသိပေးရမည့် အကြောင်းပါသည်။ ထိုဥပဒေသစ် မတိုင်မီ တွင် ၎င်းကုမ္ပဏီများသည် သူတို့၏ သုံးစွဲသူများနှင့် ပတ်သက်သော ပုဂ္ဂိုလ်ရေး သတင်းအ ချက်များ ကျိုးပေါက်မှုရှိသည်ကို အသိပေးခဲ့ခြင်းမရှိခဲ့ပေ။ “ထို့ပြင် ဥပဒေသစ်သည် သုံးစွဲသူ များ အနေနှင့် မြေအောက် ကြိုးသွယ်တန်းမှုများမှ 3G (၃ ဂျီ) ဝန်ဆောင်မှုအသစ်သို့ ပြောင်း လဲ အသုံးပြုနိုင်ခွင့် ကို ပြဋ္ဌာန်းထားသည်။ ထပ်မံ၍ နယ်ပယ်ပြောင်းလဲခြင်း -- လက်ရှိ 2G (၂ ဂျီ) ဝန်ဆောင်မှုနယ်မြေများတွင် 3G (၃ ဂျီ) ဝန်ဆောင်မှုများ အသုံးပြုနိုင်ခြင်း -- ကိုလည်း ခွင့်ပြုထားခြင်းဖြင့် မြန်နှုန်းမြင့် တယ်လီဖုန်းအင်တာနက် ဝန်ဆောင်မှုများ အလျင်အမြန် ပေါ်ပေါက်လာခြင်းကို ဖြစ်ပေါ်စေသည်။”

ကော်မရှင်မှပြောဆိုသည်မှာ-"ကျေးဇူးတင်စရာ ကောင်းတာကတော့ လျှို့ဝှက်မှုမရှိသုံးစွဲသူများကို သတင်းအချက်အလက်များ အားအသိပေးခြင်းဖြစ်ပါတယ်၊ ဝယ်ယူမယ်လို့ အတည်ပြုလက်မှတ်ရေးမထိုးမီ မှာပင် မိမိဝယ်ယူ မည့် ဝန်ဆောင်မှုရဲ့ သဘောသဘာဝ တွေကို အသေးစိတ် ပြောဆိုရှင်းပြပေးခံရတော့မှာပါ။ ဒါမှလည်း ဝန်ဆောင်မှုတွေမှာ လိုင်းကြပ်တည်းမှုမဖြစ်အောင် စီမံထားခြင်းတွေ နဲ့ သူတို့ ကြောင့် ဖြစ်လာတဲ့ ဝန်ဆောင်မှု၏ အရည်အသွေး အပြင် တခြားကန့်သတ်ချက်တွေ (ဥပမာ- ရရှိနိုင်သော မြန်နှုန်းနဲ့ သုံးစွဲနိုင်မှု) တို့ကို သိရှိနိုင်မှာ ဖြစ်ပါတယ်။"" ၎င်းမှာ ဆက်သွယ် ရေး ဝန်ဆောင်မှုများမှ သုံးစွဲသူများ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များကို ပိုမို ကာကွယ် နိုင် လာမည့် အခွင့်အရေးများ တိုးတက်လာခြင်းဖြစ်သည်။" ကော်မရှင် မှဆက်လက် ပြောသည် မှာ "ထပ်လောင်းပြောရမည် ဆိုလျင် ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များ နှင့် ပတ်သက်၍ ကာကွယ်ပေးထားသော ဥပဒေရပ်များ ပိုမိုအားကောင်းလာခြင်း ဖြစ်သည်။ ဥပမာ - 'ဘရောက်ဆာ အတွင်းကျန်ခဲ့သော ကိုယ်ရေးအချက်အလက်များ' အသုံးပြုခြင်း နှင့် ထိုကဲ့သို့ ဆင်တူသည့် ကိုယ်ပိုင် အချက်များ ကျန်ရစ်မှုမျိုး"ဥရောပ လွှတ်တော်မှ မျိုးဆက်သစ် လှိုင်းကျယ် ထံတွင် ရင်းနှီးမြှုပ်နှံမှုများ အတွက် စည်းမျဉ်း စည်းကမ်း လမ်းညွှန်ချက်များ အသစ်ထပ်မံ ထည့်သွင်းနိုင်မှု မပြုသေးသည်ကို စောဒက တက် ပါသည်။

ဥရောပ နိုင်ငံသားများရပိုင်ခွင့် အဖွဲ့မှလည်း Harbour (ဟာဘာ) အစီရင်ခံစာ ကို လက်ခံခြင်း သည် နက်- ကြားနေရေးဝါဒ ၏ အဆုံးသတ် ဖြစ်သွားလိမ့်မည် ဟု ငြင်းခုံကြပြန်သည်။ သူ တို့က အကြောင်းပြသည်မှာ ထိုပြန်တမ်းသည် အမေရိကန်ပြည်ထောင်စု ၏ ဆက်သွယ်ရေး ကုမ္ပဏီကြီးများ ဖြစ်သော AT&T (အေတီ နှင့် တီ) နှင့် Verizon (ဗီရီဇွန်) တို့၏ လွှမ်းမိုးမှု အကြီးအကျယ် ပါဝင်ပြီး ဥရောပ လွှတ်တော် အနေနှင့် ဥရောပ ကောင်စီ နှင့် သဘောတူ ညီချက် တစ်ခု ပြုလုပ်ဖြစ်ပေါ်စေရန် စိတ်ပါဝင်စားမှု လျော့နည်းလာသည့် လက္ခဏာ တစ်ရပ် ဖြစ်သည်ဟု ဆိုသည်။ ဥရောပ သမဂ္ဂ တွင် ရှိနေနှင့်ပြီးသော ၂၀၀၂ ခုနှစ် အီလက်ထရွန်နစ် နှင့် ဆက်သွယ်ရေး ကွန် ရက်များ၊ ဝန်ဆောင်မှုများဆိုင်ရာ စည်းမျဉ်း စည်းကမ်းပုံစံတွင် ဥပဒေ (၅) ချက်နှင့် ဖွဲ့ စည်း ထားပြီး ထိုအချက်များအားလုံးပေါင်း၍ “အမိန့်ဥပဒေပုံစံပြုခြင်း နှင့် သီးသန့် အမိန့် ဥပဒေများ” ဟုလည်းခေါ်သည်။ ပိုမိုတိတိကျကျဆိုရလျင် ထိုဥပဒေများမှာ- (a) အီလက်ထရွန်နစ် ဆက် သွယ်ရေး ကွန်ရက်များနှင့် တွဲဆက်နေသော ပံ့ပိုးမှုပေးသည့် အင်္ဂါရပ်များကို ဆက်သွယ် သုံးစွဲခွင့်နှင့် ဆက်နွယ်မှု ရှိရေးဆိုင်ရာ ဥရောပ ပါလီမန် ညွှန်ကြားချက် ၂၀၀၂/ ၁၉/EC (ဆက်သွယ်သုံးစွဲခွင့် ညွှန်ကြားချက်) (b) အီလက်ထရွန်နစ် ဆက်သွယ်ရေး ကွန်ရက် များနှင့် ဝန်ဆောင်မှုများကို လုပ်ပိုင်ခွင့်ပေးသော ဥရောပ ပါလီမန် ညွှန်ကြားချက် ၂၀၀၂/ ၂၀/EC (လုပ်ပိုင်ခွင့်ပေးသော ညွှန်ကြားချက်) (c) အီလက်ထရွန်နစ် ဆက်သွယ်ရေး ကွန်ရက် များနှင့် ဝန်ဆောင်မှုများအတွက် ဘုံဖြစ်သော ဥပဒေပြုရေးဆိုင်ရာ ကန့်သတ်ချက် ပေါ်တွင် ညွှန်ကြား ချက် ၂၀၀၂/၂၁/EC (ကန့်သတ်ချက် ညွှန်ကြားချက်) (d) ညွှန်ကြားချက် ၂၀၀၂ /၂၂/EC (ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှု ညွှန်ကြားချက်) နှင့် နောက်ဆုံးတွင် (e) ညွှန်ကြားချက် ၂၀၀၂/၅၈/EC (သီးသန့်ဖြစ်တည်မှု နှင့် အီလက်ထရွန်နစ် ဆက်သွယ်ရေး ဆိုင်ရာ ညွှန်ကြား ချက်)။

နည်းပညာနှင့် ဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုတို့အရ၊ သုံးစွဲသူတို့ နှင့် အတူ ပူးပေါင်း၍ ဥရောပ လွှတ်တော်နှင့် ကောင်စီ တို့မှ ထိုအမိန့်ဥပဒေ ၅ရပ်ကို ပြင်ဆင်ပြုပြင်ပြီး ပိုမို ကောင်း မွန် မြန်ဆန်ပြီး အပြည့်အဝ ရရှိနိုင်သော ဝန်ဆောင်မှုများ အစဉ် အဆက် ပိုမို လိုအပ် တိုးတက် လာသည်။ ပို၍ အသေးစိတ်ဆိုရလျင် အမိန့်ဥပဒေ ၂၀၀၂/၂၂/EC နှင့် ၂၀၀၂/၅၈/EC တို့သည် ၂၅ ရက် နိုဝင်ဘာလ ၂၀၀၉ ခုနှစ် တွင် ဥရောပ လွှတ်တော် နှင့် ကောင်စီတို့၏ အမိန့်ဥပဒေ ၂၀၀၉/၁၃၆/EC အရ ပြင်ဆင်ခြင်း ဖြစ်သည်။ အမိန့်ဥပဒေ ၂၀၀၂/၁၉/EC ၊ ၂၀၀၂/၂၀/EC နှင့် ၂၀၀၂/၂၁/EC တို့သည် ၂၅ ရက် နိုဝင်ဘာလ ၂၀၀၉ ခုနှစ် တွင် ဥရောပ လွှတ်တော်နှင့် ကောင်စီတို့၏ အမိန့်ဥပဒေ ၂၀၀၉/၁၄၀/EC အရ ပြင်ဆင် ခြင်းဖြစ်သည်။ [85] ၎င်းပြင်ဆင်ချက် အားလုံးမှာ ကောင်စီမှ ကြေညာထုတ်ပြန်သော နက် ကြားနေရေး ဝါဒ (အယ်(လ်) ၃၃၇၊ ၁၈ ရက် ဒီဇင်ဘာလ ၂၀၀၉ ၊ စာမျက်နှာ ၆၉) ကို လိုက်နာ သည်။ ၂၅ ရက် နိုဝင်ဘာလ ၂၀၀၉ ခုနှစ် တွင်ထုတ်ပြန်သော ဥရောပ လွှတ်တော် နှင့် ကောင်စီ တို့၏ စည်းမျဉ်းဥပဒေ (EC) No ၁၂၁၁/၂၀၀၉ မှ အီလက်ထရွန်နစ် ဆက်သွယ် ရေးကို စည်းကမ်းဖြင့် ထိန်းချုပ်သော ဥရောပ အဖွဲ့အစည်း နှင့် ရုံးခန်းကို တည်ထောင်ခဲ့ သည်။

ထို BEREC ၏ ရည်ရွယ်ချက်မှာ “NRAs (စည်းကမ်းချမှတ်ရေး တာဝန်ခံ များ) နှင့် ကော်မရှင် တို့အကြား ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုကောင်းမွန်လာစေရန်” နှင့် “အီလက် ထရွန်နစ် ဆက်သွယ်ရေး ကွန်ရက်များ နှင့် ဝန်ဆောင်မှုများ၏ ဈေးကွက် များ ပိုမိုကောင်းမွန် စွာ လည်ပတ်ဖွံ့ဖြိုးစေရန် ဥရောပ သမဂ္ဂ၏ အီလက်ထရွန်နစ် ဆက်သွယ်ရေး ကွန်ရက်များ နှင့် ဝန်ဆောင်မှုများဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ” နှင့် “မိမိတို့ အလုပ် တာဝန်များကို မှီခို ခြင်း မရှိဘဲ၊ ရှင်းလင်းပြတ်သားစွာ လည်ပတ်ဆောင်ရွက်ရာ၌ ယုံကြည် စိတ်ချ ရစေရန် ရည် ရွယ်သည်။” BEREC သည် လူ့အဖွဲ့အစည်းအကျိုးဆောင် မဟုတ်သလို ဥပဒေရေးရာ နှင့် သက်ဆိုင်သူများအဖွဲ့လည်းမဟုတ်ပေ။ BEREC သည် ERG (ဥရောပ စည်းကမ်း စည်းမျဉ်း ပြုသူများ အဖွဲ့) ကို အစားထိုး မည် မဟုတ်သလို တစ်နေရာတည်းမှ လူများပါဝင်ပတ်သက် နေသော အဖွဲ့အစည်းလည်း မဟုတ်ပေ။ ပြဋ္ဌာန်းထားသော ဥပဒေအရ ရုံးခန်းကို တည်ထောင် ထားသော်လည်း စီးပွား ရေးရာ စည်းမျဉ်းဥပဒေများ စာပုဒ် ၁၈၅ ပါအရ ဥပဒေရေးရာ နှင့် သက်ဆိုင်သူများ ပါရှိသော လူ့အဖွဲ့အစည်း မှ BEREC ၏ ဝန်ဆောင်မှုများကို စီမံခန့်ခွဲ ထောက်ပံ့ ပေးမည် ဖြစ်သည်။

ပတ်သက်ဆက်နွယ်သော အဖြစ်အပျက်များ[ပြင်ဆင်ရန်]

  • ၂၀၁၀ ဖေဖော်ဝါရီလ တွင် စပိန် တယ်လီဖုန်းဆက်သွယ်ရေးနှင့် အင်တာနက် ဝန် ဆောင်မှုပေးသူ Telefonica (တယ်လီဖိုနီကာ) တို့၏ အမှုဆောင်အရာရှိ Cesar Alierta (ဆီဇာ အယ်လီအာတာ) က စပိန် နိုင်ငံ Bilbao (ဘေ(လ်)ဘီအာအို) တွင် ပြုလုပ်သော အစည်းအဝေးတစ်ခုတွင် ဖော်ပြသည်မှာ သူ၏ ကုမ္ပဏီမှ ကွန်ရက်ကို အသုံးပြုခြင်းအတွက် ဂူးဂဲ(လ်) နှင့်အခြား ရှာဖွေသည့် အင်ဂျင်များ ကို အခကြေးငွေ များ ကောက်ခံမည် ဖြစ်ကြောင်းဆိုသည်။ Mr. Alierta (မစ္စတာ အယ်လီအာတာ) က ထို ရှာဖွေသည့် အင်ဂျင်များသည် မိမိတို့ ကုမ္ပဏီ၏ အသုံးစရိတ်များတွင် ပါဝင် ပေးဆောင်ခြင်း မရှိဘဲနှင့် အကျိုးအမြတ်များရရှိနေခြင်း ဖြစ်ပြီး ထိုကဲ့သို့ ဖြစ်စဉ်သည် မဝေးတော့ သော အနာဂတ်တွင် ပြောင်းလဲလိမ့်မည် ဖြစ်ကြောင်း ဆိုသည်။ ထပ်လောင်း၍ သူ က ပြောဆိုသည်မှာ Telefonica (တယ်လီဖိုနီကာ) အနေနှင့် ကိုယ်ပိုင် နည်းလမ်းများ ကို ရှာဖွေမည် ဖြစ်ကြောင်းလည်း ဆိုသည်။ Mr. Alierta (မစ္စတာ အယ်လီအာတာ) က အသေးစိတ်ကို ပြောပြခြင်း မရှိခဲ့ပေ။ ဂူးဂဲ(လ်)နှင့် မိုက်ခရိုဆော့(ဖ်) ၏ Bing (ဘင်း) တို့က အခကြေးငွေ ပေးဆောင်ရန် ငြင်းဆန် နေသော် လည်း သုံးစွဲသူများ က ထို ရှာဖွေသည့် အင်ဂျင်များကို ဆက်လက် အသုံးပြုနေလျက် ရှိသည်။ [88]

ဂျာမနီရှိ ဥပဒေ[ပြင်ဆင်ရန်]

၂၀၀၉ ခုနှစ် ဧပြီလ ၃ ရက်တွင် ဂျာမနီ၏ အကြီးဆုံး တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီ ဖြစ် သော T-Mobile မှ skype သည် အပြည်ပြည်ဆိုင်ရာ နက် ကြားနေရေး ဝါဒ အ ကြို လွတ်လပ်မှုရှိသော နက် ပူးပေါင်းဆောင်ရွက်မှုတွင် တစ်ခုအပါအဝင် "ဖြစ်သော်လည်း"၊ ၎င်း မှ skype ကို ပိတ်ဆို့နေသည် ဖြစ်ကြောင်း ကြေညာပါသည်။ " skype သည် အင်တာနက် ပေါ် တွင် တယ်လီဖုန်းဆက်သွယ်ခြင်း၏ သော့ချက်တစ်ခု ဖြစ်ပြီး လှိုင်းအကျယ် အနည်းငယ် ကို သာ သုံးစွဲသည့် လုပ်ငန်းသုံး program တစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် ထိုဆုံးဖြတ်ချက် မှာ အသွားအလာ စီမံခန့်ခွဲမှု ပေါ်တွင်လည်းကောင်း၊ ဝန်ဆောင်မှု၏ အရေအသွေး ဆိုသည့် ကိစ္စရပ် နှင့်လည်းကောင်း ပတ်သက်ခြင်း မရှိသည်ကို အထင်အရှား တွေ့မြင်နိုင်သည်။" [89] အဓိက အကြောင်းရင်း မှာ T-Mobile သည် အင်တာနက် အသုံးပြု ရရှိနိုင်မှုများ ကို တယ်လီဖုန်းကြိုးများချိတ်ဆက်မှုနှင့် သာ ပေးစွမ်းနိုင်နေ၍ ဖြစ်ပြီး ၎င်းကြောင့် ပင် skype နှင့် တိုက်ရိုက် ယှဉ်ပြိုင် နေရခြင်းကြောင့် ဖြစ်သည်။

အီတလီရှိ ဥပဒေ[ပြင်ဆင်ရန်]

မတ်လ ၂၀၀၉ ကတည်းက စ၍ အီတလီတွင် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။ ၎င်းမှာ Proposta di legge dei senatori Vincenzo VITA (PD) e Luigi VIMERCATI (PD) "NEUTRALITA' DELLE RETI, FREE SOFTWARE E SOCIETA' DELL'INFORMAZIONE"လွှတ်တော်အမတ် Vimercati (ဗီမာကာတီ) က အင်တာဗျူးတစ်ခုတွင် ပြောကြားထားသည် မှာ “နက် ကြားနေရေး ဝါဒ အတွက် တစ်စုံတစ်ခု ပြုလုပ်ပေးလိုသည်” ဟူ၏၊ Stanford (စတန်း ဖို့ဒ်) ဥပဒေကျောင်း၏ ပါမောက္ခ Lawrence Lessig (လောရန့်(စ်) လက်ဆင်း) မှ လည်း သူ ့ကို အင်မတန် လေးစား ဂုဏ်ယူပါသည်ဟု ဆိုသည်။ Vimercati (ဗီမာကာတီ) က ပြောဆိုသည် မှာ ဤခေါင်းစဉ်သည် ခက်ခဲလှပါသည်၊ သို့သော်လည်း စာပုဒ် နံပါတ် ၃ တွင် ပါဝင်သော အကြောင်းအရာများ အရ ကြားနေရေး ဝါဒ၏ အတွေးအခေါ်များနှင့် ပတ်သက်၍ မှီငြမ်းပြုနိုင်သည်၊ ၎င်းမှာ ဖုံးကွယ်မှုမရှိဘဲ သတင်းများသိရှိစေခြင်း အတွက်တော့ ပြဿနာ တစ်ရပ် ဖြစ်ပေလိမ့်မည်၊ မိုဘိုင်းများ၏ ဆက်သွယ်ရေးတို့ အတွက်တော့ ဝန်ဆောင်မှုများ အာမခံချက်ရရန် အနည်းအကျဉ်းသော လှိုင်းနှုန်း သာလိုအပ်မည် ဖြစ်သည်၊ ကျွန်တော်တို့ တွင် သုံးစွဲသူများဘက်မှ ကာကွယ်ပေးရန် အတွက် နည်းလမ်းများတော့ လိုအပ်နေပြီ ဖြစ် သည်၊ အရေးကြီးသည်မှာ သုံးစွဲသူအနေနှင့် အင်တာနက်အားလုံးကို သုံးစွဲပိုင်ခွင့် မရရှိနိုင်ချိန် မျိုးတွင် သတင်း ပေးခံရဖို့ ဖြစ်သည်။

ကြေညာချက်မှာ ပါဝင်သော အကြောင်းအရာ၊ ဝန် ဆောင်မှု၊ ကိရိယာ တို့နှင့် ပတ်သက်သော အဆင့်ခွဲခြားမှု အားလုံးကို လက်မခံဘဲ ငြင်းဆို ထားသည်။ ကြေညာချက်မှာ ယေဘုယျအား ဖြင့် အင်တာနက် အကြောင်း (“အင်တာနက် အတွက် ဥပဒေ”) ပင်ဖြစ်ပြီး ခေါင်းစဉ်ကွဲများ ဖြစ်သည့် ကွန်ရက် ကြားနေရေး ဝါဒ၊ အခ ကြေး ငွေ မပေးရသော ဆော့ဖ်ဝဲလ် နှင့် လူတိုင်း ကို အင်တာနက်အသုံးပြု ပိုင်ခွင့်ပေးခြင်း စသည် တို့ ပါဝင်သည်။

ရုရှား ဖက်ဒရေးရှင်းရှိ ဥပဒေ[ပြင်ဆင်ရန်]

ရုရှားတွင် ၂၀၀၇ ခုနှစ် စက်တင်ဘာလ တည်းက တယ်လီဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှု များအတွက် စည်းမျဉ်းစည်းကမ်း အသစ်များ ပါဝင်သော ရုရှားဖက်ဒရေးရှင်း ၏ ထုတ်ပြန် ကြေညာချက် N575 ရှိပြီးဖြစ်သည်။ ကွန်ရက် operator (ISPs) များသည် ယခုအခါ ဝယ်ယူအသုံးပြုသူ တစ်ဦးချင်းတို့၏ ကွန်ရက်သုံးစွဲမှုသည် ကွန်ရက်၏ ပုံမှန် လည်ပတ် လုပ်ဆောင်မှုတို့ကို ခြိမ်းခြောက် နှောင့်ယှက်လာမည်ဆိုပါက ထိုသို့ပြုလုပ်သူတို့ကို တရားဝင် ထိန်းချုပ်ခွင့် ရရှိ ပြီဖြစ်သည်။ ISP များ၏ တာဝန်သည် သတင်း အချက်အလက်များ၊ ကွန်ရက် လိပ်စာများသို့ ဝင်ရောက်ယူငင်မှု ဖြစ်နိုင်ခြေများ ကို ဖယ်ထုတ် ရှင်းပစ်ရန် သို့မဟုတ် အသုံးပြုသူများမှ အကြောင်းကြားပေးသော ထူးခြားသည့် အမှတ်များ ကို ဖယ်ထုတ်ပေးရန် ဖြစ်သည်။ အသုံးပြုသူ၏ တာဝန်မှာ အနှောင့် software များရန်မှ ဝယ်ယူသုံးစွဲသူ၏ အစွန်းခလုတ်ခုံကို ကာကွယ်ရန် များ လုပ်ဆောင် ပေးရန် နှင့် စပန် နှင့် အငြိုးထားသော software များ ဝယ်ယူသုံးစွဲသူ၏ အစွန်းခလုတ် သို့ ပြန့်ပွားမှုကို ကာကွယ် ပေးရန် ဖြစ်သည်။

လက်တွေ့တွင် ရုရှား ISP များသည် အသွား အလာ ပုံဖော်ခြင်း များ ဖြစ်စေသော BitTorrent ကဲ့သို့သော ဦးစားပေး အဆင့် သတ်မှတ်ချက် နိမ့်သော P2P protocol များ ကို ဖော်ထုတ်နေရသည်။ (ဤတွင် P2P သည် ၈၀% သော အသွားအလာကို ဖြစ်စေသည်) ထို့ပြင် အလွန်ခေတ်စားသော နည်းလမ်းတစ်ခု ဖြစ်သည့် လမ်းကြောင်း ပြန်လိုက်ခြင်း ကလည်းရှိပြန်သည်။ [91] ၎င်းမှာ bittorrent ကြောင့် ဖြစ်သော လိုင်းကြပ်တည်းမှုများကို ISP ၏ cache servers များ နှင့် အချို့သော မြို့တော်နယ်နိမိတ်အတွင်း ဧရိယာ ကွန်ရက် ထဲတွင် ရှိသော အသုံးပြုသူများ ဆီသို့ လမ်းကြောင်းပြောင်းလွှဲ ပေးရာတွင် အသုံးပြုသည်။ MANs အသုံးပြုခြင်းသည် ပိုမိုလျင်မြန်သော မြန်နှုန်း (၂x-၁၀၀၀x နှင့်အထက်၊ အတိအကျသည် ဝယ်ယူသည့် စာချုပ် တွင်ဖော်ပြပေးသည်) နှင့် ကျန်ရှိသော အင်တာနက် အားလုံး ထက် ပိုမိုအရည်အသွေး ကောင်းမွန်သော ဝန်ဆောင်မှုကို ရရှိသည်။

ချီလီရှိ ဥပဒေ[ပြင်ဆင်ရန်]

ဘလော့ဂ် (blog) ၊ တွစ်တာ (Twitter) နှင့် အခြားသော လူမှုဆက်သွယ်ရေး ကွန်ရက်များ(Social Networks)၏ အကြီးအကျယ် ဂယက်ရိုက်မှုအပြီးတွင် ၁၃ ရက် ဇွန်လ ၂၀၁၀ တွင် ကျင်းပသော ချီလီ အမျိုးသားညီလာခံ တွင် တယ်လီဖုန်းဆက်သွယ်ရေး ဥပဒေများကို ကွန်ရက် ကြားနေရေး ဝါဒကို ထိန်းသိမ်းနိုင်ရန် ရှေးရှု၍ ပြန်လည် ပြုပြင်ပြဋ္ဌာန်းခဲ့သည်။ ၎င်းသည် ကြားနေရေးဝါဒကို ထိန်းသိမ်းသည့် ပထမ ဦးဆုံးသော တရားဝင် ဥပဒေပြုပြင်ခြင်း ဖြစ်သည်။

ကမ္ဘာပေါ်ရှိ အခြားတစ်နေရာရှိ ဥပဒေ[ပြင်ဆင်ရန်]

Net ကြားနေရေး ဝါဒသည် သာမန် ဆက်သွယ်ရေး ကုမ္ပဏီ တစ်ခု၏ အတွေးမှ ယခုအခါ ဂျပန် အပါအဝင် နိုင်ငံ အများအပြားတွင် ဥပဒေများအဖြစ်သို့ ကျယ်ကျယ်ပြန့်ပြန့် သရုပ်ပြ ဖော်ထုတ် လာကြပြီဖြစ်သည်။.ဂျပန်တွင် အကြီးဆုံးတယ်လီဖုန်း ကုမ္ပဏီ ဖြစ် သော Nippon Telegraph နှင့် တယ်လီဖုန်း မှသူတို့၏ FTTH မြန်နှုန်းမြင့် အင်တာနက် ဆက်သွယ်မှုကို အသုံးပြု၍ Flet’s Square ဟု ခေါ်သော ဝန်ဆောင်မှုတစ်ခုကို ဆောင်ရွက်နေပါသည်။ တောင်ကိုးရီးယား တွင် ကွန်ရက် operator မှ ဝန်ဆောင်မှု ပေးသူ အဖြစ် တာဝန်ယူသော မြန်နှုန်းမြင့် FTTH ကွန်ရက်များ မှအပ VoIP ဝန်ဆောင်မှုကို အသုံးပြု၍ မရအောင် ပိတ်ပင်ထားသည်။

အာရှအရေးကိစ္စများ အထူးပြုလေ့လာသူ Thomas Lum ၏ အဆိုအရ “တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) သည် သတင်းနှင့်အချက်အလက်များ စီးဆင်းခြင်း နှင့် အစိုးရနှင့် ကွန်မြူနစ်ပါတီအရာရှိများကို အမြင်စောင်းစေမည့် အမြင်ရှုထောင့်များကို ပိတ်ပင် ခြင်းတို့ကို ကိုင်တွယ်ဖြေရင်းရန် ၁၉၄၉ ကတည်းက စတင်၍ အထူးကြိုးပမ်းအားထုတ် ခဲ့သည်။ ၁၉၉၀ နှစ်လည်တွင် စတင် မိတ်ဆက်ခဲ့သော အင်တာနက် နည်းပညာသည် အစိုးရ အနေနှင့် ပြည်သူလူထု၏ အတွေးအမြင်များအပေါ် ဆက်လက်ထိန်းချုပ်မင်းမူနိုင်ရန် အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာသည်။ အင်တာနက်အသုံးပြုမှု ကျယ်ပြန့်လာစဉ်တွင် သတင်းများရ ရှိနိုင်မှုလည်း ကျယ်ပြန့်လာသည့် အတွက် တရုတ်နိုင်ငံ၏ ဆက်သွယ်ရေး ဆက်ဆံရေးများ တိုးတက်လာချိန်တွင် အွန်လိုင်းပေါ်ရှိ အချို့ မီဒီယာများ၊ သတင်းဖော်ပြချက်များ တချို့က လည်း သိသာစွာ နောက်ပြန်ဆွဲလျက်ရှိသည်။

လေ့လာသူများမှ တရုတ်နိုင်ငံသည် ကမ္ဘာပေါ် တွင် အရှုပ်ထွေးဆုံး အင်တာနက်ကို စစ်ဆေးသည့် စည်းမျဉ်းများရှိနေသည်ကို ရှာဖွေတွေ့ရှိ ရသည်။ တရုတ်အစိုးရ အနေနှင့် ရှုပ်ထွေးပွေလီလှသည့် နည်းလမ်းများကို ပိုမို အတိုးချ အသုံး ပြု၍ အင်တာနက်တွင် ဖော်ပြထားသော တရားဝင် ဥပဒေသများ ပေါင်းစပ်ခြင်း၊ စောင့်ကြည့်ခြင်း နှင့် မိမိစိတ်ကြိုက် ဖြတ်တောက်ထိန်းချုပ်မှုများ ပြုလုပ်မှုတို့ကို အပြစ် ပေးခြင်း တို့အပြင် နည်းပညာ ပြောင်းလဲထိန်းသိမ်းခြင်းတို့ကို ထိန်းချုပ်ကန့်သတ်ခဲ့သည်။”

ပတ်သက်ဆက်နွယ်သော အကြောင်းကိစ္စများ[ပြင်ဆင်ရန်]

အဆုံးတစ်ခုမှ အဆုံးတစ်ခုသို့ နိယာမ[ပြင်ဆင်ရန်]

အဆုံးတစ်ခုမှ အဆုံးတစ်ခုသို့ နိယာမ ဆိုသည်မှာ အင်တာနက် ၏ အများအားဖြင့် အခြား protocol နှင့် data များ ဖြန့်ဖြူးရေးစနစ် တို့ကဲ့သို့သော ဗဟို ဒီဇိုင်းနိယာမ များ အနက်မှ တစ်ခု ဖြစ်သည်။ နိယာမမှ ဖော်ပြထားသည်မှာ ဆက်သွယ်ရေး စနစ်များ၏ အဆုံးသတ်များ ပေါ်ပေါက်မှု သို့မဟုတ် ထိန်းချုပ်နိုင်ရန် အတွက် ရင်းမြစ်များနှင့် နီးနိုင်သမျှနီးရန် ဆက်သွယ် ရေး protocol ဆောင်ရွက်မှုများကို သတ်မှတ်ဖော်ပြသင့်သည် ဟုဆိုသည်။ အဆုံးတစ်ခု မှ အဆုံးတစ်ခုသို့ ဥပဒေအရ protocol အင်္ဂါရပ်များသည် စနစ်၏ အောက်ခြေ အလွှာ များ တွင် အမြင့်ဆုံးသော ဆောင်ရွက်မှုများ ပြုလုပ်မှသာ တိုင်းတာဖော်ပြနိုင်မည်ဖြစ်ရာ TCP ပြန်လည် ထုတ်လွှတ်မှု အပေါ် ယုံကြည်စိတ်ချရမှု သည် တိုင်းတာဖော်ပြ နိုင်သေး သည် ဖြစ်သည်။ သို့သော် TCP ယုံကြည်စိတ်ချရမှု ကို ပိုမိုကောင်းမွန် လာစေရန် သုံးရမည့် အင်အားအတိုင်းအတာသည် အမြင့်ဆုံး စွမ်းဆောင်ရည်ကို ရောက်ရှိသည့် အခါ တွင် ရပ်တန့်သင့်သည်။

ထိုအတွေးအခေါ်သည် ၁၉၈၁ ခုနှစ် စည်းဝေးပွဲစာတမ်း ဖြစ်သော Jerome H. Saltzer ၊ David P. Reed နှင့် David D. Clark တို့၏ စနစ် ဒီဇိုင်းအတွင်း အဆုံးတစ်ခုမှ အဆုံးတစ်ခုသို့ နိယာမ တွင်ဖော်ပြထားသည်။ သူတို့ကဆွေးနွေးငြင်းခုံထားသည်မှာယုံကြည်စိတ်ချရသောစနစ်တစ်ခုမှန်ကန်စွာလည်ပတ်ဆောင်ရွက်နိုင်ရန် အတွက် အဆုံးတစ်ခုမှ အဆုံးတစ်ခုသို့ နိယာမတွင်း ရှိ ဖြစ်စဉ် များ အပါအဝင် ကြား ကျသော စနစ်အတွင်းရှိ ဖြစ်စဉ် များလိုအပ်သည်၊ သူတို့က ထောက်ပြ ထားသည်မှာ အနိမ့်ဆုံး ဆက်သွယ်ရေးစနစ်များရှိ ပါဝင်ဆောင်ရွက်မှု အများစုသည် သုံးစွဲ သူတို့အတွက် အမှန်တကယ် ထိုဆောင်ရွက်မှုများကို မလိုအပ်သော်လည်း အဖိုးအခ များ ပေးဆောင်ရပြီး သုံးစွဲ သူမှ အဆုံးတစ်ခုမှ အဆုံးတစ်ခုသို့ နိယာမ တွင် ပါရှိသော ဆောင်ရွက် ချက်များကို ပြန်လည် အသုံးပြု မည်ဆိုပါက အပိုသိမ်းဆည်းမှု မျိုးဖြစ် သွားပါလိမ့်မည်။ ၎င်း မှာ သပ်ရပ်သော အစွန်းခလုတ်ရှိ "ညံ့ဖျင်း၊နိမ့်ပါးသော ကွန်ရက်" အဖြစ်သို့ ဦးတည် နေပါ သည်။ ယင်းမှာ ယခင်က ပုံစံဖြစ်သော ည့ံဖျင်းသော အစွန်းခလုတ် ရှိ သပ်ရပ်သော ကွန်ရက် ဟူသည်နှင့် လုံးဝဆန့်ကျင်ဖက် ဖြစ်သည်။

အချက်အလက် ခွဲခြားသတ်မှတ်ခြင်း[ပြင်ဆင်ရန်]

Tim Wu မှာ ကွန်ရက် ကြားနေရေး ဝါဒကို အားပေးတောင်းဆိုသူ ဖြစ်သော်လည်း လက်ရှိ အင်တာနက် အသုံးပြုနေခြင်းသည် အကောင်းဆုံး အားထုတ်ဆောင်ရွက်လုပ်ဆောင် မှု အနေနှင့် ဖိုင် ရွှေ့ပြောင်းဆောင်ရွက်မှု များနှင့် လိုင်းကြပ်ပိတ်မှုကို ဖြစ်ပေါ်စေသော ဆက်သွယ်ရေး များကိုသာ ဦးစားပေး ဆောင်ရွက်နေပါက ကြားနေရေး ဖြစ်မည် မဟုတ်ဟု ဆိုသည်။ ယေဘုယျအားဖြင့် သုံးစွဲသူများအတွက် ဝန်ဆောင်မှုများနှင့် ဆုံမှတ် များကို ပိတ်ဆို့တတ်သော ကွန်ရက်တစ်ခုကို ထိုသို့ ပိတ်ဆို့လေ့ မရှိသော ကွန်ရက် နှင့်ယှဉ်လျင် အသုံးဝင်မှု နည်း လိမ့်မည်ဟု ယူဆကြမည်သာ ဖြစ်သည်။ ထို့ကြောင့် ကွန်ရက် တစ်ခုအနေ နှင့် ကြားမနေရေး ဝါဒ ဖြစ်နေရန်အတွက်မှာ သုံးစွဲသူများက ကြားမနေရေး ဝါဒ ကို စိတ်ဝင်စား ပတ်သက်မှုမရှိခြင်း သို့မဟုတ် သုံးစွဲသူများမှ အခြား ကန့်သတ်မှု နည်း သော ဝန်ဆောင်မှု ပေးသူထံသို့ ကူးပြောင်းလိုသော်လည်း အခြားဝန် ဆောင်မှု ပေးသူကို ရွေး ချယ်စရာမရှိခြင်း တို့ကြောင့်ဖြစ်သည်။

Net ကြားနေရေးဝါဒနှင့် ပတ်သက်၍ အခြေအတင်မှု များ ဆက်လက်ဖြစ်ပေါ်နေချိန်တွင် ကွန်ရက် ဝန်ဆောင်ပေးသူများသည်လည်း သူတို့ အချင်းချင်းအကြား ပူးပေါင်းစီစဉ်မှုများ ညှိနှိုင်းခဲ့ကြပြီ ဖြစ်သည်။ ထိုသဘောတူညီချက် များတွင် လိုအပ်နေသည်မှာ သတင်းနှင့် အချက်အလက်များ စီးဆင်းမှုကို မည်သို့ ဆောင်ရွက်ရမည် ဟူ၍ ဖြစ်သည်။ ထို့အပြင် ကွန်ရက် ဝန်ဆောင်သူတို့သည် port 25 ကို ပိတ်ဆို့ခြင်းဖြင့် sparm ပြန့်ပွားမှုကို ကာကွယ် ခြင်း၊ သို့မဟုတ် အဆင့်တူသူ အချင်းချင်း ကွန်ရက်ကို အသုံးပြု၍ ဂီတ များ ရှာဖွေသည့် လုပ်ငန်းသုံး program များအသုံးပြုသည့် port များကို ပိတ်ပစ်ခြင်း စသည့် နည်းဥပဒေသ များကို အသုံးပြုနေကြသည်။ ထိုကဲ့သို့ လုပ်ငန်းသုံး program များကို အသုံးပြုခြင်းများနှင့် ပတ်သက်၍ စည်းမျဉ်း စည်းကမ်းများ ပါဝင်သည့် ဝန်ဆောင်မှုဆိုင်ရာ သဘောတူညီချက် များကိုလည်း ထုတ်ပြန်တောင်းခံလေ့ ရှိကြသည်။

အင်တာနက် ဝန်ဆောင်သူအများစုသည် ထိုကဲ့သို့သော နည်းဥပဒေများကို အသုံးပြု ပြဋ္ဌာန်း လာကြသည်။ MIT Mantid Port ပိတ်ဆို့တားမြစ်ခြင်းကို တိုင်းတာသည့် အစီအစဉ် သည် အင်တာနက်အတွင်း port များ ပိတ်ဆို့ခြင်း နှင့် ဦးစားပေး အဆင့်များ ခွဲခြားခြင်း အလားအလာများကို ခြေရာ ကောက်ဖော်ပြရန် တိုင်းတာမှုတစ်ခု ဖြစ်သည်။ သို့သော်လည်း ကွန်ရက်ပေးသူများ အကြား ပူးပေါင်းဆောင်ရွက်မှုများ၏ အကျိုးသက်ရောက်မှုမှာ ထိုပူး ပေါင်းမှု အတွင်းသို့ ပါဝင်ဆောင်ရွက်သူများအတွက်သာရရှိပြီး ယင်းတို့၏ အသိုင်းအဝိုင်း ပြင်ပမှ လှုပ်ရှားမှုများကို သက်ရောက်မှု မရှိနိုင်ပေ။

Carnegie Mellon တက္ကသိုလ် မှ Jon Peha ၏ "ကွန်ရက် ကြားနေရေး ဝါဒ ဖန်တီးပြုလုပ်ခြင်း၏ အကျိုးအမြတ်များနှင့် စတေးမှုများ၊ နှင့် မျှခြေရောက် လုပ်ငန်းစဉ် တစ်ခု အတွက် ရှာဖွေခြင်း" စာတမ်းတွင် လုပ်ငန်းစဉ် ပြုလုပ်သူများအတွက် အကျိုးအမြတ် ရရှိ သော ရွေးချယ်မှုများ ခွင့်ပြုနေစဉ်အတွင်း သုံးစွဲသူများကို အန္တရာယ်ရှိသော လိုင်းအမျိုးအစား ခွဲခြားခြင်း များမှ ကာကွယ်ရန် ရွေးချယ်နိုင်ရေး အတွက် လုပ်ငန်းစဉ်များ ချမှတ်ရန် စိန်ခေါ်မှု များကို ဖော်ပြထားသည်။ Peha က ဆွေးနွေးတင်ပြထားသည်မှာ လိုင်းအမျိုးအစား ခွဲခြားခြင်းများကို ဖြေရှင်း နိုင်စေသည့် နည်းပညာများ၊ ရွေးချယ်မှု အမျိုးစုံတို့၏ ဥပမာအမျိုးမျိုး များ နှင့် စည်းမျဉ်းစည်းကမ်းများ၏ အကျိုးသက်ရောက်မှု အလားအလာတို့ကို ဆွေးနွေးထားသည်။

ဝန်ဆောင်မှု အရည်အသွေး[ပြင်ဆင်ရန်]

အင်တာနက် Router များသည် ကွန်ရက်တွင်း ထိန်းချုပ်လည်ပတ်ပေးသူများ အကြားရှိ အမျိုးမျိုးသော ရှုမြင်ပုံများနှင့် သယ်ယူပို့ဆောင်ခြင်း သဘောတူညီချက်များ ကိုဖြတ်သန်း၍ သတင်းအချက်အလက်များကို ရည်မှန်းထားသော လက်ခံသူများ ထံသို့ ပို့ဆောင်ပေးသည်။ ယခုအခါတွင် အင်တာနက် protocol များကို အသုံးပြုသော ကွန်ရက်များသည် ဝန်ဆောင်မှု အရည်အသွေး (QoS) ကိုဦးစားပေး ဆောင်ရွက်ကြပြီး၊ ကွန်ရက်ချိတ်ဆက်မှု ဝန်ဆောင်ပေး သူများ မှလည်း ထိုဝန်ဆောင်မှုအရည်အသွေးများ (QoS) မြဲမြံစေရန်အတွက် ဝန်ဆောင်မှုပိုင်း ဆိုင်ရာ သဘောတူညီမှုများသို့ ဝင်ရောက်လာကြပြီ ဖြစ်သည်။

IP တို့ကိုအသုံးပြု၍ ကွန်ရက်များအကြား ချိတ်ဆက်ရန် တူညီစွာသတ်မှတ်ထားသော နည်းလမ်းမရှိပေ။ ထို့ပြင် IP သည်လည်း အင်တာနက် အစိတ်ပိုင်းဖြစ်သည့် အသုံး ပြုခြင်း သည် ကွန်ရက် အားလုံးတို့ အတွင်း တူညီစွာနည်းလမ်းသတ်မှတ်ထားခြင်း မရှိကြပေ။ IPTV အင်တာနက်မှ တဆင့်လည်ပတ်သော ရုပ်မြင်သံကြားအစီအစဉ် များ သည် လည်း အင်တာနက်မှ ဖယ်ထုတ်ခြင်းခံထားရပြီးသောကြောင့် ကွန်ရက် ကြားနေရေး ဝါဒ ၏ သဘောတူညီချက်များတွင် ပါဝင် ဆောင်ရွက်ခြင်းမရှိပေ။

IP အသုံးပြုသော အချက်အလက်များပေးပို့ခြင်း တွင် 3-bit မျှရှိသော အရေးကြီး သည့် DiffServ Code Point များပါဝင်ပြီး ၎င်းတို့သည် ကောင်းမွန် သော ဝန်ဆောင်မှု ကိုတောင်းဆိုကြသည်။ ခိုင်မာစွာ ဖွဲ့စည်းတည်ဆောက်ထားသော protocol များသည် ဝန်ဆောင်မှု ဆက်သွယ်ရရှိနိုင်သည့် အမှတ်များ ကို ပေးစွမ်းနိုင်မည်ဟု ယုံကြည်ထားကြသည်။ သို့သော် သဘောတူချိတ်ဆက်ထားခြင်းမရှိသော ပြင်ပ ကွန်ရက် များမှ ဝန်ဆောင်မှုများ တောင်းဆိုနေပါက အရာရောက်မည်တော့ မဟုတ်ချေ။ ၎င်းကို ပုဂ္ဂလိက ကွန်ရက်များတွင် အထူးသဖြင့် အဆင့်မြင့် ဖွဲ့စည်းစီမံထားသော WiFi ကြိုးမဲ့ကွန်ရက် မျာတွင် အသုံးပြုလေ့ရှိသည်။ ထို့ပြင် အင်တာနက် ချိတ်ဆက်မှု ပေါ်တွင် မူတည်၍ SIP ၊ RSVP ၊ IEEE 802.11e နှင့် MPLS တို့ ကဲ့သို့သော ဆက်သွယ်ရေး ဝန်ဆောင်မှု များစွာ ရှိသည်။ အသုံးပြုမှုများသည်မှာ SIP နှင့် DSCP တို့၏ ပူးပေါင်းဝန်ဆောင်မှုဖြစ်သည်။ ရောက်တာထုတ်လုပ်သူများ အနေနှင့် ယခုအခါ "ဝိုင်ယာ၏မြန်နှုန်း" ပေါ်တွင် ဝန်ဆောင်မှု အမျိုးအစားများ ပြောင်းလဲ နိုင်သော ရောက်တာ များကို တင်သွင်းရောင်းချလာကြသည်။

Multimedia များ ပေါ်ပေါက်လာမှု နှင့်အတူ အင်တာနက်ကိုအသုံးပြု၍ တယ်လီဖုန်း ပြောဆို ခြင်း၊ အင်တာနက်အသုံးပြု၍ ရုပ်မြင်သံကြားကြည့်ရှုခြင်း နှင့် အခြားသော တင်ချိန် တိုတောင်း မှု နှင့်ရရှိသော လုပ်ငန်းသုံး program များ၊ ချိတ်ဆက် မရရှိနိုင်သော လိပ်စာသို့ အကြိမ်ပေါင်း များစွာ ကြိုးပမ်းခြင်းဖြင့် အချို့သော ပုဂ္ဂလိက ကွန်ရက်များ၏ ဖုံးကွယ်ထားမှုကို ရပ်တန့်၍ ပေါ်ပေါက်စေခြင်း၊ လုပ်ငန်းသုံး program များ အမျိုးအစားကိုမူတည်၍ အင်တာနက်ကို အလွှာ သတ်မှတ်ပေးရာမှ ကန့်သတ်ထားသောအထူးဝန်ဆောင်မှုများ ကိုပေးစေရန်တောင်းဆိုခြင်း၊ တို့လည်းဖြစ်ပေါ်လာသည်။ ထိုကြိုးပမ်းမှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းသည် အင်တာနက် ဝန်ဆောင်မှု ပေးသူများ မှ ဝန်ဆောင်မှုများ ပြုပြင်တိုးတက်စေရေး သဘောတူညီမှုများ အ တွင်း ဝန်ဆောင်မှုအနိမ့်အမြင့်အမျိုးအစားများထည့်သွင်းရန် စတင်ဆောင်ရွက်လာသည်။

Alok Bhardwaj မှ ပြောကြားသည်မှာ နက် ကြားနေရေး ဝါဒ ကို ဥပဒေများ ပြဋ္ဌာန်း ထိန်းသိမ်းထားခြင်းသည် ဝန်ဆောင်မှု အရေးအသွေးကောင်း များ ဖော်ထုတ် အသုံးပြုရန် အတွက် ခိုင်မာပါသည်။ Net ကြားနေရေး ဝါဒ အတွေးခေါ် နှင့် ပတ်သက်၍ မကောင်းပြောဆိုသူများကို ဖယ်ထုတ်ခြင်းလည်းကောင်း၊ အရည်အသွေးကောင်း ဝန်ဆောင် မှုတို့အတွက် အခကြေးငွေများ ကျခံတောင်းဆိုသော ကွန်ရက်များကို ပိတ်ပင်ခြင်း စသည် တို့ကို ပါ ဥပဒေပြဋ္ဌာန်း သင့်သည်ဟုဆိုသည်။ သူကဆက်လက်၍ ဆိုသည်မှာ အရည်အသွေး ကောင်းမွန်သော ဝန်ဆောင်မှုများကို အသုံးပြုနေသော ကွန်ရက် တို့သည် အရည်အသွေးမကောင်းသော ဝန်ဆောင်မှုသာပေးနိုင်သော ကွန်ရက် တို့နှင့် ယှဉ်ပြိုင်၍ ငွေကြေး ထပ်မံကောက်ခံ စရာအကြောင်းလည်း မရှိကြောင်းဆိုသည်။ မည်သို့ပင်ဖြစ်စေ၊ ကွန်ရက် တစ်ခုလုံးအတွက် လိုအပ်သော ကွန်ပျူတာ စက်ပစ္စည်းများ၊ နှင့် အရည်အသွေး ကောင်းမွန်သော ဝန်ဆောင်မှု ကွန်ရက်များ ရေးဆွဲထိန်းသိမ်းရသည့် အဖိုးအခများသည်ကား အရည် အသွေးနိမ့် ကွန်ရက် များထက်တော့ အဆမတန် ကြီးနေသည်ပင် ဖြစ်သည်။

Xipeng Xiao မှ ဝန်ဆောင်မှု ၏ အရည်အသွေးနှင့် ကွန်ရက် ကြားနေရေး ဝါဒ တို့အကြား ချိတ်ဆက်နွယ်နေမှုကို “ဝန်ဆောင်မှုအရည်အသွေးကို စိန်ခေါ်နေသော နည်းပညာ၊ စီးပွားရေးရာ နှင့် စီမံခန့်ခွဲမှု - စံပြအင်တာနက်ဝန်ဆောင်မှုတစ်ခု၏ရှုထောင့်” ဟူသော စာအုပ်တွင် အတွင်းကျကျ လေ့လာဖော်ပြထားသည်။ ၎င်းစာအုပ်သည် ဝန်ဆောင် မှု ၏ အရည်အသွေးကို နည်းပညာပိုင်းဆိုင်ရာအသုံးအနှုန်းများ နည်းနည်း နှင့် ပုံဖော်ခြယ်မှုန်း ထားသဖြင့် နည်းပညာပိုင်းဆိုင်ရာနယ်ပယ်မှ မဟုတ်သည့်သူများပင် ကွန်ရက် ကြားနေရေး ဝါဒ အကြောင်းကို ကောင်းမွန်စွာ နားလည်စေသည်။

အသွားအလာ ပုံဖော်ခြင်း[ပြင်ဆင်ရန်]

အသွားအလာ ပုံဖော်ခြင်း သည် ကွန်ပျူတာကွန်ရက်များ အသွားအလာလမ်းကြောင်း လုပ် ဆောင်ချက်များ အကောင်းဆုံး ဖြစ်စေရန် အာမခံရန် နှင့် ၊ ပြန်လည်ဖော်ဆောင်ချိန် တိုးတက် ကောင်းမွန် လာစေရန် နှင့်∕သို့မဟုတ် အသုံးပြုနိုင်သော လှိုင်းအကျယ် ပိုကျယ် လာစေရန် အနေအထား သို့ ပြန်လည် ရောက်ရှိရန် အချို့သော စံသတ်မှတ်ချက် နှင့်ညီသော အချက် အလက်အစုအဝေးများ ကို နှေးကွေးစေခြင်းဖြင့် ထိန်းချုပ် ပြုပြင်ပေးသည်။[98] ပိုမို၍ အတိ အကျပြောရလျင် ၎င်း အသွား အလာ ပုံဖော်ခြင်းသည် ကွန်ရက်ပေါ်တွင် ချိတ်ဆက်မှု လှိုင်း အကျယ်များ နှေးကွေးအောင် ပြုလုပ်သော (စီးဆင်းခြင်း သို့မဟုတ် စီးဆင်းမှု ဟုခေါ်လေ့ ရှိသည်) အတွဲလိုက်ပက်ကက် များကို ဖြေရှင်းပေးသော လုပ်ဆောင် ချက်တစ်ခုပင် ဖြစ် သည်။ ထို အသွားအလာ ပုံဖော်ခြင်း တွင် ကွန်ရက် အတွင်းသို့ ပေးပို့ထားသည့် စုစုပေါင်း အသွားအလာ များကို သတ်မှတ်ကာလအတွင်း (လှိုင်းအကျယ် အကြပ်အတည်းဖြစ်သွားချိန်) တွင် ထိန်းချုပ်ရန် သို့မဟုတ် အသွား အလာ များကို ပေးပို့ဖြတ်သန်းစေရန် အများဆုံးနှုန်း နှုန်းထားကိုပါ ကန့်သတ်ခြင်းများ တို့အပြင် ပိုမိုရှုပ်ထွေး လှသော လက္ခဏာများရှိသည့် GCRA တို့ပါရှိသည်။

အလွန်အကျွံ ပြဋ္ဌာန်းခြင်းများ[ပြင်ဆင်ရန်]

ခွင့်ပြုသတ်မှတ်ထားသော လှိုင်းအကျယ်ထက် ပိုမိုသုံးစွဲ ကွန်ရက်ချိတ်ဆက်မှုများ ပြုလုပ်လာ လျှင် စောင့်ကြည့် ဖမ်းယူခြင်းပြုလုပ်စရာပင် မလိုအပ်ဘဲ QoS တစ်ခုကို သိရှိနိုင်သည်။ ဥပမာ အနေ နှင့် တယ်လီဖုန်း ကွန်ရက်သည် အသုံးပြုသူများ၏ တောင်းဆိုသော ချိတ်ဆက် ခေါ်ဆိုမှု များကို ငြင်းဆိုခြင်းများဖြင့် အသုံးပြုသူများ၏ သတ်မှတ်ထက် ပိုသုံးစွဲလိုမှု ကို ကန့်သတ် ထိန်းချုပ် ထားသည်။ အလွန်အကျွံ ပြဋ္ဌာန်းခြင်းများသည် သင်္ချာနည်းအရ တစ်ပြိုင်နက်အချက် အလက် ပေါင်း များစွာကို ပေးပို့စေသော နည်းလမ်းတစ်ခု ဖြစ်ပြီး ၎င်းမှာ အသုံးပြုသူ များ၏ အမြင့်ဆုံးသုံးစွဲလိုမှုကို ခြုံငုံ၍ တွက်ချက်ပေးသည်။ ၎င်း အလွန်အကျွံ ပြဋ္ဌာန်းခြင်း ကို ပုဂ္ဂလိက ကွန်ရက်များ ဥပမာ - WebEx နှင့် အမေရိကန် တက္ကသိုလ် ကွန်ရက် ဖြစ်သော အင်တာနက် 2 Abilene ကွန်ရက် တို့တွင် အသုံးပြုသည်။David Isenberg က စဉ်ဆက်မပြတ် ထောက်ပံ့ပေးနေခြင်း သည် အရည်အသွေးမြင့် ဝန်ဆောင်မှု နှင့် အသေးစိတ်အချက်အလက်များကိုစစ်ဆေးခြင်း နည်း ပညာများ ထက် ပိုကောင်းသော စွမ်းဆောင်ရည်ရှိပြီး စရိတ်စကနည်းသော နည်းပညာများကို အစဉ် ရရှိလာမည် ဖြစ်သည်ဟု ယုံကြည်နေပါသည်။

အဆင့်တူအချင်းချင်း ဖိုင်ဝေမျှခြင်း[ပြင်ဆင်ရန်]

တစ်ကိုယ်ရေအိမ်သုံး လှိုင်းကျယ်များရောင်းချသူများမှ ပြောဆိုသည်မှာ လှိုင်းအကျယ် အလွန် အကျွံ သုံးစွဲမှုပြုသော အဆင့်တူသူ အချင်းချင်း ဖိုင်များဖလှယ်မှုပြုခြင်း များသည် အဖြစ်များ လာပြီး အင်တာနက်ချိတ်ဆက်မှုများ ထူထပ်လာခြင်းကို ထိန်းသိမ်းဖြေရှင်းပေးသည့် စနစ် မှာလည်း ထိုကဲ့သို့သော လှိုင်းအကျယ် အလွန်အကျွံတောက်လျှောက် သုံးစွဲ နေခြင်းများကို ဖြေရှင်းနိုင်စွမ်းမရှိချေ။ ထို့ကြောင့် အခြားတစ်ဘက်လှည့် နှင့်ဖြေရှင်းသော နည်းလမ်း များလို အပ်လာသည်။ ၎င်းနည်းလမ်းများတွင် ဗီဒီယိုနှင့် အသံ တို့အတွက် သင့်တင့် လျောက်ပတ် သော အရည်အသွေးရှိသည့် လှိုင်းအကျယ်သာကန့်သတ်ခြင်း ဖြစ်ပေါ်လာသည်။

ဈေးနှုန်းသတ်မှတ်သည့် ပုံစံများ[ပြင်ဆင်ရန်]

လှိုင်းကျယ် အင်တာနက်အသုံးပြုခွင့်များကို သုံးစွဲသူများအားရောင်းချရာတွင် သတင်း အချက် အလက် ရရှိမှု နှုန်းများပြားခြင်း နှင့် အမြင့်မားဆုံးမြန်နှုန်းရရှိနိုင်မှုကို အခြေပြု၍ ရောင်းချပါ သည်။ အချို့အငြင်းပွားကြသည်မှာ အကယ်၍သာ အင်တာနက်ဝန်ဆောင်မှု ပေးသူများ (ISPs) အနေနှင့် မိမိတို့ဝန်ဆောင်မှု အနိမ့်အမြင့်များကို ဝန်ဆောင်ခ နှုန်းထား အမျိုးမျိုး သတ်မှတ်၍ website များသို့ပေးပို့နိုင်ပါလျှင် လှိုင်းအကျယ် ပိုလျှံပြီးရောင်းချ နေရခြင်း ကြောင့် မလိုလားအပ်ဘဲ ကျသင့်နေရမှုများ (သို့မဟုတ် "ဈေးနှုန်းကွာခြားမမျှတသည် ကို ပြောင်းလဲရန်၊ 'သုံးစွဲသူများမှ ပိုမိုသုံးစွဲနေခြင်း'" ကြောင့်အရှုံးထွက်နေသည်ကိုလည်း ပြန်လည် ဖြည့်စွမ်းပေးနိုင်ခြင်းစသည်) ထိန်းသိမ်းဖြေရှင်းနိုင်မည့်နည်းလည်းရှိလာပေမည်။ သို့ရာတွင် မိမိ အာမခံထားသော မြန်နှုန်းစွမ်းအား နှင့် သတင်းအချက်အလက်များရရှိနှုန်း အသိပေး ဖော်ပြချက် များကို အခြေပြု၍ ဝယ်ယူသုံးစွဲသူအဖို့ သူလိုအပ်သော မြန်နှုန်းထားတစ်ခုကို ရရှိရန် မျှော်လင့်မည်ပင်ဖြစ်သည်။ အင်တာနက်ဝန်ဆောင်မှုပေးသူများအတွက် သုံးစွဲသူအမျိုးအစားကို အခြေပြု၍ ဈေးနှုန်းများ သတ်မှတ်ခြင်း ထပ်ဆင့်သောဝန်ဆောင်မှု ကိုအခြေခံ၍ ဝန်ဆောင်ခများ တွက်ချက်ခြင်း အ တွက်လိုအပ်သော formula များ အဖြစ်တွက်ချက် သုံးစွဲ၍ အသုံးပြုကောက်ခံကြသည်။ သို့ သော်လည်း ကွန်ရက်ကြားနေရေးဝါဒ သည် protocol အခြေခံထောက်ပံ့ပေးခြင်း ကို တစ်ဖက်တစ်လမ်းမှ ဦးတည်၍ ကြိုးစားဆောင်ရွက်နေစဉ်တွင်ပင် ဝန်ဆောင်ခ တို့၏ အခြေခံ တွက်ချက်မှုများမှာ မြန်နှုန်းရရှိမှု ကန့်သတ်ချက်များပေါ်တွင်မူတည်နေဆဲပင် ဖြစ်သည်။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]