ကွန်ပလက်စ်ကိန်း
Wikipedia မှ
ကွန်ပလက်စ်ကိန်းဆိုသည်မှာ ကိန်းစစ် (real) နှင့် စိတ်ကူးယဉ် (imaginary) အပိုင်းတို့ ပါဝင်သော ကိန်းဖြစ်သည်။ ၄င်းကို a + bi ဆိုသည့် ပုံစံဖြင့် ရေးသားနိုင်ပြီး a နှင့် b တို့မှာ ကိန်းစစ်များ ဖြစ်ကြပြီး i မှာ သုံးနေကျ စိတ်ကူးယဉ်ကိန်း၏ ယူနစ်ဖြစ်ပြီး i2= -1 ဆိုသည့် ဂုဏ်သတ္တိ ရှိသည်။ ကွန်ပလက်စ်ကိန်းတွင် သာမန်ကိန်းစစ်များ ပါဝင်ပြီး အခြားကိန်းအပိုများကို ထည့်သွင်းထားခြင်းဖြင့် ပေါင်းခြင်းနှင့် မြှောက်ခြင်းကို ချဲ့ထွင်ထားခြင်းပင် ဖြစ်သည်။