ကိန်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကိန်းဆိုသည်မှာ ရေတွက်ရန်နှင့် တိုင်းတာရန် အတွက် အသုံးပြုသော သင်္ချာဆိုင်ရာ အရာဝတ္ထုတစ်ခု ဖြစ်သည်။ သင်္ချာပညာတွင် ကိန်းဂဏန်းများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို တဖြည်းဖြည်း ချဲ့ကား လာခဲ့သဖြင့် နှစ်ပေါင်းများစွာ ကြာသောအခါတွင် သုည၊ အနှုတ်ကိန်း၊ ရာရှင်နယ်ကိန်း၊ အီရာရှင်နယ်ကိန်း နှင့် ကွန်ပလက်စ် ကိန်း တို့ ပါဝင်လာကြသည်။

သင်္ချာဆိုင်ရာ တွက်ချက်မှုများတွင် ဂဏန်းတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ဂဏန်းများကို အဝင်ကိန်းအဖြစ် လက်ခံကြပြီး ဂဏန်းတစ်ခုကို အထွက်ကိန်း အဖြစ် ပြန်ထုတ်ပေးသည်။ ယူနရီ တွက်ချက်မှု (Unary Operation) တွင် ဂဏန်းတစ်ခုကို အဝင်ကိန်း အဖြစ် လက်ခံပြီး ဂဏန်းတစ်ခုကို အထွက်ကိန်း အဖြစ် ထုတ်ပေးသည်။ ဆပ်ဆက်ဆာ တွက်ချက်မှု ( successor operation) ခေါ်သော တွက်ချက်မှုတွင် အဝင်ကိန်းတိုင်းကို ၁ ပေါင်းပေး သဖြင့် ၄ ထည့်လိုက်ပါက ၅ ပြန်ထွက်လာသည်။ ဘိုင်နရီ တွက်ချက်မှု (binary operation) တွင် အဝင်ကိန်း နှစ်ခုကို လက်ခံပြီး အထွက်ကိန်း တစ်ခုကို ပြန်ထုတ်ပေးသည်။ ပေါင်းခြင်း၊ နှုတ်ခြင်း၊ မြှောက်ခြင်း၊ စားခြင်းနှင့် ပါဝါတင်ခြင်းတို့သည် ဘိုင်နရီ တွက်ချက်မှုများ ဖြစ်သည်။ ဂဏန်းများ၏ တွက်ချက်မှုကို လေ့လာခြင်းကို အရစ်သ်မတစ် (arithmetic) သို့မဟုတ် ဂဏန်းတွက်ခြင်း ဟု ခေါ်သည်။

ကိန်းများတွင် အသုံးပြုသော သင်္ကေတများကို နျူမရယ် (numeral) သို့ နံပါတ်ဟု ခေါ်ကြသည်။ နံပါတ်များကို ရေတွက်ရန်နှင့် တိုင်းတာရန် အတွက်သာ မကပဲ အမှတ်အသား ပြုလုပ်ရန် (ဖုန်းနံပါတ်) ၊ စီစဉ်ရန် ( နံပါတ်စဉ်) နှင့် ကုတ်ဒ်သင်္ကေတ (ISBN နံပါတ်) စသည် တို့အတွက်လည်း အသုံးပြုကြလေ့ ရှိသည်။


[ပြင်​ဆင်​ရန်​] ကိန်းများကို အမျိုးအစားခွဲခြင်း

နံပါတ်စနစ်
 \mathbb{N} သဘာဝကိန်းများ ၀၊၁၊၂၊၃၊၄... သို့ ၁၊၂၊၃၊၄...
 \mathbb{Z} ကိန်းပြည့်များ ... -၅၊-၄၊-၃၊-၂၊-၁၊၀၊၁၊၂၊၃၊၄၊၅...
- အပေါင်းကိန်းပြည့်များ ၀၊၁၊၂၊၃၊၄၊၅...
 \mathbb{Q} ရာရှင်နယ်ကိန်းများ ab a နှင့် b သည် ကိန်းပြည့်ဖြစ်၍ b သည် သုညနှင့် မညီသော အခြေအနေ
 \mathbb{R} ကိန်းစစ်များ The limit of a convergent sequence of rational numbers
 \mathbb{C} ကွန်ပလက်စ်ကိန်းများ a + bi a နှင့် b တို့သည် ကိန်းစစ်များဖြစ်၍ i သည် −1 ၏ စကွဲယားရုဖြစ်သည်။
ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်