ကြောင်ဝံပိုက်

ဝီကီပီးဒီးယား မှ
ကြောင်ဝံပိုက်
(အင်္ဂလိပ်: Asian palm civet)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Carnivora
Suborder: Feliformia
မျိုးရင်း: Viverridae
မျိုးရင်းသေး: Paradoxurinae
မျိုးစု: Paradoxurus
မျိုးစိတ်:
P. hermaphroditus[၁]
ဒွိနာမ
Paradoxurus hermaphroditus[၁]
(Pallas, 1777)
Asian palm civet range: native in green, introduced in red

ကြောင်ဝံပိုက် (Asian Palm Civet) သည် ဝံပိုင့်မျိုးရင်းဝင် နို့တိုက်သတ္တဝါမျိုးစိတ်ဖြစ်ပြီး ပါဏဗေဒအရ (Paradoxurus hermaphroditus) ဟုခေါ်၏။ ကြောင်ဝံပိုက်များသည် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနှင့် တောင်အာရှတို့၏ ဒေသရင်းတောရိုင်းတိရစ္ဆာန်လည်းဖြစ်သည်။ ကြောင်ဝံပိုက်သည် ဒွါရနားရှိ ဂလင်းမှ အနံ့ထုတ်နိုင်သော "ကြောင်ကတိုး" တစ်မျိုးလည်း ဖြစ်သည်။ ကနဦးအစက ဝံပိုင့် (သို့) ကြောင်နံသာ ဟူသော အမည်နာမသည် ကြောင်ဝံပိုက်များကိုသာ ခေါ်သော နာမည်လည်းဖြစ်လေ၏။

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများတွင် ကြောင်ဝံပိုက်များ အရေအတွက်သည် ပေါများစွာတွေ့ရှိရသဖြင့် IUCN မှ ၂၀၀၈ ခုနှစ်ကတည်းက အန္တရာယ်မကျရောက်နိုင် အဆင့်တွင် သတ်မှတ်ထားသည်။[၃] သို့ရာတွင် အင်ဒိုနီးရှားနိုင်ငံတွင် ရှိသော ကြောင်ဝံပိုက်များမှာမူ ကြောင်ကတိုး ကော်ဖီ ထုတ်လုပ်မှု တိုးမြင့်ဖို့ရန်အတွက် အမဲလိုက်ခံရခြင်းနှင့် တရားမဝင် တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုများ ပြုလုပ်ခံနေရခြင်းတို့ကြောင့် စိုးရိမ်ဖွယ်ရာအခြေအနေနှင့် ကြုံတွေ့လျက် ရှိသည်ဟု သိရသည်။[၄]

ကြောင်ဝံပိုက်၏ အနီးကပ်ပုံ
ထိုင်းနိုင်ငံ Khao Yai အမျိုးသားဥယျာဉ် ရှိ ကြောင်ဝံပိုက် တစ်ကောင်
အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တား ၊ Baranagar မြို့ရှိ မြို့ပြဧရိယာတွင် သားပေါက်များနှင့် ကြောင်ဝံပိုက် မိသားစု
အရွယ်မရောက်သေးသော ကြောင်ဝံပိုက် တစ်ကောင်
Kopi luwak ဟုခေါ်သော ကြောင်ကတိုးကော်ဖီ ထုတ်လုပ်ရန် ဖမ်းဆီးခံထားရသော ကြောင်ဝံပိုက်

ကိုးကား[ပြင်ဆင်ရန်]

  1. Wozencraft၊ W.C. (2005)။ "မျိုးစိတ် Paradoxurus hermaphroditus"။ in Wilson၊ D.E.; Reeder၊ D.M (eds.)။ ကမ္ဘာပေါ်တွင်ရှိသော နို့တိုက်သတ္တဝါမျိုးစိတ်များ: မျိုးရိုးခွဲခြားခြင်းနှင့် ပထဝီမြေမျက်နှာပြင်ဆိုင်ရာ ရည်ညွှန်းကျမ်း (3rd ed.)။ Johns Hopkins University Press။ pp. 532–628။ ISBN 978-0-8018-8221-0OCLC 62265494
  2. Duckworth, J.W. (2016). "Paradoxurus hermaphroditus". IUCN Red List of Threatened Species 2016. IUCN. 
  3. Duckworth, J.W.; Timmins, R.J.; Choudhury, A.; Chutipong, W.; Willcox, D.H.A.; Mudappa, D.; Rahman, H.; Widmann, P.; Wilting, A. & Xu, W. (2016). "Paradoxurus hermaphroditus". IUCN Red List of Threatened Species. 2016: e.T41693A45217835.
  4. Shepherd, C. (2012). "Observations of small carnivores in Jakarta wildlife markets, Indonesia, with notes on trade in Javan Ferret Badger Melogale orientalis and on the increasing demand for Common Palm Civet Paradoxurus hermaphroditus for civet coffee production". Small Carnivore Conservation 47: 38–41.