ကြာကြာ ဝါးမည့်သွား အရိုး ကြည့်ရှောင်

ဝီကီပီးဒီးယား မှ

ကြာကြာ ဝါးမည့်သွား အရိုး ကြည့်ရှောင် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

မိမိ၏သွား ကြာရှည်စွာ ဝါးနိုင်စေရန် အရိုးကို ဂရုတစိုက် ရှောင်ကြဉ်ရသကဲ့သို့ မိမိဘဝ ကြည်ရှည်စွာ ရပ်တည်နိုင်ရန် ထိခိုက်နစ်နာစေမည့် အမှုမှန်သမျှကို ဂရုတစိုက် ရှောင်ကြဉ်ရမည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "အထက်လူကြီးများ၏ ဩဝါဒ စည်းမျဉ်းများကို တစ်သဝေမတိမ်း လိုက်နာဆောင်ရွက်ကာ မိမိအလုပ်ကို ကြာကြာ ဝါးမည့်သွား အရိုး ကြည့်ရှောင်ဆိုသော စကားအရ အမှားအယွင်းမရှိအောင် သတိကြီးစွာဖြင့် လိုက်နာဆောင်ရွက်၍..." [၁၃၁၃] ယဉ်ကျေးမှု၊ ၁၊ ၆။ ၅၆။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၂၃