ကျီးကန်း သူကောင်းမြှောက် ချေးခြောက် ကောက်စား

ဝီကီပီးဒီးယား မှ

ကျီးကန်း သူကောင်းမြှောက် ချေးခြောက် ကောက်စား ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ကျီးကန်းသည် သူကောင်းအဖြစ် ချီးမြှင့်မြှောက်စား ခံရစေကာမူ ပင်ကိုသဘောကို မစွန့်နိုင်ဘဲ မစင်ခြောက်ကို ကောက်စားသကဲ့သို့ စိတ်ထားအောက်တန်းကျသူသည် ချီးမြှင့်မြှောက်စား ခံရစေကာမူ မိမိပင်ကိုသဘောကို မစွန့်လွှတ်နိုင်ဘဲ နိမ့်ကျသော အမှုမျိုးကို ပြုလုပ်သည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "မမြှောက်စားအပ်တဲ့သူကို မြှောက်စားတော့ ကျီးကန်း သူကောင်းမြှောက် ချေးခြောက် ကောက်စားဆိုတာမျိုး ဖြစ်တတ်တယ်။" [၁၃၁၅] ဆက်ဆံ။ ၁၇၈။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၁၉