ကျားရှေ့ မှောက်လျက် လဲ

ဝီကီပီးဒီးယား မှ

ကျားရှေ့ မှောက်လျက် လဲ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ကျားရှေ့ မှောက်လျက်လဲသကဲ့သို့ မိမိအား အန္တရာယ်ပြုမည့်သူ ရှေ့တွင် ပြောမှား၊ ပြုမှားသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "နယ်ချဲ့လှိုင်းလုံးကြီး၏ စွမ်းအားကို ခန့်မှန်းခြင်း မပြုနိုင်သောကြောင့် ကျားရှေ့ မှောက်လျက် လဲသူကဲ့သို့ ... သီပေါမင်းသည် ပါတော်မူရှာလေသည်။" [၁၃၃၆] သွေး၊ ၃၃၇၊ ၃၅။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၁၇