ကျားကြီး ခြေရာကြီး
ကျားကြီး ခြေရာကြီး ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်[ပြင်ဆင်ရန်]
ကျား၏အရွယ် ကြီးလာသည်နှင့်အမျှ ခြေရာကြီးလာသကဲ့သို့ ရာထူးဂုဏ်သိန် ကြီးလာသည်နှင့်အမျှ အကုန်အကျ ပိုမို များပြားလာသည်။
မူလရင်းမြစ်[ပြင်ဆင်ရန်]
- "အဝင်နှင့်အထွက် မမျှမတ ဖြစ်ကာ လခသုံးရာတုန်းကလည်း မလောက်၊ လေးရာရတော့လည်း မလောက်၊ ယခု ငါးရာရသည်အထိလည်းမလောက်၊ ကျားကြီးသလောက်ခြေရာကြီးခဲ့သည်။" [၁၃၁၁] မြဝတီ၊ ၁၈၊ ၃။ ၉၁။