ကော့ဒိုင်းရွာ၊ ဘားအံမြို့နယ်

ဝီကီပီးဒီးယား မှ

[[]]

ကော့ဒိုင်း
ရွာ
ကော့ဒိုင်းရွာ
နိုင်ငံ မြန်မာ
ပြည်နယ်ကရင်ပြည်နယ်
ခရိုင်ဘားအံခရိုင်
မြို့နယ်ဘားအံမြို့နယ်
ကျေးရွာအုပ်စုကော့သင်းရှူး(ထမ္မတိုင်)
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ကော့ဒိုင်းရွာ(အင်္ဂလိပ်: Kawtdaing)သည် ကရင်ပြည်နယ်ဘားအံခရိုင်ဘားအံမြို့နယ်ကော့သင်းရှူး(ထမ္မတိုင်)ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၈၉၅၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကော့သင်းရှူး(ထမ္မတိုင်)ကျေးရွာအုပ်စုတွင် အိမ်ခြေပေါင်း ၂၄၈ အိမ် ရှိကာ၊ လူဦးရေစုစုပေါင်း ၁၀၀၄ ဦး နေထိုင်သည်။ [၁] ကော့ဒိုင်းရွာ၏လမ်မကြီးအ ရှေ့ဘက်ခြမ်းသည် နောင်လုံအနောက်ကျေးရွာအုပ်တွင်ပါဝင်ပြီး လမ်းအနောက်ခြမ်းသည် ကော့သင်းရှူးကျေးရွာအုပ်စုတွင်ပါဝင်သည်။ အ ရှေ့ဘက်တွင်လှိုင်နားရွာ၊အရှေ့တောင်ဘက်တွင်ကော့မကယ်ရွာ၊အနောက်တောင်ဘက်တွင်ရပ်ဖိသောက်ရွာ၊မြောက်ဘက်တွင်ကော့သင်းရှူးရွာများနှင့်ရွာနီးချင်းထိစပ်နေသည်။ ကော့ဒိုင်းရွာကိုသုံးပိုင်းပိုင်းထားသည်။ တောင်ဘက်စွန်းကို ကော့ဒိုင်းရွာစွယ်၊အလယ်ပိုင်းကို ကုန်းကလေး၊မြောက်ဘက်ကို မြောက်ပိုင်းဟူ၍ပိုင်းထားသည်။ ရွာ၏အကျယ်အဝန်းသည် 1.62 km²(စတုရန်းကီလိုမီတာ)ခန့် ကျယ်ဝန်းသည်။

မြေမျက်နှာသွင်ပြင် တောင်ကုန်းတောင်တန်းနှင့်​မြေနိမ့် လွင်ပြင်များရှိသည်။ ကော့ဒိုင်းတောင်သည် ရွာ၏အနောက်ဘက်တွင်တည်ရှိပြီး မြောက်မှတောင်သို့သွယ်တန်းနေသည်။ အခြားသောတောင်များလည်း ကော့ဒိုင်းတောင်နှင့်ဆက်စပ်၍ သွယ်တန်းနေသည်။ ကော့ဒိုင်းတောင်သည် ပင်လယ်ရေမျက်နှာပြင်ထက် ၅၂၈ပေခန့်မြင့်သည်။ အမြင့်ဆုံးတောင်မှာလည်းကော့ဒိုင်းတောင်ပင်ဖြစ်သည်။ တောင်တန်းသည် မြောက်ဘက်တွင်မတ်စောက်ပြီး တောင်ဘက်တွင် ဆင်ခြေလျှောပြေပြစ်သည်။ မြေနိမ့်လွင်ပြင်ကိုရွာ၏အရှေ့ဘက်တွင်တွေ့ရသည်။ ရွာ၏လေးပုံသုံးပုံသည် မြေနိမ့်လွင်ပြင်များဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၂၂ပေ​ခန့် အထက်တွင်ရှိသည်။(google map). ရွာ၏မြောက်ဘက်ပိုင်းသည် တောင်ပိုင်းထက် ပိုမြင့်သည်။

ရေဆင်း မြစ်ချောင်းနည်းပါးသည်။ မူကိုချောင်းသည် ရွာ၏တောင်ဘက်တွင် ဆည်ရေအဖြစ်စီးဆင်းသည်။ မြစ်ချောင်းများသည်လည်း မြောက်မှတောင်သို့စီးဆင်းသည်။ ရွာ၏အနောက်ဘက်တွင်လည်း ရေသွင်းမြောင်းတစ်ခု ရှိသည်။ နွေရာသီတွင်ခန်းခြောက်သည်။ သို့သော်ရွာ၏အနောက်မြောက်ဘက်တွင် အင်းအိုင်တစ်ခုရှိ၍ တစ်နှစ်ပတ်လုံးရေရရှိမှုမှာ လုံလောက်ရုံရှိသည်။ ထုံးကျောက်တောင်များရှိ၍ ချောင်းပျောက်များ ပြတ်တောင်းချောင်းများရှိသည်။ မိုးရာသီ၌ လယ်ကွင်းပြင်များတွင် ရေများဖုံးလွှမ်းသည်။

ဒေသရှိကျောက်များသည် ထုံးကျောက်များဖြစ်သည်။ တွင်းထွက်ပစ္စည်းမထွက်ရှိပေ။

ရာသီဉတု ဉတုသုံးပါးစလုံး ရရှိသည်။၂၀၁၉ ခုနှစ်တွင် စံချိန်တင်အပူချိန်ဖြစ်ပေါ်ခဲ့သည်။ ရေတွင်းများခန်းခြောက်၍ စက်ရေတွင်းများ တူးဖော်ရသည်။ အပူပိုင်းဇုမ်အတွင်းကျရောက်သောဒေသဖြစ်ပြီး မုတ်သုံရပ်ဝန်းတွင်ပါဝင်သည်။ နွေဉတုတွင် အရှေ့တောင်မုတ်သုံလေတိုက်၍ ပူနွေးစိုစွတ်သည်။

သဘာဝပေါက်ပင်များအနေဖြင့် အပူပိုင်းမုတ်သုံတော၊နှင့် ရွက်ပြတ်ရောနှောတောများရှိသည်။အင်ပင်၊မြရာ၊ကညင်၊ပျဥ်းကတိုးနှင့်အခြားအသုံးဝင်သစ်​ပင်များပေါက်ရောက်သည်။ရွံ့နွံတောအနည်းငယ်လည်းရှိသည်။

မြေဆီလွှာအားဖြင့် နုန်းရောလယ်မြေ၊ဂဝံဆန်မြေနှင့် တောင်မြေများကိုတွေ့ရသည်။

အိမ်ခြေ (၁၀၀)ဝန်းကျင်ရှိသည်။ ရွာ၏ပုံစံမှာ ရွာတန်းရှည်ဖြစ်၏။ ကရင်လူမျိုးများနေထိုင်ကြသည်။ဗုဒ္ဓဘာသာကိုကိုးကွယ်ယုံကြည်ကြသည်။အခြားဘာသာဝင်အနေဖြင့် ခရစ်ယာန်ဘာသာဝင်(၁)ဦးသာရှိသည်။ရွာ၏အလယ်တည့်တည့်တွင်ဘုန်းတော်ကြီးကျောင်းရှိသည်။ လူဦးရေမှာ သန်းခေါင်စာရင်းအရ မသိရသေးပါ။

စီးပွားရေးအနေဖြင့် လယ်လုပ်ငန်းကိုသာအဓိကလုပ်ကိုင်ကြသည်။ရွာ၏တစ်ဝက်ခန့်သည် လယ်ကွင်းများဖြစ်ကြသည်။လယ်ကိုကုန်းလယ်နှင့်မိုးလယ် နှစ်မျိုးလုပ်ကိုင်ကြသည်။မိုးလယ်ကိုရေကျချိန်တွင် စိုက်ပျိုးကြသည်။မိုးနှောင်းတွင်စိုက်သဖြင့် စပါးများကြီးထွားချိန်တွင် ဆည်ရေ သောက်ရသည်။ အထွက်နှုန်းမှာ တစ်ဧကလျှင် စပါးတင်း(၈၀) ဝန်းကျင်ထွက်ရှိသည်။ အခြား အလုပ်အကိုင်များလည်းရှိသည်။စပါးမှလွဲ၍ အခြားထွက်ကုန်များမှာမရှိသလောက်ပင်ဖြစ်သည်။ မွေးမြူရေးတွင် ကြက်၊ဝက်၊ဘဲ၊ဆိတ်၊နွားများမွေးမြူသည်။ စီးပွားဖြစ်အဖြစ် ဆိတ်ကိုအဓိကရောင်းချသည်။ စက်မှုလုပ်ငန်းတွင် ဆန်စက်၊သစ်စက်၊ကြိတ်စက်များရှိသည်။ဆန်စက်မှလွဲ၍ ကျန်စက်များသည် ပုံမှန်မလည်ပတ်နိုင်ပေ။



ကိုးကား[ပြင်ဆင်ရန်]

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။