ကုသိုလ်ဖန် ဗိမာန်အသင့် ဘုံအသင့်

ဝီကီပီးဒီးယား မှ

ကုသိုလ်ဖန် ဗိမာန်အသင့် ဘုံအသင့် ဟူသည် မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ကုသိုလ်ကံ ဖန်တီးပေးသူအဖို့ ဘုံဗိမာန်အသင့် ဖြစ်နေသကဲ့သို့ ကံကောင်းသူအဖို့ အရာရာမှာ အဆင်သင့် ဖြစ်နေတတ်သည်ကို ဆိုလိုသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • စည်းစိမ်ကြီးပုံ များကလည်း တာဝတိံဘုံဖျားက ကုသိုလ်ရှင်နတ်သားတို့နှင့် မခြားမနား ဖြစ်နေသတဲ့။ ကုသိုလ်ဖန် ဗိမာန်အသင့် ဘုံအသင့် ဆိုတဲ့ စကားဟာ လွန်စွာမှန်တာပေါ့။ [၁၂၇၈] သာရီ၊ ဆ။ ၂၄။
  • ကုသိုလ်ဖန် ဗိမာန်အသင့် ဘုံအသင့် ဆိုတဲ့အတိုင်း ကုသိုလ်ရှင်တစ်ဦး ပုဂ္ဂိုလ်ထူး ဖြစ်တဲ့အတွက် ဖြစ်လေရာဘဝမှာ အစစအရာရာ သူတစ်ပါးတို့ထက် သာလွန်တာပေါ့။ [၁၂၈၈] ဒဂုန်၊ ၆၊ ၇၁။ ၄၃။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ- ၃