ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ

ဝီကီပီးဒီးယား မှ

ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ကုသိုလ်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့်လုပ်သော်လည်း လုပ်ပုံကိုင်ပုံ မလျော်ကန်လျှင် အကုသိုလ်များစွာ ဖြစ်ရသကဲ့သို့ ကောင်းစေလို၍ လုပ်သော်လည်း လုပ်ပုံကိုင်ပုံ မလျော်ကန်လျှင် အကျိုးထက် အပြစ်က များစွာ ပိုဖြစ်စေခြင်းကို ရည်ညွှန်းသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • စာစကားပြောရာ၌ ရန်ပွဲပမာဖြစ်နေပါလျင် "'ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ"' ဟူသကဲ့သို့ ဖြစ်တတ်ပေတယ်။ [၁၂၈၀-ခန့်]ထိလက်စွဲ၊ ဒု။ ၆။
  • ဒေါသတွေကလည်း တလူလူ လွှမ်းမိုး၍... "'ကုသိုလ်က တစ်ပဲ ငရဲတစ်ပိဿာ"'ဆိုတာလို ဖြစ်တတ်သည်ကိုလည်း သတိပြုရာသည်။ [၁၃၁၆]ဝိသာခါ။ ၁၀၂။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ- ၂