ကိုယ်ကကျူး ကိုယ့်ဒူးမယုံရ

ဝီကီပီးဒီးယား မှ

ကိုယ်ကကျူး ကိုယ့်ဒူးမယုံရ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

မိမိကိုယ်ကလွဲလျှင် မိမိကိုယ်ကို ထောက်တည်ထားသည့် မိမိဒူးကိုပင် မယုံကြည်ရသကဲ့သို့ မိမိမှတစ်ပါး အခြားမည်သူ့ကိုမျှ မယုံရဟု ဆိုလိုသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ကိုယ်ကကျုး ကိုယ့်ဒူးမျှ မယုံသာ ဆိုတဲ့ အတိုင်းပဲ ပြင်ပအဖော်မိတ်ဆွေဆိုတာ အကောင်းအဆိုး အမျိုးမျိုးရှိလေတော့ အရာရာမှာ မယုံကြည်ရပေဘူး။" [၁၂၅၉] ဒဂုန်၊ ၁၅၉။ ၂၈၂။
  • "ကိုယ်ကျူးလျှင် ကိုယ့်ဒူးကိုမျှ မယုံနှင့် ဆိုတဲ့စကားအတိုင်း ဘယ်အရာမှာမဆို အဖန်ဖန်အခါခါစဉ်းစားပြီး ယုံသင့်မှ ယုံကြရမယ်။" [၁၂၈၈] သူရ၊ ပ။ ၉၉။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၈