ကိုကာကိုလာ
Wikipedia မှ
ကိုကာကိုလာ (Coca-Cola) [ပြင်ဆင်ရန်]
ကိုကာကိုလာ အချိုရည်ကို အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့မှ ဆေးဝါးပညာရှင် ဒေါက်တာဂျွန် ပန်မ်ဘာတန်က ဖော်စပ်တီထွင်ခဲ့ပါသည်။ ၎င်းသည် ၁၈၈၆ ခုနှစ် မေလကဖြစ်ပြီး ကိုကာကိုလာဟူသော အမည်ကို သူ၏ စာရင်းကိုင်ဖြစ်သူ ဖရန့်ရော်ဘင်ဆင်က ပေးခဲ့ခြင်း ဖြစ်သည်။ ၎င်း ကိုကာကိုလာ လိုဂို အမှတ်တံဆိပ်သည် ယနေ့တိုင် အောင်မြင်ကျော်ကြားနေဆဲ ဖြစ်သည်။ ပထမဆုံးသော အဆိုပါအချိုရည်ကို ၁၈၈၆ ခုနှစ်၊ မေလ (၈) ရက်၌ အတ္တလန်တာမြို့ရှိ ဆေးဆိုင်မှ စတင် ရောင်းချခဲ့ပါသည်။ စတင် ထုတ်လုပ်စဉ်က ဂျွန်ပန်မ်ဘာတန်အတွက် အရှုံးပေါ်ခဲ့သည်ဟုဆိုသည်။ [၁]
ကိုးကား [ပြင်ဆင်ရန်]
- ↑ သိပ္ပံနှင့် နည်းပညာဂျာနယ်၊ အမှတ်(၁၅)၊ ၂၀၀၆-ခု၊ မတ်လ