ကားပြိုင်ခြင်း
၂၀၀၈ ဖော်မြူလာဝမ်း ကားပြိုင်ပွဲ တာထွက် |
|
| Highest governing body | Fédération Internationale de l'Automobile |
|---|---|
| ပထမတန်း ပြိုင်ပွဲ | ဧပြီလ ၂၈ရက်နေ့၊ ၁၈၈၇ခုနှစ် |
| Characteristics | |
| Categorization | အပြင်ဘက် အားကစား |
ကားပြိုင်ခြင်းသည် ကားများကို အသုံးပြု၍ ယှဉ်ပြိုင်ရသော ပြိုင်ပွဲဖြစ်သည်။ ၎င်းသည် ကမ္ဘာပေါ်တွင် တီဗီမှ ထုတ်လွှင့် ပြသမှု အများဆုံး အားကစားဖြစ်သည်။
ကားပြိုင်ခြင်း အစ [ပြင်ဆင်ရန်]
ကားပြိုင်ခြင်းသည် ဓာတ်ဆီသုံး အော်တိုမိုဘိုင်းကားများ ထုတ်လုပ်ပြီး မကြာမီ စတင်ခဲ့သည်။ ပထမဆုံးကားပြိုင်ပွဲကို ဧပြီလ ၂၈ရက်နေ့၊ ၁၈၈၇ခုနှစ်တွင် ပဲရစ် ပတ်ပလီကေးရှင်း စီအီးအိုမှ ဦးဆောင်ကျင်းပခဲ့သည်။ကားပြိုင်ပွဲသည် ၂ကီလိုမီတာ ရှိခဲ့ပြီး နယူးလီ တံတားမှ ဘိုလော့ဂ်နီ အထိဖြစ်သည်။ ၎င်းပွဲစဉ်ကို ဒီဒီယံ ဘောက်တန် ကုမ္ပဏီ မှ ဂျော့ချ် ဘောက်တန်က အနိုင်ရခဲ့သည်။ သို့သော် သူသည် ပြိုင်ပွဲတွင် ပါဝင်သော တစ်ယောက်တည်းသော ပြိုင်ပွဲဝင်ဖြစ်ခဲ့သဖြင့် ပြိုင်ပွဲဟုခေါ်ရန် ခက်ခဲသည်။
၁၉၅၀ မှ ယခုထိ [ပြင်ဆင်ရန်]
ဒုတိယ ကမ္ဘာစစ်အပြီးတွင် ကားပြိုင်ပွဲသည် ကားအလိုက် သီးသန့်ပြိုင်ပွဲများ အဖြစ် ခွဲထွက်သွားသည်။ ထို့နောက် ၁၉၅၃ ခုနှစ်မှ စ၍ Fédération Internationale de l'Automobile သည် ကမ္ဘာ့ကားမောင်း ချန်ပီယံရှစ် ပြိုင်ပွဲကို စတင်ကျင်းပခဲ့သည်။ နက်စကာ၏ ဂရမ်းနေရှင်နယ်တန်းကို ၁၉၅၀ပြည့်နှစ်မှ စတင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်များတွင် ကားများကို ပြိုင်ကားများ အသွင် အဖြစ် သီးသန့် ထုတ်လုပ်လာကြသည်။ အမေရိကန်ပြည်ထောင်စု အပြင်ဘက်တွင် ကျင်းပသော ပထမဆုံး နက်စကာ ပြိုင်ပွဲမှာ ကနေဒါတွင် ဇူလိုင်လ ၁ရက်နေ့၊ ၁၉၅၂ခုနှစ်က ကျင်းပခဲ့ပြီး ဘတ်ဒီ ရှူမန်းက မိုင်ဝက် အကွာအဝေးကို အပတ် ၂၀၀ ယှဉ်ပြိုင်ရသော ထို ပြိုင်ပွဲ၌ အနိုင်ရဗိုလ်စွဲခဲ့သည်။
မြင်းကောင်ရေ အားမြင့်သော ကားများနှင့် ပြိုင်ပွဲများမှာမူ ၁၉၅၀ပြည့်နှစ်များနှင့် ၁၉၆၀ပြည့်နှစ်များတွင် ဥရောပနှင့် အမေရိက တိုက်များတွင် ကျင်းပခဲ့သည်။ နောက်ဆုံး နက်စကာပြိုင်ပွဲမှာ မြောက်ကယ်ရိုလိုင်းနားရှိ ဖုံထူလမ်းပေါ်တွင် စက်တင်ဘာ ၃၀၊ ၁၉၇၀ခုနှစ်က ကျင်းပခဲ့သော ပြိုင်ပွဲဖြစ်သည်။ ၁၉၇၂ မှ ၂၀၀၃ ခုနှစ်အတွင်း နက်စကာ၏ ပြိုင်ပွဲများဖြစ်သော ဝင်စတန်စီးရီးများကို ရေးနိုး ဆေးလိပ် ကုမ္ပဏီ စပွန်ဆာပေးခဲ့သည်။ ရေးနိုး၏ ပါဝင်ပတ်သက်မှုမှ အပြောင်းအလဲသည် ၁၉၇၂ ခုနှစ် နက်စကာ၏ လက်ရှိခေတ်ကို စတင်စေခဲ့သည်။
ဥရောပတိုက်တွင် အက်ဖ်အိုင်အေသည် အေစီအို ဂျီတီပီ စည်းကမ်းများကို ယူသုံး၍ ခေတ်မှီကားများ ထည့်သွင်းပြုလုပ်စေခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် အိုင်အမ်အက်စ်အေ ဂျီတီပီစီးရီးများသည် နာမည်ကြီးခဲ့သည်။
လက်ရှိတွင် ကားမောင်းပြိုင်ပွဲများစွာ ရှိနေပြီး အထင်ရှားဆုံးမှာ ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲ ဖြစ်သည်။