ကားတင် သင်္ဘော

ဝီကီပီးဒီးယား မှ
ကားတင်သင်္ဘော ပေါ်သို့ ကားတင်နေပုံ

ကားတင်သင်္ဘောကို အင်္ဂလိပ်ဘာသာဖြင့် ရိုးအွန် ရိုးအော့ဖ် သို့မဟုတ် ကား ကယ်ရီယာ ဟု ခေါ်လေ့ရှိကြပြီး ဘီးပါသော ကုန်ပစ္စည်းများကို တင်ဆောင်ရန် ရည်ရွယ် ဆောက်လုပ်ထားသော သင်္ဘော ဖြစ်သည်။ မော်တော်ကား၊ ထရပ်ကား၊ နောက်တွဲပါ ထရပ်ကား၊ နောက်တွဲများ၊ သံလမ်းပြေးကား များစသည့် ယာဉ်တွင် ပါသည့် ဘီးကို အသုံးပြု၍ သင်္ဘောပေါ်သို့ အတင်အချ ပြုလုပ်နိုင်သော ယာဉ်များကို သယ်ဆောင်လေ့ ရှိသည်။ ထို့အတွက်ကြောင့် လှိမ့်တင် လှိမ့်ချ (Roll-on/roll-off ) ဟု ခေါ်ကြပြီး မတင် မချ (lift-on/lift-off) စသည့် ကရိန်းကို သုံး၍ ကုန်ပစ္စည်းကို မတင်မချ လုပ်ရသော သင်္ဘော အမျိုးအစားများနှင့် ကွဲပြားသည်။

ကားတင်သင်္ဘောများတွင် ကားများကို မောင်းတင် မောင်းချ ပြုလုပ်နိုင်ရန် အတင်အချ ပြုလုပ်နိုင်သော တံတား ပါလေ့ ရှိသည်။ ကားမောင်းထွက်နိုင်သော တံတားများမှာ ပဲ့ပိုင်းတွင် သို့မဟုတ် ဦးပိုင်းနှင့် ပဲ့ပိုင်း နှစ်ခုစလုံးတွင် ပါလေ့ ရှိသည်။

အမျိုးအစားများ[ပြင်ဆင်ရန်]

ကမ္ဘာပေါ်တွင် အကြီးဆုံး ကားတင်သင်္ဘော ယူလီဆီး
ဩစတြေးလျရှိ ကားအတင်အချ ပြုလုပ်ရာ ဆိပ်ကမ်း