ကလိုဗါပင်

ဝီကီပီးဒီးယား မှ

ကလိုဗာပင်
မျိုးရိုးခွဲခြားခြင်း
လောက:
(unranked):
(unranked):
(unranked):
မျိုးစဉ်:
မျိုးရင်း:
မျိုးရင်းသေး:
မျိုးဇာတ်:
မျိုးစု:
Trifolium

Subgenera and Sections[၁]

subg. Chronosemium
subg. Trifolium

sect. Glycyrrhizum
sect. Involucrarium
sect. Lupinaster
sect. Paramesus
sect. Trichocephalum
sect. Trifoliastrum
sect. Trifolium
sect. Vesicastrum
Synonyms

Amoria C. Presl[၂]
Bobrovia A. P. Khokhr.[၂]
Chrysaspis Desv.[၂]
Lupinaster Fabr.[၂]
Ursia Vassilcz.[၂]
Xerosphaera Soják[၂]

ကလိုဗါပဲပင်သည် ပဲလုံးမျိုးရင်းတွင် ပါဝင်၍ အယ်လဖားဖားကဲ့သို့ ကျွဲနွားစာအတွက်နှင့် လယ်ခင်းများ မြေဩဇာ ထက်သန်လာစေရန်အတွက် စိုက်ပျိုးကြသည်။ ကလိုဗါပဲပင် မျိုးစိတ်ပေါင်း ၄ဝဝ ကျော်မျှရှိ၍ ဥရောပတိုက် နှင့် မြောက်အမေရိကတိုက် သမပိုင်းဒေသများတွင် ကောင်းစွာ ဖြစ်ထွန်းကြသည်။ ကလိုဗါပဲပင်တို့၏ အရွက်တွင် ရွက်မြွှာသုံးရွက်စီပါရှိ၍ ထိုအပင်များမှ အနီပွင့် အဖြူပွင့်နှင့် ကြက်သွေးရောင် အဝါရောင်အပွင့်များ ပွင့်ကြသည်။ ရွက်မြွှာလေးရွက်ပါဝင်သည့် ကလိုဗာကို ကံကောင်းသည့်အဆောင်အဖြစ် အနောက်တိုင်းတွင် ယူဆကြသည်။ ကလိုဗါပဲပင်အစစ်နှင့်အလွန်နီးစပ်ဆင်တူသည့် ကလိုဗါ အချိုပင်များကို ယခင်က ပျားမွေးမြူတို့သာ စိုက်ပျိုးကြသည်။ ထိုအပင်များဖြင့် ပျားမွေးမြူသောအခါ အကောင်းစား ပျား ရည်ကို ရရှိနိုင်၏၊ ယခုအခါ တောင်သူလယ်သမား များလည်း ဤအပင်မျိုးကို အသုံးပြုလာကြပြီ။

ကလိုဗါပဲပင်များကို စိုက်ပျိုးပြီးလျှင် ကျွဲနွားစာအတွက် ပင်စည်များကို ပထမအကြိမ် ရိတ်သိမ်းကြသည်။ နောက်တစ်ကြိမ် အစေ့များအတွက် ရိတ်သိမ်းရပြန်သည်။ ဤအပင်များနှင့် သင့် တော်သည့်ရာသီဥတု ကြာရှည်ခဲ့သော် ထပ်မံ မစိုက်ပျိုးရဘဲ အကြိမ်ကြိမ် ရိတ်သိမ်းနိုင်သည်။

အယ်လဖားဖားပင်ကဲ့သို့ ကလိုဗါပဲပင်၏ အမြစ်များသည်လည်း ရှည်လျားကြသဖြင့် မြေဆီအောက်ခံလွှာတွင်ရှိသော အပင်အာဟာရဓာတ်ကို ထုတ်ယူသုံးစွဲနိုင်သည်။ ထို့ပြင် အပင်၏ အမြစ်များတွင်ရှိသော အဖုငယ်တို့၌ လေထဲမှ နိုက်ထရိုဂျင်ဓာတ်ကို စုတ်ယူ၍ အပင်အာဟာရဓာတ်အဖြစ် ပြောင်းပေးသည့် ဗက်တီးရီးယားများ နေထိုင်ကြသည်။

ယင်းသို့ဖြင့် ကလိုဗါပဲပင်များ စိုက်ပျိုးထားသည့် လယ်ခင်းများတွင် နိုက်ထရိုဂျင်ဓာတ် ပြည့်လာသည်။ အရင်နှစ်က ကလိုဗါပဲပင်များ စိုက်ပျိုးခဲ့သည့် လယ်ခင်းတွင် ပြောင်းဖူးပင်များကို တစ်လှည့်စိုက်ပျိုးကြည့်ရာ ပြောင်းဖူးပင်များမှာ သန်စွမ်း၍ ပြောင်းဖူး အထွက်ကောင်းလာကြောင်းကို တွေ့ရှိရခြင်းဖြင့်၊ မြေဩဇာပြုပြင်ရေးတွင် ဤပဲပင်မျိုးသည် များစွာ အရေးပါကြောင်း ထင်ရှားပေသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Species Nomenclature in GRIN။ 14 October 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-08-04 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ Genus Nomenclature in GRIN။ 2010-07-09 တွင် ပြန်စစ်ပြီး။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)