ကလာပ်စည်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Merge arrows ဤ အကြောင်းအရာကို (သို့မဟုတ်) ဤစာမျက်နှာ၏ တစိတ်တပိုင်းကို ဆဲလ် နှင့် ပေါင်းစပ်ရန် အကြံ ပြုထားပါသည်။ (ဆွေးနွေးရန်)
Micrographia အမည်ရှိစာအုပ်တွင် ဖော်ပြထားသည့် အဏုကြည့်မှန်ပြောင်း အောက်မှ ဖော့ကလာပ်စည်း ဖွဲ့စည်းပုံ။ ယင်းစာအုပ်တွင် သက်ရှိများ၏ အသေးငယ်ဆုံး အပိုင်းကို ဖော်ပြသည့် အင်္ဂလိပ်ဝေါဟာရ cell အား ပထမဦးဆုံး အကြိမ် အသုံးပြုထားသည်။
အရေပြားမှ Epithelial ကလာပ်စည်း

ကလာပ်စည်း (ဆဲလ် Cell) ဆိုသည်မှာ သက်ရှိများ ဖွဲ့စည်းရာတွင် အခြေခံအကျဆုံးနှင့် အသေးဆုံး ယူနစ်တစ်ခုဖြစ်သည်။ [၁] ဗက်တီးရီးယားကဲ့သို့သော သက်ရှိများသည် ကလာပ်စည်း တစ်ခုတည်းသာရှိသည့် သက်ရှိများ ဖြစ်ကြပြီး လူသားကဲ့သို့သော အခြား သက်ရှိများမှာ ဗဟုကလာပ်စည်း သက်ရှိများ ဖြစ်ကြသည်။ (လူသားများတွင် သာမာန်အားဖြင့် ကလာပ်စည်းပေါင်း ၁၀၀ ထရီလီယံ သို့ ၁၀၁၄ ခန့်ပါရှိသည်။ ပုံမှန် ကလာပ်စည်း တစ်ခု၏ အရွယ်အစားမှာ ၁၀ µm ရှိပြီး ၁ ng ခန့် လေးသည်။) အကြီးဆုံး ကလာပ်စည်းမှာ မဖောက်ရသေးသည့် ငှက်ကုလားအုတ်ဥ ဖြစ်သည်။ [၂]

နောက်ဆုံး ဆဲလ်သီအိုရီ မပေါ်ပေါက် သေးမှီကာလ ၁၈၃၅ ခုနှစ်တွင် ချက်ပညာရှင် Jan Evangelista Purkyně က အဏုကြည့်မှန်ပြောင်းဖြင့် အပင်တစ်ရှူးများအား ကြည့်ရှုရာတွင် အဆံသေးလေးများကို တွေ့ရှိခဲ့သည်။ ၁၈၃၉ ခုနှစ်တွင် ဆဲလ်သီအိုရီကို သိပ္ပံပညာရှင် Matthias Jakob Schleiden နှင့် Theodor Schwann တို့က ထုတ်ပြန်ခဲ့သည်။ ယင်းသီအိုရီတွင် သက်ရှိအားလုံးသည် ဆဲလ် တခု သို့ တခုထက်မနည်းဖြင့် ဖွဲ့စည်းထားသည်။ ဆဲလ်အားလုံးသည် မူလတည်ရှိသည့် ဆဲလ်များမှ ခွဲထွက်လာသည်။ ဆဲလ်အားလုံးတွင် မျိုးဗီဇများပါဝင်သည်ဟု ဖော်ပြထားသည်။[၃]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Cell Movements and the Shaping of the Vertebrate Body in Chapter 21 of Molecular Biology of the Cell fourth edition, edited by Bruce Alberts (2002) published by Garland Science.
    The Alberts text discusses how the "cellular building blocks" move to shape developing embryos. It is also common to describe small molecules such as amino acids as "molecular building blocks".
  2. Campbell, Neil A.; Brad Williamson; Robin J. Heyden (2006). Biology: Exploring Life. Boston, Massachusetts: Pearson Prentice Hall. ISBN 0-13-250882-6. 
  3. Maton, Anthea; Hopkins, Jean Johnson, Susan LaHart, David Quon Warner, Maryanna Wright, Jill D (1997). Cells Building Blocks of Life. New Jersey: Prentice Hall. ISBN 0-13-423476-6.