ကရေးဆီးတိုက်ပွဲ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကရေးဆီးတိုက်ပွဲ[ပြင်​ဆင်​ရန်​]

ကရေဆီးတိုက်ပွဲသည် ပြင်သစ်နှင့် အင်္ဂလိပ်တို့ ဖြစ်ပွားကြသည့် နှစ်တစ်ရာစစ်ပွဲမှ တိုက်ပွဲတစ်ပွဲ ဖြစ်၍၊ ၁၃၄၆ ခု ဩဂုတ်လ ၂၆ ရက်နေ့တွင် ပြင်သစ်နိုင်ငံ အရှေ့မြောက်ဘက် မေးမြစ်ကမ်းပေါ်ရှိ ထိုစဉ်က ကရေဆီးရွာ ကလေးအနီးတွင် ဖြစ်ပွားခဲ့၏။ ယခုအခါတွင်မူ ထိုရွာကလေး မှာ မြို့ကလေးတစ်မြို့ ဖြစ်နေပြီးလှျင်၊ ကရေဆီးတိုက်ပွဲကြောင့် ထင်ရှားလေသည်။

ထိုတိုက်ပွဲမှာ အင်္ဂလန်ပြည့်ရှင် တတိယ အက်ဒွပ်ဘုရင်နှင့် ပြင်သစ်ပြည့်ရှင် ဆဌမဖိလစ်ဘုရင်တို့ လက်ထက်တွင် ဖြစ်ပွား သော စစ်ပွဲဖြစ်သည်။ အက်ဒွပ်ဘုရင်သည် မိမိ၏တပ်များကို နော်မန်ဒီနယ်မှဖြတ်၍ ချီတက်စေပြီးလှျင်၊ ဩဂုတ်လ ၂၅ ရက် နေ့တွင် ကရေဆီးအနီး နေရာကောင်းတစ်ခုတွင် တပ်ချနေလေ သည်။ အင်္ဂလိပ်စစ်တပ်များ ချီတက်လာကြောင်း သိရသော ပြင်သစ်တပ်များသည် အင်္ဂလိပ်များကို တိုက်ခိုက်ရန် အမှီလိုက် လာကြသည်။ အက်ဒွပ်ဘုရင်သည် ပြင်သစ်တို့ လိုက်လာ ကြောင်း သိသဖြင့် ခုခံတိုက်ခိုက်ရန် အသင့်ပြင်ဆင်ထားသည်။

ဩဂုတ်လ ၂၆ ရက်နေ့ နံနက်စောစောတွင် အင်္ဂလိပ်တို့ရှိရာ ဒေသဖက်သို့ ပြင်သစ်တို့ ရောက်ရှိလာသောအခါ၊ ပြင်သစ် တို့၏ တပ်များမှာ ဖရိုဖရဲဖြစ်နေ၏။ သို့သော် ဖိလစ်မှာ မိမိ ၏ သူကောင်းများ တိုက်တွန်းချက်ကြောင့်၊ တပ်ကို ကောင်းစွာ နားခွင့်မပေးဘဲ အင်္ဂလိပ်တို့ကို စတင် တိုက်ခိုက် လေသည်။ ပြင်သစ်တို့၏အင်အားမှာ အင်္ဂလိပ်တို့၏ အင်အားထက် သုံးလေးဆမက သာသော်လည်း၊ တပ်များမှာ စည်းကမ်းသေဝပ် ခြင်း အမိန့်ရိုသေကျိုးနွံခြင်းများ မရှိပေ။ ထို့ပြင် ဆိုခဲ့သည့် အတိုင်း အင်္ဂလိပ်တို့မှာ တောင်ကုန်းဆင်ခြေလှျောပေါ်မှ နေရာ ကောင်းရထား၍ ကြိုတင်ပြင်ဆင်ထားမှုလည်းရှိ၏။ အင်္ဂလိပ် တို့ဖက်မှ စစ်ကြောင်း သုံးကြောင်း ခွဲထားရာ၊ အက်ဒွပ်ဘုရင် ကိုယ်တိုင်တစ်ကြောင်းကို ကွက်ကဲ၍၊ တစ်ကြောင်းကို အသက် ၁၆ နှစ်မှျသာ ရှိသေးသော သားတော်အိမ်ရှေ့ဥပရာဇာ ဗလက် ပရင့်က အုပ်ချုပ်လေသည်။ ကျန်တစ်ကြောင်းကိုမူ မှူးမတ် များက အုပ်ချုပ်သည်။

ထိုစစ်ပွဲတွင် လေးမြားများဖြင့် စတင်တိုက်ခိုက်ကြရာ အင်္ဂလိပ်တို့ဖက်က မြားရေးသာလေသည်။ ထိုကြောင့် နောက် ဘက်မှ ပြင်သစ်မြင်းတပ် သူရဲကောင်းတို့မှာ အင်္ဂလိပ်တို့ကို လူချင်းယှဉ်တိုက်နိုင်ရန် ရှေ့သို့ အတင်းတိုးတွက်ရာ၊ ကိုယ်တပ် ကို ကိုယ်ပြန်နင်းမိ၍ ပြင်သစ်တပ်သားများစွာ ဆုံးရှုံးရလေ သည်။ ယင်းသို့ ပြင်သစ်ခြေလျင်တပ်နှင့်မြင်းတပ်တို့ ရုန်းရင်း ဆန်ခတ် ဖြစ်နေစဉ်၊ အင်္ဂလိပ်တို့ဖက်မှ ချက်ကောင်း ယူ၍ မြားပေါင်းများစွာဖြင့် ဒရစပ် ပစ်ခတ်သဖြင့် ပြင်သစ်တို့ အတုံး အရုံး ကျဆုံးလေသည်။

ထိုတိုက်ပွဲမှာ တစ်ဖက်နှင့်တစ်ဖက် သဲသဲမဲမဲ တိုက်ခိုက်ကြ ရာ များစွာပြင်းထန်လှသည်။ ဗလက်ပရင့် မင်းသားကား ထို တိုက်ပွဲတွင် ထူးခွျန်စွာ တိုက်ခိုက်အောင်မြင်ခဲ့၏။ တိုက်ပွဲမှာ ထိုနေ့ ညဖက်တွင်ပြီးဆုံးရာ ပြင်သစ်တို့ဖက်မှ တပ်လုံး ပြုတ်မှျ ကျဆုံးလေသည်။ ထိုအထဲတွင် ပြင်သစ်ဘုရင်၏ မဟာမိတ် ဘုရင်များ၊ မင်းညီမင်းသား အများအပြားပင် ကျဆုံးသည်။ အင်္ဂလိပ်တို့ဘက်မှ အကျအဆုံးကား နည်းပါးလှ၏။ ကရေဆီး တိုက်ပွဲမှာ နှစ်တစ်ရာစစ်ပွဲ၌ အင်္ဂလိပ်တို့က ပြင်သစ်တို့အပေါ် ကုန်းဖက်တွင် ပထမဆုံး အောင်မြင် လိုက်သော တိုက်ပွဲဖြစ်၍ နိုင်ငံသမိုင်းတွင် ထင်ရှားခဲ့လေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)