ကမ္ဘာ့ဒုက္ခသည်များနေ့

ဝီကီပီးဒီးယား မှ

ကမ္ဘာ့ဒုက္ခသည်များနေ့ သည် နှစ်စဉ် ဇွန်လ ၂၀ ရက်နေ့တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာနေ့တစ်နေ့ဖြစ်ကာ ကမ္ဘာအနှံ့ရှိ ဒုက္ခသည်များ၏ အခြေအနေကို ပိုမိုသိရှိလာစေရန် ရည်ရွယ်သည်။

ဖိုင်:EnglishWRD.png
ကမ္ဘာ့ဒုက္ခသည်များနေ့ပိုစတာ

သမိုင်း[ပြင်ဆင်ရန်]

၂၀၀၀၊ ဒီဇင်ဘာ ၄ ရက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက် ၅၅/၇၆ က ၂၀၀၁ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ကို ကမ္ဘာ့ဒုက္ခသည်များနေ့အဖြစ် ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ ဤဆုံးဖြတ်ချက်တွင် အထွေထွေညီလာခံက ၂၀၀၁ သည် ၁၉၅၁ ခုနှစ် ဒုက္ခသည်များ၏ အခြေအနေနှင့် ပတ်သက်သော ၅၀ နှစ်မြောက် ကွန်ဗင်းရှင်း အထိမ်းအမှတ်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။[၁] ဒုက္ခသည်များအားလုံးကို အသိအမှတ်ပြုခြင်း၊ အသိပညာပေးခြင်းနှင့် အကူအညီတောင်းခံခြင်းကို ဂုဏ်ပြုရန်အတွက် ဖြစ်သည်။ [၂]

၂၀၀၀ ပြည့်နှစ်မတိုင်မီက အာဖရိကဒုက္ခသည်များနေ့ကို နိုင်ငံအတော်များများတွင် တရားဝင်ကျင်းပခဲ့သည်။ ကုလသမဂ္ဂက မှတ်ချက်ပြုရာတွင် အာဖရိကသမဂ္ဂ (OAU) မှအပြည်ပြည်ဆိုင်ရာဒုက္ခသည်များနေ့သည် အာဖရိကဒုက္ခသည်နေ့နှင့် ဇွန်လ ၂၀ ရက်နေ့တွင် တိုက်ဆိုင်ရန်သဘောတူခဲ့သည်။[၃]

ရိုမန်ကက်သလစ်ဘုရားရှိခိုးကျောင်းတွင် ကမ္ဘာ့ရွှေ့ပြောင်းအလုပ်သမားများနှင့်ဒုက္ခသည်များနေ့ကို ၁၉၁၄ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီးပီးယပ်စ် ကစတင်တည်ထောင်ခဲ့ပြီး နှစ်စဉ်ဇန်နဝါရီလတွင်ကျင်းပခဲ့သည်။

အာရုံစိုက်ပေးရန် လိုအပ်သော လူပုဂ္ဂိုလ်များအရေအတွက် နှစ်စဉ်တိုးတက်လာပုံပြ ဇယား

အထိမ်းအမှတ်များ[ပြင်ဆင်ရန်]

ကုလသမဂ္ဂတွင် နှစ်စဉ် ဇွန်လ ၂၀ ရက်နေ့၌ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) နှင့် ကမ္ဘာတစ်ဝန်းရှိ မရေမတွက်နိုင်သော လူထုအုပ်စုများက ကမ္ဘာ့ဒုက္ခသည်များနေ့ကို ကျင်းပခဲ့ကြပြီး စစ်ပွဲများ၊ ပဋိပက္ခများနှင့် နှိပ်စက်ညှဉ်းပန်းမှုများကြောင့် နေအိမ်မှ ထွက်ပြေးတိမ်းရှောင်နေကြရသော ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသော ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအိုးအိမ်မဲ့လူပုဂ္ဂိုလ်များအပေါ် အများပြည်သူက အာရုံပြုလာစေရန် ရည်ရွယ်သည်။

နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အစိုးရအရာရှိများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လုပ်သားများ၊ ကျော်ကြားသူများ၊ အရပ်သားများနှင့် အတင်းအဓမ္မအိုးအိမ်စွန့်ခွာထွက်ပြေးရသည့် နိုင်ငံပေါင်း ၁၀၀ ကျော်မှ အဖြစ်အပျက်များစွာဖြင့် မှတ်သားထားသည်။

UNHCR မှ ကမ္ဘာ့ဒုက္ခသည်များနေ့၌ သတင်းစကားများကို ထုတ်ပြန်သည်။

UNHCR မှ ကမ္ဘာ့ဒုက္ခသည်နေ့ လှုပ်ရှားမှုတစ်ခုစီအတွက် ခေါင်းစဉ်တစ်ခု သတ်မှတ်သည်။ [၂]

တစ်ဦးချင်းစီနှင့်လူမှုအသိုင်းအဝိုင်းကို ဒေသတွင်းရှိ ကမ္ဘာ့ဒုက္ခသည်များနေ့အခမ်းအနားသို့ တက်ရောက်ခြင်း၊ ကမ္ဘာ့ဒုက္ခသည်များနေ့ဗီဒီယိုများ ကြည့်ရှုခြင်းနှင့် မျှဝေခြင်းနှင့် လူမှုမီဒီယာများမှ ဒုက္ခသည်များအား အသိပညာပေးခြင်းများအားဖြင့် ထိုနေ့ရက်ကို မှတ်သားရန် တိုက်တွန်းထားသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. 2008-09-04 တွင် စစ်ဆေးပြီး။
  2. ၂.၀ ၂.၁ World Refugee Day 2019 – History, Themes and Quotes။ The earthreminder။ 20 June 2019 တွင် ပြန်စစ်ပြီး။
  3. ကုလသမဂ္ဂ General Assembly အစည်းအဝေးများ 55 Resolution 76. A/RES/55/76 4 December 2000. 2008-09-04 တွင် စစ်ဆေးပြီး။

ပြင်ပလင့်များ[ပြင်ဆင်ရန်]