ကဇော်ပေါက်ခြင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကဇော်ပေါက်ခြင်း[ပြင်​ဆင်​ရန်​]

သကြားမှ အယ်လဟိုဟော(အရက်) ဖြစ် လာခြင်း၊ အယ်လကိုဟောမှ တဖန် ရှရကာရည် (ပုန်းရည်) ဖြစ် လာခြင်း၊ သစ်သီးများ အမှည့်လွန်၍ ပုပ်သိုးသွားခြင်း၊ ပေါင်မုံ့ များ ပွလာခြင်း၊ နွားနို့ ချဉ်သွားခြင်းစသော အဖြစ် ပြောင်းလဲ ခြင်းမျိုးကို ကဇော်ပေါက်ခြင်းဟု ခေါ်၏။ စပျစ်သီး၊ ပန်းသီး စသော အသီးများမှရသော သကြား၊ ကောက်နှံများ မှရသော သကြားများထဲ့သို့ တဆေးထည့်လိုက်သောအခါ ကဇော် ပေါက် လာ၍ အယ်လကိုဟောနှင့် ကာဗွန်ဒိုင်အောက်ဆိုက် တို့ကိုရ၏။

သို့သော် တဆေးကြောင့် တိုက်ရိုက် အားဖြင့် ဤသို့ပြောင်း၍ အယ်လကိုဟော ဖြစ်လာသည်မဟုတ်။ တဆေးမှ ဖြစ်ပေါ်လာ သော အင်ဇိုင်းကြောင့် သကြားနှင့်တကွ အခြားပစ္စည်းများသည် မူလအခြေမှ ပျက်ပြားကာ ပစ္စည်းသစ်အဖြစ်သို့ ပြောင်းလဲသွား ရသည်။ တဆေးမှာ စေး၍ အမြှုပ်တက်နေသော ပစ္စည်းဖြစ် ၏။ အရောင်မှာ အနည်းငယ်ဝါ၍ ဗက်တီးရီးယားများ ပါဝင် ၏။ တဆေးကို အရက်ချက်ရာ၊ ကဇော်ဖေါက်ရာ၊ အချဉ် ဖေါက်ရာတို့၌ များစွာ အသုံးပြုကြ ရလေသည်။

နွားနို့ချဉ်၊ ထောပတ်၊ ဒိန်ခဲ စသော ပစ္စည်းများဖြစ်လာခြင်း ၏ အကြောင်းရင်းမှာလည်း အပင်လောကဆိုင်ရာ ပစ္စည်းများ တွင် အရင်းခံသော ဗက်တီးရီးယားမျိုးအချို့မှ ဖြစ်ပေါ်လာသည့် အင်ဇိုင်းက နွားနို့ကို အခြေပြောင်းလဲသွားစေခြင်းပင် ဖြစ် သည်။ ထိုကြောင့် ကဇော်ပေါက်ခြင်းသည် အင်ဇိုင်းများက တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ပစ္စည်းများကို မူလ အခြေမှ ပျက်ပြားစေပြီးလျှင် ကဇော်ပေါက်၍ ပစ္စည်းသစ် အဖြစ်သို့ ပြောင်းလဲစေခြင်းပင် ဖြစ်၏။ လူခန္ဓာကိုယ်တွင်း၌ လည်း ဓါတ်သဘာဝအားဖြင့် အင်ဇိုင်းများ ဖြစ်လာ၍ ထို အင်ဇိုင်းများသည် လူတို့ စားလိုက်သော အစားအစာများကို ကြေညက်စေသည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)