‌ခြောက်လှန့်မျက်နှာဖုံး

ဝီကီပီးဒီးယား မှ
The Haunted Mask
စာရေးသူR. L. Stine
နိုင်ငံအမေရိကန်
ဘာသာစကားအင်္ဂလိပ်
အမျိုးအစားထိတ်လန့်သည်းဖို စိတ်ကူးယဉ် ဝတ္ထု၊ ကလေးစာပေ
ထုတ်ဝေခြင်းစက်တင်ဘာ ၁၉၉၃ Scholastic Corporation
ISBN0-590-49446-5

ခြောက်လှန့်မျက်နှာဖုံး (အင်္ဂလိပ်: The Haunted Mask) သည် ရောဘတ် လော့ရင် စတင်း(R. L. Stine) ရေးသား ဖန်တီးသော ကလေးခြောက်လှန့်စိတ်ယူးယဉ် ဝတ္ထုတို(novella)၊ ဂူးစဘန်း (Goosebumps) တိုက် ၏ ၁၁ ‌အုပ်မြောက် စာအုပ်ဖြစ်သည်။ စာအုပ်ကို ကားလီဘက်(Carly Beth) ဆိုသော ကောင်မလေးတယောက် စတိုးဆိုင် တစ်ဆိုင်မှ ဟောလိုးဝင်း မျက်နှာဖုံး ဝယ်ယူသည်မှ စတင်ထားသည်။ မျက်နှာဖုံးကို တပ်လိုက်ပြီးနောက်၊ ထူးထူးဆန်းဆန်း စတင် ပြုမူကာ၊ မျက်နှာဖုံးသည် သူ၏ မျက်နှာ ဖြစ်လာသည်ကို တွေ့ရှိသွားသည်၊ မျက်နှာဖုံးကို ချွတ်ပစ် မရချေ။ စတင်းက သူသည် ထိုစာအုပ်အတွက် အိုင်ဒီယာကို မျက်နှာဖုံး တပ်ပြီးနောက် ချွတ်မရ ဖြစ်နေသော သူ့သားကို ကြည့်ပြီး ရရှိလာသည်ဟု ဆိုသည်။

ခြောက်လှန့်မျက်နှာ‌ဖုံးကို USA Today နှင့် Publishers Weekly ၏ အရောင်းရဆုံး စာရင်းတွင် ထည့်ဖော်ပြရပြီး၊ စာဖတ်ရန် အင်တင်တင် ဖြစ်နေသူများနှင့် ဟောလိုးဝင်း ဇာတ်လမ်းကို ညလုံးပေါက် ဖတ်သူများအတွက် အကောင်းဆုံးဟု ညွှန်းကြသည်။ ၁၉၉၀ ပြည့်လွန်နှစ်လယ်တွင်(in the mid-1990s)၊ စာအုပ်ကို ရုပ်သံ ပြန်လည် ရိုက်ကူးပြီး ၁၉၉၆ မတ် ၁၂ တွင် VHS ဖြင့် ထုတ်လွှင့်သည်။ ခြောက်လှန့်မျက်နှာဖုံး သုံးတွဲ ရှိသည်၊ ခြောက်လှန့်မျက်နှာဖုံး(၂) (The Haunted Mask 2)ခြောက်လှန့်မျက်နှာဖုံး၏အော်သံ (The Scream of the Haunted Mask) နှင့် သီးခြားဇာတ်လမ်း ဖြစ်သည့် အလိုရှိသည်၊ ခြောက်လှန့်မျက်နှာဖုံး (Wanted: The Haunted Mask) တို့ ဖြစ်သည်။

နောက်ခံ[ပြင်ဆင်ရန်]

ခြောက်လှန့်မျက်နှာဖုံးကို ရောဘတ် လောရင့် စတင်း (Robert Lawrence Stine) က ရေးသားပြီး မူလက တင် ဂျာကိုဘတ် (Tim Jacobus) သရုပ်ဖော်သည်။ စာရေးဆရာက ပြောသည်မှာ ဟောလိုးဝင်းမျက်နှာဖုံးကို တပ်ပြီးနောက် ပြန်ချွတ်ရန် ဒုက္ခရောက်သော သူ့သား မက်သယူး စတင်း (Matthew Stine) ကို တွေ့ပြီး စာအုပ်အတွက် စိတ်ကူး ရလာသည်ဟူ၍ ဖြစ်သည်။[၁] စတင်းက စာအုပ်ထဲတွင် သူ့မိဘများ သူ့အတွက် လှည့်စားရန် လုပ်ပေးသော ဘဲဝတ်စုံ(Duck constume)ကိုလည်း ထည့်ဖြည့်ထားသည်ဟု ဆိုသည်။[၂] တင် ဂျာကိုဘတ်၏ သမီးမှာ စာအုပ်မျက်နှာဖုံးအတွက် မော်ဒယ် ဖြစ်သည်။[၃]

စာအုပ်ကို စက်တင်ဘာ ၁၉၉၃ တွင် စကော်လစတစ် (Scholastic) က ပထမဆုံး ထုတ်ဝေပြီး၊ ၂၀၀၃ နှင့်[၄] ၁ စက်တင်ဘာ ၂၀၀၈ တွင် ပြန်ရိုက်ထုတ်သည်။[၅]

ဇာတ်လမ်း[ပြင်ဆင်ရန်]

ကားလီဘက် ကဲဒဝဲသည် နုံအ၊ ရှက်ကြောက် ပြီး ယုံလွယ်သော ၁၁ နှစ်သား ကောင်မလေး ဖြစ်ကာ အရာရာကို လွန်စွာ ကြောက်တတ်သည်။ သို့ဖြစ်၍၊ သူမသည် မည်သည့် စနောက်ဒုက္ခပေးမှုမျိုး မဆို ပုံသေပစ်မှတ် ဖြစ်နေပြီး၊ သစ်ကြားတောရိပ်သာအလယ်တန်းကျောင်း (Walnut Avenue Middle School) တွင် စတိ ဘော့စဝဲ (Steve Boswell) နှင့် ချပ် ဂရင်း (Chuck Greene) တို့ အများဆုံး ဒုက္ခ ပေးခြင်း ခံရသည်။ အခန်းအစတွင်၊ ကားလီဘက်နှင့် ဆာဘရင်နာ (Sabrina) တို့သည် ဟောလိုးဝင်းအတွက် ဘာဝတ်စုံ ဝတ်သွားရမည်ဟု တိုင်ပင်နေပြီး၊ ကားလီကို စတိက တီကောင်အ‌ရှင်ပါသော ဆင်းဒဝစ်ကို လိမ်ညာပြီး စားခိုင်းသည်။ တုန်လှုပ်ချောက်ချားသော ကားလီဘက်သည် ထွက်ပြေးပြီး၊ လက်စားချေဖို့ အဓိဋ္ဌာန်သည်။ ကျောင်းလွှတ်သော်၊ အိမ်ပြန်ပြီး သူ့အမေက သူ ဟောလိုးဝင်းအတွက် ရုပ်ဆိုးသော ဘဲဝတ်စုံကို ချုပ်ပေးနေသည်ကို လည်းကောင်း၊ ကားလီဘက်အတွက် ခေါင်းမှာ ပဲရစ်မော်ဒယ်၏ ပလာစတာ ခေါင်း ဖြစ်နေသည်ကိုလည်းကောင်း တွေ့ရလေသည်။ အခန်းထဲသို့ ရောက်သော်၊ ဘဲဝတ်စုံသည် အသက်ဝင်လာဟန် ရှိပြီး၊ ကားလီဘက်ကို တိုက်ခိုက်သည်။ နောက်တော့ ဤဟာသည် သူ့မောင် နိုအာ (Noah) က သူ့ကို စနောက်ခြင်း ဖြစ်နေသည်။ ဆာဘရင်နာ ဖုန်းဆက်ပြီး၊ သူတို့ ကျောင်း သိပ္ပံပြပွဲ (School science fair) အကြောင်း ပြောသည်။

ကျောင်းသိပ္ပံပြပွဲတွင်၊ စတိက သူမွေးထားသော အချစ်တော် တာရန်တူလာ (tarantula) လွတ်သွားပြီဟု အော်ပြီး၊ ဝရုန်းသုန်းကား ဖြစ်ကုန်သည်၊ ကားလီဘက်က တာရန်တူလာ(ပင့်ကူမျိုးစိတ် တမျိုး)ကို ကြောက်သည်လေ။ ဝရုန်းသုန်းကား ဖြစ်နေစဉ်၊ စတိက သူ့အနောက်က တွားလာပြီး၊ တာရန်တူလာ ကိုက်သည်ည် ထင်အောင် သူ့ခြေကို ဆိတ်လိုက်သည်။ ကားလီ သွေးရူးသွေးတန်း ပြေးရာ၊ သူနှင့် ဆာဘရင်နာ လုပ်ထားသော ပရောဂျက် ပျက်စီးသွားပြီး၊ ဆရာများနှင့် အတန်းဖော်များရှေ့တွင် အရှက်ကွဲသည်။ စတိ သူ့အပေါ် လုပ်ခဲ့သည်များအတွက် ပြန်ပေးဆပ်စေရမည်ဟု ကားလီ အဓိဋ္ဌာန်ပြုသည်။ အသစ်ဖွင့်သော ကြောက်လန့်စရာဝတ်စုံများ ရောင်းသည့် ဆိုင်ကို သွားပြီး၊ စတိနှင့် ချပ်ကို ပြန်ပေးဆပ်သည့်အနေနှင့် ခြောက်လှန့်ရန် စိတ်ကူးသည်။

ဟောလိုးဝင်းနေ့တွင်၊ ပါတီဆိုင်သို့ သွားရာ ပိတ်နေသည်။ သို့သော်လည်း ဆိုင်မန်နေဂျာ ပေါ်လာပြီး သူ့ကို ပေးဝင်လိုက်သည်။ ပြသထားသော မျက်နှာဖုံးများသည် ကြောက်လန့်ဖို့ မကောင်းဟု သူက ပယ်သည်။ သို့သော် အနောက်ခန်းထဲ ခိုးဝင်ကြည့်ရာ၊ အကျည်းတန်သော ပုံပျက်ပန်းပျက် မျက်နှာဖုံးများ စီထားသည်ကို တွေ့ရသည်။ သူသည် ‌ပျာယာနေသည့်ကြားမှပင် သတိပြုမိသည်မှာ မျက်နှာဖုံးများသည် နွေးထွေးနေပြီး၊ ရာဘာလည်းမဟုတ် ပလတ်စတစ်လည်း မဟုတ် လူအသားအရေနှင့် တူနေခြင်း ဖြစ်သည်။ ဆိုင်ပိုင်ရှင်သည် ‌မျက်နှာဖုံး တခုကို မရောင်းချင် ရောင်းချင်နှင့် ရောင်းလိုက်ပြီး၊ ကားလီဘက်သည် အိမ်သို့ ဝမ်းသာစွာ ပြန်သွားသည်။ ထိုနေ့နောက်ပိုင်းတွင်၊ သူ့အမေ လုပ်ပေးသော ခေါင်းပုံစံကို ယူပြီး မျက်နှာဖုံး ဝတ်ကာ၊ စတိနှင့် ချပ်ကို လိုက်ရှာသည်။ ညရောက်လာလေ သူမာန် ပိုပါလာလေ ဖြစ်ကာ၊ ဆာဘရင်နာသည် ချောင်းဆိုးပြီး အိမ်ထဲ ပန်းသီးလွှင့်ပစ်၊ သူမသိသော ကလေးများလည်း ကြောက်လန့်ကုန်သည်။ စတိနှင့် ‌ချပ်ကို ခြောက်လှန့်ပြီးသောအခါ၊ သူ့အမေ လုပ်ပေးသော ခေါင်းစွပ် ပျောက်သွားသော်လည်း မမှုအားတော့ချေ။

ဆာဘရင်နာ၏ အိမ်၌ ရှိနေဆဲတွင်၊ မျက်နှာဖုံး ချွတ်မရတော့ကြောင်း၊ မျက်နှာဖုံးသည် အမှန်တကယ်ပင် သူ့မျက်နှာ ဖြစ်လာကြောင်း သိသောအခါ ကားလီဘက် တုန်လှုပ်သွားသည်။ သူ စတိုးဆိုင် ပြန်သွားသည့်အခါ၊ ဆိုင်ရှင်က သူ့ကို စောင့်နေသည်ကို တွေ့သည်။ "မျက်နှာဖုံး"သည် အမှန်စင်စစ် သက်ရှိလူသား၏ မျက်နှာ တချပ် ဖြစ်ကြောင်း ဆိုင်ရှင်က ပြောပြသည်။ အနောက်ခန်းထဲတွင် ရှိသော မျက်နှာဖုံးအားလုံးသည် ပုံပျက်၊ ဘီလူးသဘက်ပုံ ပေါ်ပြီး အသက်ဝင်နေသည်။ ဆိုင်ရှင်ကိုယ်တိုင် လုပ်ထားသည် မှန်သော်လည်း မျက်နှာဖုံးများသည် မလှပရာမှ အလိုလို အကျည်းတန်လာသည် အမြဲတမ်းပင်၊ လူတယောက်သည် မျက်နှာဖုံးကို စွပ်လိုက်သည်နှင့် မျက်နှာဖုံးက သူ့ကို စီးသည်။ ၎င်းကို "မေတ္တာ၏ သင်္ကေတ"ဖြင့်သာ ဖယ်ရှားနိုင်ပြီး၊ ၎င်းမျက်နှာဖုံးကို သူ ဖြစ်ဖြစ်၊ အခြားတယောက် ဖြစ်ဖြစ် ပြန်တပ်မိပါက ဘဝတလျှောက်လုံး အသေ ဖြစ်သွားလိမ့်မည်။ ကားလီဘက်က ကြောက်လန့်တကြား အော်ဟစ်လိုက်သည့်အခါ အခြားမျက်နှာဖုံးများက သူတို့ကို တပ်ရန် ဆွဲဆောင်နေသည်။ သူ ထွက်ပြေးလာစဉ်၊ သူ့အမေ လုပ်ပေးသော ခေါင်းစွပ်သည် မေတ္တာ၏ သင်္ကေတ ဖြစ်ကြောင်း သိလာသည်။ ကားလီဘက်သည် ခေါင်းစွပ်ကို ရှာပြီး၊ မျက်နှာဖုံးကို မျက်နှာမှ ဖယ်ရှားလိုက်သည်။ သူသည် အမေရှိရာ အိမ်သို့ ပြန်သွားပြီး၊ မျက်နှာဖုံးကို အဝေး လွှင့်ပစ်လိုက်သည်။ နိုအာသည် ရုတ်တရက် ဝင်လာပြီး၊ "ဒီမှာ၊ နင့်မျက်နှာဖုံးကို ငါတပ်ထားတာ ဘယ်လိုနေလဲ"ဟု မေးလိုက်လေသည်။

တုံ့ပြန်မှု[ပြင်ဆင်ရန်]

ခြောက်လှန့်မျက်နှာဖုံးသည် USA Today ၏ အရောင်းရဆုံး ထိပ်ဆုံး ၁၅၀ စာရင်းတွင် ၄၃ ပတ်တာ ချိတ်ခဲ့ပြီး၊ နေရာ ၁၀၇ ဆင့်ထိ ရောက်ခဲ့သည်။[၆] ၂၀၀၁ တွင်၊ Publishers Weekly က တသက်တာ အရောင်းကောင်းဆုံး ၂၄၉ အုပ်မြောက် ကလေးစက္ကူချုပ်စာအုပ် အဖြစ် စာရင်းသွင်းခံရပြီး၊ ကော်ပီပေါင်း ၁.၄၂ သန်း ရောင်းခဲ့ရပြီ ဖြစ်သည်။ [၇]

ကွန်မွန်းဆင်းမီဒီယာမှ တယ်ရီးစ် ကလာ့က ကြယ်ငါးပွင့်တွင် သုံးပွင့် ပေးပြီး၊ ဟောလိုးဝင်းပွဲတော်အတွက် ညလုံးပတ် ဖတ်ရန် အကောင်းဆုံး၊ ဂူးစဘန်း စီးရီးထဲတွင် ပိုကောင်းသော စာအုပ် တအုပ်ဟု မှတ်ချက် ရေးသည်။  

ရုပ်သံရိုက်ကူးခြင်းနှင့် VHS ထုတ်လွှင့်ခြင်း[ပြင်ဆင်ရန်]

၁၉၉၅၊ ကနေဒါ၊ အော်တေရီယိုပြည်နယ်၊ တိုရန်တိုမြို့တွင် ခြောက်လှန့်မျက်နှာဖုံး ရုပ်သံအထူးကို စတင်သည်။[၈] ၎င်းကို ၂၇ အောက်တိုဘာ ၁၉၉၅ တွင် ဖောက်စ်နက်ဝပ်(Fox Network)မှ ဂူးစဘန်းတီဗီစီးရီး၏ အစမ်းစီးရီးအဖြစ် ပထမဆုံး ထုတ်လွှင့်သည်။[၉] အမေရိကန်တွင်၊ ခြောက်လှန့်မျက်နှာဖုံးသည် နီအယ်ဆင်အဆင့်သတ်မှတ်ချက်(Nielsen rating) ၈.၂ ရပြီး၊ လူပေါင်း ၁၄.၁ သန်းက ကြည့်ရှုခဲ့သည်။[၁၀] ကနေဒါတွင်၊ အထူးကို ဝိုင်တီဗီ(YTV)က ပြသရာ၊ ကြည့်ရှုသူ သုံးသန်းနီးပါးဖြင့် သတ်မှတ်ချက် အမြင့်ဆုံး နီးပါး ဖြစ်လာသည့် ဇာတ်လမ်းတွဲ ဖြစ်ခဲ့သည်။[၁၁]

၎င်းနောက် ၁၂ မတ် ၁၉၉၆ တွင် VHS  ဖြင့် ထုတ်လွှင့်သည်။[၁၂] ၁၉၉၆ တနှစ်တာပတ်လုံး ဗီဒီယိုကားစာရင်းတွင် အရောင်းရဆုံး ဗီဒီယို ဘီလ်ဘုတ်(Billboard)စာရင်း၌ အဆင့် ၇၅ ရပြီး၊ စာရင်းထဲတွင် တကားတည်းသော ဂူးစဘန်းဗီဒီယို ဖြစ်သည်။[၁၃] Complex.com မှ ဖရာဇီယာ သာ့ပ်က ဟောလိုးဝင်းဇာတ်အိမ်တည် တီဗီဇာတ်လမ်းတွဲများထဲတွင် ၁၂ ကားမြောက် အကောင်းဆုံးဟု ပြောကာ ကြောက်စရာအကောင်းဆုံး ဂူးစဘန်း ဇာတ်လမ်းတွဲများထဲမှ တခုဟု ခေါ်သည်။[၁၄]

အခန်းဆက်[ပြင်ဆင်ရန်]

အခန်းဆက် သုံးတွဲကို ထုတ်ဝေပြီး၊ ခြောက်လှန့်မျက်နှာဖုံး(၂)(ဂူးစဘန်းစီးရီးတွင် ၃၆ အုပ်မြောက်)ကို အောက်တိုဘာ ၁၉၉၅ တွင်လည်းကောင်း၊[၁၅] ခြောက်လှန့်မျက်နှာဖုံး၏အော်သံ(ဂူးစဘန်း ကြောက်လန့်ဖွယ်လောကစီးရီးတွင် လေးအုပ်မြောက်)ကို ၁ ဩဂုတ် ၂၀၀၈ တွင်လည်းကောင်း၊[၁၆] သီးခြားဇာတ်လမ်း အလိုရှိသည်၊ ခြောက်လှန့်မျက်နှာဖုံးကို ၁ ဇူလိုင် ၂၀၁၂ တွင်လည်းကောင်း အသီးသီး ထုတ်သည်။[၁၇] အလိုရှိသည်၊ ခြောက်လှန့်မျက်နှာဖုံးကို ဂူးစဘန်း ထုတ်ဝေတိုက်၏ အနှစ် ၂၀ ပြည့်အတွက် ထုတ်ဝေသည်။[၁၈] နောက်တအုပ် ဖြစ်သော ခြောက်လှန့်မျက်နှာဖုံး အသက်ဝင်နေတယ်သည် သရုပ်ဖော်ဆရာ တင် ဂျာကိုဘတ်၏ ဝက်ဆိုဒ်တွင် တင်ထားသော်လည်း၊ ထုတ်ဝေခြင်း မရှိခဲ့ပေ။[၁၉]

ကိုးကား[ပြင်ဆင်ရန်]

  1. R. L. StineScholastic။ May 20, 2017 တွင် ပြန်စစ်ပြီး။
  2. Neary, Lynn (October 31, 2008)။ Goosebumps And Guffaws In Stine's 'HorrorLand'။ NPR။ February 7, 2015 တွင် ပြန်စစ်ပြီး။
  3. Jacobus၊ Tim (February 1998)။ It Came from New Jersey!: My Life as an Artist။ Scholastic။ p. 29ISBN 0-590-10853-0
  4. Lodge, Sally (July 21, 2003)။ Children's Books for Fall, Sasquatch Books - Silver DolphinPublishers Weekly။ May 20, 2017 တွင် ပြန်စစ်ပြီး။
  5. Clarke, Terreece။ Classic Goosebumps: The Haunted Mask။ Common Sense Media။ February 7, 2015 တွင် ပြန်စစ်ပြီး။
  6. The Haunted MaskUSA Today။ May 20, 2017 တွင် ပြန်စစ်ပြီး။
  7. Hochman Turvey, Debbie (December 17, 2001)။ All-Time Bestselling Children's BooksPublishers Weekly။ February 7, 2015 တွင် ပြန်စစ်ပြီး။
  8. Gittins, Susan။ "GROWTH STRATEGIES Bronfman in Prime Time Thanks to hit TV series such as Goosebumps and The X-Files, Paul Bronfman's entertainment mini-empire is poised to become an international player. Any resemblance to cousin Edgar Jr.'s MCA is strictly coincidental"၊ The Globe and Mail၊ August 30, 1996။ 
  9. Martin, John။ "Things that go 'Goosebumps' in the night"၊ The Gadsden Times၊ October 27, 1995၊ စာ- D4။ February 7, 2015 တွင် ပြန်စစ်ပြီး 
  10. "Nielsen ratings"၊ USA Today။ January 31, 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 16 December 2013။ 
  11. McKay, John။ "Slime TV Kids horror series gives them Goosebumps"၊ The Canadian Press၊ Winnipeg Free Press၊ January 26, 1996၊ စာ- D1။ 
  12. Heffley, Lynne (March 22, 1996)။ Youthful Performers Get 'Lesson' in DramaLos Angeles Times။ February 7, 2015 တွင် ပြန်စစ်ပြီး။
  13. "Top Video Sales" (11 January 1997). Billboard 109 (2). ISSN 0006-2510. 
  14. Tharpe, Frazier (October 21, 2012)။ The 25 Best Halloween Themed TV Episodes။ Complex.com။ February 7, 2015 တွင် ပြန်စစ်ပြီး။
  15. The Haunted Mask II။ RLStine.com။ May 20, 2017 တွင် ပြန်စစ်ပြီး။
  16. Shannon၊ Terry Miller။ Goosebumps Horrorland: #4: The Scream of the Haunted Mask။ Kidsreads.com။ 11 November 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 20, 2017 တွင် ပြန်စစ်ပြီး။
  17. Wanted: The Haunted Mask။ May 20, 2017 တွင် ပြန်စစ်ပြီး။
  18. Stine, R. L.။ NEW HAUNTED MASK NOVEL!။ RLStine.com။ December 20, 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 20, 2017 တွင် ပြန်စစ်ပြီး။
  19. GooseBumps Gold။ TimJacobus.com။ 2 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ February 7, 2015 တွင် ပြန်စစ်ပြီး။