တပဿီ

ဝီကီပီးဒီးယား မှ

တပဿီ =( တပေါ ယဿ အတ္ထိ တသ္မိံ ဝါ ဝိဇ္ဖတီတိ တပဿီ ) လို့ သဒ္ဒါကျမ်းများက ဆိုပါတယ်။ ဖြစ်ပေါ်လာတဲ့ ကိလေသာတွေ နည်းပါး ပျက်စီးသွားအောင် ခြိုးခြံ ခေါင်းပါး စွာ ကျင့်ကြံကြိုးကုတ် အားထုတ်နေသူ ပေါ့။ ဒါကြောင့် အားလုံးကို အကျဉ်း ချုပ်လိုက်ရင် ဝိဇ္ဇာပညာမျိုး သိပ္ပံပညာမျိုးတွေ တဖက်ကမ်းခတ် တတ်မြောက်သူကို ဝိဇ္ဇာဓိုရ် လို့ ခေါ်ပါတယ်၊သမထ ဝိပဿနာ ပွားများ အားထုတ်နေသူ အားလုံး ကို ဇော်ဂျီ တပဿီ လို့ ခေါ်နိုင်ပါတယ်၊ ဒီနေရာမှာ စကားအရ မဆန်းပြားပေမယ့် ထူးဆန်းနေတာက ဝိဇ္ဇာ ဇော်ဂျီ တပဿီ လို့ ဆိုရင် လူတွေက ဗျတ်ဝိ ဗျတ္တ တို့လို၊ ဇော်ဂျီ တောင်ဝှေးနဲ့ ကောင်းကင် ပျံနိုင် - မြေလျိုး မိုးပျံ နိုင်တဲ့ သူတွေကိုပဲ ထင်နေကြတာပါ။ အဲဒီ အယူအဆက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လူတွေရဲ့ စိတ်ထဲမှာ အမြစ်တွယ် နေတဲ့ အယူအဆ ပါပဲ။ ဒါကြောင့် စာပေအထောက်အထားတွေအရ ပြောရရင် အဲဒီလို သိဒ္ဓိပေါက်ပြီး ကောင်းကင်ပျံနိုင်နေတဲ့ သူတွေဟာ လူကောင်း သူကောင်း ဆိုတာ မြတ်စွာဘုရားရှင်လက်ထက်ကတည်းက မရှိသလောက်ပါပဲ။ ဇဋိလ သူဋ္ဌေးကြီး ရဲ့ ဖခင်အရင်းဟာ တကယ်တော့ ဝိဇ္ဖာဓိုရ် တယောက်ပါ၊ ဘုံ ခုနှစ်ဆင့် ပြဿဒ်ပေါ် ထားတဲ့ တဦးတည်းသော သူဋ္ဌေးသမီး လေးကို ကောင်းကင်ကနေ လာရောက်ပျော်ပါး ခဲ့လို့ ဇဋိလ သူဋ္ဌေးအလောင်းအလျာကလေး ကို ဖခင် မပေါ်ပဲ လျှို့ဝှက် ခက်ခဲစွာ မွေးခဲ့ရဘူးတယ်။