အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့
ဆောင်ပုဒ် | It is better to light a candle than to curse the darkness.[၁] |
---|---|
ဖွဲ့တည်ချိန် | ဇူလိုင် ၁၉၆၁ ယူနိုက်တက်ကင်းဒမ်း |
တည်ထောင်သူ | Peter Benenson |
အမျိုးအစား | Non-profit INGO |
ဌာနချုပ် | လန်ဒန်မြို့၊ အင်္ဂလန်၊ ယူကေ။ |
တည်နေရာ |
|
ဝန်ဆောင်မှုများ | လူ့အခွင့်ရေးအား ကာကွယ်ခြင်း |
နယ်ပယ်s | Legal advocacy, Media attention, direct-appeal campaigns, research, lobbying |
အဖွဲ့ဝင် | More than 7 million members and supporters[၂] |
Salil Shetty | |
ဝက်ဘ်ဆိုဒ် | amnesty.org |
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ကို အတိုကောက်အားဖြင့် အမ်နက်စ်တီ သို့ အေအိုင်ဟု ခေါ်ဝေါ်ကြသော အစိုးမရဟုတ်သည့် အဖွဲ့အစည်းတခုဖြစ်သည်။ အဖွဲ့ဝင် ၃ သန်းကျော်နှင့် ကမ္ဘာတဝှမ်းတွင် ထောက်ခံသူမျောက်များစွာ ရှိသည်။[၂] အဖွဲ့၏ အဓိက လုပ်ဆောင်ချက်များမှာ 'လူ့အခွင့်အရေးချိုးဖောက်မှုများ ဖော်ထုတ်ရန် နှင့် ပပြောက်ရန် သုသေသနလုပ်ခြင်း၊ သတင်းအချက်အလက်များ ထုတ်ပြန်ခြင်းနှင့် လူ့အခွင့်အရေး ဥပဒေ ဖောက်ပြန်သူများများကို တရားစီရင်ရေး' ဆောင်ရွက်နိုင်ရန်ဖြစ်သည်။ [၃]
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကို ၁၉၆၁ ခုနှစ်တွင် လန်ဒန်မြို့၌ စတင်တည်ထောင်ခဲ့သည်။ ၎င်းကို စောင့်ကြည့်လေ့လာသူ (The Observer) သတင်းစာ၌ အမေ့ခံ အကျဉ်းသားများ (The Forgotten Prisoners) ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးသားခဲ့သူ ဥပဒေပညာရှင် ပီတာ ဘန္နန်ဆန် (Peter Benenson) မှ တည်ထောင်ခဲ့ခြင်းဖြစ်သည်။[၄] အမ်နက်စ်တီမှ အပြည်ပြည်ဆိုင်ရာ ဥပေဒ စံနှုန်း ဆန့်ကျင်ဖောက်ဖျက်သူများကို ဖော်ထုတ်လေ့ရှိပြီး၊ ဖောက်ပြန်မှုများကို လစ်လျုရှုထားသည့် အစိုးရများသို့လည်း နိုင်ငံသားများနှင့် ပူးပေါင်းကာ တာဝန်ယူဖြေရှင်းပေးရန် ဖိအားပေးလေ့ရှိသည်။ အဖွဲ့အစည်း၏ 'နှိပ်စက်မှုပပျောက်ရေး လှုံဆော်မှု'ကြောင့် ၁၉၇၇ ခုနှစ်၌ နိုဘဲလ် ငြိမ်းချမ်းရေးဆု နှင့် ၁၉၇၈ ခုနှစ်၌ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆုကိုလည်း ထပ်မံရရှိခဲ့သည်။[၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ History – The Meaning of the Amnesty Candle။ Amnesty International။ 18 June 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 June 2008 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ Who we are။ Amnesty International။ 16 March 2015 တွင် ပြန်စစ်ပြီး။
- ↑ About Amnesty International။ Amnesty International။ 20 July 2008 တွင် ပြန်စစ်ပြီး။
- ↑ Peter Benenson. "The Forgotten Prisoners", The Observer, 28 May 1961. Retrieved 28 May 2011.
- ↑ [၁][လင့်ခ်သေ],Amnesty International (Informational Paper) - Learning to Give