အုန်း၊ ဦး၊ ဖရီဒါ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
အရေးမကြီး →‎ကိုးကား
စာကြောင်း ၃၁ - စာကြောင်း ၃၁ -
#ပိတောက် ပွင့်သစ် စာပေ အနုပညာ မဂ္ဂဇင်း အမှတ် (၆)၊ ဇူလိုင် ၂၀ဝ၆ (စာမျက်နှာ ၁၄၀) နဲ့
#ပိတောက် ပွင့်သစ် စာပေ အနုပညာ မဂ္ဂဇင်း အမှတ် (၆)၊ ဇူလိုင် ၂၀ဝ၆ (စာမျက်နှာ ၁၄၀) နဲ့
#၂၀ဝ၈ ဇူလိုင်လတွင် Club 18 Creative House မှ ပထမအကြိမ် ပုံနှိပ် ထုတ်ဝေခဲ့တဲ့ 'သူတို့ ဒီနေရာကို ဘယ်လို ရောက်လာကြသလဲ၊ လှေကားထစ်များ ရာဇဝင်' (စာမျက်နှာ ၁၉၀)
#၂၀ဝ၈ ဇူလိုင်လတွင် Club 18 Creative House မှ ပထမအကြိမ် ပုံနှိပ် ထုတ်ဝေခဲ့တဲ့ 'သူတို့ ဒီနေရာကို ဘယ်လို ရောက်လာကြသလဲ၊ လှေကားထစ်များ ရာဇဝင်' (စာမျက်နှာ ၁၉၀)

[[Category:အတ္ထုပ္ပတ္တိ]]
[[Category:မြန်မာပြည်]]

၀၆:၅၉၊ ၁၀ စက်တင်ဘာ ၂၀၁၁ ရက်နေ့က မူ

ဦးအုန်းကို စစ်ကိုင်းမြို့ မန်ကျဉ်းဇင်တင်းတိတ်ရွာတွင် ၁၂၈၉ ခု၊ ဝါခေါင်လဆန်း ၁၀ ရက်နေ့က မွေးဖွားခဲ့သည်။ မိခင်မှာ ဒေါ်နှင်းရီ ဖြစ်ပြီး ဖခင်မှာ လယ်ရှင်၊ ‍မြေရှင်‍ ရွာသူကြီး ဦးဘသော် ဖြစ်သည်။ ဖခင် ရွာသူကြီး အုပ်ချုပ်မှု‍ အောက်တွင် မန်ကျည်းစင်၊ တင်းတိတ်၊ ‍ဖျောက်ဆိပ်ကုန်း စသည့် သူကြီးတပိုင် ရွာ‍လေးငါးရွာ ရှိသည်။ မွေးချင်း မောင်နှမ ၄ ဦး ရှိပြီး၊ ဗုဒ္ဓဘာသာဝင် ဗမာ လူမျိုး ဖြစ်သည်။

ပညာရေး

သိမ်တော်ရွာ မူလတန်းကျောင်းနှင့် စစ်ကိုင်းမြို့ အစိုးရ အထက်တန်း ကျောင်းတို့တွင် ပညာ သင်ယူခဲ့သည်။ ၆ တန်း ကျောင်းသား ဘဝတွင် မြန်မာနိုင်ငံကို ဂျပန်တို့ ဝင်လာသမြင့် ၃ နှစ်ခန့် ပညာရေး လစ်ဟင်းခဲ့ရသည်။ ၁၉၄၅ ခု၊ ဂျပန် ပြေးမှ ၇ တန်းကစ ကျောင်းပြန် တက်ရသည်။ ၁၉၄၆ - ၄၇ ခုနှစ်တွင် ၈ တန်းမှာ တက်ရောက် ပညာ သင်ကြားနေစဉ်၊ ဆရာကြီး ဦးတိုးလူ၏ တိုက်တွန်းချက်နဲ့ အဒေါ် ယောကျာ်း ၁၀ တန်း ဆရာကြီး ဦးထွန်းခင် ဆီမှာ ‍ဂျော်မ‍တြီတို့၊ ထရီဂိုနိုမယ်ထရီတို့ ‍ပြန်သင်ပြီး ၁၀ တန်း စာမေးပွဲ ဝင်ရောက် ဖြေဆိုရာ အောင်မြင်ခဲ့တယ်။၁၉၄၉ ခုနှစ် အင်တာ second year (ဒုတိယနှစ်) ဖြေအပြီးမှာ၊ ပြည်တွင်းစစ် မီးကြောင့် ဖခင် မိခင်တို့ရဲ့ စီးပွားဥစ္စာ ပျက်စီး ဆုံးပါး သွားခဲရတယ်။

ဖခင်က သူကို ကျောင်းမထား နိုင်တော့လို့ အလုပ် တခုခု ဝင်လုပ်ရန် မျက်ရည် စက်လက်နဲ့ တိုက်တွန်းခဲ့တယ်။ ဒါပေမဲ့ မနၩလေး ပိုက်ကျုံးမှာ နေတဲ့ ကြီးတော် ဒေါ်မှူးက သူအိမ်တွင် လာနေ လာစားရန် ခွင့်ပြုလို့၊ တက္ကသိုလ်က ဆရာကြီး ဦးနက် အထောက်အပံ အကူအညီနဲ့ ကျောင်းဆက် နိုင်ခဲ့တယ်။ ကြီးတော် အိမ်မှာ အခိုင်းအ‍စေလို လုပ်ကိုင် ပေးပြီး ကျောင်းတက် ပညာ သင်ကြား ခဲ့ရတာ ဖြစ်ပါတယ်။ တတိယနှစ် ပညာ သင်ယူနေစဉ် ဖခင်ဖြစ်သူ ဆုံးပါး သွားခဲ့တယ်။

ရှိတာလေး ရောင်းချပြီး ကျောင်းဆက် တက်ခဲ့ရတယ်။ ၁၉၅၁ ခုမှာ ဘီအက်စ်စီဘွဲ့ ရခဲ့ပါတယ်။ဘွဲ့ရပြီးနောက် စစ်ကိုင်း အမှတ် (၁) အထက်တန်း ကျောင်းမှာ ၁၉၅၁ ကနေ ၁၉၅၂ အထိ အထက်တန်းပြ ဆရာ အဖြစ် လုပ်ကိုင်ခဲ့တယ်။ တနှစ်နဲ့‍ လေးလ ‍ကျောင်းဆရာ လုပ်‍ပြီး ဘဝ တိုးတက်ဖို့ အစိုးရ ပညာ‍တော်သင် ‍လျှောက်တယ်။၁၉၅၂ ကနေ ၁၉၅၆ အထိ အင်္ဂလန်နိုင်ငံ မြောက်ဝေလ တက္ကသိုလ် (Wales University) မှာ သစ်တောပညာ ဘာသာရပ်ကို သင်ကြားခဲ့တယ်။ ၁၉၅၆ မှာ ဘီအက်စ်စီ (သစ်တော) ဂုဏ်ထူးဘွဲ့ ရရှိခဲ့တယ်။

မိသားစုဘဝ

နိုင်ငံခြား ပညာသင်က ပြန်ရောက် လာတဲ့အခါ၊ ၁၉၅၈ မှာ နိုင်ငံခြား ပညာတော်သင် သွားရာမှာ အစစ အရာရာ ကူညီခဲ့သူ သစ်‍တောမင်း‍ကြီး ဦး‍နေဝင်းရဲ့ တူမ အငယ် မခင်‍မြနဲ့ လက်ထပ်ခဲ့တယ်။ သားနှစ်ဦး၊ သမီးနှစ်ဦး ထွန်းကားခဲ့တယ်။

လုပ်ငန်းဆောင်ရွက်မှုများ

၁၉၅၇ ကနေ ၁၉၈၈ အထိ မြန်မာနိုင်ငံ သစ်တော ဦးစီး ဌာနမှာ သစ်တော ဝန်ထမ်း အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး၊ သစ်တော ဝန်ထောက်၊ သစ်တော ညွှန်ကြားမှူး အဖြစ် တာဝန် အသီးသီး ယူခဲ့တယ်။၁၉၆၄ က ၁၉၇၃ ခုနှစ်တွေ အတွင်း ရန်ကုန် ဝိဇ္ဇာနဲ့ သိပ္ပံ တက္ကသိုလ် သစ်တော ပညာဌာနမှာ တွဲဖက် ပါမောက္ခ အဖြစ် တာဝန် ထမ်းဆောင် ခဲ့တယ်။၆၃ ခုနှစ်မှာ လက်‍ထောက် ညွှန်‍ကြား‍ရေးမှူး အ‍ဖြစ် ‍အေအာဒီစီ (‍မြေယာ ‍ကျေးလက်‍ကြီးပွား တိုးတက်‍ရေး ‍ကော်ပို‍ရေးရှင်း) လက်က‍နေ သစ်‍တော ဌာနက လွှဲ‍ပြောင်း လက်ခံဖို့ သွားတာ စပြီး ပုပ္ပါး‍တောင်နဲ့ ထိတွေ့ ခဲ့တယ်။ ၁၉၈၁ ခုနှစ်မှာ‍ National Park and Nature Conservation (NPNC) ဆိုတဲ့ UNDP Project အရ ပုပ္ပါး အပါအဝင် အ‍လောင်း‍တော် ကဿပ၊ ချပ်သင်း၊ ‍ရွှေစက်‍တော်၊ ‍လှော်ကား စတဲ့‍ ဒေသ ‍တွေကို သဘာဝ ‍တောနှင့် ဥယျာဉ်တွေ တည်‍ဆောက်ဖို့ လုပ်ငန်း စတယ်။ အဲဒီ စီမံကိန်း အရ ပုပ္ပါး ‍ဒေသ ထိန်းသိမ်း‍ရေးနဲ့ သဘာဝ ဥယျာဉ် တည်‍ဆောက်‍ရေး တာဝန်ကို ဦးအုန်းက သစ်‍တောဌာနရဲ့ ညွှန်‍ကြား‍ရေးမှူး အ‍နေနဲ့ ၁၉၈၁ - ၁၉၈၅ ခုနှစ်တွေ အတွင်း တာဝန် ယူခဲ့ရတယ်။

ပုပ္ပါးတောင် စိမ်းလန်းရေး တာဝန် ယူခဲ့စဉ်က အတွေ့အကြုံနဲ့ ပတ်သက်ပြီး ကျော်ရင်မြင့်နဲ့ မေးမြန်းခန်း တခုမှာ ဦးအုန်းက အခုလို ပြန်ပြောင်း ပြောပြ ခဲ့တယ်။"ပုပ္ပါး‍တောင်‍ကြီး စိမ်းလန်းစ‍ ပြုလာတဲ့ အခါ နိုင်ငံ‍ခြားက လာတဲ့ Chief Technical Advisor (NPNC က နည်းပညာ အ‍ကြံ‍ပေး ‍ခေါင်း‍ဆောင်) Mr.John Blower က ပုပ္ပါး‍ တောင်မ‍ကြီးကို ပတ်‍ပြီး ကားလမ်း‍ ဖောက်ဖို့ အ‍ကြံ‍ ပြုတယ်။ နိုင်ငံ‍ခြားသား ‍ပေးတဲ့ အ‍ကြံ ဆို‍တော့ လက်ခံ ချင်‍ကြတယ်။ ကျနော်က ကျနော့် ရာထူး‍ ဖြုတ်ချင်‍ဖြုတ်၊ ဒါ မလုပ်သင့် ဘူးလို့ ကန့်ကွက်တယ်။ ကျနော်တို့ ခက်ခက်ခဲခဲနဲ့ စိမ်း‍အောင် လုပ်ခဲ့ရတဲ့ ပုပ္ပါး‍ တောင်‍ကြီးဟာ လမ်းပန်း ဆက်သွယ်‍ရေး‍ ကောင်းလို့ လွယ်လွယ် ထင်း တက်ခုတ် ကုန်‍ကြရင် သုံး‍လေးနှစ် အတွင်း ‍တောင်ကတုံး‍ ပြန်‍ဖြစ် သွားမှာပဲလို့ ကျနော် ရှင်း‍ပြမှ ‍တောင်ပတ်လမ်း စီမံကိန်း မ‍အောင်‍မြင်ဘဲ ‍ဖြစ်သွားတယ်။

ပညာရှင် တ‍ယောက်‍ ဖြစ်‍ပေမယ့် ကျနော့် ရာထူး‍ နေရာ ထိခိုက်မှာ‍ ကြောက်‍ပြီး ‍ပြောသင့်‍ ပြောထိုက်တာကို သတ္တိရှိရှိ မ‍ပြောဘဲ‍ နေခဲ့မယ် ဆိုရင် ပုပ္ပါး‍ တောင်‍ကြီးကို ယခုလို စိမ်းစိမ်းစိုစို‍ မြင်ရမှာ မဟုတ်‍တော့ ပါဘူး။"၁၉၈၈ က ၁၉၉၃ အထိ သစ်တော ဦးစီး ဌာနမှာ အကြံပေး ပုဂ္ဂိုလ် အဖြစ် တာဝန် ထမ်းဆောင် ခဲ့တယ်။ ၁၉၉၂ ခုနှစ်တွင် ပြဋ္ဌာန်း ခဲ့တဲ့ သစ်တော ဥပဒေ မူကြမ်း ရေးဆွဲတာနဲ့ ၁၉၉၄ ခုနှစ်၊ ပြဋ္ဌာန်း ခဲ့တဲ့ တောရိုင်း တိရစာၥန်နဲ့ သဘာဝ အပင်တွေ ကာကွယ်ရေးနဲ့ သဘာဝ နယ်မြေတွေ ထိန်းသိမ်းရေး ဥပဒေ ရေးဆွဲရာမှာ ကော်မတီ အဖွဲ့ဝင် အဖြစ် ပါဝင် ဆောင်ရွက်ခဲ့တယ်။အမေရိကန်၊ ဥရောပ၊ အိန္ဒိယ၊ သြစသြေးလျ၊ နယူးဇီလန်၊ ထိုင်း၊ စင်ကာပူ နိုင်ငံတွေကို ၈ ကြိမ် သွားရောက်ပြီး သစ်တော သုတေသန၊ ကွန်ပျူတာ၊ သဘာဝ ထိန်သိမ်းရေးနဲ့ အမျိုးသား ဥယျာဉ် အုပ်ချုပ်ရေး ပညာရပ်တွေကို လေ့လာ ဆည်းပူးခဲ့တယ်။

နိုင်ငံရပ်ခြားသို့ ဆွေးနွေးပွဲများ၊ စာတမ်း ဖတ်ပွဲများ အတွက် အကြိမ်ကြိမ် သွားရောက်ခဲ့သည်။ International Union for Conservation Natural Recources (IUCN) ၏ အသင်းဝင် အဖြစ် ၁၉၈၆ ကနေ ယနေ့တိုင် ဆောင်ရွက် နေဆဲ ဖြစ်တယ်။ International Society for Mangrove Ecosystem (ISME) ရဲ့ ရာသက်ပန် အသင်းသား ဖြစ်တယ်။ သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ထိန်းသိမ်းရေး အသင်း (Forest Resource Environment Development and Conservation Association, FREDA) မှာအထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန် ယူထားတယ်။သုတေသန စာစောင် ၁၅ စောင် ပြုစုခဲ့ပြီး သစ်တော ပညာရပ် ဆိုင်ရာ စာအုပ် တအုပ် ရေးသားခဲ့တယ်။ ဒီစာအုပ်နဲ့ စာပေဗိမာန် စာမူဆု ရရှိခဲ့တယ်။ဦးအုန်းဟာ ၁၉၈၂ ခုနှစ် ကနေ ၁၉၈၆ ခုနှစ် အတွင်းတွင် ပုပ္ပားတောင် စိမ်းလန်း စိုပြည်ရေး အတွက် သစ်တောတွေ စိုက်ပျိုး နိုင်ခဲ့လို့ ပုပ္ပားတောင် ဒေသဟာ တောင်ကတုံး ဖြစ်စေမယ့် အခြေအနေက ရှောင်လွှဲ နိုင်ခဲ့တယ်။

၁၉၉၇ ခုနှစ်မှ ၂၀ဝ၇ ခုနှစ် အတွင်း ဧရာဝတီ မြစ်ဝ ကျွန်းပေါ် ဒေသ (ပျဉ်ဒရယ် သစ်တော ကြိုးဝိုင်း) မှာ ဒီရေတော တွေကို ဧက ၂၅၀ဝ ပြန်လည် စိုက်ပျိုး နိုင်ခဲ့လို့ ဂေဟစနစ်နဲ့ ဇီဝ မျိုးကွဲတွေကို မူလ အတိုင်း ပြန်လည် ထိန်းသိမ်း နိုင်ခဲ့တယ်။ ဒီ လုပ်ဆောင်ချက် တွေဟာ ဦးအုန်းရဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမား ဘဝ သက်တမ်း တလျှောက် ကျေနပ်မှု အရှိဆုံး လုပ်ဆောင်ချက်တွေ ဖြစ်တယ်လို့ ဦးအုန်းက ပြောပြ ခဲ့တယ်။

ဂုဏ်ပြုခံရမှုများ

ဒီလို လုပ်ဆောင်ချက် တွေကြောင့် သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ထိန်းသိမ်းရေး အသင်း (FREDA) က အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဦးအုန်းကို ၂၀ဝ၇ ခုနှစ် အတွက် Weekly Eleven News ဂျာနယ်ရဲ့ ထင်ရှား ကျော်ကြား ကဏ္ဍမှာ ထည့်သွင်း ဖော်ပြ ဂုဏ်ပြုခဲ့ သလို၊ ၂၀ဝ၅ ခုနှစ် ဂျပန်မှာ ပြုလုပ်ခဲ့တဲ့ World Exposition ပွဲမှာ ဂျပန်နိုင်ငံ Citizen Forum ပညာရှင်များ အသင်းက ကမ္ဘာ အချစ်ဆုံး လူပုဂ္ဂိုလ် တရာမှာ ဦးအုန်းကို တဦး အပါအဝင် အဖြစ် ရွေးချယ် ဂုဏ်ပြုခဲ့တယ်။ ဦးအုန်းရဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ လုပ်ဆောင်ချက် တွေကြောင့် ဂျပန်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေ အကြားမှာ နာမည်ကျော် လူသိ များခဲ့တယ်။ဦးအုန်းဟာ ၂၀ဝ၇ ခုနှစ်မှာ ဂျပန်နိုင်ငံက ချီးမြှင့်တဲ့ Minamata Environmental Award ဆုကို ထပ်မံ ရရှိခဲ့ပြီး ဆုငွေ ဂျပန်ယန်း တသန်း လက်ခံ ရရှိခဲ့တယ်။ ဒီငွေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှု တွေကို ထောက်ပံ့ နိုင်ရန် သူရဲ့ ကိုယ်ပိုင် Ohn-ACT-MANG ရန်ပုံငွေ ထူထောင်လို့ သိရပါတယ်။ ဒီ ရန်ပုံငွေ ထဲက သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ဆုအဖြစ် ဦးအုန်း အပါအဝင် ဘုတ်အဖွဲ့ဝင် ငါးဦး အဖွဲ့က တနှစ် တယောက် ရွေးချယ် ချီးမြှင့် ပေးသွားမယ် လို့လည်း သိရပါတယ်။ဦးအုန်းဟာ လူတို့ သဘာဝနဲ့ သဟဇာတ ဖြစ်စွာ နေထိုင် အသက်ရှင်ရန် လိုအပ်ချက်တွေ အကြောင်း ဖော်ပြ ပါဝင်တဲ့ “Surviving Together” အမည်ရ စာအုပ် တအုပ် ရေးဖို့လည်း စီစဉ် ထားတယ်လို့ သိရပြီး၊ အမှတ် ၃၅ (ဃ)၊ ကျိုက်ဝိုင်း ဘုရားလမ်း၊ မရမ်းကုန်း မြို့နယ်မှာ နေထိုင်လျက် ရှိပါတယ်။

ကိုးကား

  1. Myanmar ISP [၁]
  2. First Eleven ဂျာနယ် ကွန်ရက် မျက်နှာ
  3. Zagawa Environment Network, www.zagawa.info မှာ လွှင့်တင်ထားတဲ့ ‍ကျော်ရင်‍မြင့်ရဲ့ 'ပုပ္ပါးချစ်သူ'၊ 'ဘိလပ်‍ပြန် ‍တောသား' ဆောင်းပါးများ
  4. ပိတောက် ပွင့်သစ် စာပေ အနုပညာ မဂ္ဂဇင်း အမှတ် (၆)၊ ဇူလိုင် ၂၀ဝ၆ (စာမျက်နှာ ၁၄၀) နဲ့
  5. ၂၀ဝ၈ ဇူလိုင်လတွင် Club 18 Creative House မှ ပထမအကြိမ် ပုံနှိပ် ထုတ်ဝေခဲ့တဲ့ 'သူတို့ ဒီနေရာကို ဘယ်လို ရောက်လာကြသလဲ၊ လှေကားထစ်များ ရာဇဝင်' (စာမျက်နှာ ၁၉၀)