ကျူးဘားနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.6.4) (robot Adding: rue:Куба
အရေးမကြီး r2.7.1) (ရိုဘော ပေါင်းထည့်နေသည: ckb:کووبا
စာကြောင်း ၃၈ - စာကြောင်း ၃၈ -
[[ca:Cuba]]
[[ca:Cuba]]
[[ceb:Cuba]]
[[ceb:Cuba]]
[[ckb:کووبا]]
[[crh:Kuba]]
[[crh:Kuba]]
[[cs:Kuba]]
[[cs:Kuba]]

၁၁:၄၁၊ ၁၆ မတ် ၂၀၁၁ ရက်နေ့က မူ

ကျူးဘားသမ္မတနိုင်ငံသည် ကရစ်ဘီယံပင်လယ်အတွင်းရှိ ကျွန်းနိုင်ငံ တစ်ခု ဖြစ်သည်။ ကျူးဘားနိုင်ငံတွင် ကျူးဘားကျွန်းနှင့် အခြားကျွန်းပေါင်းများစွာ ပါဝင်သော ကျွန်းစုဖြင့် ဖွဲ့စည်းထားသည်။ အကြီးဆုံးမြို့မှာ မြို့တော်လည်း ဖြစ်သော ဟာဗားနား (Havana) ဖြစ်သည်။ စန်တီယာဂိုဒီကျုးဘား (Santiago de Cuba) မှာ ဒုတိယအကြီးဆုံးမြို့ ဖြစ်သည်။ [၁][၂] ကျုးဘား၏ မြောက်ဘက်တွင် အမေရိကန်ပြည်ထောင်စု နှင့် ဘဟားမားစ်၊ အနောက်ဘက်တွင် မက္ကဆီကို၊ တောင်ဘက်တွင် ကေမန်းကျွန်းများ (Cayman Islands) နှင့် ဂျမေးကား၊ အရှေ့တောင်ဘက်တွင် ဟေတီ နှင့် ဒိုမီနီကန်သမ္မတနိုင်ငံ တို့ တည်ရှိသည်။

၁၄၉၂တွင် ခရစ္စတိုဖာကိုလံဘတ်စ် က ယခုကျူးဘားကျွန်းကို ရှာဖွေတွေ့ရှိခဲ့ပြီး စပိန်ဘုရင့်နိုင်ငံအတွက် ပိုင်ဆိုင်မှုအဖြစ် ကြေညာခဲ့သည်။ ၁၈၉၈ တွင် ပြီးဆုံးခဲ့သော စပိန်-အမေရိကန်စစ်ပွဲ မတိုင်ခင်အထိ ကျူးဘားသည် စပိန်နိုင်ငံ၏ နယ်မြေတစ်ခု ဖြစ်ခဲ့သည်။ ၁၉၀၂ တွင် အမေရိကန်ထံမှ လွတ်လပ်ရေးရရှိခဲ့သည်။ ၁၉၅၃မှ ၁၉၅၉အတွင်း ကျူဘားတော်လှန်ရေး (Cuban Revolution) ဖြစ်ပွားပြီး ဘာတစ္စတာအာဏာရှင်စနစ်ကို ဖြုတ်ချခဲ့သည်။ ဖီဒဲလ်ကပ်စထရို က ဦးဆောင်ပြီး အစိုးရဖွဲ့ခဲ့သည်။ [၃]

ကျူးဘားသည် လူဦးရေ (၁၁)သန်းကျော်ရှိသော ကျွန်းနိုင်ငံဖြစ်ပြီး ကရစ်ဘီယံပင်လယ် အတွင်း လူဦးရေ အထူထပ်ဆုံးသော တိုင်းပြည်ဖြစ်သည်။ ကျူးဘားတွင် ဒေသခံမဟုတ်သော တိုင်နို (Taíno) နှင့် ဆစ်ဘိုနီ (Ciboney) လူမျိုးစုများ၊ စပိန်ကိုလိုနီခေတ်အတွင်းက ကျွန်အဖြစ် ရောင်းချခြင်းခံရသော အာဖရိကန်များ စသည်ဖြင့် လူမျိုးစုံ၊ ယဉ်ကျေးမှုစုံ ရောနှောနေသည်။

ကျူးဘားသည် စာတတ်မြောက်မှုနှုန်း ၉၉.၈%ရှိသည်။ [၄][၅] ဖွားသေနှုန်းမှာလည်း ဖွံ့ဖြိုးပြီး တိုင်းပြည်များထက်ပင် လျော့နည်းသေးသည်။ [၆] လူတစ်ဦးချင်း၏ မျှော်မှန်းနိုင်သော သက်တမ်းမှာလည်း ၇၇.၆၄ နှစ် ရှိသည်။ [၇] ၂၀၀၆ခုနှစ် စာရင်းအရ လူသားဖွံ့ဖြိုးမှုညွှန်းကိန်း ၀.၈ ရှိသော လွန်စွာ ဖွံ့ဖြိုးနေသည့် တိုင်းပြည် ဖြစ်သည်။ [၈].

ဝေါဟာရရင်းမြစ်

ကိုးကား


  1. Thomas၊ Hugh (March 1971)။ Cuba; the Pursuit of Freedom။ New York: Harper & Row။ ISBN 0060142596
  2. Thomas၊ Hugh (1997)။ The Slave Trade : The Story of the Atlantic Slave Trade, 1440–1870။ New York, NY: Simon & Schuster။ ISBN 0684835657
  3. Remarks of Senator John F. Kennedy at Democratic Dinner, Cincinnati, Ohio။ John F. Kennedy Presidential Library & Museum - Jfklibrary.org (1960-10-06)။ 2010-11-07 တွင် ပြန်စစ်ပြီး။
  4. https://www.cia.gov/library/publications/the-world-factbook/geos/cu.html
  5. unstats | Millennium Indicators။ Mdgs.un.org (2010-06-23)။ 2010-11-07 တွင် ပြန်စစ်ပြီး။
  6. CIA World Factbook
  7. https://www.cia.gov/library/publications/the-world-factbook/geos/cu.html
  8. http://assets.panda.org/downloads/living_planet_report.pdf