အင်န်ဇိုင်း: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.6.5) (robot Adding: hif:Enzyme
အရေးမကြီး r2.6.5) (ရိုဘော ပေါင်းထည့်နေသည: sq:Enzima
စာကြောင်း ၈၃ - စာကြောင်း ၈၃ -
[[sl:Encim]]
[[sl:Encim]]
[[so:Ensiim]]
[[so:Ensiim]]
[[sq:Enzima]]
[[sr:Ензим]]
[[sr:Ензим]]
[[stq:Enzyme]]
[[stq:Enzyme]]

၀၃:၂၁၊ ၉ မတ် ၂၀၁၁ ရက်နေ့က မူ

လူသား ဂလိုင်အောက်စလေ့စ် ၁ (glyoxalase I)

အင်ဇိုင်း (Enzyme) များသည် သက်ရှိများအတွင်း ဇီဝဓာတ်ပြုမှုများ၌ ဓာတ်ပြုနှုန်းကို မြန်စေ နှေးစေသည့် ဓာတ်ကူပစ္စည်းအဖြစ် ဆောင်ရွက်ပေးသော ပရိုတိန်းများ ဖြစ်ကြသည်။ [၁][၂] အင်ဇိုင်းများ ဓာတ်ကူပြုပေးသည့် ဓာတ်ပြုမှုဖြစ်စဉ် မူလအစတွင် ပါဝင်သည့် မော်လီကျူးများကို စပ်စထြိတ် (substrate) ဟုခေါ်ပြီး ဓာတ်ပြုပြီးနောက် ၎င်းစပ်စထြိတ်တို့သည် အခြား မော်လီကျူးများအဖြစ် ပြောင်းလဲသွားသည်။ သက်ရှိ ကလာပ်စည်း (ဆဲလ်) များအတွင်း ဓာတ်ပြုဖြစ်စဉ်များအားလုံးနီးပါး ထိုက်လျောက်သည့် နှုန်းထားအတိုင်း ဖြစ်ပွားစေရန် အင်ဇိုင်းများကို လိုအပ်သည်။ အင်ဇိုင်းတစ်မျိုးသည် စပ်စထြိတ်အချို့အတွက်သာ သတ်သတ်မှတ်မှတ် ဓာတ်ကူပေးသောကြောင့် ဆဲလ်များအတွင်း ရှိသည့် အင်ဇိုင်းများကိုမူတည်၍ ယင်းဆဲလ်တွင် မည်သည့် ဇီဝတွင်း ဖြစ်ပျက်မှုများ ဖြစ်ပွားမည်ကို အဆုံးအဖြတ် ပေးမည်ဖြစ်သည်။

အင်ဟစ်ဘစ်တာ (inhibitor) ခေါ် မော်လီကျူးများသည် အင်ဇိုင်းများ၏ စွမ်းဆောင်မှုကို နှေးကွေးစေနိုင်သည်။ အက်တစ်ဗေတာ (activator) ခေါ် မော်လီကျူးများမှာမူ ပိုမိုလျင်မြန်စေသည်။ ဆေးဝါး အတော်များများနှင့် အဆိပ်များမှာ အင်ဟစ်ဘစ်တာများ ဖြစ်ကြသည်။ အပူချိန်၊ ဓာတုဝန်းကျင် (ဥပမာ - pH တန်ဖိုး) နှင့် စပ်စထြိတ်ပမာဏများသည်လည်း အင်ဇိုင်း စွမ်းဆောင်မှုကို သက်ရောက်စေသည်။ အင်ဇိုင်းများကို စီးပွားဖြစ် ထုတ်လုပ်ရာတွင် အသုံးပြုသည်။ ဥပမာအားဖြင့် ပဋိဇီဝပစ္စည်း ထုတ်လုပ်မှုတွင် အင်ဇိုင်းများကို လိုအပ်သည်။

ကိုးကား

  1. Smith AL (Ed); et al. (1997)။ Oxford dictionary of biochemistry and molecular biology။ Oxford [Oxfordshire]: Oxford University Press။ ISBN 0-19-854768-4 Explicit use of et al. in: |author= (အကူအညီ)CS1 maint: extra text: authors list (link)
  2. Grisham, Charles M.; Reginald H. Garrett (1999)။ Biochemistry။ Philadelphia: Saunders College Pub။ pp. 426–7။ ISBN 0-03-022318-0CS1 maint: multiple names: authors list (link)