အာရညကင်ဓုတင်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
→‎ဓုတင် ပျက်စီးခြင်း: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁၄ - စာကြောင်း ၁၄ -


==ဓုတင် ပျက်စီးခြင်း==
==ဓုတင် ပျက်စီးခြင်း==
ရွာကျောင်း၌ နေလိုသောစိတ်ြဖင့် အရုဏ်တက်ချိန်တွင် ရွာကျောင်း၌ နေသော ခဏ၌ပင် ဓုတင် ပျက်၏။ ထိုသို့ ဓုတင်ပျက်ပါက ပြန်၍  ဆောက်တည်ကာ ကျင့်သုံးနိုင်၏။ အခြားသော [[ဓုတင်]] ဤအတိုင်း ဖြစ်၏။<ref name="Lunge Thin"/>
ရွာကျောင်း၌ နေလိုသောစိတ်ဖြင့် အရုဏ်တက်ချိန်တွင် ရွာကျောင်း၌ နေသော ခဏ၌ပင် ဓုတင် ပျက်၏။ ထိုသို့ ဓုတင်ပျက်ပါက ပြန်၍  ဆောက်တည်ကာ ကျင့်သုံးနိုင်၏။ အခြားသော [[ဓုတင်]] ဤအတိုင်း ဖြစ်၏။<ref name="Lunge Thin"/>


==ကိုးကား==
==ကိုးကား==

၁၃:၂၉၊ ၁၈ ဇွန် ၂၀၂၁ ရက်နေ့က မူ

အာရညကင်ဓုတင် သည် ကိလေသာများကို ခါထုတ် ခေါင်းပါးစေသည့် အကျင့်တစ်ခု ဖြစ်သည်။ အာရညကင်ဓုတင် ဆောက်တည်သည့် ရဟန်းသည် အနီးဆုံးရွာနှင့် လေးအတတ်သင်ဆရာ၏ ညှို့တင်ထားသော ကုလလေးနှင့် အပြန်ငါးရာ အနည်းဆုံး ဝေးကွာသော တောရကျောင်း၌ နေရသည်။ အကြောင်းကိစ္စ တစ်ခုခုဖြင့် ရွာအတွင်း၌ နေရသော်လည်း အရုဏ်မတက်မီ တောရကျောင်းသို့ ပြန်လာပြီးလျှင် တောရကျောင်း၌ပင် အရုဏ်တက်စေမူ ဓုတင်မပျက်ပေ။

ဤတွင် အာရညကကင်ဓုတင် လောက်သော အကွာအဝေးကို “အလယ်အလတ်ဖြစ်သော ဒေသတောင်တာဖြင့် ယူလျှင်ပင် ဆိတ်ငြိမ်ရာ ဝိဝေကကို ရတော့သည်။ ထို့ကြောင့် မြန်မာဒေသ၌ အများသုံးကြသည့် ဟင်္သာတောင် (၁၈ လက်မ)၊ သံတောင် (၂၄ လက်မ) တို့ဖြင့် လေးတောင်တာကို ကုလလေးတာဟု ယူသင့်သည်” ဟု မဟာဝိသုဒ္ဓါရာမဆရာတောဘုရားကြီးက ပရမတ္ထ သရူပဘေဒနီကျမ်း ဒုတိယတွဲ၊ စာမျက်နှာ ၁၁၅ တွင် ဆုံးဖြတ်ထားသည်။[၁]

ဆောက်တည်ပုံ

ဤဓုတင်အား ဆောက်တည်မည့်ရဟန်းသည် “ဂါမန္တသေနာသနံ ပဋိက္ခိပါမိ” ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ “ရွာကျောင်းကို ပယ်ပါ၏” ဟု မြန်မာဘာသာဖြင့်လည်းကောင်း၊ “အာရညိကင်္ဂံ သမာဒိယာမိ” ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ “တော၌ နေလေ့ရှိသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏” ဟု မြန်မာဘာသာဖြင့်လည်းကောင်း ရွတ်ဆိုကာ ဆောက်တည်ရ၏။[၁]

ဓုတင် ပျက်စီးခြင်း

ရွာကျောင်း၌ နေလိုသောစိတ်ဖြင့် အရုဏ်တက်ချိန်တွင် ရွာကျောင်း၌ နေသော ခဏ၌ပင် ဓုတင် ပျက်၏။ ထိုသို့ ဓုတင်ပျက်ပါက ပြန်၍  ဆောက်တည်ကာ ကျင့်သုံးနိုင်၏။ အခြားသော ဓုတင် ဤအတိုင်း ဖြစ်၏။[၁]

ကိုးကား

  1. ၁.၀ ၁.၁ ၁.၂ ချမ်းမြေ့ဆရာတော် (၁၉၉၂ ခုနှစ်၊ ဧပြီလ)။ လူငယ်သင်ချမ်းမြေ့အခြေပျိုးဗုဒ္ဓဘာသာ။ ၅၅ (က)၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။: ဦးအောင်သိန်း၊ ဓမ္မဒေသနာပြန့်ပွားရေးအဖွဲ့ငယ်၊ ချမ်းမြေ့ရိပ်သာကျောင်း။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)