နရဲစွမ်: တည်းဖြတ်မှု မူကွဲများ
အရေးမကြီးNo edit summary |
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ် |
||
စာကြောင်း ၄၉ - | စာကြောင်း ၄၉ - | ||
==အယုဒ္ဓပြည့်ရှင်မင်းအဖြစ် စိုးစံခြင်း== |
==အယုဒ္ဓပြည့်ရှင်မင်းအဖြစ် စိုးစံခြင်း== |
||
===ဆင်စီးချင်းတိုက်ပွဲ=== |
|||
နရဲစွမ်သည် ၁၅၉၃ ခုနှစ်အတွင်း မြန်မာအိမ်ရှေ့မင်း မင်းကြီစွာနှင့် တိုက်ခိုက်ခဲ့သည့် ဆင်စီးချင်းထိုးတိုက်ပွဲကြောင့် ထိုင်းနိုင်ငံအတွင်း လူသိများသည်။ |
|||
===အယုဒ္ဓယရာဇဝင်သမိုင်းများ=== |
|||
၁၅၉၂ခုနှစ် နိုဝင်ဘာလတွင် နန္ဒဘုရင်သည် ၎င်း၏သားတော်ကို အယုဒ္ဓယအား သိမ်းပိုက်ရန် အမိန့်စေတော်မူသည်။ မင်ကြီးးစွာ၊ တေယင်ငူဘုရင်၏သားတေယ် နတ်သျှင်နောင်၊ ပြည်ဘုရင်၏ တပ်တို့စုပေါင်းကာ တပ်မ၃ခုဖွဲ့လေသည်။ |
|||
==ကိုးကား== |
==ကိုးကား== |
၀၅:၀၉၊ ၃ ဇန်နဝါရီ ၂၀၂၁ ရက်နေ့က မူ
Naresuan the Great นเรศวรมหาราช | |
---|---|
King of Ayutthaya | |
Statue of King Naresuan pouring water on the ground, symbolizing declaration of independence from the Burmese Taungoo Empire, at Naresuan University. | |
King of Siam | |
နန်းသက် | 1 July 1590 – 25 April 1605 |
ရှေ့မင်းဆက် | Mahathammarachathirat |
နောက်မင်းဆက် | Ekathotsarot |
မွေးဖွား | 1555-1556, 917 CS Chan Palace, Phitsanulok, Sukhothai Kingdom |
ကွယ်လွန် | ၂၅ ဧပြီ၊ ၁၆၀၅ Monday, 8th waxing of Sixth Siamese month (Vaisakha), 967 CS Lan Na | (aged 49)
အိမ်ထောင်ဖက် | Mani Rattana Ek Kasattri Yodaya Mibaya |
စံအိမ် | Sukhothai Dynasty |
ခမည်းတော် | Mahathammarachathirat |
မယ်တော် | Wisutkasat |
မဟာ နရဲစွမ် (အင်္ဂလိပ်: Naresuan the Great; ထိုင်း: สมเด็จพระนเรศวรมหาราช, RTGS: Somdet Phra Naresuan Maharat, အသံထွက် [sǒmdèt pʰráʔ nārēːsǔa̯n māhǎːrâːt] listen (ကူညီ·ချက်လက်)) သို့မဟုတ် စမ်ဖတ် ၂ သည် ၁၈ ရာစု အယုဒ္ဓယပြည်၏ ပြည့်ရှင်မင်းတစ်ပါးဖြစ်ပြီး ဆူခိုထိုင်းခေတ်၏ ဒုတိယမြောက် ပြည့်ရှင်မင်းတစ်ပါးဖြစ်သည်။ မဟာချက္ကရာဖတ်ဘုရင့်၏ မြေးတော်တစ်ဦးဖြစ်ပြီး တောင်ငူပြည့်ရှင် ဘုရင့်နောင်မင်းတရားကြီး မွေးစားတော်မူသော သားတော် တစ်ပါးဖြစ်သည်။ မြန်မာတို့မှ ဗြနရာဇ် ဟူ၍လည်း သိကြသည်။ ၁၅၉၀ ခုနှစ်တွင် အယုဒ္ဓယပြည်အား အုပ်စိုးခဲ့ပြီး ဇင်းမယ်ပြည်အား ၁၆၀ ခုနှစ်မှ နတ်ရွာစံသည်အချိန် ၁၆၀၅ ခုနှစ်အထိ အုပ်စိုးနိုင်ခဲ့သည်။ ဗြနရာဇ်သည် ထိုင်းတို့ ချစ်ကြောက်ရိုသေလေးစားရသည့် ပြည့်ရှင်များထဲမှ တစ်ပါးဖြစ်ပြီး ထိုင်းအား တောင်ငူအင်ပိုင်ယာ၏ အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ရန် ကြိုးပမ်းမှုများကြောင့် ထင်ရှားသည်။ သူ၏လက်ထက်တွင် မြန်မာနိုင်ငံ တောင်ငူမင်းဆက်နှင့် ဖြစ်ပွားသည့် စစ်ပွဲများစွာရှိခဲ့သည်။ ဗြနရာဇ်သည် ဒတ်ချ်များအား အခြေချခွင့်ပြုခဲ့သူတစ်ဦးလည်းဖြစ်သည်။
အစောပိုင်းဘဝ
မင်းသားနရာဇ် ကို ၁၅၅၅-၅၆ ခုနှစ်အတွင်း ပိဿလောက်တွင် ဖွားမြင်ခဲ့သည်။ ခမည်းတော်မှ ပိဿလောက်တိုင်းပြည်ကို အုပ်ချုပ်သော မဟာသမ္မရာဇသီရိ မင်းဖြစ်နှင့် မိဖုရားခေါင်ကြီး ဝိသုကေသထရီ တို့မှဖွားမြင်သည့် မင်းသားတစ်ပါးဖြစ်သည်။ မယ်တော်မှာ မဟာချက္ကရဖတ်မင်းနှင့် မိဖုရား ဆူရီယိုထိုင်းတို့၏ သမီးတော်တစ်ပါးဖြစ်သည်။ ခမည်းတော်မှာ ၁၅၄၈ ခုနှစ်အတွင်း ဝိုရာဝေါင်စတ်သီရိအား ရှုံးနိမ့်ခဲ့ပြီးနောက် မဟာချက္ကရဖတ်အား မင်းအဖြစ်တင်မြောက်ပေးခဲ့ရသည့် ဆူခိုထိုင်းခေတ် ဆွေကြီးမျိုးကြီးထဲမှ တစ်ဦးဖြစ်သည်။ နရာဇ်မင်းသားကို "မင်းသားမဲ"ဟူ၍လည်းကောင်း၊ ညီတော် မင်းသား ဧကထို့စရို့ ကို "မင်းသားဖြူ" ဟူ၍ ခေါ်ဝေါ်ကြသည်။ ဆုပန်ကလျာသည် ယင်းတို့၏ အစ်မကြီး ဖြစ်သည်။
ယိုးဒယား-မြန်မာစစ်ပွဲ (၁၅၆၃-၆၄)အချိန်အတွင်း အယုဒ္ဓယအား လုပ်ကြံရန်အတွက် ဟံသာဝတီတောင်ငူပြည့်ရှင် ဘုရင့်နောင်မင်းတရားကြီးသည် စစ်မက်ကြီးမားစွာဖြင့် သိမ်းပိုက်ရန်ချီတတ်လာပြီး ပိဿလောက်မြို့တွင် စစ်တည်လေသည်။ မဟာသမ္မရာဇသီရိလည်း ဤသို့မြို့တွင် ကြာမြင့်စွာ ဝန်းရံထားပါက အစာရေစာနှင့် ကျောက်ရောဂါကြောင့် ပြည်သူတို့ဒုက္ခရောက်ကြရမည်ကို သိမြင်လာခဲ့ပြီး မင်းတရားကြီးထံ အညံ့ခံလေသည်။ ဘုရင့်နောင်လည်း ပိဿလောက်နှင့်အယုဒ္ဓယ မြို့အား ရပြီးနောက် ထိုတိုင်းပြည်တို့အား ပဏ္ဍာဆက်တိုင်းပြည်အဖြစ်သွတ်သွင်းလိုက်သည်။ ထို့နောက် မင်းတရားကြီးလည်း မဟာသမ္မာရာဇသီရိအား သစ္စာခံစေပြီး ယင်း၏ သားတော်နှစ်ပါးဖြစ်သော မင်းသားမဲနှင့် မင်းသားဖြူကိုလည်း ပဲခူးသို့ ခေါ်ဆောင်လာခဲ့လေသည်။
ပဲခူး၌
ဘုရင့်နောင်မင်းတရားကြီးသည် မဟာသမ္မာရာဇမင်းအား သစ္စာပေးပြီး အယုဒ္ဓယကို စားစေပြီးလျှင် ယိုးဒယား-မြန်မာစစ် (၁၅၆၈-၇၀) လည်း ပြီးလေသည်။ ပဲခူးတွင် ၆နှစ်ကြာပြီး ၁၅၇၀ ခုနှစ်တွင် မင်းသားနရာဇ်နှင့် မင်းသားဖြူတို့လည်း အယုဒ္ဓသို့ ပြန်လာခဲ့လေသည်။ မြန်မာပြည်တွင် နေထိုင်စဉ်က "မြန်မာတို့၏အကောင်းဆုံးသော စစ်ပညာများကို လေ့ကျင့်သင်ကြားခွင့်ရခဲ့သည်"၊ ထို့ပြင် မြန်မာ မင်းညီမင်းသား၊ မင်းဆွေမင်းမျိုးများအား သင်ကြားပေးသည့် အဋ္ဌာရဿ ပညာတို့ကိုလည်း သင်ကြားခွင့်ရခဲ့သည်။ မင်းသား နရာဇ်သည် စစ်ရေးတွင် ကျွမ်းကျင်သည်သာမက ဉာဏ်ရည်လည်းမြင့်မားလေသည်။ အထွေထွေဗဟုသုနှင့် ပက်သက်၍လည်း အထူး လေ့လာတတ်မြောက်လာခဲ့သည်။
မဟာသမာရာဇမင်းသည် နရာဇ် အသက် ၁၅နှစ် အရွယ်တွင် နရဲစွမ်ဘွဲ့ပေး၍ ဥပရာဇာပြုကာ ပိဿလောက်မြို့ကိုစားစေသည်။ နရဲစွမ်သည် ၎င်း၏ခမည်းတော်၊ ပဲခူးဘုရင်တို့နှင့် ပူးပေါင်းကာ လင်းဇင်းမြို့တော် ဗီယက်ချင်းအား သိမ်းပိုက်ရန် ကြိုးစားသော်လည်း ကျောက်ရောဂါဖြစ်၍ ပြန်လာခဲ့ရသည်။ ထို့နောက် ၎င်း၏ မိဖများထံ အလည်အပတ်သွားရောက်ချိန် အယုဒ္ဓယ၌ ချန်ကစမ်နန်းတော်အား တည်ဆောက်ခဲ့လေသည်။
၁၅၈၁ ခုနှစ်တွင် ဘုရင်နောင်နတ်ရွာစံပြီးနောက် နန္ဒဘုရင် နန်းတတ်လာခဲ့သည်။ ထိုအချိန် ဦးရီတော် အင်းဝမြို့စား သတိုးမင်းစောက ၁၅၈၃ ခုနှစ်တွင် ပုန်ကန်လေသည်။ နန္ဒဘုရင်လည်း ပြည်၊ တောင်ငူ၊ ဇင်းမယ်၊ ဗီယက်ကျင်းနှင့် အယုဒ္ဓယဘုရင်တို့အား အကူအညီပေးရန် ဆင့်ဆိုလေသည်။၁၅၈၄ ခုနှစ် ဖေဖော်ဝါရီလ ၂ရက်နေ့တွင် နန္ဒဘုရင်၏အိန့်တော်အတိုင်းပဲခူးသို့ စစ်ကူလာခဲ့ပြီး ဧပြီလတွင်နယ်စပ်သို့ ရောက်လေသည်။ ဒမ်ရောင်း၏အဆိုအရ ထိုသို့စစ်ချီလာခြင်းသည်ပင် နန္ဒဘုရင်၏စိုးရိမ်စိတ်ကို ဖြစ်ပေါ်လာစေပြီး သားတော် မဟာဥပရာဇာအား မြို့ကို စောင့်ကြပ်နေစေ၍ ဗြနရာဇ်အားသုတ်သင်ရန် အမိန့်တော်ရှိလေသည်။ မြန်မာ့ ရာဇဝင်သမိုင်းတို့တွင်ဖော်ပြသည်ကား နန္ဒဘုရင်သည် အင်းဝသို့မချီမီကပင် မင်းကြီးစွာအား မြို့စောင့်အဖြစ်ထားခဲ့ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
ဒမ်ရောင်း ဆက်လက်ဖော်ပြသည်မှာ နရဲစွမ်သည် ကရင် နယ်စပ်မြို့သို့ ရောက်သည်နှင့် မဟာဥပရာဇာ စေသော ဗြရံနှင့် ဗြကိရက် နှစ်တပ်သည် နောက်ဘက်မှ တိုက်၍ မဟာဥပရာဇာ၏တပ်က ရှေ့မှ တိုက်သည်ကို ခံရလေသည်။ ထို့နောက်နရဲစွမ်လည်း လွှတ်တော်ခေါ်၍ ထိုအထဲတွင် ဗြရမ်၊ ဗြကိရက်နှင့် အခြားမွန်တို့လည်းပါဝင်လေသည်။ နရဲစွမ် ရွှေတကောင်းမှ ရေကို မြေသို့လောင်း၍ ဟံသာဝတီနှင့် ဆီယမ်တို့ကြားရှိခဲ့သော ချစ်ကြည်မှုသည် ယနေ့အချိန်မှစ၍ နောက်သို့မရှိပြီ ဆိုကာ နတ်တို့အား တိုင်တည်လေသည်။
ထို့နောက် နရံစွမ်သည် ၎င်း၏ စစ်ဆင်ရေးတွင်ပါဝင်ရန် မွန်တို့အား စည်းရုံးစေပြီ ထိုတဝိုက်တွင် ဖမ်းဆီးထိမ်းသိမ်းခံထားရသည့် ယိုးဒယား လူမျိုးများအား အချုပ်အနှောင်မှ လွှတ်ကာ ပဲခူးသို့ ချီလာခဲ့လေ၏။ ထိုအချိန် နန္ဒဘုရင်သည်လည်း အင်းဝအားစစ်ရှူံး၍ ဟံသာဝတီသို့ ပြန်လာချိန်ဖြစ်သည်။ နရဲစွမ်လည်း ယိုးဒယားမိသားစု ၁သောင်းခန့်အား လွှတ်ပေးပြီနောက် တပ်ဆုတ်ပြန်လေသည်။ မင်းကြီးစွာလည်း စူရကမ္မနှင့်အတူ နောက်မှလိုက်လေသည်။ ထို့နောက် စစ်တောင်းမြစ်တွင် ယိုးဒယားတပ်ကို မီလေသည်။ ထိုနေရာတွင် စူရကမ္မသည် စစ်တောင်းမြစ်အား ဖြတ်နေသည့် ဆွန်ဒက် ဗြနရဲစွမ်သုံးသော သေနတ်တော်မှန်၍ သေရလေသည်။ ထို့ကြောင်မဟာဥပရာဇာ၏တပ်တော်လည်း ထိတ်လန့်ကာ တပ်ဆုတ်ပြန်ခဲ့ရပြီး မြို့သို့ချက်ချင်းပြန်လေသည် ဟူ၏။
ထို့နောက် နရဲစွမ်သည် တန်ခိုးကြီသည့် ဖွေစိုင်ကန်မှ ရေကိုသောက်ကာ ဆူခိုထိုင်းသားများနှင့် သစ္စာရေသောက်အခမ်းအနား ကျင်းလေသည်။ ယင်း၏တပ်များလည်း စဝမ်ခလောက်ဆိုသည့်နယ်အား သိမ်းယူသည်။ ၁၅၈၄ ခုနှစ်အတွင်း နရဲစွမ်သည် ပဲခူးတပ်အား တိုက်ခိုက်ရန် မြောက်ဘက်ပိုင်းပြည်နယ်များရှိ ယိုးဒယားသားတို့အား မြို့တော် အယုဒ္ဓတွင် စစ်ပြင်ရန်အတွက် စုရုန်းစေသည်။
ထိုနှစ်တွင်ပင် နန္ဒဘုရင်သည် သီးခြား တပ်တော်နှစ်ခုကို စေလွှတ်ပြန်လေသည်။ ထိုတပ်တို့မှာ ပုသိမ်ဘုရင်၏တပ်နှင့် ဒုတိယတစ်ခုမှာ ညီတော် ဇင်းမယ်ဘုရင် နော်ရထာစော တို့၏ တပ်တို့ ဖြစ်ကြသည်။ ထိုနှစ်တပ်လုံး လည်း သီးခြားထိတွေ့မှုများဖြင့် အရေးနှိမ့်ကာ တပ်အားပြန်လည်မစုစည်းနိုင်ဘဲ ဆုတ်ပြန်ကြရသည်။ ထို့နောက် ၁၅၈၆ ခုနှစ် နရစွမ် သည် ဇင်းမယ်ဘုရင်အား ဖမွတ်နှင့် ဘန့်ကဲ့အို အနီးတွင် အနိုင်ရ၍ စစ်သည် ၁သောင်း၊ ဆင်၁၂၀၊ မြင်း၁၀၀၊ လှေ ၄၀၀ တို့နှင့်အတူ လက်နက်၊ ခဲယမ်း မီးကြောက် စားနပ်ရိက္ခာအမြောက်အများ သိမ်းဆီးရမိလေသည်။
၁၅၈၆ခုနှစ် အောက်တိုဘာလ တွင် နန္ဒဘုရင်ကိုယ်တိုင် ဦးဆောင်၍ အယုဒ္ဓယအား သိမ်းရန်ချီသည်။ ထို့နောက် မြို့အား ၅လခန့် ဝန်းရံထားနိုင်ခဲ့သော်လည်း နရဲစွမ်က ကြံ့ကြံ့ခံသဖြင့် မြို့အားမသိမ်းနိုင်ချေ။ ထိုသို့လျှင် နန္ဒဘုရင်လည်းတပ်ခေါက်ပြန်လေသည်။
၁၅၉၀ခုနှစ်တွင် မဟာသမ္မရာဇသီရတ် မင်းကံတော်ကုန်သည်။ ၁၅၉၀ခုနှစ် ဇူလိုင်လ တွင် နရဲစွမ်လည်း စမ်ဖတ်၂ ဘွဲ့ ခံ အယုဒ္ဓယပြည်၏ ထီးဆောင်းမင်း ဖြစ်လာလေသည်။
မဟာဥပရာဇာ ဦးဆောင်သော မြန်မာတပ်များသည် အယုဒ္ဓပြည်အား ထပ်မံတိုက်ခံပြန်သော်လည်း နရဲစွမ်က ဘန့်ခွိုင်အနီးတွင် အနိုင်ရရှိခဲ့ပြန်သည်။ မြန်မာတို့လည်း အရေးနိုမ့်ကာ လူသူ လက်နက် ခဲယမ်းမီးကြောက် အမြောက်အမြားဆုံးရှုံးကာ ပဲခူးသို့ ပြန်လည်ဆုတ်ခွာလာခဲ့ကြသည်။
အယုဒ္ဓပြည့်ရှင်မင်းအဖြစ် စိုးစံခြင်း
ဆင်စီးချင်းတိုက်ပွဲ
နရဲစွမ်သည် ၁၅၉၃ ခုနှစ်အတွင်း မြန်မာအိမ်ရှေ့မင်း မင်းကြီစွာနှင့် တိုက်ခိုက်ခဲ့သည့် ဆင်စီးချင်းထိုးတိုက်ပွဲကြောင့် ထိုင်းနိုင်ငံအတွင်း လူသိများသည်။
အယုဒ္ဓယရာဇဝင်သမိုင်းများ
၁၅၉၂ခုနှစ် နိုဝင်ဘာလတွင် နန္ဒဘုရင်သည် ၎င်း၏သားတော်ကို အယုဒ္ဓယအား သိမ်းပိုက်ရန် အမိန့်စေတော်မူသည်။ မင်ကြီးးစွာ၊ တေယင်ငူဘုရင်၏သားတေယ် နတ်သျှင်နောင်၊ ပြည်ဘုရင်၏ တပ်တို့စုပေါင်းကာ တပ်မ၃ခုဖွဲ့လေသည်။
ကိုးကား
ဤ အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |