အသုံးပြုသူ ဆွေးနွေးချက်:ကျော်ထင်: တည်းဖြတ်မှု မူကွဲများ

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ
အရေးမကြီး ကျော်ထင် - '→‎မြန်မာစာအကြောင်း: အပိုင်းသစ်' ၏ သုံးသပ်ချက်ကို လက်မှတ်ထိုးပေးနေသည်
စာကြောင်း ၇၆ - စာကြောင်း ၇၆ -
ဥပမာ ပြောရရင် အဓိပ္ပါယ်၊အပါယ်တွေ ရေးတဲ့အခါ အဓိပ္ပါယ၊အပါယတွေက လာလို့ပါယ်မှာ မောက်ချပါ တယ်။တိရစ္ဆာန်၊သဏ္ဌာန်၊သုသာန်၊ပြာသာဒ်တွေထဲက ဆာန်၊ဌာန်၊သာန်တွေမှာကျတော့ ရေးချပါရတယ်။ အဲ့ ဒါ တွေကို အရင်းအမြစ် သိကြလို့ မဟုတ်ဘဲ ကျက်ကြ၊မှတ်ကြပြီး ပေါင်းနေကြရတယ်။အဲ့လိုဆိုတော့ ပါဠိသက် မြင်ရင ်မောက်ချတွေ၊ရေးချတွေ ထည့်ရမလား၊မထည့်ရဘူးလားဟာ လူတော်တော်များများအတွက် မသေမချာ ဖြစ်ကြရတယ်။ကိုးကားစရာရှိတဲ့သူက ကိုးကားစရာ အားကိုးနဲ့ရေးနိုင်ပေမယ့် မရှိတဲ့သူတွေကျတော့ ပစ္စုပ္ပန်၊ မဏ္ဍပ်၊ဥပဒ်၊ဒဏ်၊အနာဂတ် စတာတွေမှာလည်း အစိုးရိမ်လွန်ပြီး မောက်ချတွေ ထည့်ရေးမိတတ်ကြတယ်။
ဥပမာ ပြောရရင် အဓိပ္ပါယ်၊အပါယ်တွေ ရေးတဲ့အခါ အဓိပ္ပါယ၊အပါယတွေက လာလို့ပါယ်မှာ မောက်ချပါ တယ်။တိရစ္ဆာန်၊သဏ္ဌာန်၊သုသာန်၊ပြာသာဒ်တွေထဲက ဆာန်၊ဌာန်၊သာန်တွေမှာကျတော့ ရေးချပါရတယ်။ အဲ့ ဒါ တွေကို အရင်းအမြစ် သိကြလို့ မဟုတ်ဘဲ ကျက်ကြ၊မှတ်ကြပြီး ပေါင်းနေကြရတယ်။အဲ့လိုဆိုတော့ ပါဠိသက် မြင်ရင ်မောက်ချတွေ၊ရေးချတွေ ထည့်ရမလား၊မထည့်ရဘူးလားဟာ လူတော်တော်များများအတွက် မသေမချာ ဖြစ်ကြရတယ်။ကိုးကားစရာရှိတဲ့သူက ကိုးကားစရာ အားကိုးနဲ့ရေးနိုင်ပေမယ့် မရှိတဲ့သူတွေကျတော့ ပစ္စုပ္ပန်၊ မဏ္ဍပ်၊ဥပဒ်၊ဒဏ်၊အနာဂတ် စတာတွေမှာလည်း အစိုးရိမ်လွန်ပြီး မောက်ချတွေ ထည့်ရေးမိတတ်ကြတယ်။
မြန်မာစာပေမှာ အဲ့ဒီ့ပြဿနာတွေဟာ တော်တော့်ကို ခက်ပါတယ်။ဒါပေမယ့် ဒီ့ထက်ပိုခက်တာက ဒီလို အ ခက်တွေကို လွယ်အောင် ဘယ်လိုလုပ်မလဲလို့ စဉ်းစားကြည့်ဖို့က ပိုခက်လိမ့်မယ်လို့ထင်ပါတယ်။
မြန်မာစာပေမှာ အဲ့ဒီ့ပြဿနာတွေဟာ တော်တော့်ကို ခက်ပါတယ်။ဒါပေမယ့် ဒီ့ထက်ပိုခက်တာက ဒီလို အ ခက်တွေကို လွယ်အောင် ဘယ်လိုလုပ်မလဲလို့ စဉ်းစားကြည့်ဖို့က ပိုခက်လိမ့်မယ်လို့ထင်ပါတယ်။
ကျော်ထင်
ကျော်ထင် {{unsigned2|12:01, 14 May 2020|ကျော်ထင်}}

၁၂:၀၂၊ ၁၄ မေ ၂၀၂၀ ရက်နေ့က မူ

== မြန်မာစာအကြောင်း

Bold text စာလုံးပေါင်း

   မြန်မာဘာသာစကားအကြောင်းတွေကို အထူးအားစိုက်ပြီး လေ့လာြဖစ်ခဲ့တာ တော်တော်ကြာပါြပီ။လေ့လာ လို့ တွေ့ရှိသမျှတွေကိုလည်း ဆောင်းပါးအတန်တန်နဲ့ ရေးသားဖြစ်ခဲ့ပါတယ်။အဲ့ဒီလိုရေးသားခဲ့တဲ့ ဆောင်းပါးအ များစုဟာဆိုရင်လည်း ဘာသာစကားရဲ့ ပြဿနာတွေကို ခြေရာကောက် တင်ပြခဲ့တာတွေချည်းပါပဲ။လေ့လာမိသ မျှမှာ အဓိက တွေ့ရတဲ့ ပြဿနာတွေက အပင့်၊အရစ် မှားယွင်းတာတွေ၊အသတ်လွဲမှားတာတွေ၊အသံစွဲ အနက်စွဲ ထွေပြားနေတာတွေ၊ဌာန်တူ အသံတူနေတာတွေကြောင့် ဗျည်းလွဲမှားရတာတွေ၊အဓိပ္ပာယ်အနက် မမှန်းဆနိုင်တာ တွေပါပဲ။
   အဲ့ဒီလို မြန်မာဘာသာစကားရဲ့ အခက်အခဲ ပြဿနာတွေကို လေ့လာဖော်ထုတ်ကြည့်နေပေမယ့် ဖြေရှင်းလို့ ရ နိုင်မယ့် နည်းလမ်းကိုတော့ မရေးဖြစ်ခဲ့သေးပါဘူး။ဘာလို့လဲဆိုတော့ မြန်မာစာလုံးပေါင်းပုံဟာ သတ်သတ်မှတ် မှတ် မရှိဘူးဆိုတဲ့ အမြင်ကြောင့်ပဲ ဖြစ်ပါတယ်။ဒါပေမယ့်လည်း တတ်နိုင်ကမျှ ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေကို ရှာဖွေနေတာကိုတော့ ရပ်မပစ်ပါဘူး။။ကြောင်းအလှူရှင်လို့ ရေးထားတာကို ဘယ်သူ မှ ဇရပ်အလှူရှင် လို့ မဖတ် ကြဘူးဆိုပေမယ့်၊အရေးမှန်မှ အနက်မှန်မယ်ဆိုတဲ့ အသိကြောင့် မြန်မာဘာသာစကားရဲ့ အပြော(အသံ)နဲ့ အပြ ဟန် (ဗျည်း၊ဗျည်းတွဲ၊သရစွဲ)တွေကို ဘယ်လို ပေါင်းစပ်ရေးသားခဲ့ကြသလဲဆိုတာ စူးစိုက်လေ့လာဖြစ်ခဲ့ပါတယ်။ 
   တကယ်တော့ မြန်မာဝေါဟာရ တစ်ခုကို ရေးလိုက်တယ်ဆိုတာ အသံကို မြင်ရအောင် ဗျည်းတွေ၊ဗျည်းတွဲ စ နစ်တွေ၊သရတွေနဲ့ သင်္ကေတ ပြုလိုက်တာပဲဖြစ်ပါတယ်။ဒီတော့ ဝေါဟာရတစ်လုံးကို ရေးပြီဆိုရင် အဲ့ဒီ့ဝေါဟာ ရမှာ အဓိပ္ပာယ်ရယ်၊အသံရယ်၊ရေးနည်းစနစ်တွေရယ် ပါဝင်နေပါတယ်။သိစေချင်တဲ့ အနက်အဓိပ္ပာယ်တွေကို အသံကို အသုံးပြုပြီး သိစေတယ်။အသံကိုကျတော့ ဗျည်းအက္ခရာတွေ သုံးပြီး ဗျည်းတွဲ၊အသတ်၊သရတွေနဲ့ တွဲ စပ် မြင်စေပါတယ်။

သံစွဲ၊နက်စွဲနည်း

   အဲ့ဒီ့ထဲကမှ ပထမဆုံးအနေနဲ့ အနက်စွဲနဲ့အသံစွဲ ရေးသားနည်းဆိုတာကို ချဉ်းကပ်ကြည့်ချင်ပါတယ်။ အဲ့ဒီ့နည်း မှာ ဗျည်းအက္ခရာတွေကို အနက်အဓိပ္ပာယ်ကို ဖော်ပြတဲ့အက္ခရာနဲ့ အသံကို ဖော်ပြတဲ့အက္ခ ရာဆိုပြီး ခွဲခြားဆင် ခြင်ထားတာကို တွေ့ရပါတယ်။ က ခ စ ဆ တ ထ ပ ဖ တွေဟာ အနက်အဓိပ္ပာယ်ကို ဖော်ပြပေးတဲ့ ဗျည်းအက္ခ ရာတွေ ဖြစ်ပြီးတော့၊ ဂ ဃ ဇ ဈ ဒ ဓ ဗ ဘ တွေကတော့ အသံကိုပဲ ဖော်ပြတဲ့ဗျည်းအက္ခရာတွေပဲ ဖြစ်ပါတယ်။ အဲ့ဒီ့ အနက်နဲ့ အသံစွဲတွေမှာ ဘယ်လို အသုံးပြုပြီးရေးကြသလဲဆိုရင် က ၊ခ အနက်စွဲကို ဂ၊ ဃ အသံစွဲနဲ့ ရေး တတ်သလို၊စ၊ ဆ အနက်စွဲကို ဇ၊ ဈ နဲ့ရေးတတ်တယ်။ တ-ထ အနက်စွဲကို ဒ၊ ဓ နဲ့ရေးတယ်။။ ပ၊ ဖ အနက်စွဲကို ဗ၊ ဘ တွေနဲ့ ရေးလေ့ရှိတဲ့စကားလုံးတွေ တွေ့ရတဲ့အတွက်၊အဲ့ဒီ့ ဗျည်းတွေနဲ့ ရေးကြတော့မယ်ဆိုရင် အနက်နဲ့ အ သံကို ယှဉ်ထိုးချင့်ချိန်ကြည့်သင့်ပါတယ်။
     ဂတ်ထူ၊ဂတ်ပြား၊ဒု၊ဒေါင့်မှန်၊ဒယ်အိုး၊ဇောက်ထိုး၊စတွေကို ရေးတော့မယ်ဆိုရင် ဂတ်ထူ၊ဂတ်ထူပြားဆိုတဲ့ အသံစွဲအရေးက ဂတ်ဟာ ကတ်အနက်ကို အသံစွဲနဲ့ ရေးထားတာ ဖြစ်တယ်။ ဒုတ်တိုဆိုတာ တုတ်တို ။ ဒုဆိုတာ ထု။ ဒေါင့်မှန်ဆိုတာ ထောင့်မှန်။ဒယ်အိုး ဆိုတာ တည်အိုး။ဇောက်ထိုးဆိုတာ စောက်ထိုး။ ဇောင်းတန်းဆို တာ စောင်းတန်း။ဘူးသီးဆိုတာ ဖူးသီး။အဘွားဆိုတာ အဖွား။အဘိုးဆိုတာ အဖိုး။ ဇရက်ဆိုတာ ဆက်ရက်။နဂို ဆို တာက နကို၊ပင်ကို လို့ ယှဉ်တွဲ သိနေရမှာ ဖြစ်ပါတယ်။အဲ့ဒီလိုသိပြီး ချင့်ချိန်ရမှာက အသံစွဲဗျည်းတွေနဲ့ရေးသား ကြတဲ့အခါ အနက်စွဲဗျည်းနဲ့ပါ ယှဉ်တွဲပြီး အနက်ဖော်ကာ ရေးသားရပါမယ်။ဒါမှလည်း အမှားနည်းနိုင်သမျှ နည်း လိမ့်မယ်ထင်ပါတယ်။အသံစွဲ အားကောင်းရင် အသံစွဲနဲ့ရေးကြ။အနက်စွဲ အားကောင်းရင် အနက်စွဲနဲ့ ရေးကြဆို တာမျိးတော့ သတ်သတ်မှတ်မှတ် ပြုပေးထားရင် ပိုကောင်းပါလိမ့် မယ်။
   အဲ့ဒီလိုမှ မဟုတ်ရင် အသံစွဲနဲ့ရေးဖို့ ခွင့်ပြုထားတဲ့ စကားလုံးလား၊အနက်စွဲနဲ့ပဲ ရေးရမယ့်စကားလုံး လားဆို တာတွေကို မြန်မာစာအဖွဲ့က တစ်နိုင်ငံလုံးအတွက် သတ်မှတ်ပြဌာန်းထားတဲ့ မြန်မာသတ်ပုံကျမ်းနဲ့ မြန်မာအဘိ ဓာန်ကျမ်းတွေကို မကိုး မဖြစ်၊ကိုးရတော့မှာပဲ ဖြစ်ပါတယ်။ဥပမာ တန်ဘိုးလို့ အသံစွဲရှိတဲ့ စကားလုံးကို ရေး တော့မယ်ဆိုရင် ဘိုးအသံစွဲဟာ ဖိုး အနက်စွဲက လာတာဖြစ်တယ်။ဒါကို သိပြီးမှ ဘိုးနဲ့ ရေးမှာလား၊ဖိုး နဲ့ရေးမှာ လားဆိုတာ ချင့်ချိန်ရပါလိမ့်မယ်။ဘာလို့လဲဆိုတော့ အထက်မှာ ရေးခဲ့သလို အသံစွဲအားကောင်းရင် အသံစွဲ နဲ့ ရေး၊အနက်စွဲ အားကောင်းရင် အနက်စွဲနဲ့ရေးလို့ တစ်သမတ်တည်း ပြဌာန်းထားတာ မတွေ့လို့ပဲဖြစ်ပါတယ်။
   အဘိုးအဘွား တွေကို ရေးသားတဲ့အခါ အကြီးအမှူးဆိုတဲ့ အနက်စွဲ ဖိုးဖွား တွေလို့ ရေးခွင့်မပြုဘဲ အသံစွဲ အ ဘိုးအဘွား ကိုပဲ ရေးသားခွင့် ပြုထားတာ တွေ့ရပါတယ်။နဂို နဲ့ ဒယ်အိုးတွေမှာလည်း အသံစွဲ ဂို နဲ့ ဒယ် ကိုပဲ ရေး တာ တွေ့ရှိရပါတယ်။ဇောက်ထိုး၊ဇရက်၊ဒုတ်၊ဇောင်းတန်း၊ဒေါင့် တွေမှာကျတော့ အသံစွဲနဲ့ ရေးတာကို ခွင့်ပြုပေး ထားတာ မတွေ့ရပါဘူး။ဘူးသီ ကို အသံစွဲနဲ့ ရေးခဲ့ကြသလို၊ ဒု နဲ့ ထု ကိုတော့ နှစ်မျိုးစလုံးနဲ့ သုံးခွင့်ရှိပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရေးသားမယ့်စကားလုံးဟာ အသံစွဲဗျည်းတွေဖြစ်တဲ့ ဂ ဃ ဇ ဈ ဒ ဓ ဗ ဘ တွေ ဖြစ်နေတယ် ဆိုရင် အနက်စွဲဗျည်း တွေဖြစ်တဲ့  က ခ စ  ဆ တ ထ ပ ဖ တွေနဲ့ပါ နှိုင်းချင့်သုံးစွဲကြမယ်ဆိုရင်တော့ အကောင်း ဆုံးပါပဲ။

ဖြစ်ဗျည်း၊ပြုဗျည်းနည်း

        နောက်ထပ် လေ့လာတွေ့ရှိရတဲ့ မြန်မာစာရေးထုံးတစ်ခုက အဖြစ်သက်သက်ပြတာနဲ့ ပြုလုပ်တာကို ပြတဲ့ ကြိယာတွေပဲ ဖြစ်ပါတယ်။စကားလုံးဟာ  အဖြစ်သက်သက်ကြိယာလား၊အပြုကြိယာလားဆိုတာကို ခွဲခြားသိဖို့ အဖြစ်သက်သက်ဗျည်း(သုဒ္ဓ) တွေနဲ့ အပြုဗျည်းတွေ(ကာရိုက်)တွေကို အရင်ဦးဆုံး သိထားရပါမယ်။ဒီနည်းလမ်း ကို ဖြစ်ဗျည်း၊ပြုဗျည်းနည်းလို့ ခေါ်ဆိုနိုင်ပါတယ်။အဖြစ်သက်သက်ကို ပြတဲ့ဗျည်းတွေက က စ တ ပ င ည န မ ယ ရ လ ဝ ဆိုပြီး ၁၂ လုံးရှိ ပါတယ်။အပြုပြတဲ့စကားလုံးက ခ ဆ ထ ဖ နဲ့ ငှ ညှ နှ မှ ယှ ရှ လှ ဝှ တွေဆိုပြီး ၁၂ လုံးပါပဲ။အဲ့ဒီ့ထဲက အသံလည်း မတူ၊မှာလည်း မမှားနိုင်တာတွေကို ထည့်မပြောတော့ဘဲ အသံတူတဲ့ စ နဲ့ ဆ ကိုပဲ အဓိကထား ပြောချင်ပါတယ်။ဘာလို့လဲဆိုတော့ စလုံးနဲ့ ဆလိမ်ကို အမြဲလိုလို လွဲမှားတတ်ကြလို့ပါပဲ ဖြစ်ပါ တယ်။
   အိုးထဲက ရေတွေ တစ်စက်စက်ကျနေတာမျိုးဟာ ဖြစ်နေတာဖြစ်တဲ့အတွက် အဖြစ်သက်သက်ထဲက စလုံးကို ပဲသုံးပြီး စိမ့် တယ်လို့ ရေးသားရမှာပါ။ဆလိမ်နဲ့ ဆိမ့်လို့ မရပါဘူး။အဝတ်စကို အပိုင်းအစဖြစ်အောင် ပြုလုပ် လိုက်တယ်ဆိုရင် အပြုပြတဲ့ ဆလိမ်နဲ့ ဆုတ်ဖြဲရပါလိမ့်မယ်။ဆီဆမ်းတာ၊ဆွဲယူတာ၊လက်နဲ့ဆိတ်တာ၊ဆုပ်ကိုင် ထားတာ၊ဆူငေါက်တာ၊ဆန့်ထုတ်တာ၊ဆွတ်ခူးတာ၊ဆောင့်ချတာ။ဒီလို အပြုအဓိပ္ပါယ်သက်ရောက်တဲ့ ကြိယာ အ ဖြစ် သုံးကြမယ်ဆိုရင် အပြုပြဗျည်း ဆ လိမ်နဲ့ပဲ ရေးလေ့ရှိတာ တွေ့ရပါတယ်။
   ချက်စူတာ၊စုတ်ပြဲတာ၊စူးသွားတာ၊စန့်တန်းသွားတာဆိုတဲ့ အဖြစ်သက်သက်ကိုပြတဲ့ ကြိယာတွေဆိုရင် စ လုံး ကိုပဲ အများဆုံး အသုံးပြုကြတာ တွေ့ရပါတယ်။ဒါပေမယ့်လည်း အဖြစ်ပြနဲ့အပြုပြကြိယာအသုံးသဘော သုဒ္ဓ ကာရိုက်နည်းဟာ အကြွင်းမဲ့အမှန်လားဆိုတော့ မဟုတ်ပါဘူး။ချို့ယွင်းချက်တွေတော့ ရှိနေပါတယ်။စားတာ၊နို့ စို့တာ၊စိတ်ဖြာတာမျိုးတွေမှာ အပြုသဘောဖြစ်ပေမယ့် အဖြစ်သဘော စလုံးကို သုံးစွဲထားတာ တွေ့ရပါတယ်။ ချိုးလို့ ကျိုးတာ။ဆန့်လို့ စန့်တာတွေမှာ သုဒ္ဓကာရိုက်နည်းကျပေမယ့်၊ ဆာလို့ စားတယ်ဆိုတာကတော့ ဖြောင့် ဖြောင့် ကြီး ဆန့်ကျင်ပြနေတာ တွေ့ရပါတယ်။ဒါကို ပြေလည်ဖို့ဆိုရင်တော့ တိကျရေရာတဲ့ မြန်မာစာလုံးပေါင်း စနစ်ကို သတ်သတ်မှတ်မှတ် ပြဌာန်းကြဖို့ ကြိုးစားရမယ်ထင်ပါတယ်။တကယ်လို့ သုဒ္ဓကာရိုက်နည်းကို တစ်သ မတ်တည်း ပြဌာန်းလိုက်မယ်ဆိုရင် စလုံး၊ဆလိမ် လွဲမှားနေတာတွေဟာ ရပ်တန်းကရပ်သွားကြမယ်လို့ မျှော်လင့် မိပါတယ်။

ပင့်မန်၊ရစ်ကြီးနည်း

   ဒါပေမယ့်လည်း သုဒ္ဓကာရိုက်နည်းက မြန်မာဝေါဟာရတွေထဲက အချို့အဝက်ရဲ့ ပြဿနာကိုတော့ အထိုက်အ လျောက် ပြေလည်အောင် ဖြေရှင်းပေးနိုင်မှာပါပဲ။ဒီလိုပဲ ယပင့်နဲ့ရရစ် ပြေလည်ဖို့ဆိုရင်လည်း အပင့်အရစ်သ ဘောတွေကို သိရှိနား လည်ထားရမယ်ဆိုတဲ့ နည်းလမ်းတစ်ခုကို တွေ့ရှိထားပါတယ်။အပင့်နဲ့အရစ်ရဲ့ အဓိပ္ပာယ် သွားတွေက အပင့်ဟာ သာမန်လုပ်ရိုးလုပ်စဉ်တွေကို ပြုမူတဲ့သဘောသာကို ပြပြီး၊အရစ်က အပင့်ထက် ပိုမိုတဲ့ သဘောဘက်ကို ပြနေတယ်ဆိုတာတွေ့ ရပါတယ်။သာဓကအနေနဲ့ ကျူး နဲ့ ကြူး/ချဲ နဲ့ ခြား တွေကို ကြည့်ပြီး ဆင်ခြင်ကြည့်နိုင်ပါလိမ့်မယ်။
   ဗုဒ္ဓဘုရားရှင်ဟာ ဥဒါန်းကျူးရင့်လိုက်တယ်။နယ်ချဲ့တွေက ကျူးကျော်လာတယ်။နွားရှေ့ ထွန်ကျူးတယ်ဆို တာ တွေထဲက ကျူးရဲ့အနက်တွေဟာ သာမန်လုပ်ရိုးလုပ်စဉ်နဲ့ ပြုမူလုပ်ဆောင်တဲ့ သဘောတွေချည်းပါပဲ။ ဒါ ကြောင့် အဲဲဒီ့ထဲက ကျူးတွေကို ယပင့်နဲ့ ကျူးထားတာဖြစ်ပါတယ်။ဒါပေမယ့် ကထာဂုရုတွေက အလွန်အကြူး ဖွင့်ဆိုပြလိုက်ကြတယ်။ဒီလူက သေသောက်ကြူးတယ် ဆိုတာတွေထဲက ကြူးကတော့ သာမန်လုပ်ရိုးလုပ်စဉ် ပြုရိုးပြုစဉ် ဖြစ်ရပ်တွေထက် ပိုမိုအားကြီးတဲ့ သဘောကို ဆောင်နေတာ တွေ့ရပါတယ်။အဲ့ဒီလို အားကြီးတဲ့ သ ဘော ဆောင်နေရင်တော့ ရရစ်နဲ့ ရစ်ကြရမယ်ဆိုပါတယ်။ဒီအသိ ဒီနည်းနဲ့ ဖြေရှင်းမယ်ဆိုရင် အလွန်ချွေတာတာ ကို ဖော်ပြတဲ့ ခြစ်ခြစ်ခြုတ်ခြုတ် ဆိုတာမျိုး၊ထိုက်သင့်တာထက် ပိုပြီးရခဲ့တာမျိုးကို သုံးတဲ့ မြိုးမြိုးမြက်မြက်ဆို တာမျိုးတွေမှာ ရစ်ရမှာလား၊ပင့်မှာလားတွေ ဝေဝါးနေမှာ မဟုတ်တော့ဘဲ ချက်ချင်းပဲ ရရစ်နဲ့ ရစ်နိုင်ကြလိမ့်မယ် ထင်ပါတယ်။
   တစ်ခုနဲ့တစ်ခုကို ကျဲအောင် သာမန်ပြုရိုးပြုစဉ်အတိုင်း ပြုလုပ်လိုက်တယ်။လွန်တယ် ပိုတယ်ဆိုတဲ့ သဘော ကို မဖော်ပြဘူးဆိုရင် ယပင့်နဲ့ ချဲ တယ်။ကျဲအောင်ထက်ပိုပြီး အပိုင်းအခြားတစ်ခုနဲ့ ခြားနားထားတယ်ဆိုရင် တော့ ပိုမိုတဲ့သဘောကို ဖော်ပြနေတာဖြစ်လို့ ရရစ်နဲ့ ခြား ရတာကို လေ့လာတွေ့ရှိနိုင်ပါသေးတယ်။လူ တစ် ယောက်ရဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ပျင်းရိတယ်ဆိုတာမျိုးကို ယပင့်နဲ့ ပျင်းပြီးတော့၊အရှိန်အဟုန်ပိုတဲ့ လေပြင်းတို့ ပြင်းပြတာတို့မှာ ကျတော့ ပြင်းကို ရရစ်နဲ့ ပြင်း တာတွေလည်း လေ့လာမိတယ်။ဒါကို ကြည့်ရင် သာမန်ဖြစ်ရိုး ဖြစ်စဉ်၊ပြုရိုးပြုစဉ်တွေကို ယပင့် နဲ့ ပင့်ကြ၊ပိုမိုအားကြီးတဲ့သဘောဆီသက်ရောက်တယ်ဆိုရင်တော့ ရရစ် နဲ့ ရစ်ကြဆိုတဲ့ အပင့်နဲ့အရစ် နည်းလမ်းလေးဟာ အထိုက်အလျောက်တော့ အဆင်ပြေကြမှာပါပဲ။
   ဒါပေမယ့်လည်း ပင့်မန်-ရစ်ကြီး(ယပင့်ဟာ သာမန်၊ရရစ်ဟာ ပိုမိုအားကြီး)နည်းလမ်းဟာ ပင့်ရစ်နဲ့ရေးတဲ့ ဝေါဟာရတိုင်းအတွက်တော့ ချို့ယွင်းချက်မရှိ မှန်ကန်နေမှာ မဟုတ်ပါဘူး။နေအလွန်ပူတာကို ဖော်ပြတဲ့ ချစ်ချစ် တောက် ကို ကြည့်ရင် ချစ်ချစ်တောက်ဆိုတာ ပိုမိုသာလွန်တဲ့သဘောကို ဖော်ပြနေပေမယ့် ရေးထုံးမှာက ယပင့် နဲ့ ရေးထုံး ပြုထားတာ တွေ့ရှိရပါတယ်။ဒီလိုပဲ အလွန်ချမ်းသာကြွယ်ဝတာကို ဖော်ပြတဲ့ ကျိကျိတက်မှာဆိုရင် လည်း ယပင့်နဲ့ပဲ စာလုံးပေါင်းထားပါတယ်။
   အဲ့ဒီ့တော့ မြန်မာဝေါဟာရ စာလုံးပေါင်းတာတွေကို ခိုင်မာသေချာ ရေရာစေချင်တယ်ဆိုရင်တော့ ရေးထုံးတွေ ကို ပြန်လည်တည်ဆောက်ကြဖို့လိုအပ်မှာ အမှန်ပါပဲ။ဒါပေမယ့်လည်း ဒါဟာ တော်လှန်းရေးကြီး တစ်ရပ်လို ဖြစ် နေလို့ ရဲကြမယ်တော့ မထင်ပါဘူး။ထပ်ပြီး မြန်မာစာခရီး ဆက်ရဦးမှာပါပဲ။
                                                                                                                  ကျော်ထင်
   
   
   
   
   

' — ကျော်ထင် (ဆွေးနွေးပံ့ပိုး) ၏ လက်မှတ်မရေးထိုးထားသော ဆွေးနွေးချက်။ 11:22, 14 May 2020

== မြန်မာစာအကြောင်း

                                                   အရှေ့၊အနောက်၊တောင်နှင့်မြောက်တွေ
   ဆရာဒေါက်တာညီညီဖေနဲ့ ထမင်းစားရင်း ဆရာ့ဆီကနေ မြန်မာစကားလုံး အသုံးတွေနဲ့ ပတ်သက်တဲ့ မကျေ မချမ်းသံတွေကို နားစွင့်မိခဲ့ပါတယ်။အရှေ့၊အနောက် အသုံးနဲ့ ပတ်သက်ပြီး ချွတ်ချော်နေကြတာတွေကို ညည်း ချင်းထုတ်ပြပါတယ်။ဟုတ်လည်း ဟုတ်နေပါတယ်။ဆရာပြောသလိုလည်း ရှေ့နဲ့ အရှေ့၊နောက်နဲ့ အနောက် အ သုံးတွေမှာ လွဲမှား သုံးနေကြတာကို ကြားနေရ၊မြင်နေရပါတယ်။ရိုးတောင် ရိုးနေပါပြီလို့ ဆိုရပါဦးမယ်။
   ကျနော့် ရှေ့က လူလို့ သုံးရမှာကို ကျနော့်အရှေ့က လူလို့ သုံးနေတာမျိုး။ကျနော့် နောက်မှာ လူတစ်ယောက်လို့ ပြောရမှာကို ကျနော့် အနောက်မှာ လူတစ်ယောက် လို့ ပြောနေကြတာမျိုးတွေဟာ ချွတ်ချော်လွဲမှားနေတဲ့ အသုံး အနှုန်းတွေပါ။တကယ်တော့ အရှေ့နဲ့အနောက်ဆိုတာ အရပ်မျက်နှာတွေကို ဆိုလိုတာပါ။အရှေ့ဆိုတာ နေထွက် ရာ အရပ်၊အနောက်ဆိုတာက နေဝင်ရာ အရပ်တွေပါ။ဆရာကြီး ဦးဖိုးလတ်ရဲ့ မြန်မာစကား အဖွင့်ကျမ်း မှာက တော့အဲ့ဒီ့အရှေ့နဲ့အနောက် စကားလုံးတွေဟာ တိဗက်ဘာသာစကားကနေ ဆင်းသက်လာတယ်လို့ ယုတ္တိယုတ္တာ ထုတ်ပြထားတာ တွေ့ရပါတယ်။
   အရှေ့ဆိုတာ တိဗက် ရှရ်ကနေ ဆင်းသက်လာတယ်။တိဗက် ရှရ်ဆိုတာကလည်း နေထွက်တယ်ဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။အနောက်ဆိုတာကတော့ တိဗက်ဘာသာစကား နုဗ်ကနေ အဆင့်ဆင့် ပြောင်းလဲလာတယ်။နုဗ် ဆိုတာ ကလည်း နေလဝင်တယ်ဆိုတဲ့ အနက်ထွက်နေတယ်။ဒါကြောင့် အရှေ့၊အနောက်ဆိုတဲ့ စကားလုံးတွေဟာ တိ ဗက်ဘာသာစကားကနေ ဆင်းသက်လာတယ်လို့ ဆိုထားပါတယ်။ဒီအဆိုကို မဖြစ်နိုင်ဘူးလို့လည်း ယတိပြတ် ငြင်းပယ်ဖို့ မရဲသလို၊ဟုတ်ပါတယ်လို့ လက်ခံဖို့ကလည်း နှစ်ကာလပေါင်းက အများကြီး ဝေးကွာခဲ့တာဖြစ်လို့ ဉာဏ်မကွန့်နိုင်ပါဘူး။
   ကျနော်တို့ဟာ တိဗက်တို-ဘာမင်အုပ်စုကနေ ပေါက်ဖွားဆင်းသက်လာတဲ့ မျိုးနွယ်စုတွေ ဖြစ်ခဲ့ရိုး မှန်ရင်တော့ ဘာသာဗေဒအမြင်အရဆရာကြီး ဦးဖိုးလတ်ရဲ့ အဆိုဟာ ယုတ္တိကျတယ်လို့ ဆိုရမှာပါပဲ။ဒါပေမယ့်လည်း စကား လုံးတစ်လုံးရဲ့ မူလရင်းမြစ်ကို တိတိကျကျသိအောင်လိုက်ဖို့ဆိုတာ ခက်ခဲလွန်းလှပါတယ်။အထူးသဖြင့် စကား ဦးစကားဖျားတွေဖြစ်တဲ့ ဝေါဟာရအိုကြီးတွေကို ဘယ်က ဆင်းသက်သလဲဆိုတာမျိုးက ပိုလို့တောင် ဆိုးလိမ့် မယ်ထင်ပါတယ်။ဒါတွေကို ဝေါဟာရ မုဆိုး လုပ်ပြီး ရှာဖွေဖော်ထုတ်နိုင်မှသာ ဂဃနဏသိရှိနိုင်တာပါ။လှေသင်း အတွင်းဝန်မင်းကြီး ပြုစုတဲ့ဝေါဟာရ လီ နတ္ထ ဒီပနီကျမ်းကို လေ့လာကြည့်ရင် တောင်မြောက်အရပ်တွေနဲ့ ပတ် သက်တဲ့ အခြားအခေါ်အဝေါ်တွေကို ထပ်ပြီး လေ့လာလို့ ရဦးမှာပါ။
   ကျောင်းသုံးစာအုပ်မှာမောင်းထောင်ဦးကျော်လှရဲ့ ကောက်စိုက်သမ (၈) ဦး အလှူသံချိုတစ်ပုဒ် ပြဋ္ဌာန်းထားတာ ရှိပါတယ်။အဲ့ဒီ့သံချိုမှာ မြေဝရံ ဧသာန်ရပ်တွင်လို့ ဖွဲ့ဆိုထားတာပါတယ်။ဧသာန်ကိုလည်း ခက်ဆစ်အဖွင့်မှာ အရှေ့ မြောက်အရပ်လို့ ဖွင့်ဆိုပေးထားပါတယ်။တစ်ခါတုန်းကတော့ ဧသာန်ဆိုတာကို မောင်းထောင်ရွာရဲ့ ရပ်ကွက်တစ် ခုအမည်လို့ ပေါ့ပေါ့ပါးပါးဖွင့်ဆိုပြခဲ့ကြဖူးပါတယ်။ဧသာန်ဆိုတာ အရှေ့မြောက်အရပ်ပါပဲ။ဒီအခေါ်အဝေါ်တွေဟာ အရှေ့ ပုပ္ပ၊မြောက် ဥတ္တရ၊တောင် ဒက္ခိဏဆိုတဲ့ အခေါ်အဝေါ်တွေနဲ့ မတူဘဲ တစ်မူခြားနေပါလိမ့်မယ်။
   အရှေ့အရပ်ကို ဣန္ဒ။အရှေ့တောင်ထောင့်အရပ်ကို အဂ္ဂိ။တောင်အရပ်ကိုယမ။အနောက်တောင်ကို နရတိ။ အ နောက်အရပ်ကျတော့ ဝရုဏ။အနောက်မြောက်ထောင့်ကို ဗာယပ်။မြောက်အရပ်ကို ကုဝေရ။ အရှေ့မြောက် အရပ်ကို ဧသာန်လို့ ခေါ်ဝေါ်ကြောင်းနဲ့ ဒီအမည်တွေဟာ အရပ်မျက်နှာကို စောင့်ရှောက်ကြတဲ့ ဆိုင်ရာ နတ်မင်း တွေရဲ့ အမည်နာမတွေသာ ဖြစ်ကြောင်းကိုတော့ လှေသင်းအတွင်းဝန်မင်းကြီး ပြုစုတဲ့ဝေါဟာရလီနတ္ထ ဒီပနီကို ဖတ်မိရင် သိရှိနိုင်ပါလိမ့်မယ်။
  ဣန္ဒဆိုတာ အရှေ့အရပ်ကိုစောင့်တဲ့သိကြားမင်း။အဂ္ဂိဆိုတာ အရှေ့တောင်ထောင့်ကိုစောင့်တဲ့ မီးနတ်မင်း။ ယမ ဆိုတာ တောင်အရပ်စောင့်ယမမင်း။နရတိဆိုတာ အနောက်တောင်ထောင့်စောင့် ရေနတ်မင်း။ဝရဏဆိုတာ အ နောက်အရပ်စောင့်မိုးနတ်မင်း။ဗာယပ်ဆိုတာ အနောက်မြောက်ထောင့်ကို စောင့်တဲ့ လေနတ်မင်း။ကုဝေရဆိုတာ မြောက်အရပ်ကို စောင့်တဲ့ ဝေဿဝဏ်နတ်မင်း။ဧသာန်ဆိုတာကတော့ အရှေ့မြောက်ထောင့်ကို စောင့်ရှောက်တဲ့ ပရမေ သုရာနတ်မင်းပါတဲ့။
   ဒီအထဲက အချို့နတ်တွေကတော့ ပါဠိဗုဒ္ဓဘာသာစာပေတွေမှာ ပါဝင်ခဲ့ကြတာတွေ မဟုတ်ပါဘူး။ဗေဒင်ကျမ်း တွေကနေယူငင်ထားတာတွေပဲ ဖြစ်မှာပါ။အထူးသဖြင့်အဂ္ဂိ မီးနတ်၊နရတိယျ ရေနတ်နဲ့ဗာယပ် လေနတ်ဆိုတာ တွေဟာ ဗုဒ္ဓဘာသာစာပေတွေထဲမှာ မတွေ့ဖူးတဲ့ နတ်တွေပါပဲတဲ့။ဣန္ဒ သိကြား၊ကုဝေရ(ဝေဿ ဝဏ်)၊ယမ(ယမ မင်း)၊ဤသာန (ဧသာန်နတ်)တွေကတော့ ပိဋကနဲ့သာသနာဝင်ကျမ်းတွေမှာ ပါဝင်နေတာ တွေ့ရပါတယ်။သံချို ဆရာမောင်းထောင်ဦးကျော်လှရဲ့ကဗျာထဲကဧသာန်အရပ်က ဧသာန်နတ်ဆိုရင် သိကြားဣန္ဒရဲ့ လက်ရုံးတစ် ယောက်ပါပဲ။
   ဒါကြောင့်လည်း အသုရာတွေနဲ့ စစ်ခင်းတဲ့အခါ သူ့နတ်စစ်သည်တွေကို ကြောက်စိတ်ဝင်လာရင် ကြောက်စိတ် ပြေအောင် ကြည့်ခိုင်းတဲ့ အောင်လံတံခွန်တွေထဲမှာဤသနနတ်မင်း(ဧသာန်)ရဲ့ အောင်လံလည်း ပါဝင်နေတာကို လေ့လာတွေ့ရှိရပါတယ်။ပေတဝတ္ထုနဲ့နေတ္တိအဋ္ဌကထာတွေမှာတော့ နတ်နဲ့အရပ်မျက်နှာဖော်ပြထားတာတွေက စတုလောကပါလ နတ်လေးပါးထဲက ဝိရူဠကနတ်မင်းက မြင့်မိုရ်တောင်ရဲ့အလယ် တောင်မျက်နှာမှာ နေတယ်။မ တရဋ္ဌ နတ်မင်းက မြင့်မိုရ်တောင်ရဲ့အလယ် အရှေ့မျက်နှာ၊ဝိရူပက္ခ နတ်မင်းက အနောက်မျက်နှာ၊ကုဝေရ နတ်မင်း ကတော့ မြောက်မျက်နှာပါ။
   ဒါပေမယ့်လည်းဒီအစောင့်အရှောက် နတ်မင်းတွဟာ တနင်္လာ အရှေ့အရပ်။အင်္ဂါ အရှေ့တောင်။ဗုဒ္ဓဟူး တောင် အရပ်။စနေ အနောက်တောင်။ကြာသပတေး အနောက်။ရာဟူး အနောက်မြောက်။သောကြာ မြောက်။တနင်္ဂနွေ အရှေ့မြောက်ဆိုတာတွေနဲ့ယှဉ်မိတဲ့အခါကျတော့ တိုးလျှိုငုပ်ကွယ်သွားကြရတာကို တွေ့ရပါတယ်။ရပ်ထဲ ရွာထဲ ပြောကြတဲ့ မိုး စနေ၊လေရာဟူးဆိုတဲ့ ဆိုရိုးစကားလေးလောက်သာ ပညတ်နဲ့ ဓာတ်သက် တွဲနေသေးတယ်လို့ ပြောရမယ်။ဒါတောင် မိုး စနေဆိုတာကို အနောက်တောင်ထောင့်က မိုးတိမ်တက်လာရင် မိုးရွာတယ်လို့ပဲ အသိ များကြပြီး၊ရေပါအောင် မိုးကြီးကြီး ရွာတတ်တယ်ဆိုတာကိုတော့ မေ့လျော့နေကြမယ် ထင်ပါတယ်။
   တကယ်တော့ တောင်မြောက်အသိတွေဘက်မှာ ဝေဝါးနေတာတွေဟာဒီလောက်လေးတင် မကပါဘူး။ ဗုဒ္ဓ ဘာသာစာပေနဲ့ပတ်သက်ပြီး ပြောနေကြ၊ရေးနေကြတဲ့ တောင်ပိုင်း ဗုဒ္ဓဘာသာစာပေ၊မြောက်ပိုင်း ဗုဒ္ဓဘာသာ စာပေဆိုတဲ့ထဲက တောင်မြောက်ဗျုပ္ပတ္တိနိမိတ်တွေဟာလည်း စဉ်းစားစရာကောင်းတဲ့အကြောင်း ဆရာမကြီး ဒေါ်အုန်းရဲ့ ပါဠိစာပေသမိုင်းစာအုပ်ကို လှန်ဖတ်မိမှ သိရှိရပြန်ပါတယ်။ဆရာမကြီးက ပိဋက ပါဠိစာပေဟာ အိန္ဒိယပြည် တောင်ပိုင်းနဲ့ ဘယ်လိုမှ အဆက်အစပ် မရှိဘဲ၊ပိဋက ပါဠိစာပေကော၊ပိဋကဝင် မဟုတ်တဲ့ ပါဠိစာ ပေတွေကောဟာ အိန္ဒယမြောက်ပိုင်းက ပေါ်ထွက်လာတဲ့ စာပေတွေသာ ဖြစ်ပါတယ်တဲ့။
   တကယ်တော့ ဒီအခေါ်အဝေါ်တွေဟာဗုဒ္ဓဘာသာ ပြန့်ပွားရာ အရပ်ဒေသပေါ်မူတည်ပြီး မှည့်ခေါ်ခဲ့ကြတယ်လို့ ထင်ပါတယ်။အိန္ဒိယတောင်ပိုင်း သီရိလင်္ကာ၊မြန်မာ၊ထိုင်း၊ကမ္ဘောဒီးယား၊ဗီယက်နန်၊မလေးရှား၊အင်ဒိုနီးရှား စတဲ့ အရှေ့တောင်အာရှဒေသတွေမှာ ပြန့်ပွားခဲ့တာရယ်၊အိန္ဒိယ မြောက်ပိုင်းနဲ့အနောက်မြောက်ဘက်တွေဖြစ်တဲ့ နီပေါ၊ တိဗက်၊အာဖဂန်နီစတန်နဲ့ အာရှအလယ်ပိုင်း၊တရုတ်၊ကိုရီးယား၊ဂျပန်တွေမှာ ပြန့်ပွားခဲ့တာတွေကို အမှီပြုပြီး တောင်၊မြောက်ခွဲခြားခဲ့တာ ဖြစ်ပါလိမ့်မယ်။ဆရာမကြီး ဒေါ်အုန်းကတော့ ဟိနယာနဂိုဏ်းကို တောင်ပိုင်း ဗုဒ္ဓဘာ သာလို့ ခေါ်တဲ့အခေါ်ဟာလည်းမှားယွင်းနေတယ်လို့ ဆိုပါတယ်။ဘာလို့လဲဆိုတော့ ထေရဝါဒဂိုဏ်းနဲ့ အခြားဟိန ယာနဂိုဏ်းတွေဟာ အိန္ဒိယတောင်ပိုင်းဒေသက ပေါက်ဖွားလာတာ မဟုတ်ဘဲ အိန္ဒိယ မြောက်ပိုင်းဒေသတစ်ဝိုက် ကသာ ပေါ်ထွက်ခဲ့လို့လို့ ဆိုပါတယ်။ဒါကြောင့် တောင်ပိုင်းဗုဒ္ဓဘာသာဆိုတာထက်၊ခေါ်ချင်း ခေါ်ရင် ပါဠိဗုဒ္ဓသာ သာလို့ခေါ်ဆိုတာဟာ အသင့်တော်ဆုံးပဲလို့ထောက်ပြဆွေးနွေးထားပါတယ်။
   ဆရာမကြီးဒေါ်အုန်းရဲ့ ယူဆချက်ကို ဖတ်မိတော့ ပုဂံသွားခဲ့တုန်းက အဖြစ်အပျက်လေးကိုတောင် သတိရမိပါ တယ်။ရွှေစည်းခုံက ဘယ်နားလဲဗျဆိုတော့ အရှေ့မှာတဲ့။ကျနော်က နေထွက်ရာ အရပ်ကို အရှေ့ဟုခေါ်သည်ဆိုတဲ့ သူမျိုးဆိုတော့ ဟာ-သောက်ကျိုးနည်း ညကြီးမင်းကြီး အရှေ့အရပ်ကို ဘယ်လိုရှာမလဲဆိုတဲ့ အတွေးနဲ့ ဖုန်းဖွင့်ပြီး ရှာမယ် အလုပ်မှာ အိမ်သူက တော်ကလည်း ဒီကနေ ရှေ့ကို ဆက်သွားရင် တွေ့မယ်လို့ပြောသွားပြီပဲ။ဘာလို့ ဖုန်း ဖွင့် ရှာနေဦးမှာလဲ။ဆက်မောင်းကြည့်တဲ့။ကျနော်လည်းအရှေ့အရပ်ကို မရှာတော့ဘဲ ဆက်မောင်းလိုက်တော့ ရွှေ စည်းခုံစေတီကြီးကို တွေ့ရတယ်ဗျာ။ဒီလိုဆိုတော့လည်းသူ့အရပ်နဲ့သူ့ဇာတ်တွေကြားမှာ ကျနော်တို့ပဲ အရှေ့ အ နောက် မှားနေကြတယ် ထင်ပါရဲ့ ဆရာကြီး၊ဆရာမကြီးတို့ရေ--။
                                                                                                                                              ကျော်ထင် — ကျော်ထင် (ဆွေးနွေးပံ့ပိုး) ၏ လက်မှတ်မရေးထိုးထားသော ဆွေးနွေးချက်။ 11:30, 14 May 2020

မြန်မာစာအကြောင်း

မြန်မာစာအခက်

၁။

  အခန်းထဲက ထွက်မယ်အလုပ်မှာ တွဲဘက် ရေးရမှာလား၊တွဲဖက် ရေးရမှာလားလို့ အမေးရှိလာတာကြောင့် ဖက်နဲ့ရေး။ ကြိယာနဲ့တွဲရင် ဖက်နဲ့ရေးလို့ ပြောဖြစ်ခဲ့ပေမယ့် သိပ်တော့ ပြည့်စုံလှတဲ့ အဖြေ မဟုတ်ပါဘူး။ အဲ့ဒီအဖြေဟာ မေးလိုက်တဲ့ မေးခွန်းအတွက်ပြည့်စုံလုံလောက်ချင် လုံလောက်နိုင်ပေမယ့်၊အဖြေအနေနဲ့ ကြည့်ရင် တော့ ပြည့်စုံလုံလောက်ပုံ မပေါ်သေးပါဘူး။ဖက်နဲ့ဘက် အသုံးကို အကြောင်းပြုလို့ မြန်မာစာအခက်တွေကို ထပ်ပြီး ချဉ်းကပ်ကြည့်ချင်ပါသေးတယ်။
  မြန်မာစာအဖွဲ့က ထုတ်ဝေတဲ့မြန်မာစာ မြန်မာစကားမှာကြိယာ ဖြစ်ရင်၊သချၤာနဲ့တွဲရင်၊အဖော်ဖြစ်ရင် ဖ-ဦးထုပ် ဖက်နဲ့ ရေးရမယ်။အစ စကားလုံးတွေနဲ့ ရပ်တည်ချက်တွေမှာဆို ဘ-ကုန်း ဘက်နဲ့ ရေးရမယ်လို့ ဖက်နဲ့ဘက်ကို ခွဲခြားပေးထားပါတယ်။ဒါပေမယ့် ဒီရေးညွှန်းတွေမှာ ချွင်းချက်တွေ ရှိနေတာကို တွေ့ရပြန်ပါတယ်။ဖက်ပြိုင်ကို ကြည့်ကြည့်ပါ။ဖက်ပြိုင်ဟာ ကြိယာသဘောဖြစ်လို့ ဖနဲ့ဖက်တာ မှန်ပေမယ့်၊အစ စာလုံးကို ဘနဲ့ ဘက်ရမယ် ဆို တာနဲ့ ဆန့်ကျင်နေပြန်ပါတယ်။
  ပြီးတော့ ဘက်ပဲ့၊ဘက်လိုက်ဆိုတာတွေကလည်း ကြိယာတွေပါပဲ။ဒါပေမယ့် ညွှန်းသလို ဖနဲ့ မဖက်ဘဲ၊ဘနဲ့ ဘက်နေတာ တွေ့ရပါတယ်။ဒါကြောင့် ဖက်နဲ့ဘက် အစစာလုံး မဟုတ်တဲ့ ပြိုင်ဖက်နဲ့ပြိုင်ဘက် ဆိုတဲ့စကား လုံး တွေကို ယှဉ်ကြည့်မိပါတယ်။ပြိုင်ဖက်ဟာ ကြိယာသဘောဖြစ်လို့ ဖ-ဦးထုပ်နဲ့ ဖက်ကြောင်း။နာမ်သဘောဆောင် တဲ့ ပြိုင်ဘက်ကျတော့ ဘ-ကုန်း နဲ့ ဘက်ကြောင်း၊ကြိယာသဘော၊နာမ်သဘောဆိုတာကို တွေ့မြင်နိုင်ပါ လိမ့် မယ်။ယှဉ်ဖက်ကို ကြည့်ရင်လည်း ကြိယာသဘောဖြစ်လို့ ဖ-ဦးထုပ်နဲ့ ဖက်တာကို တွေ့မြင်နိုင်ပါတယ်။
  ယှဉ်ဘက်၊ပြိုင်ဘက်တွေမှာကျတော့ နာမ်သဘောဆောင်တာဖြစ်လို့ ဘ-ကုန်းနဲ့ ဘက်ကြတာ ဖြစ်ပါတယ်။ ဒီတော့ ကြိယာသဘောဆို ဖက်။နာမ်သဘောဆို ဘက်ကြပါလို့ ပြောချင်မိတယ်။ဒါပေမယ့် ခက်တာက အဲ့ဒီ့မှာ လည်းချွင်းချက်တွေ ရှိနေပြန်တယ်။ယှဉ်တွဲဖက်၊သွားဖော်သွားဖက်၊ဆိုးဖော်ဆိုးဖက်၊စားဖော်စားဖက်တွေဟာ နာမ်သဘော ဖြစ်ပေမယ့် ဖဦးထုပ်နဲ့ ဖက်ရေးကြတယ်။ရဲဘော်ရဲဘက် ကျတော့ အသုံးများတာကို လိုက်ပြီး ဘ -ကုန်းနဲ့ဘက်တယ်လို့ဆိုပြန်ပါတယ်။ဒီတော့ ဖက်နဲ့ဘက်ကို မှန်မှန်ကန်ကန်သုံးနိုင်ဖို့ဆိုရင် ဘယ်လိုလုပ်ကြမှာ လဲ။နည်းစနစ် မရှိဘဲ ပုံသေပဲမှတ်ကြရမှာလား။ဒါမှမဟုတ် ဖက်နဲ့ဘက်တွေရဲ့အဓိပ္ပါယ်ကို ဂဃနဏသိအောင် လုပ်ကြရတော့ မှာလား။စည်းနဲ့ကမ်းနဲ့ မဟုတ်ဘဲ အသေမှတ်ရတာမျိုးကိုတော့ ကိုယ့်စာပေအတွက် အလို မရှိ ရိုး အမှန်ပါ။
  ဒါပေမယ့်လည်း ကြိယာဆိုရင် ဖက်၊နာမ်ဆိုရင် ဘက်ဆိုတာမျိုး တိတိကျကျ မလုပ်နိုင်ပြန်ပါဘူး။ဒ့ါကြောင့်မို့ ဖက်နဲ့ ဘက်ကို တူးဆွကြည့်ဖြစ်ပါတယ်။ဖက်ရဲ့နာမ်သဘော ထည့်စရာ အင်ဖက်၊ငှက်ပျောရွက် စတဲ့ဖက်ကို တော့ မှားနိုင်စရာ မရှိတာကြောင့် မပြောလိုပါဘူး။ကြိယာသဘော ပြတဲ့ ဖက်ဆိုတာက သိမ်းကျုံးပိုက်ယူတာ၊ ယှဉ်တွဲတာ၊ညီညွတ်တာ၊လိုက်တာ တွေပါ။အဲ့ဒီလို ကြိယာသဘောဖြစ်မယ်၊ဒါမှ မဟုတ် အခြားကြိယာတစ်ခုခုနဲ့ တွဲမယ်ဆိုရင် ဖ-ဦးထုပ် က-သတ် ဖက်ရပါတယ်။ယှဉ်ဖက်သည်ဆိုတာ အပြိုင်ပြုတာ ဖြစ်လို့ ကြိယာသဘော။ တွဲဖက်၊စားဖက်၊ဆိုးဖက်တွေမှာကျတော့ တွဲ၊စား၊ဆိုးဆိုတဲ့ ကြိယာတွေနဲ့ တွွဲတာ၊ဒါ့ကြောင့်ဖ-ဦးထုပ် က-သတ် ဖက်ပါတယ်။
  ဒါ့အပြင် ဖက်ကို ယှဉ်လျက်။ပြိုင်လျက်ဆိုတဲ့ ကြိယာဝိသေသန အနေနဲ့လည်း သုံးကြတာ တွေ့ရတယ်။ဖက် ပြိုင်၊ဖက်ယှဉ်တွေမှာ ပါတဲ့ ဖက်ဟာ ပြိုင်နဲ့ယှဉ်ဆိုတဲ့ ကြိယာတွေကို အထူးပြုသလို ရှိတာမို့ ကြိယာဝိသေ သန သဘောဆောင်နေပါတယ်။အဲ့ဒီလို ကြိယာဝိသေသနသဘော ဆောင်နေတယ်ဆိုရင်လည်း ဖဦးထုပ်နဲ့ ဖက်ရ မယ်။ထူးခြားတာက ဖက်နဲ့ ဘက်ဟာ ရှေ့ကတွဲမယ့် နာမ်နဲ့လိုက်ဖက်အောင်လည်း ရေးတတ်ကြပါသေးတယ်။
  အဖော်နဲ့တွဲရင် ဖက်။ရဲဘော်နဲ့ တွဲရင် ဘက်။ဒ့ါကြောင့်လည်း အဖော်အဖက်နဲ့ ရဲဘော်ရဲဘက်ဆိုပြီး သီးခြား ထူးခြားစွာရေးနေတာပဲ ဖြစ်ပါတယ်။နောက်ထပ်မျိုးပြ ပစ္စည်းအဖြစ် သုံးနိုင်သေးတာလည်း ရှိပါသေးတယ်။ ဖိနပ် တစ်ဖက်၊နားကပ်တစ်ဖက်ဆိုတဲ့ မျိုးပြပစ္စည်းတွေမှာ ကျတော့ ဖက်ကိုပဲ သုံးကြပါတယ်။

၂။

  ဘက်ကျတော့ အရပ်မျက်နှာ။ရပ်တည်ရာအပိုင်းအခြားဆိုတဲ့ နာမ်သဘောသက်သက်ပဲ သုံးနိုင်တာ တွေ့ရ တယ်။တောင်ဘက်၊မြောက်ဘက်၊အရှေ့ဘက်ဆိုတာတွေဥစ္စာပေါရုပ်ချော၊ဉာဏ်ပညာပါ မနည်းတဲ့ အဘက် ဘက်ကပြည့်စုံတယ်ဆိုတာမျိုးတွေ။အားကစားဘက်လည်း ရ၊အနုပညာဘက်လည်း ရတဲ့ ဘက်စုံ ပြည့်စုံတာ မျိုးတွေ။သူတို့နှစ်ယောက်က ပြိုင်ဘက်တွေပဲဆိုတာမျိုးတွေမှာ နာမ်သဘောမို့ ဘ-ကုန်းနဲ့ ဘက်ကြတယ်။
  ဒါပေမယ့် ဘက်လိုက်၊ဘက်ညီနဲ့ ဘက်ပဲ့ဆိုတဲ့ ဝေါဟာရတွေမှာကျတော့ ကြိယာသဘောဖြစ်ပေမယ့် ဖဦး ထုပ်နဲ့ မဖက်ဘဲ၊ဘကုန်းနဲ့ ဘက်တယ်။ဒါကလည်း အဲ့ဒီ့ဝေါဟာရတွေမှာ ပါတဲ့ ဘက်ဟာ ဟိုဘက်ဒီဘက်ဆိုတဲ့ ရပ်တည်ရာ ဖြစ်နေလို့ ဘကုန်းနဲ့ ဘက်ရခြင်းဖြစ်ပါတယ်။ဒါကြောင့် ဘက်နဲ့ဖက်အသုံး မှန်ဖို့ဆိုရင် ပုံသေ အ သေ မှတ်ထားတာထက် အနက်အဓိပ္ပာယ်ကို သိအောင် သေချာလေ့လာထားမှပဲ ရပါမယ်။ဒါမှလည်း မှန်မှန် ကန်ကန်နဲ့ တစ်သွေးညီ တစ်ပြေးညီ ရေးနိုင်ကြပါလိမ့်မယ်။
  အဲ့လိုမှ မရေးသားကြရင် မြန်မာစာဟာ သူတစ်မျိုး၊ကိုယ်တစ်ဖုံ ဖြစ်ပြီး၊သူများမလေးမခန့် ပြုရတဲ့အဆင့်ဆီ ရောက်သွားမှာပါပဲ။ဗြိတိသျှဗမာ ခေတ်တုန်းကလည်း အဲ့ဒီလို သူတစ်မျိုး၊ကိုယ်တစ်သွယ် ရေးကြ၊သုံးနှုန်းကြလို့ မြန်မာစာကို စည်းမရှိကမ်းမရှိ ရေးထုံးတွေနဲ့ ရေးကြတဲ့ ဘာသာအဖြစ် အထင်သေးခံခဲ့ရဖူးတာကို ပျဉ်ဖိုးနား လည်မိပါတယ်။မြန်မာစာပေဂုရုကြီးများအနေနဲ့ကလည်းမြန်မာစာ ရေးထုံး၊သတ်ညွှန်းတွေကို အတည်ပြု ပေး ကြတဲ့အခါအများပြည်သူရဲ့ဉာဏ်ရည်ဉာဏ်သွေးတွေကိုပါ ထည့်တွက်ပြီးသတ်မှတ်ပေးသင့်တာလည်း ပေးရ ပါမယ်။ခေတ်ကို ကြည့်ဖို့လိုအပ်ရင်လည်း ကြည့်ရပါမယ်။ဖြတ်သန်းနေတဲ့ခေတ်ရဲ့ လူတွေက မြန်မာစာ ရေးတာ တွေကို သူတစ်မျိုးကိုယ်တစ်ဖုံ ရေးနေကြတဲ့အချိန်မှာ ရှေးဟောင်းထုံးတမ်းတွေထဲမှာ ငိုက်မြည်းအိပ်ပျော်နေ ဖို့ မသင့်ပါဘူး။ခေတ်အဆက်ဆက် ပြောင်းလဲလာတဲ့ မြန်မာစာရေးထုံးတွေဟာ ဒီနေ့လို ခေတ်ကာလမှာ ပြောင်း လဲစရာ မလိုအပ်အောင် ပြီးပြည့်စုံသွားပြီလို့ခံယူလိုက်ကြလို့လား။
  မြန်မာစာဆိုတာ ရှေးတုန်းကလို လူတန်းစား နည်းနည်းလေးလောက်သာသုံးတဲ့စာ မဟုတ်တော့တဲ့အတွက် လူထုလူတန်းစားအသီးသီး ရေးသားသုံးနှုန်းကြတဲ့ လူထုစာ ဖြစ်နေပါပြီ။ထီးသုံးနန်းသုံး နေရာကနေ လမ်းပြင် နေသည် ဖြည်းဖြည်းမောင်းကစလို့၊ကွမ်းယာဆိုင်အလယ်၊လေထိုးကျွတ်ဖာအဆုံးထိမှာ လူသုံးစရာ ဖြစ်နေပါပြီ။
  ဒ့ါကြောင့်လည်း ပြည်သူလူထုအားလုံး အမှားနည်းနိုင်မယ့်၊တိကျရေရာတဲ့သတ်ထုံးသတ်ညွှန်းမျိုးတွေကို ပိုပြီး မျှော်လင့်မိကြည့်မိတာပါပဲ။အသုံးကိုလည်း ညှိကြ၊ရေးထုံးကိုလည်း တိကျစေချင်မိတာပါပဲ။ဝေါဟာရ တစ်လုံး ချင်းရဲ့ စာလုံးပေါင်းကို လိုက်မှတ်နေရတဲ့ ဗြဟ္မဏနတ်ပူဇော်သလို ရေးထုံးမျိုးကိုတော့ စည်းနဲ့ကမ်းနဲ့မြန်မာစာ ဆိုပြီး ဂုဏ်ယူ မနေချင်ပါဘူး။နတ်ပူဇော်တဲ့အလုပ်ကို ဗြဟ္မဏတွေပဲ လုပ်နိုင်ကြသလို စာလုံးပေါင်းသတ်ပုံအမှန် ကို မြန်မာစာပညာရှိတွေကပဲ သုံးနိုင်တယ်ဆိုတာမျိုးကို ပြန်စဉ်းစားဖို့ လိုမယ်ထင်ပါတယ်။ပေါင်းချင်သလို ပေါင်း ကြတာမျိုး မဖြစ်ဖို့ရယ်၊ပညာရှိစာ ဖြစ်နေတာမျိုးရယ်ဆိုတဲ့ အစွန်းနှစ်ပါးကို ရှောင်ကြဖို့ ဆန္ဒပြုချင်ပါတယ်။

၃။

  တကယ်တော့ မြန်မာစာသတ်ပုံတွေမှာ နားလည်ရခက်ခဲရတာတွေ အများကြီးပါ။ သတ်ပုံသတ်ညွှန်းဆိုရင် လည်း တိကျတဲ့ ပေါင်းနည်းမျိုးနဲ့ မဟုတ်ဘဲ ပင့်ဖို့၊ရစ်ဖို့။ပသတ်ဖို့၊တသတ်ဖို့။စတာတွေကို တစ်လုံးချင်းအပေါ်မှာ အသေမှတ်သားထားနေရတာမျိုးပါ။ဒါကလည်းမြန်မာစာအရေးအသားစနစ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မြန် မာစာရဲ့ အရေးရုပ်သွင်ကို လေ့လာကြည့်တဲ့အခါ အသံတစ်ခုပဲ ပါတဲ့ ဧကဝဏ္ဏစကားလုံးတွေနဲ့ အသံတစ်ခု ထက်ပိုတဲ့ ဗဟုဝဏ္ဏစကားလုံးတွေဆိုတာကို တွေ့ရပါတယ်။အထူးသဖြင့်ကတော့ မြန်မာစကားလုံးတွေဟာ တစ်လုံးနဲ့ တစ်လုံး ပူတွဲအသုံးပြုနိုင်ကြတဲ့အတွက်ရယ် တစ်လုံးချင်းမှာလည်း အဓိပ္ပါယ် ရှိနေတာတွေရယ် ကြောင့် တိကျသေချတဲ့ စာလုံးပေါင်းစနစ်ကို ဖန်တီးတီထွင်လို့ မရနိုင်တာလည်း ဖြစ်နိုင်ပါတယ်။
  ရှေ့စာလုံးက ရစ်ရင် နောက်စာလုံးကိုလည်း ရစ်ရမယ်ဆိုတာမျိုး၊ရှေ့စာလုံး ပင့်ရင် နောက်စာလုံးလည်း ပင့် ရမယ်ဆိုတာမျိုး မကန့်သတ်နိုင်ဘဲ ရှေ့နဲ့နောက်ဟာ ဘာမှ မသက်မဆိုင် ပေါင်းရတာမျိုးတွေရှိ အများကြီး ပါ။ “များ”ဆိုတဲ့ ဝဏ္ဏဟာ ပေါများတာ၊အရေအတွက်မနည်းတာ။ “ပြား”ဝဏ္ဏရဲ့ ကြိယာအနက်က ကွဲပြားတာ၊ ထွေ ပြားတာ။ပြားချပ်တာ။ “မြောက်”ဝဏ္ဏကျတော့ အရပ်မျက်နှာနဲ့ ကြွတက်တာ။မြားဝဏ္ဏက လေးညိုှနဲ့ ပစ်လွှတ်ရ တဲ့ မြားတံ။အိမ်အမိုးမှာ ရှိတဲ့ ဒိုင်းတွေပေါ်က ကန့်လန့်တန်း။
  အဲ့ဒီလို အနက်အသီးသီးရှိတဲ့ ဧကဝဏ္ဏတွေကို ဗဟု ဝဏ္ဏလုပ်ထားတဲ့ များပြား နဲ့ မြောက်မြား ရလာတယ်။ ဒါပေမယ့် ဒီဝဏ္ဏနှစ်ခုစီရှိတဲ့ စကားလုံးနှစ်လုံးဟာ ဖွဲ့စည်းပုံခြင်း မတူညီကြဘူးဆိုတာ တွေ့ရပါတယ်။များပြားဟာ အရေအတွက် ပေါများတာနဲ့ကွဲပြားတာဆိုတဲ့ အနက်နှစ်ခုကို ပေါင်းစပ်တာကြောင့် ဖြစ်ပေါ်လာတဲ့စကားလုံး ဖြစ်ပေမယ့်၊မြောက်မြားဆိုတာက အထက်မှာ ဖော်ပြခဲ့တဲ့ မြောက်နဲ့မြားကို ပေါင်းစပ်ထားတာ မဟုတ်ဘဲ၊ ပင်ကို သဘာဝအတိုင်း ရှိနေတဲ့စကားလုံးမျိုးပါ။ဒါပေမယ့် ဒီစကားလုံးနှစ်လုံးကိုအ-အ ဆိုတဲ့ပစ္စည်းနဲ့ဆက်ပြီး ကြိယာ ဝိသေသနအဖြစ် အများအပြား၊အမြောက်အမြားလို့ သုံးတဲ့အခါ အများအပြားက အများအတိုင်း  အမြောက် အမြားက အမြားကို အများ နဲ့အတူတူပဲလို့ထင်မိတတ်ကြတယ်။ ဒါပေမယ့် များပြားက အများနဲ့ မြောက်မြားက အမြားဟာ မတူညီပါဘူး။ပင်ကို မြောက်မြားကို အ-အ ပစ္စည်း ဆက်ပြီး ဖြစ်လာတဲ့စကားလုံး ဖြစ်လို့ အများလို့ ရေးလို့ မရပါဘူး။အမြားပဲ ရေးရပါတယ်။
  အဲ့ဒီတော့ ရှေ့စာလုံး ရစ်ရင် နောက်စာလုံးလည်း ရစ်ရမယ်။ဥပမာ ကြီးပြင်း၊ကြေမြည့်၊ခြိုးခြံ၊ြ ခစ်ခြစ်ခြုတ် ခြုတ်၊မြောက်မြားစတာမျိုး။ ရှေ့စာလုံးပင့်ရင် နောက်စာလုံးလည်း ပင့်ရမယ်။ဥပမာ ကျစ်လျစ်၊ကျဉ်းကျုတ်၊ ကျိန်းကျေ၊ ချောက်ချား၊ ချစ်ချစ် တောက်၊ဆိုတာမျိုးနဲ့စကားလုံးတိုင်းကို စနစ်တစ်ခုနဲ့ ပင့်ချည်းပဲ၊ရစ်ချည်းပဲ လုပ်လို့ ရနိုင်မှာ မဟုတ် ပါဘူး။
  တော်တော်များများဟာ တစ်ခုထက်ပိုတဲ့ စကားသံတွေရယ်၊တစ်ခုမကတဲ့ အနက်အဓိပ္ပာယ်တွေရယ်ကို ပေါင်းစပ်ဖွဲ့စည်းထားတာကြောင့် ရှေ့ရစ်ပေမယ့်၊နောက်ကို ပင့်ချင်ပင့်တယ်။ရှေ့ပင့်ပေမယ့်လည်း နောက်ကို ရစ်ချင်ရစ်မယ်။ဥပမာ ကျဉ်ကြော၊ ကြာချပ်၊ချဉ်ဖြုံး၊ပျက်ပြယ်၊ဖျန်ဖြေ၊မျဉ်းကြောင်းစတဲ့ဝေါဟာရတွေလို ဝဏ္ဏ တစ်ခု၊အနက်တစ်မျိုးနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာတွေပါ။ဒီလို ပေါင်းစပ်တည်ဆောက်တဲ့ အရေးရုပ်သွင်ကြောင့် လည်း ပင့်ရစ်တွေကို ဝေါဟာရတစ်လုံးချင်းတိုင်းအတွက် လိုက်မှတ်နေရတာ ဖြစ်ပါတယ်။

၄။

  အဲ့ဒီလို ရှုပ်ထွေးပြီး အသေမှတ်ရတဲ့ ရေးဟန်တွေနဲ့ ဖွဲ့စည်းထားရတဲ့အထဲမှာ မွေးစားစကားလုံးတွေကြောင့် လည်း အခက်တွေ့ရပါသေးတယ်။အထူးသဖြင့် ပါဠိစကားလုံးတွေကို ယူငင်မွေးစားတဲ့အခါ မွေးစားသားမှန်း သိ စေချင်တဲ့အတွက် ပါဠိမှာ မောက်ချ၊ရေးချပါရင် မြန်မာမှာလည်း မောက်ချ၊ ရေးချ လိုက်ထည့်ရေးရတာမျိုးပါ။ အဲ့ဒီမှာ ဘာသွားဖြစ်လဲဆိုတော့ မောက်ချ၊ရေးချ ပါလား၊မပါလား ဇဝေဇဝါတွေ ဖြစ်ကုန်ကြပါတယ်။မပါတာကို လည်း ထည့်မိတတ်သလို၊ပါတာမှာလည်း ချန်ထားမိတတ်ပါတယ်။
  တကယ်တော့ မောက်ချ၊ရေးချဆိုတာ မြန်မာစကားသံထွက်ရေးမှာတော့အကျုံးဝင်တယ်လို့ မဆိုနိုင်ပါဘူး။ ဘယ်ပါဠိစကားလုံးက လာတယ်ဆိုတာ သိရုံလောက်ပဲလို့ ထင်ပါတယ်။ဘေးဥပဒ်က ပဒ်နဲ့ ဖြစ်တည်တယ်ဆို တာကို ပြောတဲ့ ဥပါဒ်ထဲက ပါဒ်တွေဟာ အရင်းအမြစ်စကားလုံး မတူတာကြောင့် စာလုံးပေါင်းပုံချင်းမှာလည်း မတူကြတာ တွေ့ရတယ်။ ဒါကို ကွဲပြားဖို့ရေးချ၊မောက်ချတွေ ထည့်ကြတာ ဖြစ်လိမ့်မယ်။ဒါပေမယ့် ဒီဘက် ခေတ် ကျနော်တို့အများစုဟာ ပါဠိစာပေဘက်မှာလည်း အရင်လို မတတ်ကြတော့တာကြောင့် အရင်းအမြစ်ကို မသိတော့ဘဲ ကြံဆပြီးပဲ ဖြစ်ဖြစ်၊အလွတ်ကျက်မှတ်ပြီးတော့ပဲ ဖြစ်ဖြစ်ပေါင်းနေကြရတော့တယ်။
  ဥပမာ ပြောရရင် အဓိပ္ပါယ်၊အပါယ်တွေ ရေးတဲ့အခါ အဓိပ္ပါယ၊အပါယတွေက လာလို့ပါယ်မှာ မောက်ချပါ တယ်။တိရစ္ဆာန်၊သဏ္ဌာန်၊သုသာန်၊ပြာသာဒ်တွေထဲက ဆာန်၊ဌာန်၊သာန်တွေမှာကျတော့ ရေးချပါရတယ်။ အဲ့ ဒါ တွေကို အရင်းအမြစ် သိကြလို့ မဟုတ်ဘဲ ကျက်ကြ၊မှတ်ကြပြီး ပေါင်းနေကြရတယ်။အဲ့လိုဆိုတော့ ပါဠိသက် မြင်ရင ်မောက်ချတွေ၊ရေးချတွေ ထည့်ရမလား၊မထည့်ရဘူးလားဟာ လူတော်တော်များများအတွက် မသေမချာ ဖြစ်ကြရတယ်။ကိုးကားစရာရှိတဲ့သူက ကိုးကားစရာ အားကိုးနဲ့ရေးနိုင်ပေမယ့် မရှိတဲ့သူတွေကျတော့ ပစ္စုပ္ပန်၊ မဏ္ဍပ်၊ဥပဒ်၊ဒဏ်၊အနာဂတ် စတာတွေမှာလည်း အစိုးရိမ်လွန်ပြီး မောက်ချတွေ ထည့်ရေးမိတတ်ကြတယ်။
  မြန်မာစာပေမှာ အဲ့ဒီ့ပြဿနာတွေဟာ တော်တော့်ကို ခက်ပါတယ်။ဒါပေမယ့် ဒီ့ထက်ပိုခက်တာက ဒီလို အ ခက်တွေကို လွယ်အောင် ဘယ်လိုလုပ်မလဲလို့ စဉ်းစားကြည့်ဖို့က ပိုခက်လိမ့်မယ်လို့ထင်ပါတယ်။
                                                                                                      ကျော်ထင် — ကျော်ထင် (ဆွေးနွေးပံ့ပိုး) ၏ လက်မှတ်မရေးထိုးထားသော ဆွေးနွေးချက်။ 12:01, 14 May 2020