မန်ရှူးကျမ်း: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
No edit summary
စာကြောင်း ၁ - စာကြောင်း ၁ -
မန်ရှူးကျမ်း (သို့မဟုတ်) နန်စောနိုင်ငံဦးဆောင်းကျမ်းကို အန်းနမ်နယ် နယ်မှူးချုပ် ချိုက်ယှီ၏ အတွင်းရေးမှူး ဖန်ချော့က ရေးသားခဲ့သည်။ ဖန်ချော့သည် ခရစ်နှစ် ၈၆၂ ခုနှစ်တွင် နယ်မှူးချုပ်အဖြစ် ခန့်အပ်ခံရသူ ချိုက်ယှီနှင့်အတူ အန်းနမ်နယ် ကျီ-ယောင်ကျီ (ယခု ဟနွိုင်ဒေသ) သို့ ရောက်လာခဲ့သည်။ ထိုအချိန်က နန်စောမင်း ရှိလုန်သည် အန်းနမ်နယ် ကျီ-ယောင်ကျီ ဒေသကို တတိယအကြိမ် ချင်းနင်းဝင်ရောက်ရန် ပြင်ဆင်နေချိန်လည်းဖြစ်သည်။ ထန်မင်းဆက် တရုတ်နိုင်ငံပိုင်နက်ဖြစ်သော အန်းနမ်နယ်သည် နန်စောတို့၏ ခြိမ်းခြောက်မှုကို ခံနေရကြောင်း ဖန်ချော့က ကောင်းစွာသတိပြုမိခဲ့သည်။ ကျီ-ယောက်ကျီသို့ ရောက်ပြီးနောက် နန်စောတို့နှင့် ပတ်သက်သော အကြောင်းအရာ၊ အချက်အလက်များကို စုံစမ်းလေ့လာခဲ့သည်။ ခရစ်နှစ် ၈၆၃ ခု၊ ဖေဖော်ဝါရီလ ၂၈ ရက်တွင် နန်စောက အလုံးအရင်းနှင့် တိုက်ခိုက်လာရာ၊ နယ်မှူးချုပ် ချိုက်ယှီသည် မိသားစုနှင့် အချွေအရံ စုစုပေါင်း ခုနှစ်ဆယ်ကျော်နှင့်အတူ ကျဆုံးခဲ့သည်။ ဖန်ချော့၏ သားအကြီး ဖန်ထောင်းသည်လည်း မိသားစုနှင့် အိမ်စေများ စုစုပေါင်း တစ်ဆယ့်လေးဦးနှင့်အတူ သေဆုံးခဲ့ရသည်။ ဖန်ချော့ကမူ ညာဘက်လက်ကောက်ဝတ်တွင် မြှားထိခဲ့သော်လည်း တစ်ဖက်ကမ်းသို့ရောက်အောင် ရေကူးနိုင်ခဲ့သဖြင့် လွတ်မြောက်သွားခဲ့သည်။ တရုတ်နိုင်ငံအတွင်းပိုင်းသို့ ပြန်ရောက်လာသောအခါ ဖန်ချော့သည် နန်စောတို့နှင့် သက်ဆိုင်သောအချက်အလက်များကို စုဆောင်းလေ့လာခဲ့ပြန်သည်။ အခန်းဆယ်ခန်းပါဝင်သော မန်ရှူးကျမ်းကို ပြုစုရေးသားပြီး ဧကရာဇ် ယိကျုန်းထံ တင်ဆက်ခဲ့သည်။
မန်ရှူးကျမ်း (သို့မဟုတ်) နန်စောနိုင်ငံဦးဆောင်းကျမ်းကို အန်းနမ်နယ် နယ်မှူးချုပ် ချိုက်ယှီ၏ အတွင်းရေးမှူး ဖန်ချော့က ရေးသားခဲ့သည်။
==ကျမ်းပြုသူ==
ဖန်ချော့သည် ခရစ်နှစ် ၈၆၂ ခုနှစ်တွင် နယ်မှူးချုပ်အဖြစ် ခန့်အပ်ခံရသူ ချိုက်ယှီနှင့်အတူ အန်းနမ်နယ် ကျီ-ယောင်ကျီ (ယခု ဟနွိုင်ဒေသ) သို့ ရောက်လာခဲ့သည်။ ထိုအချိန်က နန်စောမင်း ရှိလုန်သည် အန်းနမ်နယ် ကျီ-ယောင်ကျီ ဒေသကို တတိယအကြိမ် ချင်းနင်းဝင်ရောက်ရန် ပြင်ဆင်နေချိန်လည်းဖြစ်သည်။ ထန်မင်းဆက် တရုတ်နိုင်ငံပိုင်နက်ဖြစ်သော အန်းနမ်နယ်သည် နန်စောတို့၏ ခြိမ်းခြောက်မှုကို ခံနေရကြောင်း ဖန်ချော့က ကောင်းစွာသတိပြုမိခဲ့သည်။ ကျီ-ယောက်ကျီသို့ ရောက်ပြီးနောက် နန်စောတို့နှင့် ပတ်သက်သော အကြောင်းအရာ၊ အချက်အလက်များကို စုံစမ်းလေ့လာခဲ့သည်။ ခရစ်နှစ် ၈၆၃ ခု၊ ဖေဖော်ဝါရီလ ၂၈ ရက်တွင် နန်စောက အလုံးအရင်းနှင့် တိုက်ခိုက်လာရာ၊ နယ်မှူးချုပ် ချိုက်ယှီသည် မိသားစုနှင့် အချွေအရံ စုစုပေါင်း ခုနှစ်ဆယ်ကျော်နှင့်အတူ ကျဆုံးခဲ့သည်။ ဖန်ချော့၏ သားအကြီး ဖန်ထောင်းသည်လည်း မိသားစုနှင့် အိမ်စေများ စုစုပေါင်း တစ်ဆယ့်လေးဦးနှင့်အတူ သေဆုံးခဲ့ရသည်။ ဖန်ချော့ကမူ ညာဘက်လက်ကောက်ဝတ်တွင် မြှားထိခဲ့သော်လည်း တစ်ဖက်ကမ်းသို့ရောက်အောင် ရေကူးနိုင်ခဲ့သဖြင့် လွတ်မြောက်သွားခဲ့သည်။ တရုတ်နိုင်ငံအတွင်းပိုင်းသို့ ပြန်ရောက်လာသောအခါ ဖန်ချော့သည် နန်စောတို့နှင့် သက်ဆိုင်သောအချက်အလက်များကို စုဆောင်းလေ့လာခဲ့ပြန်သည်။ အခန်းဆယ်ခန်းပါဝင်သော မန်ရှူးကျမ်းကို ပြုစုရေးသားပြီး ဧကရာဇ် ယိကျုန်းထံ တင်ဆက်ခဲ့သည်။

==ကျမ်းပြုရခြင်းအကြောင်းအရင်း==
မန်ရှူးကျမ်းကို ပြုစုခဲ့ရသည့် အဓိကအကြောင်းအရင်းမှာ ထန်မင်းဆက် တရုတ်နိုင်ငံအား အနှောက်အယှက်ပေးခဲ့သော့၊ ဆက်လက်၍ ခြိမ်းခြောက်မှုလည်း ရှိနေမည်ဖြစ်သည့် နန်စောတို့အကြောင်းကို ဗဟိုအစိုးရအရာရှိများ သိရှိထားရန်ဖြစ်သည်။ မိမိသိရှိခဲ့သော အကြောင်းအရာများအပြင် ၊ ပုဂ္ဂလိက မှတ်တမ်းမှတ်ရာ များစွာကို ဖတ်ရှုလေ့လာခဲ့ကြောင်း၊ နန်စော၏ နယ်မြေဖြစ်သော ယူနန်နယ်သို့ ဝင်ထွက်လေ့ရှိသော ကုန်သည် အစရှိသောပုဂ္ဂိုလ်များနှင့် ယူနန်နယ်အကြောင်းကို သိကျွမ်းသူများမှ မေးမြန်းစုံစမ်းခဲ့ကြောင်း၊ ၎င်း၏ကျမ်းကို လေ့လာလျှင် ထင်လင်းစွာ သိမြင်နိုင်သည်။ ဖန်ချော့၏ မှတ်တမ်းသည်ရာနှုန်းပြည့် စုံလင်သည်၊ ချွင်းချက်မရှိ မှန်ကန်သည်ဟု မဆိုနိုင်သော်လည်း၊ စုဆောင်းထားသော အချက်အလက်များသည် သမိုင်းတန်ဖိုး အလွန်ကြီးမားကြောင်း လေ့လာတွေ့ရှိသည်။

==ပျူနိုင်ငံတော်အကြောင်း==
ယူနန်နယ်အတွင်း အခြေအနေကို မေးမြန်းစုံစမ်းယင်း ယူနန်နယ်နှင့်နယ်မြေဆက်စပ်သော ပျူနိုင်ငံ အကြောင်းလည်း ပါလာသည်။ ပျူတို့အကြောင်းကိုဖေါ်ပြသော သီးသန့်အပိုင်းတစ်ပိုင်း ရှိသော်လည်း၊ ယူနန်နယ် အတွင်းအကြောင်း၊ အထူးသဖြင့် နယ်စပ်အကြောင်းကို ဖေါ်ပြလာသောအခါ၊ ပျူတို့နယ်မြေနှင့် ပတ်သက်သော အချက်အလက် ထိုထိုဤဤ မသိမသာ ပါရှိလာကြောင်း လေ့လာတွေ့ရှိရသည်။ မန်ရှုကျမ်းသည် မင်(င်)မင်းဆက် ခေတ်ဦးအထိ၊ အဆင့်ဆင့် ရေးကူးလာခဲ့ရာ ပေါ့ပေါ့တန်တန် ရေးကူးခဲ့သူ၏ လက်ချက်ကြောင့်၊ အမှားအယွင်း အတော်များများ ပါရှိလာခဲ့သည်။ ကျမ်းပြုသူ မူရင်းထဲမှာ အမှားအယွင်းရှိသည် မှန်သော်လည်း၊ နှောင်းခေတ်ရေးကူးသူတို့၏ ပေါ့ဆမှုကြောင့် ဖြစ်လာသော အမှားအယွင်း သာ၍ များပြားသည်။ ကံအားလျော်စွာ ရှေးဟောင်းမြန်မာနိုင်ငံ သမိုင်းနှင့် ပတ်သက်သော အချက်အလက်ဘက်မှာစာလုံးအမှား၊ စာကြောင်းအမှား အတော်နည်းပါးကြောင်း လေ့လာတွေ့ရှိရသည်။

၁၆:၀၁၊ ၂၃ ဩဂုတ် ၂၀၁၈ ရက်နေ့က မူ

မန်ရှူးကျမ်း (သို့မဟုတ်) နန်စောနိုင်ငံဦးဆောင်းကျမ်းကို အန်းနမ်နယ် နယ်မှူးချုပ် ချိုက်ယှီ၏ အတွင်းရေးမှူး ဖန်ချော့က ရေးသားခဲ့သည်။

ကျမ်းပြုသူ

ဖန်ချော့သည် ခရစ်နှစ် ၈၆၂ ခုနှစ်တွင် နယ်မှူးချုပ်အဖြစ် ခန့်အပ်ခံရသူ ချိုက်ယှီနှင့်အတူ အန်းနမ်နယ် ကျီ-ယောင်ကျီ (ယခု ဟနွိုင်ဒေသ) သို့ ရောက်လာခဲ့သည်။ ထိုအချိန်က နန်စောမင်း ရှိလုန်သည် အန်းနမ်နယ် ကျီ-ယောင်ကျီ ဒေသကို တတိယအကြိမ် ချင်းနင်းဝင်ရောက်ရန် ပြင်ဆင်နေချိန်လည်းဖြစ်သည်။ ထန်မင်းဆက် တရုတ်နိုင်ငံပိုင်နက်ဖြစ်သော အန်းနမ်နယ်သည် နန်စောတို့၏ ခြိမ်းခြောက်မှုကို ခံနေရကြောင်း ဖန်ချော့က ကောင်းစွာသတိပြုမိခဲ့သည်။ ကျီ-ယောက်ကျီသို့ ရောက်ပြီးနောက် နန်စောတို့နှင့် ပတ်သက်သော အကြောင်းအရာ၊ အချက်အလက်များကို စုံစမ်းလေ့လာခဲ့သည်။ ခရစ်နှစ် ၈၆၃ ခု၊ ဖေဖော်ဝါရီလ ၂၈ ရက်တွင် နန်စောက အလုံးအရင်းနှင့် တိုက်ခိုက်လာရာ၊ နယ်မှူးချုပ် ချိုက်ယှီသည် မိသားစုနှင့် အချွေအရံ စုစုပေါင်း ခုနှစ်ဆယ်ကျော်နှင့်အတူ ကျဆုံးခဲ့သည်။ ဖန်ချော့၏ သားအကြီး ဖန်ထောင်းသည်လည်း မိသားစုနှင့် အိမ်စေများ စုစုပေါင်း တစ်ဆယ့်လေးဦးနှင့်အတူ သေဆုံးခဲ့ရသည်။ ဖန်ချော့ကမူ ညာဘက်လက်ကောက်ဝတ်တွင် မြှားထိခဲ့သော်လည်း တစ်ဖက်ကမ်းသို့ရောက်အောင် ရေကူးနိုင်ခဲ့သဖြင့် လွတ်မြောက်သွားခဲ့သည်။ တရုတ်နိုင်ငံအတွင်းပိုင်းသို့ ပြန်ရောက်လာသောအခါ ဖန်ချော့သည် နန်စောတို့နှင့် သက်ဆိုင်သောအချက်အလက်များကို စုဆောင်းလေ့လာခဲ့ပြန်သည်။ အခန်းဆယ်ခန်းပါဝင်သော မန်ရှူးကျမ်းကို ပြုစုရေးသားပြီး ဧကရာဇ် ယိကျုန်းထံ တင်ဆက်ခဲ့သည်။

ကျမ်းပြုရခြင်းအကြောင်းအရင်း

မန်ရှူးကျမ်းကို ပြုစုခဲ့ရသည့် အဓိကအကြောင်းအရင်းမှာ ထန်မင်းဆက် တရုတ်နိုင်ငံအား အနှောက်အယှက်ပေးခဲ့သော့၊ ဆက်လက်၍ ခြိမ်းခြောက်မှုလည်း ရှိနေမည်ဖြစ်သည့် နန်စောတို့အကြောင်းကို ဗဟိုအစိုးရအရာရှိများ သိရှိထားရန်ဖြစ်သည်။ မိမိသိရှိခဲ့သော အကြောင်းအရာများအပြင် ၊ ပုဂ္ဂလိက မှတ်တမ်းမှတ်ရာ များစွာကို ဖတ်ရှုလေ့လာခဲ့ကြောင်း၊ နန်စော၏ နယ်မြေဖြစ်သော ယူနန်နယ်သို့ ဝင်ထွက်လေ့ရှိသော ကုန်သည် အစရှိသောပုဂ္ဂိုလ်များနှင့် ယူနန်နယ်အကြောင်းကို သိကျွမ်းသူများမှ မေးမြန်းစုံစမ်းခဲ့ကြောင်း၊ ၎င်း၏ကျမ်းကို လေ့လာလျှင် ထင်လင်းစွာ သိမြင်နိုင်သည်။ ဖန်ချော့၏ မှတ်တမ်းသည်ရာနှုန်းပြည့် စုံလင်သည်၊ ချွင်းချက်မရှိ မှန်ကန်သည်ဟု မဆိုနိုင်သော်လည်း၊ စုဆောင်းထားသော အချက်အလက်များသည် သမိုင်းတန်ဖိုး အလွန်ကြီးမားကြောင်း လေ့လာတွေ့ရှိသည်။

ပျူနိုင်ငံတော်အကြောင်း