ချောင်အန်း တက္ကသိုလ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
"အာရှထိပ်တန်း တ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၉:၃၅၊ ၂၁ ဇွန် ၂၀၁၇ ရက်နေ့က မူ

အာရှထိပ်တန်း တက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်နေတဲ့ တောင်ကိုရီးယား နိုင်ငံက ချောင်အန်း တက္ကသိုလ် (Chung-Ang University) ကို ၁၉၁၈ ခုနှစ်က စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံက ထင်ရှားတဲ့ အနုပညာတက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။

သမိုင်းကြောင်း

CAU လို့ အတိုကောက်ခေါ်တဲ့ ချောင်အန်း (Chung-Ang University) တက္ကသိုလ် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ရှိတဲ့ ပုဂ္ဂလိက တက္ကသိုလ်တခု ဖြစ်ပါတယ်။

၁၉၁၈ ခုနှစ်မှာ ခရစ်ယာန်ဘုရားကျောင်းက ဦးစီးပြီး မူကြိုကျောင်းအဖြစ် စခဲ့ပါတယ်။ ၁၉၂၂ ခုနှစ် မှာတော့ မူကြိုကျောင်း ဆရာမများ အတတ်သင်ကျောင်းအဖြစ် ပြောင်းလဲဖွင့်လှစ် ခဲ့ပါတယ်။ ၁၉၅၃ ခုနှစ်မှာတော့ တက္ကသိုလ်အဆင့် တိုးမြှင့် အသိအမှတ်ပြုခြင်း ခံရပါတယ်။

လက်ရှိမှာတော့ ဘွဲ့ကြို ကျောင်းသား ၃ သောင်း ၃ ထောင် ၆ ရာ၊ ဘွဲ့လွန်ကျောင်းသား ၅ ထောင့် ၂ ရာ၊ ပါမောက္ခ ၇၀ဝ နဲ့ အချိန်ပိုင်းဆရာနဲ့ ဝန်ထမ်းပေါင်း ၅၀ဝ ရှိတဲ့ တက္ကသိုလ်ကြီးတစ်ခုပါ။

CAU ဟာ ဆေးဝါးပညာ၊ စီးပွားရေး စီမံခန့်ခွဲမှု၊ လူထုဆက်သွယ်ရေး ပညာ၊ ကြော်ငြာနဲ့ လူထုဆက်ဆံရေး၊ ဓာတ်ပုံပညာ၊ သဘင်နဲ့ ရုပ်ရှုင်လေ့လာရေး စတာတွေကို တောင်ကိုရီးယားမှာ စတင်မိတ်ဆက်တဲ့ တက္ကသိုလ် ဖြစ်ရုံသာမက တောင်ကိုရီးယားမှာ အောင်မြင်ထင်ရှားတဲ့ အနုပညာရှင်များကို မွေးထုတ်ပေးနိ်ုင်ခဲ့တဲ့ တက္ကသိုလ်တစ်ခုပါ။

ချောင်အန်း တက္ကသိုလ်ရဲ့အစဟာ ၁၉၁၈ ခုနှစ် ဆိုးလ်မြို့ ချောင်အန်း မက်သဒစ် ဘုရားကျောင်း နံဘေးမှာ စတင် ဖွင့်လှစ်လိုက်တဲ့ ချောင်အန်း မူကြိုကျောင်းတစ်ခုပါ။ ၁၉၂၂ခုနှစ် မှာ မူကြိုဆရာ အတတ်သင်ကျောင်း အဖြစ်သတ်မှတ်ပြီး ချောင်အန်း ဆရာဖြစ်သင်တန်းကို ပို့ချခဲ့ကာ ဂျပန် တော်လှန်ရေး လှုပ်ရှားမှုရဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

တရားဝင်အရတော့ ဘာသာရပ်စုံ သင်တန်းကျောင်းဆိုပြီး မှတ်ပုံ တင်ထားပေမယ့် ၃ နှစ်သင် ဒီဂရီဘွဲ့ပေးတဲ့ သက်မွေးမှုကျောင်းလို့ အများက အသိအမှတ်ပြုခဲ့ပါတယ်။ ချောင်အန်း ဆရာအတတ်သင်ကျောင်းဟာ ကိုရီးယားနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ အဟန့်အတား အခက်အခဲတွေ ကြုံခဲ့ရပြီး ဘဏ္ဍာရေး အခက်အခဲနဲ့ ကျူးကျော်သူ ဂျပန်တွေရဲ့ ရန်ကြောင့် ၁၉၃၂ ခုနှစ်မှာ နေရာ ရွှေ့ပြောင်းခဲ့ရပါတယ်။

၁၉၃၃ ခုနှစ်မှာ ဒေါက်တာ ယောင်ရှင်ရင်း (Dr. Young-Shin Yim) က လွှဲပြောင်းတာဝန်ယူပြီးနောက် အသက် ၃၄ နှစ်မှာပဲ သူမဟာ ကျောင်းအုပ်ဖြစ်လာခဲ့သူပါ။ ချောင်အန်းတက္ကသိုလ်ကို တည်ထောင်ခဲ့သူတွေ ထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ဒေါက်တာ ယောင်ရှင်ရင်းဟာ ကီဂျွန် အမျိုးသမီးကျောင်းကနေ ဘွဲ့ရခဲ့သူဖြစ်ကာ ကိုရီးယားနိုင်ငံ လွတ်လပ်ရေး လှုပ်ရှားမှု တစ်ခုကို ဦးဆောင်တာကြောင့်လည်း ထောင် ၆ လ ကျခံခဲ့ရဖူးပါတယ်။

သူမရဲ့ မဟာဘွဲ့ကို အမေရိကန်မှာ ဆက်လက် လေ့လာသင်ကြားခဲ့ပါတယ်။ အမေရိကန်မှာ ၉ နှစ်ကြာ နေခဲ့ပြီးနောက် ဂျပန်လက်အောက် ရောက်နေတဲ့ နိုင်ငံရဲ့ အကျိုးကို ဆောင်ရွက်ဖိ်ု့ ဆုံးဖြတ်ပြီး တောင်ကိုရီးယားကို ပြန်လာခဲ့ပါတယ်။

သူမဟာ အမေရိကန်မှာ နေတုန်းက စိုက်ပျိုးရေးလုပ်ငန်း၊ ကားမောင်းခြင်း၊ ဟင်းသီးဟင်းရွက် ယူရောင်းခြင်း စတဲ့ အလုပ်တွေကနေ ဒေါ်လာ ၃ သောင်း စုမိခဲ့ပါတယ်။ အဲဒီငွေတွေနဲ့ မြေကွက်ဝယ်၊ ကျောင်းဆောက်ပြီး ချောင်အန်း ဆရာအတတ်သင်ကျောင်းကို ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာ ယောင်ရှင်ရင်း လက်ထက်မှာ ချောင်အန်းကျောင်းကို အဆင့်မြင့်လာအောင် ရည်မှန်းချက်ထား လုပ်ဆောင်ခဲ့ပါတယ်။ ၁၉၃၇ ခုနှစ်မှာ ပုလဲဆိပ်ကမ်း ဗုံးကြဲမှုကို အကြောင်းပြုပြီး ပစိဖိတ် စစ်ပွဲ ဖြစ်ပါတယ်။ အမေရိကန်မှာ ပညာသင်ခဲ့ပြီး ခရစ်ယာန် ဘာသာဝင် တဦးဖြစ်တဲ့ ဒေါက်တာ ယောင်ရှင်ရင်းနဲ့ သူရဲ့ ဆရာအတတ်သင်ကျောင်းဟာလည်း ပစ်မှတ်ထားခံရပါတယ်။

ဂျပန်စစ်တပ်က ကျောင်းကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပေမယ့် ဒေါက်တာ ယောင်ရှင်ရင်းက အပြင်းအထန် ကာကွယ်ခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်အပြီး ဂျပန်တွေရဲ့ ဖိနှိပ်မှု အောက်မှာပဲ ဆရာအတတ်သင် ကျောင်းဟာ ကျောင်းသားသစ် လက်မခံနိုင်တော့ဘဲ ၁၉၄၄ ခုနှစ် အထိ ပိတ်ထားခဲ့ရပါတယ်။

ကိုရီးယားနိုင်ငံ လွတ်လပ်ရေး ရပြီးတာနဲ့ ဒေါက်တာ ရင်းဟာ ချောင်အန်း ဆရာအတတ်သင်ကျောင်းကို ပြန်ဖွင့်ပါတယ်။ ၁၉၄၇ ခုနှစ် မှာ ချောင်အန်း အမျိုးသမီး ကောလိပ်၊ ၁၉၄၈ခုနှစ် မှာ ချောင်အန်း ကောလိပ် အဖြစ် ပြန်လည်ဖွဲ့စည်းပါတယ်။ ကုလသမဂ္ဂမှာ သံတမန်အဖြစ်လည်း ဆောင်ရွက်ရင်း ဒေါက်တာ ရင်းဟာ ကျောင်းဆောင်သစ်တွေကိုလည်း ဆက်လက် တည်ထောင်ကာ ကျောင်းအုပ်နဲ့ ကျောင်းဘုတ်အဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်လာပါတယ်။

၁၉၅၀ ခုနှစ် မှာ ပထမဆုံး ဘွဲ့ဒီဂရီကို ပေးအပ်နိုင်ခဲ့ပေမယ့် ကိုရီးယား စစ်ပွဲကြောင့် ကျောင်းပိတ်ရပြန်ပါတယ်။ စစ်အတွင်း ကာလတွေမှာ ကောလိပ်ကို ဘူဆန်မှာ ပြောင်းရွှေု့ ဆက်လက်ဖွင့်လှစ်ခဲ့ပြီး စတုတ္ထအကြိမ် ဘွဲ့နှင်းသဘင်အထိ ကြိုးပမ်းနိုင်ခဲ့ပါတယ်။

ဘူဆန်မှာ ပြောင်းရွှေ့ သင်ကြားရင်းနဲ့ပဲ ၁၉၅၃ မှာ တက္ကသိုလ်အဆင့် အသိအမှတ်ပြုခြင်း ခံရပါတယ်။ မဟာဌာန ၄ ခုအောက်မှာ ဌာနခွဲ ၉ ခု ဖွင့်လှစ်ပြီး ဒေါက်တာ ရင်ကလည်း တက္ကသိုလ် အဓိပတိ ဖြစ်လာပါတယ်။ နောက်ပိုင်းမှာ မူလဖွင့်လှစ်ခဲ့တဲ့ နေရာကို ပြန်လည် ရွှေ့ပြောင်းခဲ့ပါတယ်။

၁၉၆၁ ခုနှစ်မှာ ဒေါက်တာ ဆွန်ဟီးရင်က ဒုတိယ အဓိပတိ ဖြစ်လာပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဒေါက်တာ ယောင်ရှင်ရင်းပဲ အဓိပတိ ပြန်ဖြစ်လာပါတယ်။ ဥပဒေပညာ၊ နိုင်ငံရေးသိပ္ပံ၊ စီးပွားရေး စီမံခန့်ခွဲမှု စတဲ့ ဘာသာရပ်တွေကို ဆက်ဆက် တိုးချဲ့ခဲ့ပြီး ၁၉၇၁ခုနှစ် မှာတော့ ဆေးကောလိပ်ကို တည်ထောင်ကာ တွဲဖက်ဆေးရုံအဖြစ် ဆွန်ရှင်း ဆေးရုံကိုလည်း ဖွင့်လှစ်ပါတယ်။

ချောင်အန်း တက္ကသိုလ်ကို တည်ထောင်သူ ဒေါက်တာ ယောင်ရှင်ရင်း အသက် ၇၀ ရှိလာပြီး တာဝန်တွေ ဖိစီးလာတာကြောင့် ဒေါက်တာ ချူဆွန်းရင်က အဓိပတိအဖြစ် တာဝန်လွှဲယူပါတယ်။ ၁၉၇၇ ခုနှစ် မှာတော့ ဒေါက်တာ ယောင်ရှင်ရင်း ကွယ်လွန်ပါတယ်။

၂၀ဝ၅ ခုနှစ်မှာ တက္ကသိုလ်ရဲ့ ၁၂ ဦးမြောက် အကြီးအကဲက ဒေါက်တာ ဘွန်ဟွန်းပတ် ဖြစ်ပါတယ်။

သင်ကြားရေး

၂၀ဝ၅ ကနေ ၂၀ဝ၉ ခုနှစ်အတွင်း အချိန်ပြည့် ဆရာ၊ ဆရာမ ၂၄၄ ဦး ခေါ်ယူခဲ့ကာ နိုင်ငံတက္ကသိုလ်များကဲ့သို့ အဆင့်မြင့်တင်ခြင်းများကို ပြုလုပ်ခဲ့ပါတယ်။

၂၀ဝ၉ ခုနှစ် မှာတော့ ချောင်အန်း တက္ကသိုလ်ဟာ အဆင့်မြင့် အဖွဲ့အစည်းတစ်ခုဖြစ်လာပြီး အထွေထွေ ဘွဲ့လွန် ကျောင်း ၁ကျောင်း၊ သက်မွေးပညာသင်ကျောင်း ၅ ကျောင်း၊ အထူပြု ဘွဲ့လွန်ကျောင်း ၁၁ ကျောင်း၊ ပြဌာန်းစာ အထူးပြုကောလိပ် ၁၈ ကျောင်းကို ဆိုးလ် ပရဝုဏ်နဲ့ အန်ဆွန်ပရဝုဏ်တို့မှာ ဖွင့်လှစ်နိုင်ခဲ့ပြီး ဘွဲကြို ကျောင်းသား ၁ သိန်းခွဲခန့်၊ မဟာဘွဲ့ရ ကျောင်းသား ၃ သောင်းခန့်၊ ပါရဂူဘွဲ့ရ ၄ ထောင်ကျော် မွေးထုတ်နိုင်ခဲ့ပါတယ်။

အဆင့်သတ်မှတ်ချက်

၂၀၁၃ ခုနှစ်မှာ ကိုရီးယား ဂျူဂန် နေ့စဉ်သတင်းစာရဲ့ သတ်မှတ်ချက်အရ တောင်ကိုရီးယားမှာ အဆင့် ၈ ဖြစ်ကြောင်း၊ သဘင်၊ ရုပ်ရှင်နဲ့ ဓာတ်ပုံပညာရပ်မှာတော့ ပထမတန်းအဆင့် ဖြစ်ကြောင်း သိရပါတယ်။ အာရှမှာတော့ အဆင့် ၇၁ အဖြစ် သတ်မှတ်ခံရပါတယ်။

နိုင်ငံတကာ ကျောင်းသား

ချောင်အန်းတက္ကသိုလ်မှာ နိုင်ငံတကာမှ ကျောင်းသားများလာရောက်သင်ကြားမှုအစီအစဉ်များကို ၂၀ဝ၉ခုနှစ်မှ စတင်ခဲ့ကာ လက်ရှိမှာတော့ နိုင်ငံတကာမှ ကျောင်းသား ၂ထောင်ကျော်ခန့်လာရောက်သင်ကြားနေပြီး Humanities ၊ Social Science၊ Natural Science၊ Engineering၊ Education၊ Business and Economics စတဲ့ ဘာသာရပ်များကို သင်ကြားမှုများပြားပါတယ်။

ကိုရီးယားဘာသာစကားနှင့် ယဉ်ကျေးမှုဘာသာရပ်များ အပြင် အာရှဒေသလေ့လာလာရေးအစီအစဉ်များတွင် နိုင်ငံတကာမှ ကျောင်းသားများရဲ့ စိတ်ဝင်စားမှုပိုမိုများတယ်လို့ ဆိုနိုင်ပါတယ်။

အနုပညာ ဘာသာရပ်များ

ချောင်အန်း တက္ကသိုလ်ဟာ၂၀ဝ၉ ခုနှစ်မှ စတင်ကာ အနုပညာသင်တန်းတွေဖြစ်တဲ့ ဂီတ၊ ပြဇာတ်၊ သရုပ်ဆောင်၊ ဖက်ရှင်ဒီဇိုင်းစတဲ့ ဘာသာရပ်များကိုတိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ကာ ကိုရီးယားလူငယ်များကြား ရေပန်းစားတဲ့ ဘာသာရပ်များဖြစ်ခဲ့ပါတယ်။

ချောင်အန်းတက္ကသိုလ်မှာ အနုပညာကျောင်းတက်ရောက်တဲ့ ကျောင်းသားများလက်တွေ့ပြုလုပ်ရန်အတွက် သီရေတာများ၊ ပြဇာတ်ရုံများကို တည်ထောက်ဆောက် ပေးထားပြီး နှစ်စဉ်ကျောင်းသားများရဲ့ အနုပညာဖန်တီးမှုများကို တင်ဆက်လေ့ရှိပါတယ်။ အဲ့ဒီလို တင်ဆက်တဲ့အခါမှာ ကိုရီးယားအနုပညာလောကမှ ထုတ်လုပ်ရေးမှူးများ၊ ဒါရိုက်တာများတက်ရောက်ကြပြီး တက်သစ်စအနုပညာရှင်များကို ရှာဖွေဖော်ထုတ်ပြီး စင်တင်ပေးလေ့ရှိပါတယ်။

ဒါ့ကြောင့်လည်း ချောင်အန်း တက္ကသိုလ်ကနေ ထင်ရှားတဲ့ ဂီတအကျော်အမော်တွေ၊ ရုပ်ရှင်လောကသားတွေ ပေါ်ထွက်ခဲ့ပါတယ်။

ထူးခြားထင်ရှားသူများ

ထင်ရှားတဲ့ ဂီတလောက အကျော်အမော်တွေကတော့ Girls’ Generation အဖွဲ့ဝင် ချွိုင်ဆိုယောင်း (Choi Soo-young) နဲ့ ကွမ်ယူရီ (Kwon Yuri) ၊ အမျိုးသမီး အဖွဲ့တခုဖြစ်တဲ့ f(x) အဖွဲ့ဝင် အဆိုတော် လူနာ (Luna) ၊ boy band အဖွဲ့တခုဖြစ်တဲ့ Big Bang အဖွဲ့ဝင် ဆောင်ဂီ (Seungri) ၊ boy band တခုဖြစ်တဲ့ U-KISS အဖွဲ့ဝင် ရှင် ဒေါင်ဟို (Shin Dongho) ၊ Apink မိန်းကလေး အဖွဲ့ဝင် ဟောင်ယိုးကွမ် (Hong Yoo-kyung) တို့ ဖြစ်ပါတယ်။

ထင်ရှားတဲ့ ရုပ်ရှင်လောကသားတွေကတော့ မင်းသားတွေဖြစ်တဲ့ ချာထယ်ဟွန်း (Cha Tae Hyun)၊ ဟွန်ဘင် (Hyun Bin)၊ ကင်ဘန်း (Kim Bum)၊ ကင်ဂျောင်ဟွန်း (Kim Jeong-hoon)၊ကင်ရေဝန်း (Kim Rae-won)၊ လီမင်ဟို (Lee Min-ho) မင်းသမီးတွေဖြစ်တဲ့ ကင်ဟီဆမ်း (Kim Hee-sun)၊ ဂိုအာရာ (Go Ara)၊ ဂျန်နာရာ (Jang Na-ra)၊ ဘတ်ရှင်ဟေး (Park Shin-hye)၊ ဘတ်ရီဂျင်း(Park Ye-jin)၊ ယွန်းအွန်ဟေး(Yoon Eun-hye) သရုပ်ဆောင်နဲ့ ဒါရိုက်တာတွေဖြစ်တဲ့ ဟဂျန်ဝူး (Ha Jung-woo)၊ ယိုးဂျီတိတ် (Yoo Ji-tae) တို့ပဲဖြစ်ပါတယ်။