မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး roboto aldono de: yo:NATO
စာကြောင်း ၁၀၈ - စာကြောင်း ၁၀၈ -
[[vo:NBNL]]
[[vo:NBNL]]
[[war:Katig-uban Tratado han Amihanan Atlantiko]]
[[war:Katig-uban Tratado han Amihanan Atlantiko]]
[[yo:NATO]]
[[zh:北大西洋公约组织]]
[[zh:北大西洋公约组织]]
[[zh-min-nan:NATO]]
[[zh-min-nan:NATO]]

၂၀:၃၉၊ ၂၈ နိုဝင်ဘာ ၂၀၀၉ ရက်နေ့က မူ

မြောက်အတ္တလန်တိတ် စစ်စာချုပ်အဖွဲ့ North Atlantic Treaty Organization (NATO) ကို ခေါ်ခြင်း ဖြစ်သည်။ ၁၉၄၉ ၊ ဧပြီလ (၄) ရက်နေ့တွင် မြောက်အတ္တလန်တိတ် စစ်အဖွဲ့ကို စတင် တည်ထောင်ခဲ့သည်။ ဌာနချုပ်မှာ ဘယ်လ်ဂျီယံနိုင်ငံ ၊ ဘရပ်ဆဲလ်မြို့ ဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများ၏ စုပေါင်းအင်အားဖြင့် အခြားမည်သည့် ပြင်ပ အဖွဲ့အစည်းမှ တိုက်ခိုက်မှုမျိုးကိုမဆို စုပေါင်း တွန်းလှန်ရန် သဘောတူညီ ထားကြသည်။ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံကို တိုက်ခိုက်ခံရပါက နိုင်ငံအားလုံးကို တိုက်ခိုက်သည်ဟု မှတ်ယူပြီး အခြား အဖွဲ့ဝင် နိုင်ငံများက စစ်အင်အားဖြင့် တိုက်ခိုက်ခံရသည့် နိုင်ငံကို ကူညီကြရန် သဘောတူ ထားကြသည်။ စတင် တည်ထောင်ပြီး ပထမ နှစ်များအတွင်း နိုင်ငံရေး လုပ်ငန်းများ ဝင်ရောက် လုပ်ဆောင်ခြင်း မရှိသော်လည်း ကိုရီးယား စစ်ပွဲ အတွင်းတွင် အဖွဲ့ဝင် နိုင်ငံများ၏ စစ်အင်အားကို စုစည်း၍ တပ်ပေါင်းစု စစ်သေနာပတိချုပ် (supreme commanders) လက်အောင်တွင် ထားရှိခဲ့သည်။ ၁၉၈၉ တွင် ဘာလင် တံတိုင်း ပြိုကျခဲ့ပြီးနောက် နေတိုးအဖွဲ့သည် ဘော်လ်ကန် ဒေသသို့ စစ်အင်အား တိုးချဲ့ရန် ကြိုးပမ်းလာသည်။ ၂၀ဝ၂ ဒီဇင်ဘာ (၁၆) တွင် ဥရောပ သမဂ္ဂနှင့် သဘောတူ စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။ အဆိုပါ စာချုပ်အရ ကမ္ဘာ့အရေးအခင်းများတွင် နေတိုးသည် လွတ်လပ်စွာ ဝင်ရောက် စွက်ဖက်နိုင်ခွင့် ရှိလာခဲ့သည်။ နေတိုးစစ်အုပ်စု၏ စစ်ရေး အသုံးစရိတ်သည် တစ်ကမ္ဘာလုံး စစ်စရိတ်၏ ၇၀% ရှိပြီး အဖွဲ့အတွင်းရှိ အမေရိကန်၏ စစ်စရိတ်သည်ပင် တစ်ကမ္ဘာလုံး စစ်စရိတ်၏ ၅၀% ရှိသည်။

အဖွဲ့ဝင် နိုင်ငံများ

နေတိုး အဖွဲ့တွင် မြောက်အမေရိကနှင့် ဥရောပမှ နိုင်ငံပေါင်း (၂၆) နိုင်ငံ ပါဝင်သည်။ အဆိုပါနိုင်ငံများတွင် မြောက်အမေရိကမှ ၂ နိုင်ငံ (ကနေဒါနှင့် အမေရိကန်) ပါဝင်ပြီး ကျန်နိုင်ငံများမှ ဥရောပမှ ဖြစ်သည်။ အိုက်စ်လန် မှအပ ကျန်နိုင်ငံအားလုံးသည် ကိုယ်ပိုင် စစ်တပ် ပိုင်ဆိုင်ကြပြီး အမေရိကန် ၊ ပြင်သစ်နှင့် ဗြိတိန်တို့သည် အနုမြူ လက်နက် ပိုင်ဆိုင်ကြသည်။