ဘာလင် တံတိုင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဘာလင်တံတိုင်း၏ နံမည်ကျော် သေမင်းလမ်းကြား

ဘာလင်တံတိုင်းသည် အနောက်ဂျာမဏီ နှင့် အရှေ့ဂျာမဏီကို ပိုင်းခြားထားခဲ့သည့် တံတိုင်းကြီး ဖြစ်သည်။ နေတိုး စစ်အုပ်စု၏ အနောက်အုပ်စုနှင့် ဝါဆော တို့၏ အရှေ့အုပ်စုကို ပိုင်းခြားထားသည့် သံကန့်လန့်ကာ (Iron Curtain) ၏ ပြယုဂ်လည်း ဖြစ်ခဲ့သည်။

ဘာလင်တံတိုင်းကြီးသည် အရှေ့ဂျာမဏီနှင့် အနောက်ဂျာမဏီကို ၁၉၆၁ ဩဂုတ် ၁၃ မှ ၁၉၈၉ နိုဝင်ဘာ ၉ ထိ ရာစုနှစ်၏ လေးပုံတစ်ပုံခန့်ကြာအောင် ပိုင်းခြားထားခဲ့သည်။ ထိုကာလအတွင်း တရားဝင် စာရင်းအရ အနောက်ဂျာမဏီသို့ ဖြတ်ကူးရန် ကြိုးပမ်းသည့် လူ (၉၈) ယောက်ခန့် အသတ်ခံခဲ့ရသည်။ အရှေ့ဂျာမဏီ အစိုးရသည် ဘာလင်တံတိုင်းအား တရားမဝင် ဖြတ်ကျော်၍ အနောက်သို့ ကူးပြောင်းလိုသူတိုင်းအား ပစ်သတ်ရန် နယ်ခြားစောင့် တပ်များအား အမိန့်ပေးထားခဲ့သည်။

ဘာလင်တံတိုင်းနှင့် နယ်ခြားဂိတ်များ

နောက်ခံသမိုင်း[ပြင်ဆင်ရန်]

ဘာလင်မြို့ ကောင်းကင်မြေပုံ၊ တံတိုင်းကို အဝါရောင်ဖြင့် ပြသထားသည်။

ဒုတိယ ကမ္ဘာစစ် ပြီးနောက် နာဇီ ဂျာမဏီ၏ နယ်မြေများကို ပို့စ်ဒမ်သဘောတူညီချက်အရ အမေရိကန်အင်္ဂလန်ပြင်သစ် နှင့် ဆိုဗီယက် တို့က အပိုင်း (၄) ပိုင်း ခွဲခြမ်းခဲ့ကြသည်။ ဂျာမဏီ၏ မြို့တော် ဘာလင်ကိုလည်း နိုင်ငံပေါင်းစုံ အဖွဲ့ကြီး၏ ရုံးဌာနချုပ်အဖြစ် ထားရှိခဲ့သည်။ စစ်ပွဲကာလအတွင်း ပေါင်းစည်းခဲ့ကြသည့် မဟာမိတ် စစ်တပ်များအနေဖြင့် စစ်ပွဲအပြီးတွင် ဂျာမဏီကို ပူးတွဲအုပ်ချုပ်ရန် ရည်ရွယ်ခဲ့ကြသည့် အားလျော်စွာ ပြင်သစ် ၊ အင်္ဂလိပ်နှင့် အမေရိကန်တို့သည် ၁၉၄၉ တွင် အနောက်ဂျာမဏီကို ထူထောင်ပေးခဲ့ပြီး ဆိုဗီယက်တို့က အရှေ့ဂျာမဏီကို ထူထောင်ကာ စစ်အေးတိုက်ပွဲ ကာလကို စတင်ခဲ့ကြသည်။ အနောက်ဂျာမဏီသည် ဈေးကွက်စီးပွားရေးစနစ်ကို ထူထောင်၍ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးကာ အရှေ့ ဂျာမဏီသည် ဆိုဗီယက်ပုံစံ စီမံကိန်းချ စီးပွားရေးစနစ်ကို ထူထောင်ကာ ဗဟိုအစိုးရစနစ် ကျင့်သုံးခဲ့သည်။

၁၉၅၂ ခုနှစ်အထိ အရှေ့ဂျာမဏီနှင့် အနောက်ဂျာမဏီ၏ နယ်ခြားများကို လွယ်ကူစွာ ဖြတ်ကျော်နိုင်ခဲ့ပြီး ၁၉၅၂ ဧပြီ ၁ တွင် အရှေ့ဂျာမဏီနှင့် ဆိုဗီယက် ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးခဲ့ကြကာ နယ်ခြားကာကွယ်ရေးကို တိုးမြှင့်ကြရန် သဘောတူညီ ခဲ့ကြသည်။

ဘာလင်တံတိုင်း[ပြင်ဆင်ရန်]

၁၉၅၂ ဧပြီ ၁ တွင် ဂျာမဏီနှင့် ဆိုဗီယက် နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် အရှေ့နှင့် အနောက် ဂျာမဏီနှစ်နိုင်ငံအား သံဆူးကြိုးဖြင့် ကာရံခဲ့ကြသည်။ ဘာလင်မြို့တွင်းရှိ အရှေ့နှင့် အနောက် နယ်ခြားကို ဆက်လက် ဖွင့်ထားခဲ့သော်လည်း ဖြတ်သန်းခွင့်များကို တင်းကြပ်ခဲ့ကြသည်။