ပျဉ်းတော်သိမ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.6.5) (ရိုဘော့က ပေါင်းထည့်နေသည် - es:Clausena, pt:Clausena, zh:黄皮属
အရေးမကြီး r2.5.4) (Robot: Modifying zh:黄皮属 to zh:黃皮屬
စာကြောင်း ၅၃ - စာကြောင်း ၅၃ -
[[pt:Clausena]]
[[pt:Clausena]]
[[ru:Клаузена]]
[[ru:Клаузена]]
[[zh:]]
[[zh:]]

၀၃:၃၇၊ ၁၅ ဖေဖော်ဝါရီ ၂၀၁၃ ရက်နေ့က မူ

ပျဉ်းတော်သိမ်
Clausena
ဖိုင်:L clausena excavate burm.jpg
မျိုးရိုးခွဲခြားခြင်း
လောက:
Plantae
မျိုးစဉ်:
Sapindales
မျိုးရင်း:
Rutaceae
မျိုးစု:
Clausena
မျိုးစိတ်:
Clausena excavata

ပျဉ်းတော်သိမ်သည် အပွင့် ပွင့်သည့် အပင်တစ်မျိုးဖြစ်သည့်ပြင် ဩစတေးလျတိုက်နှင့် အာရှတိုက်တွင် ပေါက်ရောက်သည့် အပင်တစ်မျိုးဖြစ်သည်။ မျိုရင်း Rutaceae တွင် ပါဝင်သည့် မျိုးရင်းခွဲ အမြဲစိမ်းအပင်တစ်မျိုးဖြစ်သည့် Aurantioideae ၏ မျိုးစုတစ်ခုဖြစ်သည်။ ၎င်းအပင်အား အင်္ဂလိပ်ဘာသာဖြင့် အမည်၊ အဓိပ္ပါယ်သတ်မှတ်ခြင်းကို N.L. Birman က ၁၇၆၈ ခုနှစ်တွင် လုပ်ဆောင်ပေးခဲ့သည်။[၁]

ပုံသဏ္ဌာန်

အပင်

အပင် ငယ်မျိုး ဖြစ်သည်။ အမြင့် ၁၀ ကျော်ထိ မြင့် တတ်သည်။ အကိုင်း များ ဖြာ၍ ထွက်သည်။ပင်စည် ညိုခြောက် ခြောက်ရောင် ရှိ၍ အနည်းငယ် ကြမ်းသည်။

အရွက်

ရွက်ပေါင်း ဖြစ်၍ ရွက်လွှဲ ထွက်သည်။ အလျား ၈ လက်မ ခန့် ထိ ရှည်သည်။ရွက်မြွှာ များ အချို့ ရွက်ဆိုင် ၊ အချို့ ရွက်လွှဲ ထွက်ပြီး ၁၅-၁၇ ရွက် ထိ ပါရှိသည်။ လှံစွပ် ပုံသဏ္ဌာန် ရှိသည်။ရွက်ရင်း ရွဲ့စောင်း ၍ အနည်းငယ် ဝိုင်းပြီး ရွက်ဖျား သွယ်သည်။ရွက်ညှာ တိုသည်။ရွက်ပြား ချော၍ ရွက်နား ၌ မထင်ရှားသော ခွေးသွားစိပ် သို့မဟုတ် ထစ်ကလေး များ ရှိသည်။ရွက်လယ် ကြောသာ ထင်ရှား၏။ မွှေးကြိုင်သော အနံ့ရှိ၏။ အရွက် နုစဉ်တွင် အညိုရောင် ရှိသည်။

အပွင့်

အဖြူရောင် ရှိသည်။ တန်ခူး ကဆုန်လ များတွင် ပွင့်သည်။

အသီး

လုံး ဝိုင်း၍ ပန်းရောင်နှင့် အဖြူရောင် ပေါ်တွင် အမည်းစက် ကလေးများ ရှိ၏။ အတွင်း၌ အစိမ်းရောင် အစေ့ တစ်စေ့သာ ပါရှိသည်။ဝါခေါင်၊ တော်သလင်း တွင် သီးမှည့်၏။

မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ

မြန်မာ နိုင်ငံ အနှံ့ အပြား တွင် ပေါက်ရောက် သည်။

ပေါက်ရောက်ပုံ

သဘာ၀ အလျောက် ပေါက်ရောက်သည်။

အသုံးဝင်ပုံ

အာနိသင်

မြန်မာ ဆေးကျမ်း များအလိုအရ ပျဉ်းတော်သိမ် သည် ခါးသက်သက် ရှိ၏။ ဖန်၏။ ပူ၏။ ကြေညက် လွယ်၏။ အပူကို ငြိမ်း စေ၏။ ဆီးကို ရွှင်စေ၍ အစာကို ကြေစေ၏။ နူနာ ၊ သွေးဖောက် ပြန်ရောဂါ၊ အဆိပ်သင့် နာတို့ ကို နိုင်၏။

အသုံးပြုပုံ

  • ပျဉ်းတော်သိမ် ရွက်ကို ဟင်းခတ် အမွှေးအကြိုင် အဖြစ် သုံးသည်။
  • ၄င်း အရွက်ကို များစွာ စားခြင်းဖြင့် ဝမ်းကို သက်စေသည်။
  • နို့ရည် ထဲတွင် ၄င်း အရွက် ကို ထည့်ကျို သောက်ပါက အဆိပ်ကို ပြယ်စေ သည်။
  • ပျဉ်းတော်သိမ် ရွက်ကို သွေးဆေး၊ လေဆေးများ ဖော်စပ်ရာတွင် အသုံးပြု၏။

[၂]

ကိုးကား

  1. Clausena Burm.f.ဩစတြေးလျ ဒေသမျိုးရင်း အပင်များ အမည်နာမ အညွှန်း (APNI)၊ IBIS ဒေတာဘေ့စ်။ အပင် ဇီဝမျိုးစုံမျိုးကွဲမှု သုတေသနစင်တာ၊ ဩစတြေးလျနိုင်ငံတော် အစိုးရ။
  2. http://arogyamonline.com/commodity/materials/?raw=135