ပျဉ်းတော်သိမ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ပျဉ်းတော်သိမ်
Clausena
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက Plantae
မျိုးစဉ် Sapindales
မျိုးရင်း Rutaceae
မျိုးစု Clausena
မျိုးစိတ် Clausena excavata

ပျဉ်းတော်သိမ်သည် အပွင့် ပွင့်သည့် အပင်တစ်မျိုးဖြစ်သည့်ပြင် ဩစတေးလျတိုက်နှင့် အာရှတိုက်တွင် ပေါက်ရောက်သည့် အပင်တစ်မျိုးဖြစ်သည်။ မျိုရင်း Rutaceae တွင် ပါဝင်သည့် မျိုးရင်းခွဲ အမြဲစိမ်းအပင်တစ်မျိုးဖြစ်သည့် Aurantioideae ၏ မျိုးစုတစ်ခုဖြစ်သည်။ ၎င်းအပင်အား အင်္ဂလိပ်ဘာသာဖြင့် အမည်၊ အဓိပ္ပါယ်သတ်မှတ်ခြင်းကို N.L. Birman က ၁၇၆၈ ခုနှစ်တွင် လုပ်ဆောင်ပေးခဲ့သည်။[၁]

ပုံသဏ္ဌာန်[ပြင်​ဆင်​ရန်​]

အပင်[ပြင်​ဆင်​ရန်​]

အပင် ငယ်မျိုး ဖြစ်သည်။ အမြင့် ၁၀ ကျော်ထိ မြင့် တတ်သည်။ အကိုင်း များ ဖြာ၍ ထွက်သည်။ပင်စည် ညိုခြောက် ခြောက်ရောင် ရှိ၍ အနည်းငယ် ကြမ်းသည်။

အရွက်[ပြင်​ဆင်​ရန်​]

ရွက်ပေါင်း ဖြစ်၍ ရွက်လွှဲ ထွက်သည်။ အလျား ၈ လက်မ ခန့် ထိ ရှည်သည်။ရွက်မြွှာ များ အချို့ ရွက်ဆိုင် ၊ အချို့ ရွက်လွှဲ ထွက်ပြီး ၁၅-၁၇ ရွက် ထိ ပါရှိသည်။ လှံစွပ် ပုံသဏ္ဌာန် ရှိသည်။ရွက်ရင်း ရွဲ့စောင်း ၍ အနည်းငယ် ဝိုင်းပြီး ရွက်ဖျား သွယ်သည်။ရွက်ညှာ တိုသည်။ရွက်ပြား ချော၍ ရွက်နား ၌ မထင်ရှားသော ခွေးသွားစိပ် သို့မဟုတ် ထစ်ကလေး များ ရှိသည်။ရွက်လယ် ကြောသာ ထင်ရှား၏။ မွှေးကြိုင်သော အနံ့ရှိ၏။ အရွက် နုစဉ်တွင် အညိုရောင် ရှိသည်။

အပွင့်[ပြင်​ဆင်​ရန်​]

အဖြူရောင် ရှိသည်။ တန်ခူး ကဆုန်လ များတွင် ပွင့်သည်။

အသီး[ပြင်​ဆင်​ရန်​]

လုံး ဝိုင်း၍ ပန်းရောင်နှင့် အဖြူရောင် ပေါ်တွင် အမည်းစက် ကလေးများ ရှိ၏။ အတွင်း၌ အစိမ်းရောင် အစေ့ တစ်စေ့သာ ပါရှိသည်။ဝါခေါင်၊ တော်သလင်း တွင် သီးမှည့်၏။

မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ[ပြင်​ဆင်​ရန်​]

မြန်မာ နိုင်ငံ အနှံ့ အပြား တွင် ပေါက်ရောက် သည်။

ပေါက်ရောက်ပုံ[ပြင်​ဆင်​ရန်​]

သဘာ၀ အလျောက် ပေါက်ရောက်သည်။

အသုံးဝင်ပုံ[ပြင်​ဆင်​ရန်​]

အာနိသင်[ပြင်​ဆင်​ရန်​]

မြန်မာ ဆေးကျမ်း များအလိုအရ ပျဉ်းတော်သိမ် သည် ခါးသက်သက် ရှိ၏။ ဖန်၏။ ပူ၏။ ကြေညက် လွယ်၏။ အပူကို ငြိမ်း စေ၏။ ဆီးကို ရွှင်စေ၍ အစာကို ကြေစေ၏။ နူနာ ၊ သွေးဖောက် ပြန်ရောဂါ၊ အဆိပ်သင့် နာတို့ ကို နိုင်၏။

အသုံးပြုပုံ[ပြင်​ဆင်​ရန်​]

  • ပျဉ်းတော်သိမ် ရွက်ကို ဟင်းခတ် အမွှေးအကြိုင် အဖြစ် သုံးသည်။
  • ၄င်း အရွက်ကို များစွာ စားခြင်းဖြင့် ဝမ်းကို သက်စေသည်။
  • နို့ရည် ထဲတွင် ၄င်း အရွက် ကို ထည့်ကျို သောက်ပါက အဆိပ်ကို ပြယ်စေ သည်။
  • ပျဉ်းတော်သိမ် ရွက်ကို သွေးဆေး၊ လေဆေးများ ဖော်စပ်ရာတွင် အသုံးပြု၏။

[၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Template:APNI
  2. http://arogyamonline.com/commodity/materials/?raw=135