နယူတန်၏ ရွေ့လျားမှုဆိုင်ရာ နိယာမများ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.6.4) (ရိုဘော့က ပေါင်းထည့်နေသည် - ia:Leges de Newton
အရေးမကြီး r2.7.2+) (ရိုဘော့က ပေါင်းထည့်နေသည် - pms:Laj dël moviment ëd Newton
စာကြောင်း ၇၁ - စာကြောင်း ၇၁ -
[[oc:Leis de Newton]]
[[oc:Leis de Newton]]
[[pl:Zasady dynamiki Newtona]]
[[pl:Zasady dynamiki Newtona]]
[[pms:Laj dël moviment ëd Newton]]
[[pnb:نیوٹن دے چلن دے قنون]]
[[pnb:نیوٹن دے چلن دے قنون]]
[[pt:Leis de Newton]]
[[pt:Leis de Newton]]

၁၆:၅၅၊ ၁၃ နိုဝင်ဘာ ၂၀၁၂ ရက်နေ့က မူ

ကမ္ဘာကျော် ရူပဗေဒပညာရှင် အိုင်ဆက် နယူတန် မှ ရွေ့လျားမှု ဆိုင်ရာ နိယာမ ၃ ခုကို ထုတ်ဖော်ခဲ့သည်။ အရာဝတ္ထုတို့၏ ရွေ့လျားမှုတို့သည် ယေဘုယျအားဖြင့် ထိုနိယာမများကို လိုက်နာကြသည်။ နယူတန်၏ နိယာမ ၃ ခုမှာ အောက်ပါအတိုင်း ဖြစ်သည်။

နယူတန်၏ ရွေ့လျားမှုဆိုင်ရာ ပထမနိယာမ

နယူတန်၏ ရွေ့လျားမှုဆိုင်ရာ ပထမ နိယာမတွင် "အကယ်၍ ပြင်ပမှ အားသက်ရောက်မှု မရှိပါက ရပ်နေသော အရာဝတ္ထုတို့သည် ရပ်မြဲရပ်နေ၍ ရွေ့လျားနေသော အရာဝတ္ထုတို့သည် ရွေ့လျားမြဲ ရွေ့လျားနေမည်" ဟု ဆိုသည်။

ရွေ့လျားနေသော ယာဉ်တစ်စင်းသည် ပြင်ပမှ အားသက်ရောက်မှု မရှိပါက ဆက်လက်၍ ရွေ့လျားနေမည် ဖြစ်သည်။ သို့သော်လည်း လက်တွေ့တွင် ယာဉ်အား ဆက်လက်ရွေ့လျားရန် အတွက် လောင်စာဆီ သို့မဟုတ် အခြား စွမ်းအင် တစ်မျိုးမျိုး အသုံးချရန် လိုအပ်သည်မှာ လမ်း၊ လေထု ၊ရေထု စသည်တို့နှင့် ယာဉ်၏ ကြားတွင် ရှိသော ပွတ်တိုက်အားကို ကျော်လွှားနိုင်ရန် ဖြစ်သည်။ လေထုမရှိသော အာကာသ အတွင်းတွင် ခရီးသွားနေသော ယာဉ်များတွင် လေထု၏ ပွတ်တိုက်အား မရှိသဖြင့် ဆက်လက်ရွေ့လျားနေစေရန် စွမ်းအင် မလိုအပ်ပေ။ လမ်းကြောင်းပြောင်းရန် သို့မဟုတ် ရပ်တန့်ရန် အတွက်သာ စွမ်းအင် လိုအပ်သည်။

နယူတန်၏ ရွေ့လျားမှု ဆိုင်ရာ ဒုတိယနိယာမ

နယူတန်၏ ရွေ့လျားမှုဆိုင်ရာ ဒုတိယ နိယာမတွင် "အရာဝတ္ထု တစ်ခု၏ အရှိန်ပြောင်းနှုန်း (acceleration) သည် စုစုပေါင်း အားသက်ရောက်မှုနှင့် တိုက်ရိုက်အချိုးကျပြီး ထိုအရာဝတ္ထု၏ ဒြပ်ထုနှင့် ပြောင်းပြန် အချိုးကျသည်။" ဟု ဆိုထားသည်။

နယူတန်၏ ရွေ့လျားမှုဆိုင်ရာ တတိယနိယာမ

နယူတန်၏ ရွေ့လျားမှုဆိုင်ရာ တတိယ နိယာမတွင် "အရာဝတ္ထုနှစ်ခု၏ သက်ရောက်မှုအားနှင့် ပြန်လည်တွန်းကန်အား သည် ညီမျှသည်" ဟု ဆိုထားသည်။

ကန့်သတ်ချက်

နယူတန်၏ ရွေ့လျားမှု ဆိုင်ရာ နိယာမများသည် အရာဝတ္ထု အတော်များများတွင် အသုံးချနိုင်သော်လည်း အက်တမ်ထက် သေးငယ်သော အရာဝတ္ထုများနှင့် ကမ္ဘာမြေကဲ့သို အလွန်ထုထည်ကြီးမားသော အရာဝတ္ထုများတွင် အကန့်အသတ်ဖြင့်သာ အသုံးချနိုင်သည်။