ငါးကြီးအန်ဖတ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.3rc2) (ရိုဘော့က ပေါင်းထည့်နေသည် - is:Hvalambur
အရေးမကြီး r2.7.3) (ရိုဘော့က ပေါင်းထည့်နေသည် - lt:Ambra
စာကြောင်း ၃၀ - စာကြောင်း ၃၀ -
[[ja:龍涎香]]
[[ja:龍涎香]]
[[kk:Амбра]]
[[kk:Амбра]]
[[lt:Ambra]]
[[ml:ആംബർഗ്രീസ്]]
[[ml:ആംബർഗ്രീസ്]]
[[nl:Amber (potvis)]]
[[nl:Amber (potvis)]]

၀၉:၁၁၊ ၄ နိုဝင်ဘာ ၂၀၁၂ ရက်နေ့က မူ

ငါးကြီးအန်ဖတ်

ငါးကြီးအန်ဖတ်။ ။ တစ်ခါတစ်ရံ ရေမွှေးတွင် ပါရှိသော အမွှေးအကြိုင်ကို စပယ်ပန်း၊ နှင်းပန်း စသည်တို့မှ ပေါင်းခံမယူဘဲ ငါးကြီးအန်ဖတ်ခေါ် ဝေလငါး၏ အူအတွင်းမှ ရရှိသောပစ္စည်း တစ်မျိုးမှ ပေါင်းခံယူကြသည်။ ထိုပစ္စည်း၌ သွေးပြန်ကြောများ ပါရှိခြင်းကြောင့် အရောင်မှာ ညစ်ပုပ်ပုပ် ဖြစ်သည်။ ပင်လယ် တွင် ငါးကြီးအန်ဖတ်များကို အစုလိုက် အပြုံလိုက် မျောနေ သည်ကို တွေ့ရတတ်၏။ အတ္တလန္တိတ် သမုဒ္ဒရာတွင် ပေါင် ၂ဝဝ ကျော်မျှ အလေးချိန်စီးသော ငါးကြီးအန်ဖတ်များကို တွေ့ရသည်။ တစ်ခါတစ်ရံ ငါးကြီးအန်ဖတ်ကို ဘရာဇီးနိုင်ငံ၊ မက်ဒါဂက်စတာကျွန်း၊ အာဖရိကတိုက်နှင့် အရှေ့တိုင်းနိုင်ငံ တို့၏ ကမ်းခြေများတွင် တွေ့ရလေသည်။ အစိမ်းလိုက် တွေ့ရသော ငါးကြီးအန်ဖတ်များတွင် မနှစ်မြို့ဖွယ်ကောင်းသော အနံ့ ရှိ၏။ ငါးကြီးအန်ဖတ်ကို အယ်လ်ကိုဟောနှင့် အငွေ့ပျံဆီများ တွင် ဖျော်၍ အမွှေးအကြိုင်များတွင် အနည်းငယ်ထည့်ပြီး အသုံးပြုကြသည်။ အချို့နိုင်ငံများတွင် အစားအစာကို မွှေးကြိုင်အောင် ငါးကြီးအန်ဖတ် အကျဉ်းထည့်၍ သုံးဆောင် တတ်ကြသည်။ ငါးကြီးအန်ဖတ်သည် အလွန်အဖိုးတန်၏။ တစ်ခါက ပေါင် ၂၆ဝ ရှိသော ငါးကြီးအန်ဖတ်ကို ရွှေဒင်္ဂါး ပေါင် ၆၆ဝဝဝ ပေး၍ ပြင်သစ်ရေမွှေးကုမ္ပဏီ တစ်ခုက ဝယ်ယူခဲ့ဘူးသည်။

[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)