အတ္တရံမြစ်ကူးတံတား (စံပယ်ဂူ)
အတ္တရံမြစ်ကူးတံတား (စံပယ်ဂူ) သည် မွန်ပြည်နယ် ရှိတံတားတစ်စင်း ဖြစ်သည်။ တံတားသည် သံမဏိ သံပေါင်၊ သံကူ ကွန်ကရစ်ကြမ်းခင်းတံတားအမျိုးအစား ဖြစ်သည်။[၁][၂]
တံတားအချက်အလက်များ[ပြင်ဆင်ရန်]
အတ္တရံမြစ်ကူးတံတား (စံပယ်ဂူ) သည် သံမဏိ သံပေါင်ခုံး ပေါ်မှ သံမဏိကြိုးဆိုင်းထားသည့် တံတား ဖြစ်သည်။ကျိုက်မရောလမ်းမကြီး
အတိုင်းအတာများ[ပြင်ဆင်ရန်]
တံတား၏ အရှည်သည် ၂၁၀၉ ပေ၊ အကျယ် ၃၁ ပေ ၂ လက်မ ရှိသည်။ ရေလမ်းကင်းလွတ်အမြင့်သည် ၄၆ ပေ ဖြစ်ပြီး ရေလမ်းကင်းလွတ်အကျယ်မှာ ပေ ၃၆၀ ရှိသည်။ တံတားတည်ဆောက်ရာတွင် ကုန်ကျစရိတ်မှာ ကျပ်သန်း ၁၈၀၀၀ ဖြစ်သည်။[၁][၂]
ဖွင့်လှစ်ခြင်း[ပြင်ဆင်ရန်]
တံတားကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ဖွင့်လှစ်ခဲ့သည်။[၁][၂]