အက်ရှားရီကီးယား ကိုလိုင်
ပုံပန်းသွင်ပြင်
Escherichia coli | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
နယ်ပယ်: | ဘက်တီးရီးယား |
မျိုးပေါင်းစု: | Proteobacteria |
မျိုးပေါင်း: | Gammaproteobacteria |
မျိုးစဉ်: | Enterobacterales |
မျိုးရင်း: | Enterobacteriaceae |
မျိုးစု: | Escherichia |
မျိုးစိတ်: | E. coli
|
ဒွိနာမ | |
Escherichia coli | |
Synonyms | |
|
အက်ရှားရီကီးယား ကိုလိုင် (Escherichia coli) သည် အီး ကိုလိုင် (E. coli) ဆိုသည့် အတိုကောက် အမည်ဖြင့် လူသိများသည့် အချောင်းသဏ္ဌာန်ရှိ ဘက်တီးရီးယားပိုး တစ်မျိုးဖြစ်ပြီး သွေးနွေးသတ္တဝါများ၏ အူလမ်းကြောင်းတွင် အတွေ့များသည်။ အီး ကိုလိုင် အမျိုးအစား အများစုမှာ ဘေးကင်းသော်လည်း အချို့မှာ လူတို့တွင် အစာအဆိပ်သင့်မှု ဖြစ်ပွားစေနိုင်သည်။[၁][၂]
ဘေးကင်းသော အီး ကိုလိုင်များသည် ပုံမှန် ဘက်တီးရီးယားများ ဖြစ်ပြီး ဗီတာမင် ကေ ၂ ကို စစ်ထုတ်ပေး သောကြောင့် အူလမ်းကြောင်းတွင် ရောဂါဖြစ်စေနိုင်သည့် ဘက်တီးရီးယားများ မတွယ်ကပ်စေအောင် ကာကွယ်ပေးသည်။[၃] အီး ကိုလိုင်များ၏ ဗီဇ (ဂျီး) သည် ပိုမိုရိုးစင်းသည့်အပြင် ကိုင်တွယ်ရ လွယ်ကူသောကြောင့် ဇီဝနည်းပညာနှင့် အဏုဇီဝဗေဒ ပညာရပ်များတွင် အရေးပါသည့် ဓာတ်ခွဲခန်းသုံး ဘက်တီးရီးယားများ ဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Escherichia coli။ CDC National Center for Emerging and Zoonotic Infectious Diseases။ 2 October 2012 တွင် ပြန်စစ်ပြီး။
- ↑ "Escherichia coli O157:H7 outbreak associated with consumption of ground beef, June–July 2002" (2005). Public Health Reports 120 (2): 174–78. doi: . PMID 15842119.
- ↑ "Biosynthesis of vitamin K (menaquinone) in bacteria" (September 1982). Microbiological Reviews 46 (3): 241–80. doi: . PMID 6127606.