ဟိုက်ဒရဗတ်နယ်
State of Hyderabad ریاست حیدرآباد హైదరాబాద్ రాష్ట్రం ಹೈದರಾಬಾದ್ ಪ್ರಾಂತ್ಯ हैदराबाद राज्य | |
---|---|
လက်ရှိအခြေအနေ | Princely state of British India (၁၈၀၃–၁၉၄၇) Unrecognised state (၁၉၄၇–၁၉၄၈) |
မြို့တော် | Aurangabad (၁၇၂၄–၁၇၆၃) Hyderabad (၁၇၆၃–၁၉၄၈) |
ကိုးကွယ်မှု | အစ္စလာမ် |
အစိုးရ | Princely State (၁၈၀၃–၁၉၄၈) Province of the Dominion of India (၁၉၄၈–၁၉၅၀) အိန္ဒိယသမ္မတနိုင်ငံ၏ ပြည်နယ် (၁၉၅၀–၁၉၅၆) |
ငွေကြေး | ဟိုက်ဒရဗတ်ဒီ ရူပီး |
ဟိုက်ဒရဗတ်နယ် (အင်္ဂလိပ်: Hyderābād State) အသံထွက် (ကူညီ·ချက်လက်)သည် ယခင်က အိန္ဒိယနိုင်ငံရှိ တိုင်းရင်းသား စော်ဘွားပိုင်နယ်များတွင် အကြီးဆုံးနှင့် အကြွယ်ဝဆုံးနိုင်ငံဖြစ်၍ မဒရပ်နှင့် ဘုံဘိုင်ပြည်နယ်တို့၏ စပ်ကြား ဒက္ခိဏကုန်းမြေမြင့် အလယ်ပိုင်းရှိ နယ်ဖြစ်လေ သည်။ ထိုစဉ်က အုပ်ချုပ်သူ စော်ဘွားမှာ နီဇမ်ဟု ခေါ်တွင် ၍ ဟိုက်ဒရဗတ် နယ်ကို မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်ခဲ့လေသည်။ သူပိုင်ဆိုင်သော ရွှေ၊ ငွေ၊ ပုလဲ စသည့် ကျောက်သံပတ္တမြား တို့မှာ မည်မျှလောက် အဖိုးထိုက်တန်သည်ကို မပြောနိုင်ခဲ့ချေ။ ဟိုက်ဒရဗတ်နယ်သည် လယ်ယာလုပ်ငန်းတွင် ကောင်းစွာ ကောင်းမြင်၍ ကျောက်မီးသွေးလည်း ထွက်၏။ ဆည်မြောင်း များ ဖောက်လုပ်ထားခြင်း၊ မီးရထားလမ်းများ ဆက်သွယ်ထား ခြင်းတို့ကြောင့် စက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးလျက်ရှိ၏။ ဟိုက်ဒရဗတ်နယ်သည် ပင်လယ်ရေမျက်နှာပြင်မှ ပေ ၁၂ဝဝ ခန့်မြင့်သော ကုန်းမြေမြင်ပေါ်တွင် တည်ရှိ၍ ၈၂၆၉၈ စတုရန်းမိုင် ကျယ်ဝန်းပြီးလျှင် ၁၉၅၁ ခုနှစ် သန်းခေါင်စာရင်း အရ လူဦးရေမှာ ၁၈၆၅၅၁ဝ၈ ရှိ၏။ လူး၊ ဆပ်၊ ဆန်စပါး၊ ဂျုံ၊ ဆီထွက်သော အစေ့များ၊ ဝါဂွမ်း၊ ဆေးရွက်၊ သကြား၊ ချိတ်၊ တပ်ဆိုပိုးစသော ပစ္စည်းများထွက်သဖြင့် အတော်ပင် ကုံလုံကြွယ်ဝသောနယ် ဖြစ်လေသည်။
ဒေလီမြို့တွင် မဂိုဘုရင်များ နန်းစံစဉ်က ဟိုက်ဒရဗတ်နယ် သည် မဂိုအင်ပါယာတွင် ပါဝင်ခဲ့ဘူးသော် လည်း ၁၈ ရာစုနှစ် တွင် မဂိုအင်ပါယာကြီး ပြိုကွဲသွားသောအခါ နီဇမ်စော်ဘွား သည် လွတ်လပ်သော ဘုရင်တပါး ဖြစ်လာ၏။ နီဇမ်စော်ဘွား များမှာ မွတ်စလင်များသာ ဖြစ်ကြ၏။ သို့ရာတွင် နယ်သူ နယ်သားများမှာ များသောအားဖြင့် ဟိန္ဒူလူမျိုးများ ဖြစ်ကြ သည်။ ၁၈၅၇ ခုနှစ်တွင် အိန္ဒိယစစ်သူပုန်အရေး ဖြစ်ပွားခဲ့စဉ် က နီဇမ်စော်ဘွားသည် ဗြိတိသျှတို့အား သစ္စာစောင့်သိခဲ့၏။ ၁၉၄၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန် နိုင်ငံဟူ၍ ခွဲလိုက်သောအခါ ဟိုက်ဒရဗတ်နယ်၏ နီဇမ်စော်ဘွားသည် အိန္ဒိယ လက်အောက်တွင်သော်လည်းကောင်း၊ ပါကစ္စတန် လက်အောက်တွင် သော်လည်းကောင်း မနေလိုဘဲ လွတ်လပ်စွာ သီးခြားနေမည်ဟု ကြေညာခဲ့၏။ သို့သော် ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလတွင် အိန္ဒိယအစိုးရ တိုက်ခိုက် သိမ်းယူလိုက် လေသည်။ ထိုနောက် စစ်အုပ်ချုပ် ရေးအောက်တွင် ခေတ္တထား ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် ဟိုက်ဒရဗတ်နယ်သည် အိန္ဒိယနိုင်ငံ ၏ ပြည်နယ်တစ်ခု ဖြစ်လာခဲ့သည်။ သို့သော် ၁၉၅၆ ခုနှစ်၌ ပြည်နယ်များကို ပြန်လည် ဖွဲ့စည်းခဲ့ရာတွင် ဟိုက်ဒရဗတ်ပြည် နယ်တွင် ပါဝင်သော တေလိဂ‡နဒေသနှင့် အန္ဓရနယ်တို့ကို ပူးပေါင်းကာ အန္ဓရဒေသပြည်နယ်ဟု ဖွဲ့စည်းခဲ့သည်။ ( အန္ဓရဒေသပြည်နယ်လည်း-။)
ဟိုက်ဒရဗတ်မြို့ကို ထိုပြည်နယ်၏
မြို့တော်အဖြစ် ဆက်လက်ထား ရှိလေသည်။ ဟိုက်ဒရဗတ်မြို့
ကို ထိုပြည်နယ်၏ မြို့တော်အဖြစ် ဆက်လက်ထားရှိလေသည်။
ဟိုက်ဒရဗတ်နယ်၏ အနောက်မြောက်ဘက်တွင် တည်ရှိ
သော အဇန္တနှင့် အယ်လိုရာ လိုဏ်ဂူများမှာ ကျောက်တောင်ကြီး
များကို ထွင်းဖောက်ပြီးလျှင် ဆန်းပြားသော ပန်းချီ၊ ပန်းပု၊
ရုပ်လုံး ပန်းပြောက်စသည် တို့ဖြင့် ဆန်းကြယ်စွာ ထုလုပ်ထား
ရကား အလွန်အံ့ဩဖွယ်ရာ ကောင်းသဖြင့် ခရီးသည်များ သွား
ရောက် လည်ပတ်ရာ နေရာများဖြစ်၏။ အယ်လိုရာရှိ ကေလာ
သတောင်ယံမှာ ကျောက်တောင်ကို အောက်မှ ထွင်းဖောက်ကာ
တိုင်လုံးကြီးများ၊ ပလ္လင်များနှင့် နံရံရှိ ပန်းခက် ပန်းဆိုင်း
အမျိုးမျိုးတို့ကို ဆန်းကြယ်စွာ ထုလုပ်ထား၏။ မျက်နှာကြက်
ကို ညီညာစွာ ပြုလုပ်လျက် ပန်းများပင် ထွင်းထားခဲ့ရာ ကမ္ဘာ
ပေါ်ရှိ အံ့ဖွယ် အကောင်းဆုံးသော အရာများတွင် တစ်ခု အပါ
အဝင် ဖြစ်လေသည်။ ( အဇန္တလိုဏ်ဂူ။ အယ်လိုရာလိုဏ်ဂူ။)
ဟိုက်ဒရဗတ်နယ်၏ မြို့တော်ဖြစ်ခဲ့သော ဟိုက်ဒရဗတ်မြို့ သည် ကစ္စနားမြစ်၏ လက်တက်ဖြစ်သော မူစီမြစ်ပေါ်၌ တည် ရှိပြီးလျှင် နီဇမ်စော်ဘွား၏ နန်းတော် အဆောက်အအုံများရှိ သဖြင့် ထင်ရှားလေသည်။ ထိုမြို့သည် ပင်လယ်မျက်နှာပြင် ထက် ပေပေါင်း ၁၆၇၂ မြင့်၍ ဘုံဘိုင်မြို့၏ အရှေ့တောင်ဘက် မိုင် ၄ဝဝ အကွာတွင် တည်ရှိသည်။ ထိုမြို့နှစ်မြို့ကို မီးရထား လမ်းဖြင့် ဆက်သွယ်ထားလေသည်။ အူရဒူဘာသာဖြင့် စာပေ သင်ကြားပို့ချရာတွင် အဆင့်အတန်း အမြင့်ဆုံး ပညာရေးဌာန ကြီးတစ်ခုဖြစ်သည့် အော့စမန်နီယာ တက္ကသိုလ်ကျောင်းသည် ထိုမြို့တွင် တည်ရှိသည်။ ၁၉၇၁ ခုနှစ် သန်းခေါင်စာရင်းအရ ဟိုက်ဒရဗတ်မြို့၏ လူဦးရေ စုစုပေါင်း ၁၇၉၈၉၁ဝ ယောက် ရှိ၏။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)