လူမှုဗေဒ

ဝီကီပီးဒီးယား မှ

လူမှုဗေဒ ဆိုသည်မှာ လူမှုရေး အပြုအမူများ သို့မဟုတ် လူ့အဖွဲ့အစည်းကို လေ့လာသည့် ပညာရပ် ဖြစ်ပြီး ၎င်းတို့၏ မူလအစ၊ ဖြစ်ပေါ်တိုးတက်လာပုံ၊ အဖွဲ့အစည်းများ၊ ကွန်ယက်များနှင့် အသင်းအပင်းများ အကြောင်းလည်း ပါဝင်သည်။[၁][၂][၃][၄][၅] လူမှုဗေဒမှာ လူမှုရေးသိပ္ပံ ပညာရပ် တစ်ခုဖြစ်ပြီး ကိုယ်တွေ့မျက်မြင်ကို အခြေခံသော ဆန်းစစ်နည်း[၆] နှင့် ဝေဖန် ဆန်းစစ်နည်း[၇] အမျိုးမျိုးတို့ကို အသုံးပြုကာ လူ့အဖွဲ့အစည်း၏ အစီအစဉ် တကျ ဖြစ်မှု၊ ကစဉ့်ကလျား ဖြစ်မှု နှင့် ပြောင်းလဲမှု စသည်တို့နှင့် ဆက်စပ်နေသော အသိပညာတို့ကို ဖွံဖြိုးတိုးတက်စေရန် အတွက် လုပ်ဆောင်သည်။ လူမှုဗေဒ ပညာရှင် အများစုသည် လူမှုရေးဆိုင်ရာ ပေါ်လစီများ နှင့် လူမှုဖူလုံရေး ကိစ္စရပ်များပေါ်သို့ တိုက်ရိုက် သက်ရောက်သော သုတေသနများကို ပြုလုပ်ရန် အားသန်ကြပြီး အခြားလူမှုဗေဒပညာရှင်များမှာ လူမှုရေးဆိုင်ရာ လုပ်ငန်းစဉ်များကို သီအိုရီအားဖြင့် နားလည်မှုကို ပိုမိုကောင်းမွန်စေရန် အတွက် အဓိက အားစိုက် လုပ်ဆောင်ကြသည်။ လူမှုဗေဒဆိုင်ရာ ကိစ္စရပ်များမှာ အသေးစား အဆင့် တစ်ဦးချင်းစီ၏ လွတ်လပ်စွာ ရပ်တည်လုပ်ဆောင်ရွေးချယ်မှုများမှ စ၍ အကြီးစား အဆင့် စနစ် နှင့် လူမှု အဆောက်အအုံ အချင်းချင်း အပြန်အလှန် ယှက်နွယ်နေခြင်း တို့ အထိ ပါဝင်သည်။[၈]

ကိုးကား[ပြင်ဆင်ရန်]

  1. sociology. (n.d.). The American Heritage Science Dictionary the name was created by dewight D Eisenhower . Retrieved 13 July 2013, from Dictionary.com website: http://dictionary.reference.com/browse/sociology
  2. Sociology For Dummies Cheat Sheet - dummies
  3. Graduation - Counseling - Pasadena City College
  4. မော်ကွန်းတင်ပြီးမိတ္တူ။ 18 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 April 2016 တွင် ပြန်စစ်ပြီး။
  5. An Introduction to Sociology
  6. Ashley D, Orenstein DM (2005)။ Sociological theory: Classical statements (6th ed.)။ Boston, Massachusetts, US: Pearson Education။ pp. 3–5, 32–36။
  7. Ashley D, Orenstein DM (2005)။ Sociological theory: Classical statements (6th ed.)။ Boston, Massachusetts, US: Pearson Education။ pp. 3–5, 38–40။
  8. Giddens, Anthony, Duneier, Mitchell, Applebaum, Richard. 2007. Introduction to Sociology. Sixth Edition. New York: W.W. Norton and Company