ဘောလ်တစ် ပင်လယ်

ဝီကီပီးဒီးယား မှ
ဘောလ်တစ်ပင်လယ်၏ မြေပုံ
ဘောလ်တစ်ပင်လယ်ကို ပိုလန်နိုင်ငံ မြောက်ပိုင်း ဒါလိုဝိုတွင် တွေ့ရပုံ

ဘောလ်တစ်ပင်လယ်သည် မြောက်ဥရောပတွင် တည်ရှိသော ကုန်းတွင်းပင်လယ် တစ်ခုဖြစ်ပြီး စကင်ဒီနေးဗီးယားဖင်လန်နိုင်ငံရုရှားနိုင်ငံ၊ ဘောလ်တစ်နိုင်ငံများ၊ ပိုလန်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့ကြားတွင် တည်ရှိသည်။

ပတ်ဝန်းကျင် နိုင်ငံများရှိ မြစ်ကြီးများသည် ဘောလ်တစ်ပင်လယ် အတွင်းသို့ စီးဝင်ကြသည်။ ဘောလ်တစ်ပင်လယ်သည် ဒိန်းမတ်ရှိ ကျဉ်းမြောင်းပြီး တိမ်သော ရေလက်ကြားများ မှတဆင့် သမုဒ္ဒရာအတွင်းသို့ စီးဝင်ကြသည်။ ထို့ကြောင့် ဘောလ်တစ်ပင်လယ်တွင် ဆားပါဝင်နှုန်း နည်းပြီး ပင်လယ်၏ မြောက်ဘက်ပိုင်းသည် ဆောင်းရာသီတွင် ရေခဲလေ့ ရှိသည်။ ရေခဲများပေါ်မှ ကားဖြတ်မောင်းနိုင်ပြီး ဆွီဒင်နိုင်ငံ နှင့် ဖင်လန်နိုင်ငံတို့ကြားရှိ ကျွန်းများတွင် မော်တော်ကားသွားနိုင်သော လမ်းများ ဖောက်လုပ်ကြသည်။

ထောင်စုနှစ်ပေါင်း များစွာ တိုင်အောင်ပင် ဘောလ်တစ်ပင်လယ်သည် သူ၏ ကမ်းခြေရှိ နိုင်ငံများကို ဆက်သွယ်ပေးထားသည်။ ထို့အတွက်ကြောင့် ဘောလ်တစ်ပင်လယ် ကမ်းခြေနိုင်ငံများရှိ ယဉ်ကျေးမှုများမှာ ဆင်တူသည်ကို တွေ့နိုင်သည်။ ထိုနိုင်ငံ အများစုမှာ ဥရောပနိုင်ငံများ ဖြစ်ကြသည့် အတွက် ဘောလ်တစ်ပင်လယ်ကိုလည်း ဥရောပ ပင်လယ်တစ်ခု အဖြစ် သတ်မှတ်ကြသည်။