မာတိကာသို့ ခုန်သွားရန်

ဘေဘီလုံရှိ မိုးပျံဥယျာဉ်

ဝီကီပီးဒီးယား မှ
ဘေဘီလုံရှိ မိုးပျံဥယျာဉ်ကို သရုပ်ဖော် ရေးဆွဲထားသောပုံ

ဘေဘီလုံရှိ မိုးပျံဥယျာဉ်သည် မူလပထမ ကမ္ဘာ့အံ့ဖွယ်များ တွင် တစ်ခု အပါအဝင် ဖြစ်သည်။ ၎င်းကို ရှေးခေတ် မြို့ပြနိုင်ငံ တစ်ခု ဖြစ်သော ဘေဘီလုံ မြို့တွင် တည်ဆောက်ခဲ့ပြီး ယခုခေတ် အီရတ်နိုင်ငံ ဘာဘေး ဒေသ (Babil ) ရှိ အယ်လ်ဟေလာ(Al Hillah)အနီးတွင် ရှိသည်။ တစ်ခါတရံတွင် ဒဏ္ဍာရီလာ ဘုရင်မ ဆယ်မီးရာမစ်စ် ကို အစွဲပြု၍ ဆယ်မီးရာမစ်စ် ၏ မိုးပျံဥယျာဉ်ဟုလည်း ခေါ်ကြသည်။

ဥယျာဉ်ကို ဘေဘီလုံဘုရင် နီဘူချတ်ဒ်နက်ဇာ ၂ က ဘီစီ ၆၀၀ ခန့်တွင် တည်ဆောက်ခဲ့သည်. သူသည် အိမ်ကို လွမ်းဆွတ်တသနေသည့် သူ၏ ဇနီး မီဒီယာ ဒေသသူ အမီတစ် ကို နှစ်သိမ့်ရန် အတွက် တည်ဆောက်ခဲ့သည်ဟု ဆိုသည်။ သူမသည် သူမဒေသရှိ သစ်ပင်များနှင့် ရနံ့မွေးသော ပန်းပင်များကို လွမ်းဆွတ်နေသည့် အတွက်ကြောင့် ဖြစ်သည်။[] ဥယျာဉ်သည် ဘီစီ ၂ရာစု နောက်ပိုင်း မြေငလျင် အချို့ကြောင့် ပျက်စီးခဲ့ရသည်။

စိမ်းလန်းစိုပြေနေသော ဥယျာဉ်အကြောင်းကို ဂရိ သမိုင်းပညာရှင်များ ဖြစ်သည့် စထရာဘိုနှင့် ဒိုင်အိုဒိုးရပ်စ် စီးကူးလပ်စ်တို့က အသေးစိတ် မှတ်တမ်းတင်ခဲ့ကြသည်။


ကိုးကား

[ပြင်ဆင်ရန်]
  1. Foster၊ Karen Polinger (1998)။ "Gardens of Eden: Flora and Fauna in the Ancient Near East" (PDF)Transformations of Middle Eastern Natural Environments: Legacies and LessonsNew Haven: Yale University။ pp. 320–329။ 28 August 2006 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး2007-08-11 တွင် ပြန်စစ်ပြီး