ဖာရာ ဖော့ဆက်

ဝီကီပီးဒီးယား မှ
Farrah Fawcett
မွေးဖွားFerrah Leni Fawcett[၁]
(1947-02-02)ဖေဖော်ဝါရီ ၂၊ ၁၉၄၇
အမေရိကန်ပြည်ထောင်စုတက္ကဆပ်ပြည်နယ်
ကွယ်လွန်ဇွန် ၂၅၊ ၂၀၀၉(2009-06-25) (အသက် ၆၂)
Santa Monica, ကယ်လီဖိုးနီးယားပြည်နယ်၊ အမေရိကန်ပြည်ထောင်စု
သေဆုံးရခြင်း အကြောင်းရင်းစအိုကင်ဆာ
ထာဝရ နားခိုရာနေရာWestwood Village Memorial Park Cemetery
နိုင်ငံလူမျိုးအမေရိကန်
အခြား အမည်များFarrah Fawcett-Majors
ပညာရေးW. B. Ray High School
မိခင်ကျောင်းUniversity of Texas
အလုပ်အကိုင်သရုပ်ဆောင်
တက်ကြွလှုပ်ရှားနှစ်များ၁၉၆၉–၂၀၀၉
အိမ်ထောင်ဖက်(များ)Lee Majors (လက်ထပ် 1973; ကွာရှင်း 1982)
လက်တွဲဖော်(များ)Ryan O'Neal (၁၉၇၉–၁၉၉၇; ၂၀၀၁–၂၀၀၉; သူမကွယ်လွန်ချိန်အထိ)
သားသမီး

ဖာရာဖော့ဆက် (အင်္ဂလိပ်: Farrah Fawcett; မွေးနာမည် Ferrah Leni Fawcett; ဖေဖော်ဝါရီ ၂၊ ၁၉၄၇ – ဇွန် ၂၅၊ ၂၀၀၉) သည် အမေရိကန် သရုပ်ဆောင်၊ မော်ဒယ် တစ်ဦး ဖြစ်သည်။ သူမကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု တက္ကဆက် ပြည်နယ်၌ မွေးဖွားခဲ့သည်။ ဆက်ဆီ (Sexy) ဖြစ်သည့် ဝတ်စားဆင်ယဉ်မှုနှင့် အပြောအဆိုအနေအထိုင်တို့ကို လွန်ခဲ့သည့် နှစ်ပေါင်း (၃၀) ကတည်းက ကမ္ဘာသို့မိတ်ဆက်ပေးခဲ့သည့် ချာလိစ် အိန်ဂျယ် ရုပ်သံဇာတ်လမ်းတွဲမှ သရုပ်ဆောင် မင်းသမီးတစ်ဦး ဖြစ်သည်။ ၁၉၇၆ ခုနှစ်မှ ၁၉၈၀ ခုနှစ် ထိပြသခဲ့သည့် ချာလိစ် အိန်ဂျယ်ရုပ်သံ ဇာတ်လမ်းတွဲများတွင် အလွတ်စုံထောက်နှင့် ပြိုင်ကားမောင်းသူ ဂျေးမွန် ရိုးအဖြစ် သရုပ်ဆောင်ခဲ့သည်။ ထိုရုပ်သံဇာတ် လမ်းတွင်သူမ၏ သရုပ်ဆောင်မှုအတွက် ရွှေကမ္ဘာလုံးဆု ရရှိခဲ့သည်။

ပလေးဘွိုင်းမဂ္ဂဇင်းအတွက် သူမ၏ ပကတိ အလှပုံကို ၁၉၉၅ နှင့် ၁၉၉၇ တွင် ရိုက်ကူးပေးခဲ့သည်။ ၁၉၇၃ ခုနှစ် တွင် The Six Million Dollar Man ဇာတ်လမ်းတွဲတွင် သူနှင့် အတူ သရုပ်ဆောင်ခဲ့သည့် သရုပ်ဆောင် လီမေဂျာနှင့် လက်ထပ်ခဲ့သည်။ သရုပ်ဆောင် ရိုင်ယန် အိုနီးနှင့် ၁၉၈၂ခုနှစ်မှ ၁၉၉၇ ခုနှစ်ထိ တွဲခဲ့ပြီး နောက် ၂၀၀၁ ခုနှစ်မှ ယခုကွယ်လွန်ချိန် အထိ တွဲခဲ့သည်။ ရိုင်ယန် အိုနီးက ဖော့ဆက်ကို လက်ထပ်ခွင့် တောင်းဆိုထားရာ သဘောတူထားသော်လည်း လက်ထပ် ခြင်းမပြုရသေးသည် ပင်ကွယ်လွန်ခဲ့သည်။ ဖာရာဖော့ဆက် မှာ စအို ကင်ဆာ ရောဂါကို လွန်ခဲ့သည့် သုံးနှစ်ကတည်းက ခံစားနေရပြီး ယခု ထိုရောဂါ ဖြစ်ပင်ကွယ်လွန်ခဲ့သည်။[၂]

မြန်မာနိုင်ငံတွင် Combat , S.W.A.T, Little House စသည့် အမေရိကန် ရုပ်သံဇာတ်လမ်းတွဲ များပြသစဉ် အချိန်က ချာလိအိန်ဂျယ် ဇာတ်ကားမှာ အပတ်စဉ် ကြာသပတေး နေ့တိုင်း ပြသရာ ဖာရာဖော့ဆက်မှာ မြန်မာပရိသတ်တို့၏ အသည်းကျော်ဖြစ်လာခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် Love is funny thing ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ဖာရာဖော့ဆက်သည် ၂ဝဝ၉-ခုနှစ်၊ ဇွန်လ၊ (၂၅)ရက်နေ့ အသက် ၆၂ နှစ် အရွယ်တွင် ဆန်တာ မော်နီကာ ဆေးရုံကြီး၌ ကင်ဆာရောဂါတစ်မျိုးဖြင့် ကွယ်လွန် သွားခဲ့သည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. https://familysearch.org/ark:/61903/1:1:VDPC-YRB
  2. Schneider, Karen S. (October 23, 2006). "Farrah's Fight Against Cancer". People 66 (17). Retrieved on December 23, 2013. 
  3. Ditzian၊ Eric။ "Farrah Fawcett Dies At 62"၊ June 25, 2009။ November 16, 2013 တွင် ပြန်စစ်ပြီး