ပေါင်းပင်သတ်ဆေး

ဝီကီပီးဒီးယား မှ

ပေါင်းပင်သတ်ဆေး (အင်္ဂလိပ်: Herbicide) သည် (weeds) ခေါ် ပေါင်းပင်များကို နည်းလမ်းအများအပြားဖြင့် ရှင်းလင်းသတ်ဖြတ်ပေးသည်။ အချို့က ဖိုတိုစင်သက်စစ် (photosynthesis) အပင်များ အစာချက်လုပ်ခြင်းကို ဟန့်တား နှောက်ယှက်ပြီး အပင်များ အစာမရအောင် ပြုလုပ်သတ်ဖြတ်သည်။ အခြားပေါင်းသတ်ဆေးတို့ကမူ သစ်ပင်အမြစ်နှင့် အညွန့်အဖူးထိပ်ပိုင်းရှိ ကလာပ်ဆဲလ်များကို အဆိပ်ဖြစ် သေကျေစေပြီး အပင်များကို သတ်ဖြတ်ပေးသည်။

ကိုးကားချက်[ပြင်ဆင်ရန်]

  1. သိပ္ပံနှင့်နည်းပညာဂျာနယ်၊ အတွဲ (၁၉၁)