ပိုတာလာနန်းတော်

ဝီကီပီးဒီးယား မှ
Potala Palace
Potala Palace
အချက်အလက်များ
တည်နေရာLhasa, Tibet, China
ကိုဩဒိနိတ်29°39′28″N 91°07′01″E / 29.65778°N 91.11694°E / 29.65778; 91.11694ကိုဩဒိနိတ်: 29°39′28″N 91°07′01″E / 29.65778°N 91.11694°E / 29.65778; 91.11694
နိုင်ငံTibet[*], တရုတ်ပြည်သူ့သမ္မတနိုင်ငံ
တည်ထောင်သူSongtsen Gampo
တရားဝင်အမည်Historic Ensemble of the Potala Palace, Lhasa
အမျိုးအစားCultural
ရွေးချယ်သည့်စံနှုန်းi, iv, vi
ရွေးချယ်ခြင်း1994 (18th session)
ရည်ညွှန်းနံပါတ်707
ဒေသAsia-Pacific
Extensions2000; 2001

ပိုတာလာနန်းတော်သည် တိဘက်ပြည်၊ လာဆာမြို့ တောင်ထွတ်တစ်ခုပေါ်တွင် တည်ရှိပြီး ၁၆၄၅-ခုတွင် ပဉ္စမမြောက် ဒလိုင်းလားမား တည်ဆောက်ခဲ့လေသည်။ ၇-ရာစုက ထိုနေရာတွင် နန်းတော်ဟောင်း တည်ရှိခဲ့သည်။ နန်းတော်ဟောင်း အမိုးမှာ ရွှေအမိုး ဖြစ်ပြီး အနီရောင်နန်းတော်နှင့် အဖြူရောင်နန်းတော်ဟူ၍ အပိုင်း နှစ်ပိုင်း ခွဲထားသည်။ အနီရောင်အပိုင်းမှာ ဘာသာရေး၊ စာပေလေ့လာခြင်း၊ ဝတ်ပြုဆုတောင်းခြင်း၊ တရားထိုင်ခြင်း စသဖြင့် ဘာသာရေး ဆိုင်ရာကိစ္စတွေနှင့် သက်ဆိုင်ပြီး အဖြူရောင်အပိုင်းတွင်မူ အစိုးရနှင့် ဌာနဆိုင်ရာ ရုံးတွေရှိလေသည်။ ပိုတာလာနန်းတော်ကြီး တစ်ခုလုံးမှာ တိဘက်သမိုင်းနှင့် ဘာသာရေးဆိုင်ရာ ရှေးဟောင်းပစ္စည်းများနှင့် ပြည့်နေသည်။ အခန်းများ အားလုံးကို ကျောက်မျက်ရတနာ ရွှေငွေများနှင့် အလှဆင်ထားပြီး အခန်းတိုင်း၌ ဆင်းတုရုပ်များ။ ဆေးရေးပန်းချီကားများ၊ ပန်းပုလက်ရာများ အမြောက်အမြား တွေ့ရသည်။ နံရံဆေးရေး ပန်းချီကားများက တိဘက်အကြောင်းများ ပြောပြနေသည်။

ပိုတာလာနန်းတော်ကို သွားရောက်လေ့လာမည်ဆိုလျင် ဓာတ်လှေခါး သို့မဟုတ် စက်လှေခါးမရှိချေ။ နန်းတော်ထိရောက်အောင် လှေခါးထစ်ပေါင်း ၄၀၀-ကျော်ကို တက်၍ သွားရသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. the key collection 2018, စာကြည့်တိုက် စာစဉ်(၁၂၄) ဒလိုင်းလားမား